ဇန်န ၄

The Kaladan Post

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တပ်မှ တရားမဝင်ကျင့်ပခဲ့သော အတုအယောင် ရွေးကောက်ပွဲ ရလဒ်ကို ကြံ့ဖွတ်ပါတီက ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၃ ရက်နေ့က  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများကို ကြေငြာသည်။  အဆိုပါ ကြေငြာချက်နှင့် ပတ်သက်ပြီး နာမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက” အခု မင်းအောင်လှိုင် ဦးဆောင်ပြီး ကျင့်ပတဲ့ရွေးကောက်ပွဲဟာ တရားမဝင်ဘူး ဆိုလိုရင်းက သူဟာ ၂၀၀၈ ဥပဒေကို ချိုးဖောက်ပြီးတော့ အာဏာသိမ်းတယ် အခုသူလုပ်ပြန်တော့ ၂၀၀၈ ဥပဒေအရ ၅နှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင့်ပရမည်ဆိုတာကို ပြန်ပြီးတော့ ကိုင်ထားပြန်တယ် ဆိုတော့ ဒီရွေးကောက်ပွဲကို ကြည့်မည်ဆိုရင် ပထမအပိုင်းတော့ပြီးပြီပေါ့ဗျ ဒီမှာ စစ်တပ်ဖက်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး လုပ်တာတောင် မဲပေးသူက ၅၀ ရာခိုင်နှုန်းခန့်ရှိမလာပေါ့ ဆိုတော့ အပိုင်း (၂) နှင့် (၃) ကျန်သေးတယ် ဒါကို ကျင့်ပနိုင်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူး သူထိန်းချုပ်တဲ့နယ်မြေမှာတောင် တစ်ဝက်လောက်မဲ မပေးကြဘူးလည်း ဒါကြောင့် ဒီရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေရဲ့ပါဝင်မှုက ထက်ဝက်တောင် မရှိဘူး ဒါကို ဒီမိုဂရေစီအရ တရားဝင်နိုင်မလာဆိုတာ သိသာနေပါပြီ ဒါပေမယ့် ဒီဟာကို ဘာအကြောင်းပြပြီးတော့ ဘယ်လိုအာဏာလွှဲမလဲ ဘယ်လိုလက်ခံမလဲဆိုတာကတော့ စိတ်ဝင်စား စရာလိုဖြစ်သွားတာပေါ့ သူကိုင်စွဲထားတဲ့ ၂၀၀၈ ဥပဒေမှာရှိမလာ ဆိုတာမေးခွန်းထုတ်စရာ ဖြစ်နေပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် စစ်တပ်ရွေးကောက်ပွဲဟာ နိုင်ငံ‌တော်အတွက် မဟုတ်သလို မြန်မာပြည်သူတွေ တစ်ရပ်လုံးအတွက်လည်းမဟုတ် သူတို့ အကြမ်းဖက် စစ်တပ်အုပ်စု တစ်စုတစ်ဖွဲ့ ကောင်းစား‌ရေးအတွက် ပြုလုပ်တာဖြစ်ပါကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။  စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုပ်ငန်းစဉ်နှင့် ရလဒ်များကို နိုင်ငံတကာနှင့် ပြည်တွင်းမှ အဖွဲ့အစည်းများက အတုအယောင်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထားသည့်အပြင် ‌တော်လှန်ရေးတပ်ဖွဲ့များကလည်း ကျန်ရှိနေသေးတဲ့ စစ်တပ်၏ အတုအယောင်‌ရွေးကောက်ပွဲတွင် မပါဝင်ကြရန် တိုက်တွန်းထားကြသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်