————————————————————-
ဇွန် ၁၆
The Kaladan Post
၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် မုံရွာမြို့ နမခကျေးရွာမှ အင်မထီးပျူရွာသို့ ရဟတ်ယာဉ်ဖြင့် စစ် ကူပို့ဆောင်ခံရသော အင်အား ၁၄၀ တွင် ပါဝင်သူ တပ်သားသစ် ကိုထက်လင်းအောင် (ခ) ကိုကျော် ကို သည် ယင်းမာပင်ခရိုင် အမှတ် (၁၂)တပ်ရင်းသို့ စစ်ကူစစ်ကြောင်းမှ ထွက်ပြေးကာ MA-1 တစ် လက်၊ ကျည် ၄၅ တောင့်၊ ဗုံးသီး ၁ လုံးနှင့် ၁၄ မိုင်း ၁ လုံးဖြင့် လာရောက်အလင်းဝင်ခဲ့ ကြောင်း Guerilla Renger ရဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Guerilla Rengerရဲ့တာဝန်ရှိသူက အဆိုပါရဲ့ဘော် ကိုထက်လင်းအောင် (ခ) ကိုကျော်ကို သည် “စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကျွန်တော့်တို့ တော်လှန်ရေးတပ်များဟာ ၆ ရက်နေ့ ညနေ ၃နာရီကျော် တစ်ကြိမ်ထိတွေ့ တိုက်ပွဲ့ဖြစ်ပွားပြီး စကစတပ်ဖွဲ့နောက်ပြန်ဆုတ်ကြတယ်ပြီးတော့ ၇ ရက်နေ့ ညပိုင်းပြန်ပြီးထိုးစစ်စချိန် မှာ စစ်ကြောင်းကလစ်ထွက်လာကာ တပ်ရင်း ၁၂ ကင်းပွိုင့် ရဲဘော်များဆီကို ထွက်ပြေးလာတာဖြစ် တယ်” လို့ The Kaladan Post သို့ပြောဆိုသည်။
အဆိုပါရဲ့ဘော်ကို စစ်ကောင်စီတပ်ဖွဲ့က အချုပ်ကြ နေစဥ် သိန်း ၁၀၀ ပေးမယ်ပြောဆိုကာ တပ်သားသစ်အဖြစ် အချုပ်ကနေ ခေါ်ဆောင်ခဲ့ရတာဖြစ် ကြောင်း သို့သော် စစ်ကောင်စီက ငွေတပြားတစ်ကျပ်မှ မပေးတာသောကြောင့် တာဝန်ထမ်းဆောင် နေသည့်ကာလအတွင်း တဖြည်းဖြည်း စစ်တပ်အကြောင်းသိလာတာကြောင့် မနေလိုတပ်ထဲမှာမနေလို တော့ဘဲ အခွင့်ရရင်ရသလို ထွက်ပြေးမယ်ဟု အားတင်းထား ခဲ့ကြောင်းသိရသည်။ ထို့အပြင် အလင်းဝင်လာသူ ကိုထက်လင်းအောင် (ခ) ကိုကျော်ကို သည် လက်ရှိ မှာ မိမိဒေသသို့ မပြန်လိုတော့ဘဲ ပြန်ရင် စကစကပြန်လည် ဖမ်းဆီးနိုင်တာကြောင့် ယခုအချိန် မှာ Guerilla Renger တပ်ဖွဲ့ရဲ့ဘော်တွေက ညီအစ်ကိုလို စောင့်ရှောက်ထားကြောင်းသိရ သည် ။ ထို့ ကြောင့် အလင်းဝင်လာသူ ကိုထက်လင်းအောင် (ခ) ကိုကျော်ကို ကို လက်ရှိမှာ သူ့ကိုပေးရမည့် ဆု ကြေးငွေအား မပေးရသေးတပ်ဖွဲ့မှ ထိမ်းသိန်း ထားပေးခြင်းဖြစ်ကြောင်းသိရသည်။ ၎င်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အမှတ် (၅)ခြေမြန် တပ်သားသစ်အဖြစ် စုဆောင်ခံရပြီး ရေနီမြို့နှင့် တောင်ငူ မြို့တို့တွင် စစ်သင်တန်း ၅ လနှင့် စစ်မြေပြင်တာဝန် ၂ လ ထမ်းဆောင် ခဲ့သူဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။