ဇူလိုင် ၂၁
The Kaladan Post
၂၀၂၅ခူနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့တွင် မုံရွာ-မန္တလေးကားလမ်းမပေါ်ရှိ အထိုင်စခန်းတစ်ခုမှ ပေါ်တာ ဆွဲစစ်မှုထမ်းခေါ်ထားခံရသူ ပြည်သူ့စစ်တစ်ဦးသည် Golden Target Force (GTF) နှင့် မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့တို့နှင့် ချိတ်ဆက်ကာ အောင်မြင်စွာ အလင်းဝင်ရောက်ခဲ့ ကြောင်း Golden Target Force ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Golden Target Force ရဲ့တာဝန်ရှိသူတစ်ဦးက “အလင်းဝင်လာသူသည် အကျွန်တော်တို့အဖွဲ့မှ ရဲဘော် တစ်ယောက်နဲ့ သူငယ်ချင်းဗျ သူက ကျွန်တော်တို့အဖွဲ့ထဲ လာရောက်ပူးပေါင်းချင်တယ်ပေါ့ ရလား ရတယ်ပေါ့ ဆုငွေလည်း ပေးတယ်ပေါ့ အာ့ဆိုလာမယ်ပေါ့ ဘာတွေလိုလဲ မေးတာပေါ့ ဂန်းတော့ ရရင် ရသလောက်ယူခဲ့မှာလိုက်တာ MA1 3လက် ပါလာတာ တစ်လက်ကတော့ ပြေးရင်း ဘောက်က လျောကျနေရစ်တာဗျ ကျနော်တို့ကလည်း သူပြေးမယ်ချိန်းတဲ့ ညကို တစ်ညလုံး ကြိုသွားပြီး စောင့်နေတာပေါ့နော် မတွေ့ခင် သူက ဖုန်းအားကုန်သွားတာ မနက်လင်းခါနီးမှ အပင်အောက် သူအိပ်နေတာ တွေ့တာဗျ ဂန်းတွေက သူက မနိုင်လို့ ဖွတ်ထားခဲ့တာ ကျနော်တို့ အဲ့ငါးယှန်ဂိတ်နဲ့ဆို တစ်မိုင်ဝန်းကျင်လောက်ဘဲ ဝေးတော့မယ် အဲ့ထိ ပိုက်စိပ်တိုက် လိုက်ရှာရတာပေါ့ ညတုန်းက ဖွတ်ထားခဲ့တာဆိုတော့ သိပ်မမိတော့ ရှာတာတော့ နည်းနည်း အချိန်ပေးလိုက်ရတယ်ဗျ”ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းအလင်းဝင်လာသူသည် ၂၀၂၄ခုနှစ် ၇လပိုင်းလောက်က သူတို့ရပ်ကွက်ထဲက စားသောက်ဆိုင်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဝင်ဆွဲခံရတာဖြစ်ပြီး ရမည်းသင်း မြို့ စစ်အခြေခံသင်တန်း အမှတ် (၃)မှာ အပတ်စဉ် (၆) တွင် အခြေခံစစ်ပညာ သင်တန်းပေးခံရသူဖြစ် ကြောင်းသိရသည်။ ၎င်းအလင်းဝင်လာသူသည် ပထမ တစ်ခါလည်း သူက ပြေးဖို့ကြိုးစားခဲ့ဖူးသူဖြစ်ပြီး ထိုအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်မိသွားလို့ လက်ပြန်ကြိုးတုပ်ပြီး အရိုက်ခံခဲ့ဖူးသူဖြစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အဆိုပါ စစ်သားသည် MA-1 သေနတ် ၃ လက်၊ ဘောက် ၂ ဘောက်နှင့် 5.56 ကျည် ၂၀ တို့ကို ယူဆောင်လာနိုင်ခဲ့ပြီး GTF အဖွဲ့မှ အလင်းဝင်တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ရန် စီစဉ်ပေးနေသည့်အပြင် ၎င်း၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဤလုပ်ငန်းစဉ်တွင် Brave Heart Army (BHA) နှင့် နယ်မြေခံအဖွဲ့များ၏ ပူးပေါင်းကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ အလင်းဝင်လိုသူ စစ်တပ်သားများအနေဖြင့် GTF အဖွဲ့ကို ဆက်သွယ်ပါက လုံခြုံစွာ ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။