—————————————————————————
ဩဂုတ် ၂၀
The Kaladan Post
၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၉ရက်နေ့တွင် မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ဧရာဝတီမြစ်အတွင်း စစ်ကောင်စီ၏ ရေယာဉ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)၏ ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ကိုသစ်တော က” ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ရေယာဥ်သည် ၂၈စင်းဖြစ်ပါတယ်ခင်ဗျ ပြီးတော့စစ်ကောင်စီ အင်အားကိုလည်းအတည်မပြုနိုင်သေးပါဘူး’ဟု The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ၎င်းတိုက်ခိုက်မှုအပြီးအပြန်တွင် ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ဖော်ဆောင်ခဲ့သော မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာအသက်လှူပေးခဲ့ကြသော အာဇာနည် ပြည်သူ့ရဲဘော်များအား ဂုဏ်ပြုဦးညွှတ်အလေး ပြုခဲ့ကြောင်းသိရသည်။ အဆိုပါချင်းပြည်နယ် မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)မှ ပြည်သူ့ရဲဘော် (၇)ဦးတို့သည် ပြည်သူလွတ်မြောက်နိုင် ရေးအတွက် အသက်လှူသွားကြားတယ်လို့ ဘဏ္ဏာရှာဖွေရေး တာဝန်ခံ ကိုသစ်တောက ဆက်လက် ပြောဆိုသည်။ ချင်းပြည်နယ်မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ နှင့် မဟာမိတ်များက ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)၏ ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ကိုသစ်တော က” ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ရေယာဥ်သည် ၂၈စင်းဖြစ်ပါတယ်ခင်ဗျ ပြီးတော့စစ်ကောင်စီ အင်အားကိုလည်းအတည်မပြုနိုင်သေးပါဘူး’ဟု The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ၎င်းတိုက်ခိုက်မှုအပြီးအပြန်တွင် ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ဖော်ဆောင်ခဲ့သော မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာအသက်လှူပေးခဲ့ကြသော အာဇာနည် ပြည်သူ့ရဲဘော်များအား ဂုဏ်ပြုဦးညွှတ်အလေး ပြုခဲ့ကြောင်းသိရသည်။ အဆိုပါချင်းပြည်နယ် မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)မှ ပြည်သူ့ရဲဘော် (၇)ဦးတို့သည် ပြည်သူလွတ်မြောက်နိုင် ရေးအတွက် အသက်လှူသွားကြားတယ်လို့ ဘဏ္ဏာရှာဖွေရေး တာဝန်ခံ ကိုသစ်တောက ဆက်လက် ပြောဆိုသည်။ ချင်းပြည်နယ်မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ နှင့် မဟာမိတ်များက ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ထို့တိုက်ခိုက်မှုကို ၁၀၇ မမ ဒုံးကျည် (၂) လုံးနှင့် ရော့ကတ်များဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ ဤစစ်ဆင်ရေးတွင် Justice Brothers Force၊ မုံရွာခရိုင်အမှတ်(၃) တပ်ရင်း တပ်ခွဲ(၂) မဟူရာကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်အမှတ်(၁၈) တပ်ရင်း၊ ရေဦးကိုသားကြီးနှင့် ရဲဘော်များအဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဤစစ်ဆင်ရေးသည် စစ်ကောင်စီ၏ ရေကြောင်းထောက်ပံ့မှု လမ်းကြောင်းကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်သည်။ ဤအောင်မြင်မှုသည် ပြည်သူ့ ဘက်တော်သား ရဲဘော်များ၏ စည်းလုံးညီညွတ်မှု၊ သတ္တိရှိမှုနှင့် စစ်ဆင်ရေးစွမ်းရည်ကို ထင်ရှားစွာ ပြသခဲ့ခြင်းဖြစ်သည်။