————————–
ဇွန် ၁၉
The Kaladan Post
၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်မွေးနေ့ကို နိုင်ငံတဝှမ်းတော်လှန်ရေးတပ်ဖွဲ့များ၊ ဒေသခံလူထုအင်အားစုများနှင့် နိုင်ငံတကာ ရှိ မြန်မာပြည်သူများက ဂုဏ်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြစ်မဲ့နိုင်ငံရေးသမားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများဖြင့် မွေးနေ့ကို အထိမ်းအမှတ်ပြုခဲ့ကြသည်။ အချို့အဖွဲ့အစည်းများသည် ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်မှုနှင့် အနစ်နာခံမှုကို “တော်လှန်ရေး ၏ မီးတောင်ကြီး” အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။
CDM ဗိုလ်မှူးကြီး ကောင်းသူဝင်း က “ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်မွေးနေ့တွင် ယခုလိုပြည် တွင်းပြင်ပရှိ မြန်မာနိုင်ငံသားများက အပြစ်မဲ့အကျဥ်းကျနိုင်ငံရေးသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုဟာ ကျွန်တော်တို့ပြည်သူတွေအားလုံးက ဒီမိုကရေစီကို လိုလားတောင်းတနေတကြတယ်ဆိုတာ ပြသခြင်းဖြစ်ပါတယ် ဒါ့အပြင် ပြည်သူတွေ လက်မလျော့ဘဲ စည်းလုံးညီညွတ်စွာဖြင့် အဆုံးထိတိုင် ဒီတော်လှန်ခရီးကိုရှောက်သွားမည်ဆိုတာ ပြသနေတာခြင်းဖြစ်တယ် “ဟု The Kaladan Post သို့ပြောဆိုသည်။
ဒ့အပြင် ဒီလှုပ်ရှားမှုသည် စစ်ကောင်စီထံတိုက်ရိုက်အားဖြင့် ထိခိုက်မှုမရှိသော်လည်း စကစ အဖွဲ့တွေက ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခြင်းကို ပြသခြင်းဖြစ်သည့်အတွက် စကစနှင့် သူတို့ကို ထောက်ခံသူတွေအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ အလွန်ထိခိုက်သွားမှာဖြစ်တယ် ဟုဆိုသည်။ ဒီလိုဆန္ဒဖော်ထုတ်မှုသည် စကစအဖွဲ့ရဲ့လုပ်ရပ်ကို နိုင်ငံတကာစာမျက်နှာမှာ အကြမ်းဖက်ခြင်း ဖြစ်ကြောင်း ပြသခြင်းပင်ဖြစ်ဟု ဗိုလ်မှူးကြီး ကောင်းသူဝင်းက ဆက်လက်ပြောဆိုသည်။ ဤ လှုပ်ရှားမှုသည် မြန်မာပြည်သူများအတွက် လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ရန် သတိပေးနေ့တစ်နေ့ဖြစ်ပြီး မြန်မာပြည်သူတို့၏ စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီအတွက် မယိမ်းယိုင်သော ဆန္ဒကို ထင်ရှားစေခဲ့သည်။