ဇူလိုင် ၁၂

The kaladan Post

၂၀၂၅ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁မှ စတင်ထွက်ခွာလာသော စစ်ယာဉ်တန်း (၁၂၀) ခန့်နှင့် စစ်ခွေးအင်အား( ၁၀၀၀) ခန့်ပါထွက်လာတဲ့ စစ်ကောင်စီတပ်သားများသည် ရေပြာ၊ ပေါက်ကပစ အသွားလမ်းဖြစ်သော ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ပေါ် တွင် တပ်စွဲနားခိုနေစဉ် အညာမြေ တပ်ပေါင်းစု နှင့် တော်လှန်ရေး အင်အားစုများမှ ဒရုန်းနှင့် ဗုံးသီးတွေ (၃ )ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ ကြောင်း ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့ ၏ ယနေ့ ဇူလိုင်လ ၁၂ရက် ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင့်က “ ယခုတိုက် ခိုက်မှုဟာဆိုရင် ကျွန်တော်တို့နှင့်မဟာမိတ်တပ်ပေါင်းစုတွေက အင်အားတစ်ထောင်ခန့်ပါ စစ်ကြောင်း ထဲက နောက်ချန်စစ်ကြောင်းကို ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၁/၂၃/၂၅ နေ့ရက်တွေက သူတို့ကင်းပတ်နေချိန် ဒရုန်းနဲ့ တိုက် ခိုက်ခဲ့တာဖြစ်ပါတယ် ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် အချိန်မီမထုန်ပြန်နိုင်တာဖြစ်ပါ” တယ် ဟု The Kaladan Post သို့ပြောဆိုသည်။

ထို့အပြင် ၎င်းစစ်ကြောင်းမှ အပြစ်မဲ့ပြည်သူတွေဖမ်းဆီး ထိန်းသိမ်းတာ ၁၀ယောက်ခန့်ရှိပြီး မည်သူ တစ်ဦးတယောက်မှ ပြန်လွတ်မလွတ်လာသေးသည့်အပြင် ဖမ်းခံရသူများဟာ အသက် ၁၆နှစ်ကနေ အသက် ၅၀အတွင်းအမျိူးသားများဖြစ်ပါတယ်ဟု ၎င်းကဆက်လက်ပြောဆိုသည်။  ယခုလက်ရှိ တွင် စစ်ခွေးစစ်ကြောင်းနှင့် စစ်ယာဉ်တန်းများသည် ပခုက္ကူမြို့နယ်၊ကမ္မမှနေ သာကြီတောင်၊ တပ်မ တောင်နှင့်ပေါက်မြို့နယ် တလျှောက်တွင် တပ်ဖြန့်ရွေ့ လျားနေပြီး ထိုမှတဆင့် ပေါက်ကပစ (၂၄)သို့ ဆက်လက်ရွေ့လျားမည်ဟု အညာမြေတပ်ပေါင်းစုမှ ခန့်မှန်းထားပြီး ၎င်းစစ်ကြောင်းကို အညာမြေ တပ်ပေါင်းစုနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဆက်လက် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြကြောင်း သိရသည်။ စစ်ခွေးများသည် ကမ္မမြို့ပေါ်ရှိ လူနေအိမ်များ၊ ဈေးဆိုင်များ၊ ဖုန်းဆိုင်များမှ အဖိုးတန် ပစ္စည်းများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများနှင့် ပြည်သူများ အား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း များလည်း ပြုလုပ်ခဲ့ပါသည်။ ၎င်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ခွေး ( ၁၀) ကောင်ခန့် ထိခိုက်မှုရှိခဲ့ပြီး ထို တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုနှင့် အတူ ဂဠုန်ပြောက်ကျားတပ် (Garuda Secret Force) Black Cheetah၊ ဒေါင်းသွေးနီပြောက်ကျား၊ မြိုင်ပကဖ၊ ဗိုလ်အောင်ကျော် (RG)၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင် သောလူငယ်ပြောက်ကျားတပ်ဖွဲ့၊ ဂျင်လေး (Pl PDf) စသော မဟာမိတ်တပ်ဖွဲ့တွေက လက်တွဲညီညီဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ကြောင်းရွေ့လျားရာ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ ရာပေါင်းများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး ၎င်းတို့သည်  မည်သည့် အကူအညီမျှ မရဘဲ ဒေသတွင်း ပြည်သူများကသာ ဝိုင်းဝန်းပြီး နေရေး၊ စားရေးနဲ့ လုံခြုံရေး ကို တာဝန်များကိုတာဝန်ယူဖြေရှင်းပေးနေကြကြောင်းသိရပါသည်။