————————————————————————-
စက်တင် ၇
The Kaladan Post
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပသစရွာအတွင်း အင်အား ဖြည့်တင်းပြီး စစ်ကြောင်းထွက်ရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက အင်အားပြင်းတာဝေးပစ် ဒုံးကျည် ၅ လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ သတင်းပေးပို့ထား ပါသည်။
အဆိုပါတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ?”ကျွန်တော်တို့ ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်အားလုံးသည် စစ်ကောင်စီတွေ တည်ရှိရာနေရာသို့ တိကျစွာ ပေါက်ကွဲခဲ့ပါတယ် ဒီနေ့နဲ့ဆိုရင် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီးတော့ ၎င်းတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိ ခဲ့သူတွေရှိသည်ဟု ပသစရွာနှင့် နီးစပ်သူများထံမှ ကနဦးသတင်းရရှိထားပါတယ်ဟု “ ဆိုသည်။ တိုက်ပွဲအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်နိုင်စွမ်း မရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တိုက်ပွဲပြီးဆုံးပြီးနောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ထို့အပြင်ယမန်နေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန် ပသစရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အင်အားပြင်းတာဝေးပစ် ဒုံးကျည် ၅ လုံးဖြင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့များက လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိမရှိကို လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးဘဲ၊ ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း COBRA ONE ရဲ့ ယမန်နေ့ထုတ်ပြန်ချက်အရသိသည်။
အဆိုပါတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ?”ကျွန်တော်တို့ ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်အားလုံးသည် စစ်ကောင်စီတွေ တည်ရှိရာနေရာသို့ တိကျစွာ ပေါက်ကွဲခဲ့ပါတယ် ဒီနေ့နဲ့ဆိုရင် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီးတော့ ၎င်းတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိ ခဲ့သူတွေရှိသည်ဟု ပသစရွာနှင့် နီးစပ်သူများထံမှ ကနဦးသတင်းရရှိထားပါတယ်ဟု “ ဆိုသည်။ တိုက်ပွဲအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်နိုင်စွမ်း မရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တိုက်ပွဲပြီးဆုံးပြီးနောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ထို့အပြင်ယမန်နေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန် ပသစရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အင်အားပြင်းတာဝေးပစ် ဒုံးကျည် ၅ လုံးဖြင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့များက လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိမရှိကို လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးဘဲ၊ ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်း COBRA ONE ရဲ့ ယမန်နေ့ထုတ်ပြန်ချက်အရသိသည်။ဤတိုက်ခိုက်မှုနှစ်ခုစလုံးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ရင်း (၁)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – လက်နက်ကြီးတပ်ဖွဲ့ (COBRA ONE)နှင့် Burma Revolution Rangers တပ်ဖွဲ့တို့မှ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။