——————————————————————–
ဇူလိုင် ၁၈
The kaladan Post
ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် ညနေ ၃ နာရီ အချိန်က စကစကင်းပတ်စစ်ကြောင်းတစ်ခုကို Southern Yesagyo Local တပ်ပေါင်းစုက ကြားဖြတ် ပစ်ခတ်ခဲ့ကြောင်း Southern YSO တာဝန်ခံ ကိုအောင်မောင်းက The Kaladan Post သို့ သတင်းပေး ပို့ခဲ့ပါသည်။
ဤစစ်ဆင်ရေးတွင် ‘ကျွန်တော်တို့ ဖော်ဆောင်တဲ့ ပင်မစစ်ကြောင်းနှင့် ထိပ်တိုက်ထိ တွေ့တာမဟုတ်ဘဲ အရံကင်းအဖွဲ့က ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုဖြစ်ပွာတာဖြစ်ပြီး ရလဒ်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှခလရ ၂၅၄ တပ်မှ အရာရှိတစ်ဦး အပါအဝင် ((၆)ယောက် သေဆုံးခဲ့ ကြောင်း တပ်ဖွဲ့တာဝန်ခဲကပြောဆိုသည်။ ထို့ပြင်အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင် (၃) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ အလောင်းများကို ဇူလိုင်လ ၁၆ ရက် နေ့လည်ခင်းတွင် အစိမ်းရောင်သုံးဘီးဖြင့် ပခုက္ကူမြို့သို့ သယ်ဆောင်သွားသည် ဟု သိရှိရသည်။ ဤစစ်ဆင်ရေးကို Southern Yesagyo Local တပ်ပေါင်းစုမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF နှင့် Yesagyo Revolution Group (YRG) တို့ ပါဝင်ခဲ့သည်။ ဤဖြစ်စဉ်သည် ဒေသတွင်း လက်နက်ကိုင်ခုခံမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ခွေးစစ်ကြောင်းများကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပခုက္ကူမြို့နယ် အတွင်း ခွေးစစ်ကြောင်းများကို ဆက်လက်စောင့်ကြည့်နေပြီး၊ လိုအပ်သည့်အခါ ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ဤစစ်ဆင်ရေးသည် ဒေသတွင်း ခုခံမှုအင်အားများ၏ ညီညွတ်မှုကို ပြသခဲ့သည်အပြင် အနာဂတ်စစ်ဆင်ရေးများအတွက် အားတက်မှုတစ်ခုဖြစ်ပါသည်။ Southern YSO PDF နှင့် မဟာမိတ်အဖွဲ့များသည် ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူများနှင့်လက်တွဲ၍ တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်တပ်ဖွဲ့ဖြစ်ပါသည်။