ဒီဇင် ၁၅
The Kaladan Post
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မင်းကွန်းမှထွက်ခွာလာသော စစ်တပ်အင်အား ၁၂၀ ခန့်ပါ စစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန် ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယူနီကွန်းကျောက်ကြားတပ်ဖွဲ့ တာဝန်ရှိ သူ တစ်ဦးက” ကျွန်တော်တို့နှင့် မဟာမိတ်များတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ရှိမ်းမကားကို ပဲဦးတည်မည်လို့ထင်ပါတယ် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကသေဆုံးမှု အတိအကျမသိပေမယ့် ၁၀ ယောက်ခန့် ဒဏ်ရာရရှိနိုင်တယ် ပြီးတော့ လက်ရှိသူတို့က မင်းကွန်းထဲပြန်ဝင်သွားကြပြီး စစ်ရေး လှုပ်ရှားမှုတွေမလုပ်သေးပေမယ့် အချိန်မရွေး ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးဆိုတော့ တော်လှန် ပြည်သူတွေအနေဖြင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ က ရွှေ့ပြောင်းခိုင်း၊ ဘေးလွတ်ရာ ပြောင်းခိုင်းရင် ချက်ချင်း လိုက်နာပေးကြရန်နှင့် ဓားစာခံ ဖြစ်သွားပါက လုံခြုံရေးတွေ ပိုခက်ခဲသွားနိုင်သည့်အပြင် စစ်ရေးလှုပ်ရှားမှုတွင် ဓားစာခံတေပါလာရင် ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ငန်းလုပ်ရတာခက် ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြား တပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော people servant force /ရတနာပုံတပ်ဉီးနင့် No More Dictatorship people defence force-NMD တို့မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ တစ်စုံတရာထိခိုက်မှုမရှိဘဲ ဘေးကင်းစွားဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စကမများထံမှ G3ကျည်855/5.56ကျည်796/60mmဗုံးသီး5လုံး/ RPGအသီး3လုံးပို့ယမ်း3တောင့်/အီနာဂါ1လုံး/Maကျည်ဘောက်3ဘောက်/Ma2 ဘောက်ဝိုင်း1ဘောက် နှင့်ငါးကြင်းမှီးပြောင်းအပိုတချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။