တောင်ငူစကစလေတပ်စခန်းကို ၁၀၇ မမ ဒုံးဖြင့် တိုက်ခိုက်

တောင်ငူစကစလေတပ်စခန်းကို ၁၀၇ မမ ဒုံးဖြင့် တိုက်ခိုက်
မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် (၁း၄၈) နာရီတွင် ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံး၊ ပျက်စီးမှုများရှိနိုင်ကြောင်း ပြောကြားသည်။ ဤစခန်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကပါဝင်နေသဖြင့် BWM Mission 37 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင် မြောက် ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ၆။ ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍ ထောင်နှင့်ချီထွက်ပြေး