ဘုတလင်မြို့ အထကကျောင်းရှိ စကစကို တိုက်ခိုက်ချေမှုန်း

ဘုတလင်မြို့ အထကကျောင်းရှိ စကစကို တိုက်ခိုက်ချေမှုန်း

မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီမှ ၉:၃၀ နာရီအထိ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အထကတန်းကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဘုတလင်မြို့နယ်ပကဖနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း ဘုတလင်မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မြို့တွင်းစစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းက ဆိုသည်။