ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးစစ်တပ်ကို မုံရွာပကဖ ဦးဆောင်တိုက်ခိုက်၍ စစ်သား ၆ ဦးသေဆုံး
နိုဝင် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း နိုဝင်ဘာ ၁ ရက်နှင့် ၅ ရက်နေ့များတွင် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (Chindwin Brothers) ဦးဆောင်မှုဖြင့် ဇီးတောရွာအခြေစိုက် အကြမ်းဖက်စစ်တပ်ကြောင်းများကို မိုင်းဆွဲ၊ လက်နက်ငယ်နှင့် လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြောဆိုသည်။ တိုက်ပွဲများတွင် စစ်ကြောင်းများ ဆုတ်ခွာခဲ့ရပြီး ဇီးတောစခန်းကို လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ထပ်မံထိခိုက်သေဆုံးမှုများ စုံစမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ ဗိုလ်လက်ကောက် အဖွဲ့၊ Snipe Rangers Force၊ ဒေါင်းပျောက်ကြားအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ နင်ဂျာအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်များဘက်မှ အထိခိုက်အကျဆုံးမရှိဘဲ စစ်တပ်၏ ရှင်းလင်းရေးကို ဟန့်တားနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်နိုင်ခဲ့သည်။ ပကဖ တာဝန်ခံက စစ်တပ်၏ ကာကင်းထုတ်မှုကြောင့် စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေး ခက်ခဲလာနိုင်သည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ကံမမြို့နယ်တွင် ရေနံ့သာရဲကင်းစခန်းနှင့် ကပစ ၁၂ ကို တိုက်ခိုက်၍ စစ်သားရဲ ၇ ဦးသေဆုံး
နိုဝင် ၇
The Kaladan Post
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီခန့်က သရက်ခရိုင် အမှတ် ၄ တပ်ရင်း ဦးဆောင်မှုဖြင့် ရေနံ့သာရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘန်ကာ ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်သားနှင့် ရဲ ၇ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း က ထုတ်ပြန်သည်။ စခန်းတွင် အင်အား ၃၀ ခန့်ရှိ သုံးပွင့်ဗိုလ်ကြီး ဦးဆောင်တပ်စွဲထားမှုကို စည်းရိုး ၄ ထပ်၊ အုတ်ဘန်ကာ၊ ဆက်သွယ်ရေး မြောင်း ၈၀ မိုင်းဖြင့် အခိုင်အမာ တည်ဆောက်ထားသည်ကို ကျော်ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ပကဖ ရဲဘော် ၂ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ ခဲယမ်းပြတ်တောက်မှု၊ လေကြောင်းခြိမ်းခြောက်မှုများကြောင့် ကျန်ဘန်ကာ ၂ ခုကို ဆက်သိမ်းရန် ဆုတ်ခွာခဲ့ရသည်။ အလားတူ အချိန်တူတွင် ကပစ ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၂၂ မမ ရှော့တိုက်ဒုန်း ၅ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကာ ဗျူဟာမှူး အဆင့် အရာရှိ ၁ ဦး ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ စစ်တပ်ဘက်က လက်နက်ကြီးများ ဖြင့် ပြန်ပစ်ခဲ့ရာ ညောင်ပင်သာရွာတွင် အမျိုးသမီး ၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ စစ်တပ်က ကံမ၊ ကပစ ၁၂ မှ အင်အားစုဖွဲ့ကာ ကုန်းလမ်း၊ ရေလမ်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပုဇင်းနိမ့်၊ အုပ်ပုံရွာများတွင် ပြည်သူ ၃ ဦး ဒဏ်ရာရ၊ နေအိမ်များ မီးလောင်ပျက်စီး၊ ဆုံကုန်း၊ သစ်ငုတ်တထောင်အနီး သရက်-ကံမ လမ်းပိုင်း အရေးပါ တံတား ၁ စင်း ပျက်စီးခဲ့သည်။ စစ်ရေးတင်းမာနေဆဲဖြစ်ရာ တိုက်ပွဲဒေသအတွင်း ခရီးသွားလာမှု ရှောင်ရှားရန် သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတိပေးထားသည်။

ဖြူးမြို့နယ်တွင် ဗုံးကြဲပြီးပြန်သော စစ်တပ် Gyrocopter ပျက်ကျ၍ စစ်သား ၂ ဦးသေဆုံး
နိုဝင် ၇
The Kaladan Post
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို နိုဝင်ဘာ ၆ ရက် မနက်ပိုင်းတွင် မုန်းအခြေစိုက် ခမရ (၅၉၀) က ၁၂၀ မမ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ထိတွေ့ပွဲမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် Gyrocopter ၂စီးဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ရာ အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးကာ နေအိမ် ၆ လုံးခန့် ပျက်စီးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန က သတင်းထုတ်ပြန်သည်။ ဗုံးကြဲပြီး ပြန်လာသော Gyrocopter ၂ စီးထဲက ၁ စီး တံခွန်တိုင်ရွာအနီး ပျက်ကျခဲ့ရာ လိုက်ပါလာသော စစ်တပ် စစ်သား ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနှင့် PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ပြောဆိုကြသည်။

ကော့ကရိတ် တိုက်ပွဲအတွင်း စစ်တပ် အရာရှိ ၂ ဦး အပါအဝင် ၃၀ ကျော် သေဆုံး
နိုဝင် ၇
The Kaladan Post
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင် နိုဝင်ဘာ ၁ ရက်မှ ၆ ရက်အထိ စစ်တပ်ဘက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေစဉ် ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းသားသစ်များကို ရှေ့ဆုံးထားသော စစ်ကြောင်းများ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အရာရှိ ၂ ဦး အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုသည်။ ဒဏ်ရာ ရရှိသူ ၁၅ ဦးကို တောင်ကလေးတပ်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးစစ်သားအလောင်းများကို ပြည်သူနေထိုင်ရာ အိမ်ကြိုအိမ်ကြား ဖြစ်သလို မြှုပ်နှံပစ်ခဲ့ရာ ခွေးများက ဖော်စားနေကြောင်း သိရသည်။ ယမန့်နေ့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ထီဖိုးစံကျေးရွာ၊ ကွီနောင်တိုင်ကျေးရွာ နှင့် မိဖာလဲလမ်းဆုံဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မနက်ခင်းတစ်လျှောက် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း KNLA စစ်ရေးရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ညနေ ပိုင်းတွင် ဖားအံမြို့အခြေစိုက် တပ်မ ၂၂ မှ စစ်သားသစ်များနှင့် ကြာအင်းကျေးရွာ DKBA ဗိုလ်ဘိအဖွဲ့များ ပူးပေါင်းအင်အား ၁၀၀ ကျော်ကို ကျုံဒိုးမြို့မှတစ်ဆင့် ထီဖိုးစံကျေးရွာ ဘက်သို့ ဆက်လက်ပို့ဆောင်နေကြောင်း သိရသည်။ ၁ ရက်နေ့ ၅ ရက်အတွင်း စစ်တပ်ဘက်က အရာရှိ ၂ ယောက် အပါလူ ၃၀ ကျော် သေဆုံးသွားသည့်အပြင် ၁၅ ယောက် ဒဏ်ရာရပြီး ၎င်းတို့ကို တောင်ကလေး တပ်နယ်ဆေးရုံကို ပို့ဆောင်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား ၁၀၀၀ ကျော် အရေပြားရောဂါ ဆိုးဆိုး ကူးစက်ခံ၍ ဆေးဝါး မထုတ်ပေး
နိုဝင် ၇
The Kaladan Post
ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ ၁၀၀၀ ကျော် အရေပြားရော ဂါ ပြင်းထန်စွာ ကူးစက်ခံစားနေရပြီး ရေ မသန့်ရှင်းမှု၊ ဆေးဝါး မထုတ်ပေးမှုကြောင့် ရောဂါ ပိုဆိုး ရွားလာနေကြောင်း အကျဉ်းသားများ၏ မိသားစု ဝင်များက ပြောဆိုကြသည်။ ထောင်တစ်လုံးလုံး အမျိုးသား၊ အမျိုးသမီး အကျဉ်းသားများ နီးပါး ခံစားနေရပြီး ယားနာ၊ အဖု၊ အဖိန့်များ တစ်ကိုယ် လုံး ထွက်ပေါ်နေကာ ကူးစက်မှု တစ်ယောက်ပြီး တစ်ယောက် ပျံ့နှံ့နေကြောင်း သိရသည်။ လက်ရှိ ထောင်တွင် အကျဉ်းသား ၁၄၀၀ ခန့်ရှိပြီး အမျိုးသမီး ၁၀၀ ခန့် ပါဝင်သည်။ ရေ မသန့်ရှင်းမှုက အဓိက အကြောင်းရင်း ဖြစ်ပြီး သောက်သုံးရေ တွင် သံချီး အလွန်အကျွံ ပါဝင်နေရာ သောက်လို့ မရစွာ ဆိုးရွားနေကြောင်း မိသားစုဝင်တစ်ဦးက ရေက လုံးဝ သောက်လို့ မရသလို၊ သုံးလို့ လည်း မရဘူး ဒါကို သက်ဆိုင်ရာ က ဖြေရှင်း ပေးဖို့လိုတယ် ဟု ၎င်းက ပြောဆိုသည်။ ဒီ လို ဖြစ်နေတာ ကြာပြီ ဖြစ်ပြီး ခန္ဓာ ကိုယ် တစ်ကိုယ် လုံးမှာ အဖု၊ အဖိန့် တွေ ထွက်တယ် ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် တစ်လျောက် ကူး စက်ကာ စစ်တွေ ထောင် အားလုံးနီးပါး ခံစားနေ ကြတာပါ ဟု ပြောဆို သည်။ ဆေးဝါး များ ရှိ သော်လည်း ထောင်ပိုင် ဦးမောင်ဦး က လုံးဝ မထုတ်ပေး အခု လို အရေပြား ရောဂါ တွေ ပို ပြီးတော့ ဖြစ် လာ နေ တာ။ ထောင်ညွှန်မှူး က ဆေးတွေထုတ်ပေးဖို့ ထောင်ပိုင်ကို ညွှန်ကြား သော်လည်း ထောင်ပိုင် က ဆေးတွေ မထုတ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆေးဝါး များ မထုတ်ပေး မှု ၂ လ နီး ပါး ရှိ လာ နပြီ ဖြစ်ပြီး တစ်ခါ တရံ အကျဉ်းသား အချို့ ကို လိမ်းဆေး တစ်ချို့ ကိုသာ လိမ်းပေးကြောင်း သိရသည်။

ကော့ကရိတ် ထီဖိုးစံရွာ စစ်ကြောင်းကို ကြားဖြတ်တိုက်၍ စစ်သား ၁၅ ဦး သေဆုံး
နိုဝင် ၇
The Kaladan Post
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို နိုဝင် ဘာ ၆ ရက်နေ့မှ ၇ ရက်နေ့ နံနက်ပိုင်းထိ ကလိုထူး ဗျူဟာ စစ်ကြောင်း၊ တပ်မဟာ ၃၊ တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တို့ ပူးပေါင်းကာ ထီဖိုးစံနှင့် ကွီမောင်တိုင်ကျေးရွာ အကြား ကြက်မောက်ခြံတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့် သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။ ထီဖိုးစံနဲ့ ကွီမောင်တိုင် အကြားက ကြက်မောက်ခြံမှာ ဆက်တိုက်လိုလို တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေဘက်က သေနတ် ၈ လက်ရသည့် အပြင် စစ်တပ် သေတာ ၁၅ ကောင်ပြီး ဒဏ်ရာရတာတွေများစွာရှိကြောင်း စစ်ရေးရင်းမြစ်က ဆိုသည်။ အောက်တိုဘာလမှ စတင်ကာ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ကော့ကရိတ်တွင် ထိုးစစ်ဆင်နေသော်လည်း စစ်မှုထမ်းသားသစ်များကို ရှေ့ဆုံးထားရှိသဖြင့် ထိခိုက်သေဆုံးမှု များပြားပြီး အကြိမ်ကြိမ် ဆုတ်ခွာနေရကြောင်း သိရသည်။

စစ်တပ်ရွေးကောက်ပွဲ မဲအတင်းပေးခိုင်မှုများကို ထိရောက်စွာ အရေးယူမည်ဟု NUG ကြေညာ
နိုဝင် ၇
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စစ်တပ် ၏ အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် (သို့) ကြိုတင်မဲပေးရန် ခြိမ်းခြောက်အကျပ် ကိုင်မှုများကို သက်သေနှင့်တကွ တိုင်ကြားနိုင်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၆ရက်နေ့က ကြေညာခဲ့သည်။ ထိုသို့ အတင်းအကျပ်ခိုင် ဆိုင်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုနှင့် ဥပဒေနှင့် ငြိစွန်းသော လုပ်ရပ်များ ဖြစ်သဖြင့် ထင်ရှားပါက ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ပြောဆိုသည်။ ပဲခူးတိုင်းအတွင်း ပြောက်ကျား Local PDF တပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ခံက “ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ အထူးသဖြင့်တော့ အုပ်ကြီးတွေကိုတော့ ကျနော်တို့ဘက်မှာတော့ ပစ်မှတ်ထား အရေးယူတာရှိတယ်။ မဲစာရင်းကောက်သူ၊ အားပေးကူညီသူ တွေကိုလည်း ပစ်မှတ်ထား အရေးယူတာရှိတယ်။ ကျနော်တို့ အရေးယူတာကတော့ မူဝါဒပိုင်းက တော့ ရွေးကောက်ပွဲဆန့်ကျင်ရေး မူဝါဒပါပဲ။ အရေးယူမှုအပိုင်းကတော့ ကိုယ့်တပ်ဖွဲ့ ရဲ့ နည်းလမ်းတွေနဲ့ အရေးယူတာပါ” ဟု ပြောဆိုခဲ့သည်။

လက်ရှိကာလသည် တော်လှန်ရေးအတွက် အရေးကြီးဆုံးအချိန်ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု အားပေးရန် စစ်ကိုင်း PDF တိုက်တွန်း
နိုဝင် ၇
The Kaladan Post
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ကိုင်း PDF) က လက်ရှိအချိန်ကာလသည် မြန်မာ နိုင်ငံအတွင်း တော်လှန်ရေးအင်အားစုများအတွက် အရေးကြီးဆုံး အချိန်ကာလ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်စစ်ကော်မရှင်က ပြင်းထန်ထိုးစစ်များဖြင့် နှိမ်နင်းရန် ကြိုးစားနေသလို တရားမဝင် ရွေးကောက်ပွဲ နီးကပ်လာနေသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အရေးကြီးကြောင်း အလေးပေး တိုက်တွန်းခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်ငြိမ်းနိုင်က အထူးသဖြင့် ဒီကာလ ပြည်သူလူထု အာရုံစိုက်မှု မြင့်မားနေတဲ့ဒေသ၊ တော်လှန်ရေးအားကောင်းတဲ့ ဒေသလို နေရာမျိုးတွေရဲ့ ခုခံကာကွယ်စစ်မှာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ တကယ့်ကို တော်လှန်ရေးဆင်နွှဲနေတဲ့ တပ်တွေအတွက် ယခုကာလဟာ မိုးထဲရေထဲ ကာလပါ။ အားလုံး တစုတစည်းတည်းနဲ့ ချီတက်ရမယ့်အချိန်ပါ။ ပူးပေါင်းဆောင်ရွက်မှုအားက တော့ တဖွဲ့တည်း ရုန်းကန်တာထက် အများနဲ့ ရုန်းကန်ရတာ ပိုအဆင်ပြေတာပေါ့လေ။ ရှေ့မှာ အောင်ပွဲအလီလီ ရခဲ့တဲ့ သမိုင်းတွေဟာလည်း ပူးပေါင်းဆောင်ရွက်မှု အားတွေကြောင့်ပါ ဟု ပြောဆိုခဲ့သည်။ စစ်ကော်မရှင်က ဒီဇင်ဘာလတွင် ရွေးကောက်ပွဲအတု ဖန်တီးကာ စစ်ရေး၊ နိုင်ငံရေး နှစ်ခုလုံး ဟန်ချက်ညီအောင် ကစားနေချိန် တော်လှန်ရေးဘက်က မဟာဗျူဟာမြောက် တုံ့ပြန်ရန် လိုအပ်ကြောင်း ဆိုသည်။ တရုတ်ဖိအားကြောင့် တအာင်းတပ် (TNLA) နှင့် စစ်တပ် အပစ်ရပ်ထားပြီး မိုးကုတ်၊ မိုးမိတ်ဒေသများမှ TNLA ဆုတ်ခွာရဖွယ်ရှိနေသဖြင့် အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များက မိုးကုတ်ကို အစွမ်းကုန် ကာကွယ်မည်ဖြစ်ကာ စစ်ကိုင်း PDF ကလည်း မဟာမိတ်များနှင့် ပူးပေါင်း ပါဝင်သွားမည်ဟု ကိုစစ်ငြိမ်းနိုင်က ဆိုသည်။ မိုးကုတ်၊ မိုးမိတ်ဒေသ အတွက်လည်း စစ်ကိုင်း PDF အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမယ် ဟု ဆိုခဲ့သည်။

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး
နိုဝင် ၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်နှင့် ၅ ရက်တွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်သည်။ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတွင် ဇီးတောရွာမှ မြောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်သားများကို ပဒေသာရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၄၀ ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ရာ စစ်သားများ အထိနာကာ ဇီးတောရွာသို့ ပြန်ဆုတ်ခွာခဲ့ကြောင်းသိရသည်။ ထို့နောက် နိုဝင်ဘာ ၅ ရက်တွင် အင်အား ၆၀ ခန့်ဖြင့် ပိုးကုန်းလမ်းခွဲအနီး ထပ်မံစစ်ကြောင်းထိုးလာစဉ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ကပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) ဦးဆောင်ကာ မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ ဗိုလ်လက်ကောက်အဖွဲ့၊ Snipe Rangers Force (Local – PDF) – S.R.F၊ ဒေါင်းပျောက်ကြား အဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ နင်ဂျာအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ခမောက်ကြီးမြို့နယ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါ စစ်သား ၈ ဦးသေဆုံး
နိုဝင် ၇
The Kaladan Post
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ကျော်ပါ စစ်ကော် မရှင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်သည်။ ခမောက်ကြီးတပ်နယ်မှ ထွက်လာသော စစ်ကြောင်းသည် လေးရွာ-ထူးဇုံဖြတ်လမ်းဆီ ဝင်ရောက်လာစဉ် ကော်သူးလေတပ်မတော် (KTLA) ဗိုလ်ချုပ်မြ အထူး တပ်ရင်း၊ ကော့သောင်းမြို့နယ် (ပကဖ) နှင့် ဘုတ်ပြင်းမြို့နယ် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တိုက်ပွဲ ၃ နာရီကျော် ကြာမြင့်ခဲ့ကြောင်းသိရသည်။ ထို့အပြင် စစ်အုပ်စုဘက်က သေဆုံးအလောင်း ၁၈ လောင်းကို လေးရွာစာသင်ကျောင်းအနီး မီးရှို့ဖျက်ဆီးထားခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးကို ကော့သောင်းဆေးရုံ၊ တပ်ဆေးရုံများအပြင် ထိုင်းနိုင်ငံ ရနောင်းမြို့ဆေးရုံအထိ ပို့ဆောင် ကုသခဲ့ရကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက ပြောဆိုသည်။ “၈ ကောင်သေတာက ရဲဘော်တွေ ကိုယ်တိုင်မျက်မြင်ပါ။ အလောင်းတွေ မီးရှို့ထားခဲ့တာတော့ သတင်းပြန်ရတာပေါ့” ဟု ကော့သောင်းခရိုင် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက ပြောသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ ကျဆုံးသူများမှာ ကော့သူးလေးအာမီ တစ်ဦးနှင့် ဘုတ်ပြင်း (ပကဖ) တစ်ဦး ဖြစ်ကြောင်း သိရသည်။ ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် အရပ်သားများ စစ်ရေးအသိ၊ စစ်ရေးသတိ အမြဲထားရှိရန်လည်း ကော့သောင်းခရိုင် ပကဖ က တိုက်တွန်းထား သည်။
