—————————————————————————– —–

ဇွန် ၂၆

The Kaladan Post

 

၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို အမှတ်(၂) စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်း၍ တိုက်ထုတ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ၏ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ က “ ယခု ကျွန်တော်တို့ဖမ်းဆီးထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရှိ သူတွေလည်းပါတယ် ဒါပေမယ့် စိုးရိမ်ရလောက်တဲ့သူတွေတော့မပါဘူး အခုလက်ရှိမှာ ဒဏ်ရာရ သူတွေကိုလည်းသေချာစောင့်ရှောက် ပေးထားပါတယ် ပြီးတော့ ဒီစစ်ဆင်ရေးဟာဆိုရင် စစ်တောင်း မြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် နာမည်ပေးထားတာဖြစ်ပြီး  ကျွန်တော်တို့မျှော်မှန်းထားသလောက်လည်း အောင်မြင်ပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) နှင့် KNLA တပ်ရင်း(၈)၊ တပ်ရင်း(၉) တို့ ပါဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိရသည်။ ထို့အပြင် တိုက်ပွဲအ တွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက် ၂၈ လက်နှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိကာ ဖမ်းဆီးရမိသူများကို ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။