မေးမြန်းသူ – ဆလိုင်းဒိုခါရ်

ဖြေဆိုသူ – ပဒိုစောတောနီး၊ ကရင်အမျိုးသားအစည်းအရုံး၊ ပြောရေးဆိုခွင့်ရှိသူ

ဆလိုင်းဒိုခါရ် –  အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဒီ The Kaladan Postကို အမြဲတမ်း ကြည့်ရှု အားပေးကြတဲ့ မိဘပြည်သူများခင်ဗျာ။ ကျွန်တော်တို့ ဒီတစ်ပတ်အတွင်း ကျွန်တော်တို့ တင်ဆက်မယ့် အစီအစဉ်ကတော့ ကျွန်တော်တို့ KNU ပြောရေးဆိုခွင့်ရှိသူ ဘဒိုစောတောနီး ကို ဖိတ်ခေါ်ပြီးတော့မှ ဒီလက်ရှိ ပြည်နယ်တွင်း ကရင်ပြည်နယ်နဲ့ အထူးသဖြင့် KNU ဦးဆောင်မှု ပစ္စည် ဖော်ဆောင်နေတဲ့ အခြေအနေ အပါအဝင် နိုင်ငံတကာ ပုံမှာ KNU ရဲ့ ရပ်တည်ချက် အစရှိတာတွေကို ကျွန်တော်တို့ ဒါ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စောတောနီး ကျွန်တော့်ကို အခုလို အချိန်ပေးတဲ့အတွက် ထူးထူးကျေးဇူးတင်ကြောင်း ဦးစွာ ပြောပြပါစေခင်ဗျာ။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျေးဇူးပါ။

 

ဆလိုင်းဒိုခါရ် –  ဟုတ်ကဲ့။ ပထမဆုံးအနေနဲ့ ကျွန်တော် ဒါ မေးမြန်းလိုတာကတော့ အခုအချိန်မှာ စစ်ကောင်စီဘက်က ထိုးစစ်တွေ ပြန်ဖွင့်ပြီးတော့မှ အောင်မြင်မှု တချို့ရတဲ့ အပေါ်မှာ စိတ်ဓာတ်စစ်ဆင်ရေး ပုံစံမျိုးနဲ့ တော်လှန်ရေး အပေါ်မှာ ဝေဖန်မှု အသံနဲ့ အောင်မြင်နိုင် ပါ့မလားဆိုတဲ့ အစိုးရိမ်စိတ်က တဖြည်းဖြည်းနဲ့ ကြီးလာနေတယ်။ သို့သော် ဒီကရင် ပြည်နယ်ဖက်မှာဆိုရင် အဲ့ဒါမျိုးတွေက သိပ်မမြင်ရဘူး။ KNU ရဲ့ ဦးဆောင်မှုနဲ့ စည်းရုံးရေး အောင်မြင်မှု ရှိနေသေးတယ်ဆိုတော့ ဒါ ဆရာတို့ အတွေ့အကြုံကို အခြေခံပြီးတော့မှ အခု စကစအနေနဲ့ အနည်းငယ် ပြန်အောင်မြင်မှု ရလာသလို ဖြစ်လေတဲ့ စည်းရုံးအခြေအနေက အမှန်တကယ်ရော တကယ် အောင်မြင်မှု ရနိုင်ပါ့မလား။ ဘယ်လို ဖြစ်လာနိုင်ခြေရှိလဲဆိုတဲ့ ဟာကို အာ သုံးသပ်ဆွေးနွေးပေးပါဦး။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်။ ကျွန်တော်တို့ တော်လှန်ရေးဆိုတာ ကတော့ အာ အတက်အကျတွေ အနိမ့်အမြင့်တွေက အမြဲတမ်း ရှိနေတာပဲ။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့အတွက်လည်း ဘာမှ ထူးခြားတာတော့ ဖြစ်မနေဘူး။ သို့သော် ကျွန်တော်တို့ ခရီးရှည် ချီတက်ရမယ့် အနေအထားမျိုးမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ အနေအထားက ဟို အခု တော်တော်များများက ဟို ပြန်ပြီးတော့ သတိပြုမိပြီးတော့ စစ်ကောင်စီဘက်က ပြန်ပြီးတော့ ဟိုဟာပေါ့နော် စစ်ကောင်စီတွေဖြစ်ပြီးတော့ စစ်ကော်မရှင်တွေဖြစ်ပြီးတော့ အဲ ပြန်ပြီးတော့ ဟို ထိုးစစ်ဆင်နိုင်တယ် ကျွန်တော်တို့အတွက် အောင်မြင်မှု လမ်းမရှိတော့ဘူးဆိုပြီးတော့ ပြောဆိုသံတွေ တစ်ဖက်ကနေပြီးတော့ စစ်ကော်မရှင်ဘက်ကလည်း ဝါဒဖြန့်ချိရေးတွေ အကြီးအကျယ်လုပ်ပြီးတော့ ဘာညာပေါ့နော်။ အမှန်မှာကတော့ ကျွန်တော်တို့ ဖြတ်သန်းမှုအရ ဒီဟာတွေက ကျွန်တော်တို့ တောက်လျှောက် ကြုံနေရတဲ့ ကိစ္စပဲ ဖြစ်တယ်။ ကျွန်တော်တို့ဟာ တကယ့်မူဝါဒ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်အညီ ဘယ်လိုပဲ ကြုံရကြုံရ နောက်ဆုံးကြတော့ ဒီလိုမျိုး မတရားမှုနဲ့ လုပ်နေတဲ့ စစ်ကောင်စီတွေ စစ် အာဏာရှင်အဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြုတ်ကျသွားတာပဲ။ ကျွန်တော်တို့ ကိုယ်တိုင် ဒီအတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်နေတယ်။ အဲ့ဒါတောင်မှ ကျွန်တော်တို့ အဖွဲ့ထဲမှာ လုံးဝ စည်းလုံးညီညွတ်မှုပြု ကွဲအောင် ကျွန်တော်တို့ မကွဲကွဲအောင်ပေါ့ ကြံဖန်ပြီးတော့ အင်မတန်ယုတ်ကပ် ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ ထိုးကွဲပြီးတော့ လုပ်တယ်ဆိုပေမယ့်လို့ ကျွန်တော်တို့က အဲ့ဒီဒဏ်ကို ကောင်းကောင်းလေး ဟို ကြုံခဲ့ရတယ်ဆိုပေမယ့် မူဝါဒ အပေါ်မှာ အခြေခံထားတဲ့ အဖွဲ့အစည်းတစ်ဖွဲ့က နောက်ဆုံးကျတော့ ဘာဖြစ်ဖြစ် သူ့အချိန်တန်ရင် ဒီလိုပဲ ပြန်ပြီးတော့ ရပ်တည်နိုင်တယ်ဆိုတာ ဒီကျွန်တော်တို့ သက်သေတွေ့ပဲ။ အဲ့ဒါကြောင့်မို့လို့ ဒီကနေ့ ဟို စစ်ကောင်စီ စစ်ကော်မရှင်တွေ လုပ်နေတဲ့ အလုပ်တွေဟာ ဒါကတော့ ဝါဒ ဝါဒဖြန့်ချိရေးအတွက် လုပ်တယ်ဆိုပေမယ့် ကျွန်တော်တို့ ယုံကြည်တာက ဒီလိုမျိုး မတရားမှုနဲ့ လုပ်နေတဲ့ အဖွဲ့အစည်းတွေ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဟို သိသိသသာ ပံ့ပိုးမှုတွေကလည်း ဒါက လမ်းကြောင်းမှန်ကို ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အကောင်းထက်အဆိုးကိုပဲ ဖန်တီးနေပြီးတော့ နောက်ဆုံးကျတော့ သူတို့ မတရား လုပ်တဲ့လူက ကျဆုံးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ လက်ရှိကနေ့ ပြန်ပြီးတော့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ မာနယ်ပလောခေတ်ကနဲ့ ပြန်ပြီးတော့ အချိန်ထိုးကြည့်မယ်ဆို ကျွန်တော်တို့ အခု သိမ်းပိုက်နိုင်မြေတာ ဟို ကြည့်လိုက်မယ်ဆို ပဲခူး ဟိုဟာပေါ့နော် စစ်တောင်းမြစ်ဆိုတော့ ပဲခူးတိုင်းထဲမှာဆို စစ်တောင်းမြစ် အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း ရန်ကုန်-မန္တလေး ကားလမ်း ဗိုလ်ချုပ် ကားတပ်တွေက နေရာ နေရာချတိုက်ပြီးတော့ လှုပ်ရှားနိုင်တဲ့ အနေအထား ရောက်လာတယ်။ ကဲ ဒီဘက် လမ်းမဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အာရှလမ်းမကြီး နောက်ပြီးတော့ ဒီဟာကတော့ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးတွေကလည်း သူတို့ မရမက ပြန်ပြီးတော့ ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်နေတဲ့ စစ်ဆင်ရေးကြီးတွေ လုပ်တယ်ဆိုပေမယ့် ဒါအိမ်နီးချင်းနိုင်ငံနဲ့ ပါဝင်ပတ်သက်မှုဆိုတာ ပြောင်ကျကျဝင်ရောက်စွက်ဖက်နေတာ ကျွန်တော်တို့ မြင်တွေ့ နေရတာပဲ။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒါတွေ ကြံ့ကြံ့ခံနိုင်တယ်လို့ ယုံကြည်တယ်။ ဘာပဲ ဖြစ်ဖြစ် နယ်စပ်တစ်ကြောလုံးက ကီလိုမီတာ ၁၀၀၀ နဲ့ ချီပြီး ကျွန်တော်တို့ ထိန်းသိမ်းထားနိုင်တဲ့ အနေအထားမှာ အခုက မြဝတီ မဲဆောက် ကုန်သွယ်ရေးကို သူတို့က မရမက ပြန်ဖွင့်နိုင်တဲ့ အနေအထားမှာ လက်ရှိမှာလည်း မဖွင့်နိုင်သေးပါဘူး။ အဲ့ဒါတွေက ဟို မိုးပြောလေပြောနဲ့ လုပ်နေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ယုံကြည်တာကတော့ ကျွန်တော်တို့ တော်လှန်ရေးက အမှန်တရားပဲ ရပ်တည်နိုင်တယ် ဆိုတော့ မူဝါဒအပေါ် ခိုင်မာရပ်တည်တယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အခက်အခဲ စိန်ခေါ်မှုတွေ ရှိပါစေ။ ဒါ ကျွန်တော်တို့ ကျော်လွှားနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်ဗျ။

 

ဆလိုင်းဒိုခါရ် –  ဟုတ်ကဲ့။ ဒီ ဒါနဲ့ ဆက်စပ်ပြီးတော့မှ စစ်ရေးမှာလည်း အနည်းငယ် ဦးမော့လာပြီးတော့မှ ရှေ့တိုးလာနေသလို ဖြစ်နေတဲ့ ဟာနဲ့ တစ်ပြိုင်တည်းမှာပဲ ဒါ သူတို့ အနေနဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ပြောဆိုချက်နဲ့အတူ နိုင်ငံတကာ ထောက်ခံမှုကို ရရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ အရင်က ကျွန်တော်တို့ကို ထောက်ခံအားပေးမှု ကြီးမားတဲ့ ဒီမော အရှေ့ဒီမောတို့လို နိုင်ငံဟာမျိုးကလည်း စစ်ကောင်စီနဲ့ အနှိမ့်အမြင့် ပြန်ကပ်လာတဲ့ အနေအထား ရှိသလို အိမ်နီးချင်းနိုင်ငံတွေကလည်း ထောက်ခံမှု ပေးမယ့် အနေအထား ပုံစံမျိုးရှိနေတယ်။ ဆိုတော့ ဆရာတို့ KNU ထိန်းချုပ်နေတဲ့ အုပ်ချုပ်ရေးတွေ အကောင်းထည် ဖော်နေတဲ့ နယ်မြေတွေ အခြေအနေနဲ့ အချိန်ပြီးတော့မှ စစ်ကောင်စီရွေးကောက်ပွဲက အမှန်တကယ်ဖြစ်နိုင်ပါ့မလား။ သူ့အနေနဲ့ ဒီဟာကို နိုင်ငံရေးကစားကွက်အနေနဲ့ သူ့ထွက်ပေါက်အနေနဲ့ ကောင်းကောင်းအသုံးချနိုင်ခြေရှိသလား။ ဒါ ဒီဟာနဲ့ပတ်သက်ပြီးတော့ မှလည်း ဆရာတို့ အတွေ့အကြုံပေါ် အခြေခံပြီးတော့မှ အာ ဆွေးနွေးပေးပါဦးခင်ဗျာ။

 

 

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ တိုက်ပွဲဖော်ဆောင်တဲ့ နေရာမှာ ကျွန်တော်တို့ကတော့ နည်းလမ်း ပေါင်းစုံနဲ့ ဟို တိုက်ပွဲဆင်နွှဲနေတယ်ဆိုတာကတော့ သေချာတယ်လေ။ အဲ့ဒါကြောင့်မို့ နိုင်ငံရေးတိုက်ပွဲ ရှိသလို စစ်ရေးအရ ကျွန်တော်တို့ ရေးယူဆောင်ရွက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ နိုင်ငံတကာ သံတမန်ဆက်ဆံရေးဘက်မှာလည်း ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားရမှာမယ့်။ နောက်ပြီးတော့ ဒီ စစ်အုပ်စုပေါ်မှာ တစ်ခါတည်း ဟိုဟာပေါ့နော် ဒီ ဟို သူ့ရဲ့ဝင်ငွေလမ်းကြောင်းမှန်သမျှကို တစ်ခါတည်း ပိတ်ဆို့ထားနိုင်ရေးအတွက် ကျွန်တော်တို့ ဆက်လက်ပြီးတော့ တွန်းသွားမှာပဲ ရှိတယ်။ အခု အဲ့ဒါတွေက အကုန်လုံးက တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ထဲမှာလည်း လူထုလှုပ်ရှားမှုက ဟို သူတို့ မနှိမ်နင်းနိုင်ဘူးလေဗျ။ အခွင့်အရေးပေါ်ရင်ပေါ်သလို ဒါ ပြန်ဖြစ်လာတာပဲ။ ဒီအခြေအနေ ရှိနေတယ်ဆိုရင်တော့ ကျွန်တော်တို့ ဟိုး အရင်က အခြေအနေ လုံးဝ လှုပ်လို့မရတဲ့ အခြေအနေတွေ ကြုံခဲ့ဖူးတာပဲ။ သို့သော် ဒီခေတ် မှာ သူက ရွေးကောက်ပွဲတစ်ခုတည်းနဲ့ပဲ သူ့ရဲ့ ထွက်ပေါက်ရရေးအတွက် မရမက လုပ်လာတဲ့ အပေါ်မှာကတော့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုက ဒါ မတရားကို ကြီးနေတယ် ကျွန်တော်တို့ မြင်တွေ့နေရတာပဲ။ သို့သော်ငြားလည်းပဲ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်နိုင်တဲ့ အပေါ်မှာ ဒီဟာတွေဟာ အကောင်းထက် အဆိုးကိုပဲ ယူသွားတော့မှာ ဖြစ်တယ်။ အထူးသဖြင့် ပေါ့နော်။ ကျွန်တော်ပြောချင်တာကတော့ ဒီဟာတွေက သူ့ရဲ့ ထွက်ပေါက်ရရေးအတွက်ရော သူ့ရဲ့ တရားဝင်မှု ရရေးအတွက်ရော လုပ်နေတယ်ဆိုပေမယ့်လို့ တကယ်တမ်းကျတော့ ရလဒ်အဲ့လို ဖြစ်လာမှာ လည်း မဟုတ်ဘူး။ ဘာဖြစ်လဲ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေရဲ့ စိတ်ထားက တစ်ခါတည်း ရတိပြတ်ဖြစ်ပြီးသားပါ။ အဲ့ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် ဒီစစ်အာဏာရှင်စနစ်က ဘယ်အာဏာရှင်စနစ်မဆို ပြုတ်ကျရေးဆိုပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အင်မတန် ခါးသီးလှတဲ့ ဒီအတွေ့အကြုံတွေ ရင်ဆိုင်နေရတဲ့ အပေါ်မှာ ကျွန်တော်တို့က ဘယ်လိုပဲ စိန်ခေါ်ချက်တွေ ရှိရှိ ဆက်ပြီးတော့ ရုန်းကန်သွားမယ်။ အိမ်နီးချင်းနိုင်ငံတွေကိုပဲ ကျွန်တော်ပြောချင်တာကတော့ အဓိကအားဖြင့်တော့ ဒီလိုမျိုး မူဝါဒအရ ခိုင်ခိုင်မာမာ မရှိဘဲနဲ့ တစ်ချိန်လုံးပဲ လူသားအပေါ်မှာရော ဒီတိုင်းသူပြည်သား အပေါ်မှာရော ဒီလိုမျိုး ဥစ္စာပေါ့နော် နှစ်ရာစုနဲ့ချီပြီးတော့ ဒီ ဖိနှိပ် နှိပ်ကွက်နေတဲ့ ဟာတွေနဲ့ လက်တွဲနေသေးရင်တော့ ကျွန်တော်တို့ ဒေသမှာ ဒီ မတည်မငြိမ်မှုပဲ ဖန်တီးယူလာမယ်။ တည်ငြိမ်မှုတွေက ကျွန်တော်တို့ တိုင်းပြည်တာ မက ဘေးထွက်ဆိုးကျိုးအဖြစ် ဘေးနားနိုင်ငံ တွေပါ အကုန်လုံး သက်ရောက်မှုရှိမယ်ဆိုတာ ကျွန်တော်တို့ အဲ့ဒါပြောချင်တယ်။ အဲ့ဒါကြောင့် မို့လို့ ဒီလိုမျိုး နည်းမှန် လမ်းမှန် မဟုတ်ဘဲ ဒီလိုမျိုး စစ်အုပ်စု စစ်အာဏာရှင်တွေက လုပ်တဲ့ဟာကို ပံ့ပိုးတဲ့ နည်းလမ်းဟာ ဘယ်နည်းလမ်းမှ မမှန်ဘူးဆိုတာက ကျွန်တော်တို့ ဒီကနေ့ ဒီအချိန်ခါမှာ ကျွန်တော်တို့ နှစ်ရှည်လများ ရုန်းကန်နေရတဲ့ အနေအထားက သက်သေပြနေပြီ။ အဲ့ဒါကြောင့်မို့ ကျွန်တော်ပြောချင်တာကတော့ ဘာမှ ဖြစ်စရာအကြောင်း မရှိဘူး။ ကျွန်တော်တို့ဘက်ကတော့ အတက်အဆင်းရှိတယ်ဆိုတာ ကျွန်တော်တို့ လက်ခံထား ပြီးသား။ ဒီရုန်းကန်မှုဟာ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားကတော့ ဘယ်လိုပဲဖြစ်ဖြစ် အောင်ပွဲခံနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ဘယ်လောက်ပဲဖြစ်ဖြစ် လက်ရှိကာလမှာ ကျွန်တော်တို့ စိန်ခေါ်မှုတွေ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲဆိုတော့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှုတွေပဲ။ ကျွန်တော်တို့ အားသာချက်က ဘာလဲဆိုတော့ ခိုင်မာတဲ့ ကျွန်တော်တို့ မူဝါဒ ပေါ်လစီတွေက ဒီအာဏာရှင်စနစ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတဲ့ ဟာ ဒါကို ကျွန်တော်တို့ ဆက်ပြီးတော့ တွန်းသွားဖို့ပဲ ရှိတယ်။

 

ဆလိုင်းဒိုခါရ် –  ဟုတ်ကဲ့။ စောန က ဒီ ဆရာဆွေးနွေးတဲ့ အချက်ထဲမှာ ဒီအိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း အထူးသဖြင့် ဒီစစ်ကောင်စီလုပ်ဆောင်တဲ့ ဟာကို ထောက်ခံလာတဲ့ ထောက်ခံမှုတွေ ပေးတဲ့ လုပ်ရပ်တွေ လုပ်လာတဲ့ ဟာရှိသလို တစ်ဖက်မှာ ကျွန်တော်တို့ တော်လှန်ရေးကို အစပိုင်းမှာ အားပေးပြီးတော့မှ အခုချိန်မှာ ကျစ်လစ်တဲ့ စုဖွဲ့မှုတွေ ရှိနိုင်သေးတဲ့ အပေါ်မှာ ဝေဖန်မှုတွေကလည်း အတွေး အချင်းချင်းကြားမှာ တိုးလာသလို ရှိနေတယ်။ ဆိုတော့ ကျွန်တော် မေးမြန်းလိုတာကတော့ K2C K3C ဆိုပြီးတော့မှ အထူးသဖြင့် တိုင်းသားလက်နက်ကိုင် ERO တွေနဲ့ NUG နဲ့ အဓိက စုဖွဲ့ စည်းလုံးတဲ့ စုဖွဲ့မှု တစ်ခုလုံးအတွက် အမြတ်က သိထားတဲ့ စုဖွဲ့မှုကနေ တစ်ဆင့် အခု NUG အတွင်း ကူးပြောင်းရေး အစိုးရပေါ် ပေါက်လာနိုင်ရေးအတွက်လည်း အဓိက ဆရာတို့ ကိုယ်တိုင်ကပဲ ဒါ ဦးစီးဦးဆောင် ပြီးတော့မှ ဒါ အင်အားစုတွေ စုစည်းနေတယ်လို့ ကျွန်တော်တို့ သိထားရတယ်။ ဆိုတော့ အဲ့ဒီ အခြေအနေနဲ့ ပတ်သက်ပြီးတော့မှ ရော ကျွန်တော်တို့ ပြည်သူတွေကို ချပြလို့ရသလောက် ချပြပေးလို့ရမလား။ ဘယ်လောက်ထိ မျှော်လင့်လို့ရသလဲဆိုတဲ့ ဟာမျိုးပေါ့နော်။

 

ပဒိုစောတောနီး၊ –  ကျွန်တော်တို့ အခု လုပ်နေတာ အထူးသဖြင့် ဘာပဲပြောပြော K2C နဲ့ ကျွန်တော်တို့ NUG ဘာပဲဖြစ်ဖြစ်ပေါ့နော်။ အသွင်ကူးပြောင်း ကာလမှာ တကယ်တမ်း လိုအပ်တဲ့ ဒီလိုမျိုး ဒီ အတုယောင်ဆောင်တဲ့ အတုယောင်ဖြစ်နေတဲ့ ဒီရွေးကောက်ပွဲဟာ ဘာရလာမှာလဲဆိုတော့ ၂၀၀၈ ပေါ်မှာ မူတည်တာလေ။ ဒါ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် အောင်ပဲ လုပ်တဲ့ဟာပဲ။ အဲ့ဒါကြောင့်မို့ အဲ့ဒါဆိုရင် ကျွန်တော်တို့ လက်မခံဘူးဆိုရင် ကျွန်တော်တို့က အခြားနည်းလမ်းကို ကျွန်တော်တို့ ရှာရတော့မှာ ဖြစ်တယ်။ အထူးသဖြင့် ၂၀၀၈ ကို အခြေခံမခံဘဲနဲ့ ပြောတဲ့အခါမှာ အထူးသဖြင့် Federal Democracy ကို အာမခံမှုရှိတဲ့ ကိုယ့်ရဲ့ ဟို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးပေါ်မှာ ခံ အာမခံမှုရှိတဲ့ ဖွဲ့စည်းပုံ တစ်ခုတော့ လိုလိုတယ်။ အဲ့ဒီအခါမှာ ဒီအသွင်ကူးပြောင်းကာလမှာ တကယ်လိုအပ်တဲ့ ကျွန်တော်တို့ After လို့ခေါ်တဲ့ Article of Transitional Arrangement ပေါ့နော်။ Federal Transitional Arrangement ဆိုတာပြောရင် ဦးတည်ပြီးတော့ ရေးဆွဲနေကြတာ ဒီအဖွဲ့တွေ ထဲမှာ ဒါလည်း တော်တော်များများ ပေါင်းစုလာပြီ။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ Ethnic ထဲမှာ အထူးသဖြင့် ကျွန်တော်တို့ လူမျိုးစုအဖွဲ့တွေထဲမှာ တော်လှန်ရေးအဖွဲ့တွေထဲမှာလည်း ပြန်ပြီးတော့ ပေါင်းစုလာသလို တခြားအဖွဲ့တွေ ဖြစ်တဲ့ ဟိုဟာပေါ့နော် နိုင်ငံရေးပါတီအဖွဲ့တွေ ဟို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အဖွဲ့နဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ ဒီလိုဟာမျိုးလည်း ပေါင်းစည်းလာတာတွေလည်း ရှိတယ်။ ကျွန်တော်တို့က ဒီ အသွင်ကူးပြောင်းရေးကာလမှာ အသုံးပြုမယ့် ဒီဖွဲ့စည်းပုံကို ကျွန်တော်တို့ ရေးဆွဲနေတာ ဖြစ်တယ်။ ဒါလည်း ကျွန်တော်တို့ ယုံကြည်တာက ၂၀၂၅ မကုန်ခင်မှာကတော့ ပြီး အပြီးသတ်နိုင်လိမ့်မယ်။ ထို့နည်းလည်းကောင်းပဲ ဒီဖွဲ့စည်းပုံ အခြေခံပြီးဆိုရင် ကျွန်တော်တို့ က ဒီ လိုချင်တဲ့ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ဒီဖွဲ့စည်းပုံကို အသွင်ကူးပြောင်း ကာလမှာ ကျင့်သုံးမယ့် ဒီဖွဲ့စည်းပုံကိုပဲ ကျွန်တော်တို့ အခြေခံထားမှာ ဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တဲ့ ဟာက ဒီအတုယောင် ရွေးကောက်ပွဲကို လက်မခံဘူးဆိုရင် ကျွန်တော်တို့ တခြားရွေးစရာ ဖြစ်တဲ့ ဒီကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဟို ဒီ Federal Democracy ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ after ကိုတော့ ကျွန်တော်တို့ မပြီးပြီးအောင် လုပ်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ ဟို အဖွဲ့တွေ ပါဝင်လာလိမ့်မယ်ဗျ။ ကျွန်တော်တို့ ပါဝင်ပြီးတော့ ဒါ ရှေ့ဆက်သွားဖို့ပဲ ရှိတယ်။ ဆိုတော့ အဲ့ဒါတွေက ကျွန်တော်တို့ တကယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခုကို တကယ်ဖော်ဆောင်မှာလို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီဟာတွေက နှိုင်းယှဉ်လိုက်တဲ့ အခါမှာ ကျွန်တော်တို့က တဖြည်းဖြည်း တစ်လှမ်းချင်းကို သွားနေတယ်။ ကျွန်တော်တို့မှာ စိန်ခေါ်ချက်ရှိတယ်ဗျ။ အမှန်မှာက ဒီလိုဟာမျိုးက ဟို လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကတည်းက ကျွန်တော်တို့ စကြိုးစားတာ။ ဒါပေမယ့် အခုထဲမှာလည်း စိန်ခေါ်ချက်တွေ ရှိတယ်ဆိုပေမယ့်လို့ အခုက တစ်လှမ်းချင်း တစ်လှမ်းချင်း လုပ်ရင်းနဲ့ အခုကတော့ တော်တော်လေးကို ခရီးသွား အဲ ခရီးရောက်နေတဲ့ အနေအထားတစ်ခုတော့ ပြောလို့ရပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်သွားဖို့တော့ လိုပါသေးတယ်လို့ အနေအထားမှာ ရှိပါတယ်။

 

ဆလိုင်းဒိုခါရ် –  ဒီ စောန ဆရာဆွေးနွေးတဲ့ အချိန်မှာ စစ်ကောင်စီ စနစ်ကို လုံးဝ ဖြုတ်ချမှ ရမယ်ဆိုတဲ့ ပြတ်သားတဲ့ နိုင်ငံရေး ရပ်တည်ချက်ရှိတယ်။ တစ်ဖက်မှာ ဒါ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဖြစ်တဲ့ NLD ပါတီက လွန်ခဲ့တဲ့ နှစ်ပတ်လည်မှာ ထုတ်ပြန်ချက်ကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် အကျဉ်းချုပ်မယ်ဆို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ ဟာလေးတွေ သူတို့ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဆွေးနွေးတာ ရှိတယ်။ နောက် တခြား တစ်ဖက်မှာလည်း NUG ခေါင်းဆောင်တချို့က ပြုပြင်ပြောင်းလဲရေး အတွက် ဆိုရင် စစ်ကောင်စီက နိုင်ငံရေး ကတိကဝတ်ပြုတယ်ဆိုရင် ဆွေးနွေးမယ်ဆိုတဲ့ ဟာမျိုးရှိတယ်။ ဆိုတော့ ဒီဟာပေါ်မှာ အခြေခံပြီးတော့မှလည်း ပညာရှင်တချို့က တော်လှန်ရေးအင်အားစုတွေကြားမှာ ပြတ်သားတဲ့ ရည်မှန်းချက် မစုစည်းနိုင်သေးဘူး။ ဒါ အရေးကြီးထားရမယ်ဆိုပြီးတော့ ဝေဖန်သုံးသပ်မှုရှိတယ်။ ဆရာအနေနဲ့ အဲ့ဒီကို ဘယ်လို တုံ့ပြန်ချင်လဲ။ ဆရာတို့က တကယ့် အရေးကြီးတဲ့ အင်အားစုတွေကြားမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် ချမှတ်နိုင်ဖို့အတွက် လိုအပ်ချက်ရှိနေသေးသလား။ စောန ဆရာ ဆရာ့ စိန်ခေါ်ချက်လို့ ပြောတဲ့ ထဲမှာ အဲ့ဒီဟာ ပါလာလား။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ စိန်ခေါ်ချက်ရှိတဲ့ အထဲမှာ အဲ့ဒါ တကယ့်အရေးပါတဲ့ အချက်ပဲ ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီ အရေးပါတဲ့ အချက်ကို ကျွန်တော်တို့ လျစ်လျူရှုလို့မရဘူး။ ကျွန်တော်ဆက်ပြီးတော့ ညှိနှိုင်းသွားမယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ လက်တွဲသွားမယ်။ လက်မတွဲလို့လည်း မရဘူး။ စိန်ခေါ်ချက် ဘယ်လောက်ပဲကြီးကြီး ကျွန်တော်ပစ်ပယ်လို့ မရဘူး။ အဲ့ဒီ အပေါ်မှာ ကျွန်တော် သွားတဲ့အခါမှာ တစ်လှမ်းချင်း တစ်လှမ်းချင်း အရပ်ပေါ့ နော်။ အဲ့လို သွားတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ ကျွန်တော့် တိုင်းပြည်မှာ ဒီ ပြဿနာဖြေရှင်းရ နိုင်ငံရေးက ဖြေရှင်းရမယ်ဆိုတာ ကျွန်တော် နဂိုထဲက ယုံကြည်ပြီးသား။ အဲ့ဒါကြောင့်မို့ နိုင်ငံရေးက ဖြေရှင်းတဲ့ အခါမှာ ဟို တော်တော်များများ ဝေဖန်တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ ဒီစစ် ဒီစစ်ကောင်စီနဲ့ စကားမပြောဘူးဆိုတဲ့ ဟာကိုတော့ ပေါ့နော်။ အဲ့ဒါတွေ ပြောနေတာလည်း ကျွန်တော်တို့ ကြားနေရတယ်။ ဘာဖြစ်လဲ သွေးကြွေးမှာ ဘာမှ ပြောစရာ မရှိဘူးဆိုတဲ့ ဟာတွေလည်း အဲ အဲ့ဒါတွေပေါ့နော်။ ဒါပေမယ့်လို့ ကျွန်တော်တို့ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်ဆိုတာကတော့ ကျွန်တော်တို့ မူမဲ့ပြောနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်က မူ ရှိရှိနဲ့ပဲ။ အဲ့ဒီမူက ဘာလဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ကြားထဲမှာ အဓိကကျတဲ့ ဟို နိုင်ငံရေးရည်မှန်းချက်၊ ဘုံရည်နိုင်ငံရေးရည်မှန်းချက်ဆိုတာ ရှိတယ်။ ဘာလဲဆိုတာ တစ်ချက်က စစ်အုပ်စုက နိုင်ငံရေးကနေ လုံးဝ ဆုတ်ခွာပြီးတော့ ဒီစစ်တပ်ကို ဒီ တကယ့် ဟို professional ကျတဲ့ ဟို ဒီစစ်တပ်တစ်ခု အသွင်ကူးပြောင်းဆိုတာ ကျွန်တော်တို့ လုပ်ငန်းစဉ်ထဲမှာ ရှိတယ်။ အဲ့ဒါကို သူတို့လက်ခံရမယ်။ ဒုတိယ အချက်က ကျွန်တော်တို့ Federal Democracy ကို အခြေခံတဲ့ ဖွဲ့စည်းပုံကို သူတို့လက်ခံရမယ်။ အဲ့ဒါလည်း ကျွန်တော်တို့ အခု လုပ်နေတဲ့ ဟာပဲ ရှိတယ်။ အခု After တို့ ဘာတို့ နော်။ နောက်ဆုံး တစ်ချက်က ဒီ အသွင်ကူးပြောင်းကာလ တရားမျှတမှု ဖြစ်တဲ့ ဒီက စစ်တပ်ကနေ ပြီးတော့ တာဝန်ခံရမယ့် အပိုင်းတွေရှိတယ်။ သူလုပ်တဲ့ ဟာကို အကုန်လုံး ကျွန်တော်တို့ မျက်စိမှိတ်ပဲ အကုန်လုံး ခွင့်လွှတ်လို့မရတော့ဘူး။ ဘာဖြစ်လဲဆိုတော့ တော်တော်လေးကို ကမ္ဘာနဲ့ချီပြီးတော့ နိုင်ငံတကာမှာ ရာဇဝတ်ကောင်အဖြစ်နဲ့ တရားစွဲဆိုရမယ့် အဖွဲ့တွေ လူတွေ က ကျွန်တော်တို့နဲ့ သွားပြီးတော့ blindကြီး သွားပြီးတော့ စကားပြောလို့မရဘူး။ အဲ့ဒီ အချက် တွေ သူတို့ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ စကားပြောမယ်။ ဒါပေမယ့် ကျွန်တော်တို့ မူမှာ ရှိပြီးသား။ မူမဲ့ ပြောနေတာ မဟုတ်ဘူး။ ဒီစကားပြောဖို့ဆိုတာ စစ်ကောင်စီနဲ့ စကားပြော မယ်ဆိုရင် အထူးသဖြင့် ဒီ သုံးချက်ကို သူတို့လက်ခံရမယ်။ လက်ခံမှပဲ ကျွန်တော်တို့ ဆက်ပြောမယ်။ ပြောမယ့်ဟာကလည်း နိုင်ငံရေးစကား လုံးဝ မပြောတော့ဘူး။ ကျွန်တော်တို့ က ရှိပြီးသား။ အဲ့ဒါ ရပ်တည်ချက်က ခိုင်မာရှိတယ်။ နိုင်ငံရေးစကားမပြောဘူး။ ပြောမယ် ဆိုရင် ဒီစစ်တပ် ပြုပြင်ပြောင်းလဲရေးအတွက်ပဲ လုပ်မယ်ဆိုတော့ အဲ့ဒါ ရှိပြီးသား ကျွန်တော်တို့ ဆက်တွန်းသွားမှာပဲ။ ဘာပဲရှိရှိ နော် ဟို အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ သူ့ရဲ့ ရပ်တည်ချက်တော့ ရှိမယ်။ ဟို သူ့ခေါင်းဆောင်တွေ လွတ်မယ်။ မလွတ်ဘူး။ အဲ့ဒါတွေက သူ့အပိုင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်စရာရှိတာက အဲ့ဒါတွေက ကျွန်တော်တို့ စောင့်နိုင် သရွေ့ အောင့်စောင့်မယ်။ ဒါပေမယ့် မစောင့်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ပဲ ရှိတယ်။ ဘာဖြစ်လဲဆိုတော့ အချိန်အခါက ကိုယ်နဲ့ ဥစ္စာ တစ်ပြေးတည်း သွားနေတဲ့ အနေအထားမှာ ရှိတာလေ။ ဆိုတော့ အဲ့ဒါတွေက ကျွန်တော်တို့ လုပ်သွားရမယ့် အလုပ်တွေပဲ ဖြစ်တယ်။ ကျွန်တော်တို့လည်း လုပ်နေတယ်။ လုပ်လို့ ရတယ်လို့လည်း ခိုင်မာယုံကြည်တယ်။ အခုက တစ်လှမ်းချင်း တက်သွားပြီဆိုတာ ကျွန်တော် ပြောလို့ရတယ်ဗျ။

 

ဆလိုင်းဒိုခါရ် –  နောက် ဒီ တစ်ခု မေးမြန်းလိုတာကတော့ ဆရာတို့ ဒီရပ်တည်ချက်က အင်မတန်မှလည်း နည်းမှန် လမ်းမှန် နဲ့ကို အချက်အလက်ကျကျနဲ့ မူ ရှိထားပြီးသား ရှိတယ်။ အဲ့ဒီမူကိုလည်း အားလုံးက ဝိုင်းပြီးတော့မှ လက်မှတ်မထိုးကြပေမယ့် လက်ခံနိုင်ဖို့ ရှိတဲ့ မူ ဖြစ်တယ်။ သူက ဒီ မူကို အခြေခံပြီးတော့မှ အိမ်နီးချင်းနိုင်ငံကိုရော အာဆီယံနိုင်ငံကိုရော ဒါ ငြိမ်းချမ်းရေးဆွေးနွေးကြပါလို့ ဖိအားလာပေးကြတဲ့ နိုင်ငံတွေကိုရော ဒီမူကို ကောင်းကောင်း မွန်မွန်နဲ့ တရားဝင် ဆွေးနွေးခွင့် အခွင့်အလမ်း ရခဲ့တဲ့ ဟာရှိသလား။ သို့မဟုတ် ဒါ ဆရာတို့ statement ထုတ်တဲ့ အဆင့်ပဲရှိသလား။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ တချို့အိမ်နီးချင်း နိုင်ငံတွေရဲ့ တုံ့ပြန်မှု အကောင်းဘက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာရှိလား ဆရာ။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ စောစောက ပြောသလိုပဲ ဆရာရေ။ ကျွန်တော်တို့ K3C ကနေ K2C NUG ကို နော်။ အဲ့ဒါတွေက ကျွန်တော်တို့ လက်တွဲလုပ်ဆောင်တာ အခုမှ မဟုတ်ဘူး။ ၂၀၂၂ ကတည်းက အဲ့ဒီ အချိန်ကာလတုန်းက အင်ဒိုနီးရှားက ဟို အာဆီယံရဲ့ ဟို သဘာပတိအဖြစ်နဲ့ ရှိနေတဲ့ အချိန်ပေါ့နော်။ နောက်ပြီးတော့ နောက်တစ်နှစ်ကျတော့ လာအို။ အခုလက်ရှိဆိုရင် တော့ မလေးရှားကနေ သဘာပတိဖြစ်နေတဲ့ အချိန်ပေါ့နော် အာဆီယံဘက်မှာ။ ကျွန်တော်တို့က အဲ့ဒီ အာဆီယံရဲ့ ဟို အချက်ငါးချက်ပါတဲ့ ဘုံသဘောတူညီချက်ကိုပဲ ကျွန်တော်တို့ ကိုင်စွဲပြီးတော့ အထူးသဖြင့် ဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ အနေအထိကို ကျွန်တော်တို့ လုံးပန်းနေတာ ဖြစ်တယ်။ အဓိကအားဖြင့်တော့ ကျွန်တော်တို့ အခု စောစောက ပြောနေတဲ့ ဒီအာဆီယံနဲ့ ထိတွေ့နေတဲ့ အပိုင်းမှာဆိုရင်တော့ ဒီငါးချက် ဆိုတာကလည်း မင်းအောင်လှိုင်ကိုယ်တိုင်က သဘောတူထားတဲ့ ဟာ။ ၂၀၂၁ ဧပြီလမှာ သူသွားသဘောတူပြီးတော့ သူက လုပ်ချင်ရာလုပ်တယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့က အဲ့ဒီငါးချက်ကို မပစ်ပယ်ဘဲနဲ့ ငါးချက်ထဲမှာ အဓိက ကြည့်လိုက်တဲ့အခါမှာ သုံးချက်ပဲ ရှိတယ်။ သုံးချက်က ဘာလဲဆိုတော့ De-escalation လို့ခေါ်တဲ့ ဒီအကြမ်းဖက်မှု ရပ်ပြီးတော့ အဲဒီ အကြမ်းဖက်မှုတွေ တဖြည်းဖြည်း လျှော့ချပြီးတော့ ရပ်ပလိုက် ဟို ဆို အဲ့ဒီ အနေအထားမျိုးက ကျွန်တော်တို့ ဆက်လုပ်သွားဖို့ ရှိတယ်။ ဒါ ပထမဦးဆုံး အခြေခံ။ ဒုတိယအချက်က ဘာလဲဆိုတော့ Humanity Assistance လို့ခေါ်တဲ့ လူသားချင်းစာနာ ထောက်ပံ့မှုကူညီ။ အာဆီယံဘက်ကနေပြီးတော့ လူသားချင်းစာနာ ထောက်ပံ့မှု အကူအညီပေးတဲ့ အခါမှာ ဒီ တစ်ပြိုင်နက်တည်းပဲ စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ နေရာတွေပဲ လျှောက်ပေးလို့ မရဘူးဗျ။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေက သူ့ထက်များနေတယ် အခုက။ အဲ့ဒီ ထဲမှာ ကျွန်တော်တို့ နယ်မြေထဲမှာဆို လူထုက တစ်သန်းကျော် ထွက်ပြေးတိမ်း‌ရှောင်နေရတာ။ အဲ့ဒါကို တစ်ခါတည်း လူသားချင်းစာနာ ထောက်ပံ့မှု အကူအညီက မပေးလို့ကို မရဘူး။ ပေးမယ် ပေးရမယ်။ ဒါက တကယ့် ဟို လက်ငင်းဖြစ်နေတဲ့ ကိစ္စ။ နောက်ဆုံး တစ်ချက်က အာဆီယံရဲ့ အဓိက အပိုင်းက ဘာလဲဆိုတော့ Inclusive Dialogue လို့ ခေါ်တဲ့ အဲဒီ အားလုံး ပါဝင်နိုင်ရမယ်ဆိုတဲ့ ဟာပဲ။ ကျွန်တော်တို့က အဲ့ဒီ သုံးချက်ကိုပဲ ကိုင်ပြီးတော့ အာဆီယံနဲ့ ကျွန်တော်တို့ ထိတွေ့နေတာ။ ကျွန်တော်တို့ ထိတွေ့နေတဲ့ အပိုင်းကတော့ Like-minded လို့ ခေါ်တဲ့ တိုင်းပြည်တွေပေါ့။ ကျွန်တော်တို့နဲ့ နည်းစပ်မှုရှိတဲ့ ဟို မလေးရှားတို့ အင်ဒိုနီးရှားတို့ အခု ဖိလစ်ပိုင်တို့ ဘာတို့ပေါ့နော်။ ဒါပေမယ့် အာဆီယံထဲမှာလည်း သူက မတူကွဲပြားတဲ့ မူဝါဒ ပေါ်လစီတွေကလည်း ခိုင်မာ မရှိတဲ့ အခါကျ ကျွန်တော်တို့ အဲ့ဒီ နည်းနဲ့ ဆက်ပြီးတော့ ဒါပေမယ့် အဲ့ဒါတွေက ကျွန်တော်တို့ တကယ်တမ်း Inclusive အထူးသဖြင့် Inclusive Dialogue လို့ ပြောတဲ့ အခါမှာ ကျွန်တော် စောစောက ပြောသလိုပဲ ချက်ချင်း လက်ငင်း ကျွန်တော်တို့ စပြီးတော့ စကားပြောမယ်။ စစ်ကောင်စီနဲ့ သွားပြောလို့မရဘူး။ ကျွန်တော်တို့ အဖွဲ့ထဲမှာ ဟို မြောက်ပိုင်းအဖွဲ့တွေ တောင်ပိုင်းအဖွဲ့တွေ အရှေ့ဘက်က အဖွဲ့တွေ ဟို အနောက်ဘက်က အဖွဲ့တွေ အများကြီးရှိတယ်။ ကျွန်တော် ဆရာပြောသလိုပေါ့နော်။ အဖွဲ့တိုင်း ဖော် အဖွဲ့တိုင်း ပါဝင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် တကယ် key point ပေါ့နော်။ key နေရာမှာ တကယ့် အဓိကကျတဲ့ အဖွဲ့အကြီးတွေ ပါပြီဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလှုပ်ဟာ ရွေ့ကို ရွေ့လာတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ပြောမယ်။ အဲ့ဒီ တွေ့ဆုံမှုက အထူးသဖြင့် ပထမ အဆင့်နဲ့ Internal Dialogue လို့ခေါ်တဲ့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ထိုင်ပြီးတော့ စကားပြောရမယ့် နေရာတစ်ခုလိုတယ်။ အဲ့ဒါကို ကျွန်တော်တို့ ပြောတယ်။ အိမ်နီးချင်းနိုင်ငံတွေ ကျွန်တော်တို့ တွေ့တိုင်းပြောတယ်။ အိမ်နီးချင်းနိုင်ငံက အင်အားကြီးတဲ့ နိုင်ငံ အင်ဒိုနီးရှားနိုင်ငံရော ကျွန်တော်တို့ ဘေးနားကပ်ရပ် တဲ့ အိမ်နီး အိမ်နီးချင်းနိုင်ငံတွေ ကျွန်တော်တို့ ပြောတယ်။ ခင်ဗျားတို့ ပါဝင်ပတ်သက်မှု ရှိရမယ်။ ခင်ဗျားတို့ ထောက် ကူပြုရမှာ။ ခင်ဗျားတို့ မထောက်ကူဘူးဆိုရင် ဒီအရေးဟာ ခင်ဗျားတို့ နည်း ခင်ဗျားတို့ သွားသွားပြီးတော့ ဖိအားပေးတဲ့ အပြစ်ခတ်ရပ်စဲရေးလုပ်တော့ စီးပွားရေးရှာဘာညာနဲ့ ကုန်သွယ်ရေးထလုပ်တဲ့ ဟာတွေက ရေရှည်မခံဘူး။ ပြန်ပျက်သွား မှာပဲ။ ကျွန်တော်တို့ နည်း အခု ကျွန်တော်ကြိုးစားနေတဲ့ Inclusive Dialogue ဖြစ်လာဖို့ ဆိုရင်တော့ ကျွန်တော်တို့ လုပ်တဲ့ ဟာကို ခင်ဗျားတို့ ထောက်ပံ့ဖို့ လိုတယ်။ အဲ့ဒီနည်းနဲ့ သာလျှင် ဒါ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မှာ ဖြစ်တယ်။ ဆိုတော့ အဲ့ဒီ အပိုင်းမှာ ကျွန်တော်တို့ လုပ်နေတယ်။ ဘာပဲဖြစ်ဖြစ် အာရှ အာဆီယံကလည်း သူက တစ်နှစ်တစ်ခါ တစ်နှစ်တစ်ခါ ပြောင်းတဲ့ အခါကျတော့ ဒါလည်း ကျွန်တော်တို့ ဆက်တွန်း သွားဖို့ ရှိတယ်။ Mechanism တွေ ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ သွားဖို့ ရှိတယ်။ ဒါ ကျွန်တော်တို့ ယုံကြည်တာကတော့ ဒီတွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ ပွဲတွေကတော့ တစ်ချိန် တည်းမှာ ဘယ်လိုမှ မပြီးနိုင်ဘူး။ အချိန်လည်း ပေးရမယ်။ ဒီအချိန်ကာလမှာ ပထမဦးဆုံး လုပ်သင့် လုပ်ထိုက်တဲ့ ဟာက ဘာလဲဆိုတော့ စစ်ကောင်စီဘက်က ဒီအကြမ်းဖက်တွေ အကုန်လုံး ရပ်ရမယ်။ မရပ်သေးဘူးကို သူက နေ့တိုင်းလျှောက်ပြီးတော့ ဗုံးကြဲနေတုန်းပဲ။ ဒါက ငြိမ်းငြိမ်းရိုးတည်ဆောက်မယ်ဆို ဒီနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။ ဒီရွေးကောက်ပွဲ ဆို အခု အတုယောင်ရွေးကောက်ပွဲလုပ်တယ် အဲ့ဒီလိုမျိုး ဗုံးလျှောက်ကြဲနေရင် ဘယ်သူမှ လည်း ရမှာမဟုတ်ဘူး။ အကုန်လုံး ဆက်ပြီးတော့ တော်လှန်ကြမှာပဲ။ ဒီဟာတွေက ဒီလိုရှိနေ တဲ့ အပေါ်မှာ ကျွန်တော်တို့ လုပ်နေတဲ့ လမ်းကြောင်းက ကျွန်တော်တို့ ယုံကြည်တယ်။ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာလုံးကလည်း ဒါ ထောက်ပံ့မှု ပြုဖို့လည်း ခင်ဗျားတို့ ဒီဟာ ဒီအချက်သုံးချက် အာဆီယံရဲ့ ငါးချက်ထဲ အရေးကြီးတဲ့ ဒီသုံးချက်ကို ခင်ဗျားတို့ မထောက်ပံ့ဘူးဆိုရင် တခြား တခြားနည်းလမ်းလည်း မရှိဘူး ကျွန်တော်တို့က။ အဲ့ဒါကြောင့် မို့လို့ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ သေသေချာချာ ကြည့်ပါ။ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအားလုံး ပေါ့နော်။ ဒါက ဒီအရေးအခင်းက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရေးဟာ ခင်ဗျားတို့ မထင်နဲ့။ ကျွန်တော်တို့ ဒီမှာ ပြဿနာတက်တာ ဘေးနားကိုလည်း ပြဿနာတက်သလို တစ်ကမ္ဘာလုံးကိုလည်း ပြဿနာတက်မယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ကမ္ဘာလုံးကို ဒုက္ခရောက်စေတဲ့ ဥပမာ မူးယစ်ဆေးဝါး ကိစ္စတွေရှိတယ်။ နောက်ပြီးတော့ scam ဆိုတာ အဲဒါ ငွေလိမ်တဲ့ ဟာတွေရှိတယ်။ ဘီလီယံနဲ့ ချီပြီး တိုင်းပြည်ကို တစ်ပြုံလုံးကို လိမ်ယူတဲ့ ဟာတွေက ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ဖြစ်နေတာ။ အဲ့ဒါတွေက ခင်ဗျားတို့ သေချာ ကျွန်တော်တို့ နည်းမှန် လမ်းမှန် ဖြေရှင်းမယ့် ဟာကို မထောက်ပံ့ဘူးဆို ခင်ဗျားတို့ပဲ ဒီ ဒီသက်ရောက်မှုတွေ အများကြီး ဆက်ပြီးတော့ ခံစားရမယ်။ ဆိုတော့ အဲ့ဒါ ကျွန်တော်တို့ အဲ့ဒါတွေ လုံးပန်းရင်းနဲ့ ကျွန်တော်တို့ ပြောနေတာပဲ ဖြစ်ပါတယ်။

 

ဆလိုင်းဒိုခါရ် –  ဟုတ် ဆရာ။ အဲ့ဒီမှာ စိတ်ဝင်စားစရာကောင်းတာက အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်တော်တို့ တစ်ခုတည်းသော အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံရှိတယ်။ အဲ့ဒါကတော့ အိန္ဒိယပေါ့နော်။ သို့သော်လည်း ကျွန်တော်တို့ သတိထားမိတာက ဒါ ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးတော့မှ စစ်ကောင်စီက တပ်မတော်နေ့ဆိုပြီးတော့မှ ကျင်းပတဲ့ပွဲမှာတင် ဒါ အဆင့်မြင့်အရာရှိပေါ့နော်။ တကယ့် ရုရှားတို့ တရုတ်တို့ကတောင်မှ အဆင့်မြင့်အရာရှိတွေ မပို့ခင်မှာ သူက စောစောပို့တယ်။ ပြီးတော့ အခုဆိုရင် တဖြည်းဖြည်းနဲ့ ဒါ ဝန်ကြီးချုပ်မိုးဒီ ကိုယ်တိုင်က သူ့ကို လက်ဆွဲနှုတ်ဆက်တဲ့ အဆင့်ရောက်လာတယ်။ နောက် ဒီမကြာမှာပဲ BIMSTEC ဆိုတဲ့ နိုင်ငံတကာညီလာခံမှာလည်း ဒါ အာဆီယံတို့ UN တို့ကတောင်မှ ဘေးဖယ် ထားတဲ့ စစ်ကောင်စီကို သူ ခေါ်တင်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဆိုတော့ ဒါ နောက်ပြီးတော့မှ ဒီ ကျွန်တော်တို့အတွက် တော်တော်လေး မြန်မာနိုင်ငံအတွက် အာဏာရှင် သက်ဆိုးရှည်စေနိုင် ခြေရှိတဲ့ ရွေးကောက်ပွဲကိုလည်း သူထောက်ခံမယ်လို့ အစောဆုံးပြောတဲ့ နိုင်ငံထဲမှာ ပါတယ်။ အခု နည်းပညာလည်း ပံ့ပိုးပေးတယ်။ ဆိုတော့ အိန္ဒိယရဲ့ လုပ်ဆောင်ချက်က ပြောမယ်ဆို ဆရာ ထုတ်ပြသလို refugee တွေ အိန္ဒိယနိုင်ငံထဲ ဝင်တဲ့ သူလည်း အများကြီး မူးယစ်ဆေးဝါး ဆိုရင်လည်း သူတို့ ခေါင်း တော်တော်လေး ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေဟာ သူတို့လုပ်ပုံကိုင်ပုံက သူတို့ အကျိုးရှိပွားကို ဖြစ်ထွန်းစေရဲ့လား။ သူတို့ ဒါ ဒီအပေါ်မှာ ဆရာ ဘယ်လို သုံးသပ် တုံ့ပြန်လိုပါသလဲပေါ့နော်။ အိန္ဒိယရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့မှ။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲ ထောက်ပြလိုပါတယ်။ ဒါ ဒီအချက် အလက်တွေကလည်း ကျွန်တော် ရန်ညှိုးရန်စရှိလို့ ကျွန်တော်ထောက်ပြတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကရင်တော်လှန်ရေးဖြတ်သန်းမှုအရ တော်လှန်ရေးစခဲ့တဲ့ ၁၉၄၉ ခုနှစ် ကျွန်တော်တို့ ဒီအင်းစိန်ကို ခုနစ်မိုင် ရန်ကုန်ကို ခုနစ်မိုင်လောက်ပဲ ကျန်တဲ့ ကိစ္စ မှာ တကယ်တမ်း ဒီ ဒီဖဆပလအစိုးရကို သက်ဆိုးရှည်စေတဲ့ ဟာက ဘယ်သူဘယ်ကလဲဆိုတော့ ဒီအိန္ဒိယအစိုးရကနေပြီးတော့ ပုံအောပြီးတော့ ဒါက ကူညီလိုက်တဲ့ဟာက ကျွန်တော်တို့ ကရင်တော်လှန်ရေးသမိုင်းက ဘယ်လိုမှ မေ့ပျောက်လို့ မရတဲ့ ဟာ ဖြစ်တယ်။ အဲ့ဒီအချိန် ကာလမှာ အိန္ဒိယဆိုတာက ဘင်္ဂလားဒေ့ရှ်လည်း မရှိသေးဘူး။ ပါကစ္စတန်လည်း မရှိဘူး။ သူက အိန္ဒိယ တစ်နိုင်ငံပဲ ရှိသေးတယ်။ အဲ့လို အနေအထားမျိုးက လုပ်သွားတဲ့အခါကျတော့ ကျွန်တော်တို့ အတွက်က တစ်ခါတည်း ဟို မြို့ပြနဲ့ တစ်ခါတည်း ဟို ဝေးသထက် ဝေးအောင် ကျွန်တော်တို့ တွန်းထုတ်လိုက်တဲ့ ဟာတွေက ကျွန်တော်တို့ ခံစားမှုကတော့ အဲ့ဒါတွေ ရှိခဲ့တယ်။ အဲ့ဒါလည်း မကသေးဘူး။ တောက်လျှောက်ပဲ တစ်ဆင့်ပြီးတစ်ဆင့် ကျွန်တော်တို့ သတိထားမိတာ နိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံဆိုပေမယ့်လို့ တကယ်တမ်းကျတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်ရှိနေတဲ့ ပကတိအခြေအနေကို လုံးဝ လစ်လျူရှု ဥပေက္ခာပြု နေတာကို ကျွန်တော်ကြုံတွေ့ရတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်တော်လှန်ရေးနဲ့ ဆို ကျွန်တော်တို့ နှစ်ရှည်လများ နှစ် ၄၀၊ ၅၀ ကတည်းကကို ထိတွေ့မှုရှိခဲ့တဲ့ အဖွဲ့တွေဖြစ်တယ်။ နောက် ပထမဦးဆုံးအနေနဲ့ ရခိုင်တော် လှန်ရေးမှာဆိုရင်လည်း ကျွန်တော်တို့ ဒီဌာနချုပ်ကနေပြီးတော့ ရခိုင်ကို ပြန်ရောက်ဖို့အတွက် ဆို ဗိုလ်မှူး ခိုင်မိုးလင်းတို့ စာထဲ ကျွန်တော်တို့ တော်လှန်ရေးသမိုင်းမှာ အခိုင်အမာရှိတဲ့ လူတွေပဲဖြစ်တယ်။ တကယ်လည်း ကြိုးစားပြီးတော့ ရခိုင်မြေထဲကို တော်လှန်ရေးပြန်ဖော် ထုတ်နိုင်အောင် ကျွန်တော်တို့လည်း အများကြီး အထောက်အကူပြုတယ်။ နောက်ဆုံး တစ်ချက်က ဘာလဲဆိုတော့ ဗိုလ်မှူးခိုင်မိုးလင်းလည်း နောက်ဆုံးကျတော့ အဲ့ဒီ ရခိုင်မြေ တောင် မရောက်သေးဘူး။ အဲ့တော့ ချေမှုန်းခံလိုက်ရဲတဲ့ အနေအထားတစ်ခုမှာလည်း ရှိခဲ့ တယ်။ နောက် တစ်ချက်က ပိုပြီးတော့ ဆိုးတာက အဲ့လို ကျွန်တော်တို့ လက်တွဲ လုပ်ဆောင်လာတဲ့ အခါမှာ ကျွန်တော်တို့ကလည်း တော်တော်လေးကို ပြန်ပြီးတော့ ကျွန်တော်တို့ ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဒီပဲခူးရိုးမ နော်။ အဲ့ဒါတွေ ပြန်ထိုး ဖောက်နေတုန်းပဲ။ ကျွန်တော် အကြိမ်ကြိမ်ကြိုးစားခဲ့တာ။ သိသိသာသာကြီး ပြောရမယ်ဆို ၁၉၉၈ ခုနှစ်မှာ ကျွန်တော်တို့ ဒီ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း ကျွန်တော်တို့ ဥစ္စာပေါ့ ကရင်တော်လှန်ရေးအဖွဲ့အစည်း ရခိုင်ဘက်ကဆိုရင်တော့ ဗိုလ်ချုပ် ခိုင်စာတို့ အဖွဲ့ပေါ့နော်။ AA လို့ပဲ ကျွန်တော်တို့ သိထားတယ် အဲ့ဒီ ကာလတုန်းက။ ဒါပေမယ့် သူ့နိုင်ငံရေးအဖွဲ့ အစည်းက တခြား အဖွဲ့တစ်ဖွဲ့ပေါ့နော်။ ကျွန်တော်တို့ KNU မှာကျတော့ ကျွန်တော်တို့ ဘယ်လိုမူလဲဆိုတာ အဲ့ဒါ ကျွန်တော်တို့ သေသေချာချာ လုပ်ရင်းနဲ့ပဲ ဒီ ထိုးဖောက်ပြီးတော့ ဘင်္ဂလားပင်လယ်အော် ထဲမှာ ရောက်သွားတဲ့အခါမှာ ကျတော့ ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က ရခိုင်မြေနဲ့ ကရင် အထူးသဖြင့် ကျွန်တော်တို့ တော်လှန်ရေးနှစ်နှစ်ဆယ်လုံး ဟို ချုပ်ကိုင်ထားနိုင်တဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ပြန်ပြီးတော့ ထိုးဖောက်နိုင်ဖို့။ ဒါပေမယ့် အဲ့ဒီအခါမှာကျတော့ ကျွန်တော်တို့က အဲ့ဒီ တော်လှန်ရေးအဖွဲ့အစည်းကို ဖြားယောင်းသွေး ဆောင်ပြီးတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဟို ခေါ် လုံးသတ်လိုက်တယ်။ နောက်ပြီးတော့ မသတ်တဲ့လူကျတော့ အိန္ဒိယ ထောင်ထဲမှာ ဟို နှစ်ဆယ်စုနှစ်နဲ့ချီပြီးတော့ ပြန်ပြီးတော့ ထိန်းသိမ်း။ နောက် ကျွန်တော်တို့ အပြစ်ခတ်ရပ်စဲရေး ရလာတဲ့အခါမှာ ကျမှပဲ နောက်ဆုံး အဲ့ဒီ ကျန်တဲ့လူကို ပြန်လွှတ်လိုက်တာ။ အဲ့ဒီ ပြန်လွှတ် လာတဲ့လူတောင်မှ ကျွန်တော်တို့နှင့် ပြန်တွေ့တာ။ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော် ကိုယ်တိုင်နဲ့ ပြန်တွေ့တာ။ အဲ့ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်တာက အိန္ဒိယဘက်က ကျွန်တော်တို့ကို ပစ်တင်တာ ဝေဖန်တာကတော့ ကျွန်တော်တို့ ကျွန်တော်တို့ဟာ ဟို ဥစ္စာပေါ့နော် ဒီ အိန္ဒိယ နယ်စပ်မှာ ရှိတဲ့ ဟို အဖွဲ့တွေကို ဟို လက်နက်ထောက်ပံ့ပေးတယ် လက်နက်တွေ ရောင်းပေးတယ် ရှာပေးတယ်။ အမှန်မှန်က အဲ့ဒါတွေက ဘယ်အဖွဲ့ဆို ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့အစည်းက သဘောသဘာဝ မဖြစ်ဖြစ်တဲ့ နည်းနဲ့ လိုက်ပြီးတော့ ရှာနေရတာပဲ။ အဲ့ဒါ ဘယ်သူမှ ထောက်ပံ့ပေးတာ မဟုတ်ဘူး။ ဘယ်နိုင်ငံ ဘယ်အစိုးရမှ ကျွန်တော်တို့ ထောက်ပံ့ ကူ မပေးတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ ဟို အင်မန် ခက်ခဲကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ပဲ ရယူပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးဖော်ဆောင်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဆိုတော့ အဲ့ဒီဟာကို ကြည့်လိုက်တဲ့အခါမှာ အခုနောက်ဆုံးဆိုရင်တော့ အင်မတန်မှပဲ ဆိုးဝါးလာတဲ့ ဒီ ၂၀၂၁ အာဏာသိမ်းမှုကနေ လူထုတွေ ဒီလောက်သတ်ဖြတ်နေတဲ့ ဟာကို အိန္ဒိယနိုင်ငံ ကိုယ်တိုင်က ထပြီး ပထမ မွေဆော်ဦးအနေနဲ့ စပြီးတော့ အထောက်အကူ ပေးတယ်။ အခု ရွေးကောက်ပွဲ အတုယောင်ရွေးကောက်ပွဲလုပ်တာ် သူက နည်းပညာ အထောက်အကူတွေ လျှောက်လုပ်တယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီလိုလုပ်ခြင်း အားဖြင့် ဒီနိုင်ငံဟာလည်း ဘာမှ ကောင်းလာစရာအကြောင်းမရှိဘူး။ သူတို့ကောင်းတယ် ဆိုရင်တောင် ဟိုး အစကတည်းက ကောင်းနေပြီ။ ပါးစပ်ကနေ federal တိုင်းပြည် တည်ထောင်မယ် ပြည်ထောင်စုတိုင်းပြည် တည်ထောင်မယ်ဆိုပြီးတော့ ကျွန်တော်တို့ လွတ်လပ်ရေးရကာစက ပြောလာတဲ့ အစိုးရအဖွဲ့ပေါင်းကလည်း မနည်းဘူး။ အဲ့ဒီအဖွဲ့တွေက တိုင်း တစ်ဖွဲ့မှာလည်း ပြည်ထောင်စုကို မဖော်ဆောင်ဘူး။ အကုန်လုံးက အတုယောင်တွေပဲ။ ဒီလိုအတုယောင်မျိုးနဲ့ ကျွန်တော်တို့ ဒီအိမ်နီးချင်းနိုင်ငံတွေက ဒီအဖွဲ့တွေကို လျှောက်ပြီးတော့ အထောက်အကူပြုပြီးတော့ ကျွန်တော်တို့ တကယ်တမ်း အခိုင်အမာ ကိုယ့်မူဝါဒနဲ့ ကိုယ် လူထုလွတ်မြောက်ရေးအတွက် ရပ်တည်တဲ့ အဖွဲ့တွေကို လုံးဝ ငဲ့ကွက်ပြီးတော့ မျက်နှာကို လုံးဝ  မထောက်ထားဘဲနဲ့ လုပ်လာတဲ့ အခါမှာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ အခု ပြောနေတာလည်း ရန်ညှိုးရန်စရှိလို့ ပြောတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ထောက်ပြချင်တာက တကယ့်ကို အမှန်အကန်နဲ့ ဒီတော်လှန်ရေးကြီးကို ဖြောင့်ဖြောင့်မှန်မှန်နဲ့ ကျွန်တော်တို့ အောင်ပွဲခံနိုင်ပြီဆိုရင် ကျွန်တော်တို့ ရှေးရှုမှာက အိန္ဒိယနိုင်ငံနဲ့ အင်မတန် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ သေချာထူထောင်မယ်။ ဘယ်အိမ်နီးချင်းမဆို ပေါ့နော်။ မူဝါဒတွေ ဘယ်လောက်ပဲ ကွဲကွဲ ဒီမိုကရေစီ ကျင့်သုံးသည်ဖြစ်စေ မကျင့်သုံး သည်ဖြစ်စေ ဘာပြဿနာမရှိဘူး။ ကျွန်တော်တို့က ရေရှည်တည်တံ့ ခိုင်မြဲတဲ့ အိမ်နီးချင်း နိုင်ငံတွေ ဒုက္ခမပေးတဲ့ ခုန မူးယစ်ဆေးဝါးပြဿနာတွေ ဒုက္ခသည်ပြဿနာတွေ နောက်ပြီး တော့ အခုအဆိုးဆုံးက ငွေလိမ်တဲ့ ပြဿနာတွေက ပတ်ပြီးတော့ ရမ်းပြီးတော့ တစ်ကမ္ဘာလုံး လျှောက်ပြီးတော့ လိမ်စားနေတဲ့ ဟာတွေက ဒီလိုမျိုးဟာ ဒီအခု အိန္ဒိယကနေ သွားမလိမ်ဘူး ဆိုတာ ပြောလို့မရဘူး။ နောက်ဆုံးကျတော့ ဦးတည်ပြီးတော့ ပြစ်မှတ်ထားပြီးတော့ လုပ်လာမယ့် အနေအထားတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့်မို့ ဒီလိုစနစ်ဆိုးမျိုးကို ကျင့်သုံးနေတဲ့ အဖွဲ့တွေ ဒီအစိုးရတွေ အဖွဲ့တွေကို အာဏာ မတရားရယူတဲ့ အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ဒီအိမ်နီးချင်းနိုင်ငံတွေပဲ သက်ရောက်မယ်ဆိုတာ ကျွန်တော် ထောက်ပြချင်တာက ဒီကနေ့ ဒီအချိန်မှာ တကယ့် အဲ့ဒီမှာ မူဝါဒကို သေချာ ပြန်လည်ဆန်းစစ်ပြီးတော့ ကျွန်တော်တို့ တကယ့် ခိုင်မာတဲ့ မူဝါဒရပ်တည် တဲ့ အဖွဲ့တွေ ဒီ တိုင်းပြည်ကို ကောင်းစေချင်တဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ အဲ့ဒီအဖွဲ့တွေကို သေချာ စီစစ်ပြီးတော့ သေချာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ အနာဂတ်မှာ မျှော်လင့်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ကို ဖြစ်လာမယ်ဆိုတာ ကျွန်တော် အဲ့ဒါပဲ ထောက်ပြချင်တယ်။

 

ဆလိုင်းဒိုခါရ် –  ဟုတ် ဆိုတော့ ဒီ ဆရာအနေနဲ့ နောက်ဆုံးအနေနဲ့ ဒါ အခုချိန်မှာ စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာ ဖိနှိပ်မှု ခံပြီးတော့မှ တော်လှန်ရေးပေါ်မှာ ယုံကြည်မှု ကျဆင်းလာတဲ့ ပြည်သူတချို့ကို ဦးတည်ပြီးတော့မှ ဆရာအနေနဲ့ နောက်ဆုံးအနေနဲ့ ဘာ ခွန်အားပေးချင်လဲ။ ကျွန်တော်တို့ ပြည်သူတွေ ကို အထူးသဖြင့် မျှော်လင့်လို့ရတဲ့ အနာဂတ် တစ်ခုကို ဆရာအနေနဲ့ ပြောပြပေးပါဦးခင်ဗျာ။

 

ပဒိုစောတောနီး၊ –  ပထမ အချက်အနေနဲ့ ကျွန်တော်ပြောချင်တာ ကျွန်တော်တို့ အကွဲကွဲ အပြားပြားဖြစ်နေတဲ့ ၂၀၂၁ နောက်ပိုင်းဖြစ်ပေါ်လာတဲ့ ဥစ္စာ တော်လှန်ရေးအဖွဲ့အစည်းဆိုတာ များတယ်။ ဘာ ၂၀၂၁ မတိုင်ခင်က နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၂၀ လောက်ပဲ ရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းက အခုက ရာနဲ့ချီရှိတဲ့ အဖွဲ့တွေဖြစ်လာတယ်။ သို့သော်ငြား လည်းပဲ အဲ့လို ကွဲပြား နောက်ခံသမိုင်းကြောင်း မတူတဲ့ အဖွဲ့တွေဟာ ကျွန်တော်တို့ ဒီတိုင်း မနေဘူး။ ကျွန်တော်တို့ ကြိုးစားတယ်။ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ကျွန်တော်တို့ ဟို အထူးသဖြင့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် တကယ့် ခိုင်ခိုင်မာမာ သံယောဇဉ်ရှိတဲ့ အဖွဲ့တွေက နေပြီးတော့  အကုန်လုံး အခက်အခဲအတားအဆီး ဘယ်လောက်ပဲ တချို့အဖွဲ့တွေက ဟို ကျွန်တော်တို့ တိုက်ရိုက်ဆက်ဆံဖို့ မလွယ်ဘူးဆိုပေမယ့်လို့ ကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ သူတို့လက်ခံနိုင်တဲ့ အနေအထားတွေ အများကြီးရှိတယ်။ အဲ နောက်ပြီးတော့ ကျွန်တော်တို့ ထူးခြားဆုံး အချက်က ကျွန်တော်တို့ ဒီဟာ သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ လူများစုဖြစ်တဲ့ ဗမာတွေကနေပြီးတော့လည်း ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခုကနေရှိတဲ့ နေရာကနေ တော်လှန်ရေးစလုပ်ပြီးတော့ တကယ့် ပြည်ထောင်စုရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးဟာ သူတို့လည်း လုံးပန်းနေကြပြီ။ အဲ့ဒါတွေက စစ်ကိုင်းတို့ဘက်မှာလည်း မကွေးဘက်မှာလည်း မန္တလေးဘက်မှာလည်း ကျွန်တော်တို့ ကြားနေရတယ်။ ဆိုတော့ အဲ့ဒါတွေက တကယ့် ကျွန်တော်တို့ရဲ့ တကယ့် ဟို အကောင်းမွန်တဲ့ အရွေ့တွေ ဖြစ်တယ်။ ဒီဟာတွေ ဆက်လက်ပြီးတော့ ဟို လက်ချင်းချိတ်ပြီးတော့ ပြည်ထောင်စု တည်ဆောက်ရေးဟာ အခုမှ ကျွန်တော် သေသေချာချာ မျက်မြင်သက်သေ အနေနဲ့ ပြလို့ရတာက အခုမှ ရုပ်လုံးပေါ်လာနိုင်တဲ့ အနေအထား ရောက်လာတာ။ နှစ် ၇၀၊ ၈၀ နီးပါး ရောက်ပြီ ကြာတဲ့ အခါမှာပဲ ကျွန်တော်တို့ ဒီအဆင့်ကို ရောက်လာတာ။ ဆိုတော့ ကျွန်တော်တို့ လူထုဘက်ကို ပြောချင်တာက ဘာမှ စိတ်ဓာတ်ကျ အာက် ဟို စိတ်ဓာတ်ကျစရာမရှိဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ပြည်ထောင်စု အစစ်အမှန်က အခုမှပဲ စပြီးတော့ ရုပ်လုံးပေါ်နိုင်တဲ့ အနေအထားတစ်ခု ကျွန်တော်တို့ စလုပ်ရတဲ့ ဖြစ်တယ်။ နှစ်ပေါင်း ၇၀၊ ၈၀ နီးပါးဟာ အာဏာရှင်အဆက်ဆက် အစိုးရအဆက်ဆက်တွေရဲ့ လိမ်ညာဝါဒဖြန့်အောက်မှာပဲ ရှိပြီးတော့ တကယ်တမ်း ပြည်ထောင်စုကလည်း ရှိခဲ့တာလည်း မဟုတ်ဘူး။ ပါးစပ်ကနေ ပြည်ထောင်စု တစ်ဖွဖွပြောပြီး ပြည်ထောင်စု အနှစ်သာရတစ်ခုမှ မရှိတဲ့ တိုင်းပြည်နဲ့ ကျွန်တော်တို့ နေလာခဲ့တာ။ ဟိုး အဘိုးအဘွားတွေ ခေတ်ကတည်းက ကျွန်တော်တို့ အဖေအမေ အခု ကျွန်တော်တို့ လက်ထက်ရောက်လာတဲ့ အခါမှာမှ အခုက နှစ် ၈၀ နီးပါး ကြာတဲ့ အခါမှာ စပြီးတော့ ဒီဟာ ပုံရုပ် ပုံဖော်နိုင်တဲ့ အခါ ဒါတကယ့် ဟိုဥစ္စာ ခြေလှမ်းသစ်ပဲ။ ဒီခြေလှမ်းကို ကျွန်တော်တို့ ဟို ကျွန်တော်တို့ အလဟဿ လျှောက်ပြီးတော့ ဟို အချိန်ဖြုန်းလို့မရဘူး။ ကျွန်တော်တို့ တစ်ဆင့်ချင်းသွားတော့မယ်။ အဲ့ဒီ အပေါ်မှာ ဒီလိုပြောင်းလဲလာတဲ့ အရွေ့ဟာ တကယ့်ကို ကျွန်တော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲ။ ကျွန်တော်တို့ လိုချင်တာက လူပြောင်းလဲတာ မလိုချင်ဘူး။ နော်။ Regime Change လို့ခေါ်တဲ့ အုပ်ချုပ်သူပြောင်းလဲရေးနဲ့ပဲ ကျွန်တော်တို့ တိုင်းပြည်က မရဘူး။ တကယ့် ပြည်ထောင်စု အစစ်အစစ် တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ တကယ့် ဟို ဥစ္စာ စနစ်တွေ အကုန်လုံး ပြောင်းလဲမှ သွားလို့ရမယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခု လုပ်နေတာ စနစ်ပြောင်းလဲ ရေးအတွက် ဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ နှိုင်းယှဉ် နှိုင်းယှဉ်မယ်ဆိုပေမယ့်လို့ တည်တံ့ရမယ့် အချက်အလက်တွေနဲ့ တည်တံ့တဲ့ အနှောင့်အယှက်မှုတွေနဲ့ လုပ်သွားတဲ့အခါ ဖြစ်နေတဲ့ အခါကျတော့ ကျွန်တော်တို့က ဇွဲရှိရှိ ကျွန်တော်တို့ တော်လှန်ရေးဆိုတဲ့ အညီ ဇွဲရှိရှိနဲ့ပဲ တဖြည်းဖြည်းနဲ့ပဲ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ အပေါ်မှာ နားလည်မှု လွဲမှားတယ်ဆိုပေမယ့် အခုက ကျွန်တော်တို့ လုပ်ရင်းလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ အပေါ်မှာ သိမြင်နားလည်ပြီးတော့ ဒီတော်လှန်ရေးအောင်ကို အောင်မြင်တယ်ဆိုတာ ကျွန်တော် ၄ နှစ် ယုံကြည်တယ်။ မူဝါဒခိုင်မာမရှိဘဲနဲ့ ပိုက်ဆံရရေး ငွေရရေး ဒါ ဘာမဆိုလုပ်တဲ့ ပါနပု ကိုက်တူးမယ့် အဖွဲ့တွေကလည်း အချိန်တို ခဏလေးမှာ ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော် အလေးအနက်ယုံကြည်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုပ်ဆောင်မှု အပိုင်းတွေ မှာတော့ တကယ့် ပြည်ထောင်စုကို တည်ဆောက်မယ့် သန္နိဋ္ဌာန်ချထားတဲ့ အပေါ်မှာ ဒီဟာ ကျွန်တော်တို့ ဆက်သွားမယ်။ အဲ့ဒီ ဆက်သွားတဲ့ အတိုင်းအတာကလည်း နိုင်ငံတကာက နားလည်လာပြီးတော့မှ တစ်နေ့မှာ ကျွန်တော်တို့ ပိုပြီးတော့ ဒီဟာ အားကောင်းမောင်းသန်နဲ့ ကျွန်တော်တို့ ဆက်လက်ရပ်တည်ပြီးတော့ ဒီပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် အားပေးချင်တယ်။ ဒါကြောင့်မို့လို့ ဘာမှ တွေဝေမနေနဲ့။ ကျွန်တော်တို့ ဘာမှ ဟိုကြည့် နာ ဟိုကြည့် ဒီကြည့် နောက်လှည့်ကြည့်မနေနဲ့။ ကျွန်တော်တို့ ရှေ့သွားစရာရှိတာကို ဆက်ပြီးတော့ သွားဖို့ပဲ လိုတယ်ဆိုတာ ကျွန်တော် အဲ့ဒါပဲ အားပေးချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် –  ဟုတ်ကဲ့။ ကျွန်တော်တို့ကို အခုလို အချိန်အများကြီးပေးပြီးတော့မှ Interview ဖြေကြားပေးခဲ့တဲ့အတွက် ဘဒိုစောတောနီး ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

 

ပဒိုစောတောနီး၊ –  ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော်လည်း အများကြီး ကျေးဇူးတင်ရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီလို ရခဲတဲ့ အခွင့်အရေးကို ကျွန်တော်တို့ ဒီ ပြောဆိုခွင့် ရှင်းပြခွင့် ရတဲ့အတွက် အများကြီး ဂုဏ်ယူမိပါတယ်လို့ ပြောပြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။