————————————————————————–
မေ ၁၆
The kaladana Post
၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်ရာ နေရာများတွင် အိန္ဒိယရဲများက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ပြီး ဖမ်းဆီးရမိသည့် ရိုင်ဟင်ဂျာ ဒုက္ခသည် (၄၀)ဦး မြန်မာပြည်သို့ ပြန်ပို့ခံရကြောင်း စုံစမ်းသိရှိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ The Kaladan Post မှ ဆက်သွယ်မေးမြန်းရာတွင် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၄၃ ဦးအနက် အသက် ၁၈ နှစ်အထက် ၄၀ ဦးကို အင်ဒမန်ကျွန်းသို့ စစ်သုံးရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပြီး ထိုမှတဆင့် စက်လှေဖြင့် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းသို့ ဆက်လက်ပို့ဆောင်ခဲ့ပြီး အသက်၁၈နှစ်အောက် (၃)ဦးအား ဒေလီ Detention Centre တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း ရိုဟင်ဂျာ ဒုက္ခသည် မျက်မြင်သက်သေတစ်ဦးကဆိုသည်။ ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀ ဦးတွင် မူဆလင်ဘာသာဝင် ၂၅ ဦးနှင့် ခရစ်ယာန်ဘာသာဝင် ၁၅ ဦး တို့ ပါဝင်သည်။ ၎င်းတို့သည် လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတစ်ခုသို့ ရောက်ရှိနေပြီး NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီးက မူဆလင်ဘာသာဝင် ရိုဟင်ဂျာဒုက္ခသည်များ၏ မိသားစုများနှင့် အဆက်အသွယ်ရရှိရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သော်လည်း ခရစ်ယာန်ဒုက္ခသည် ၁၅ ဦးအတွက် ၎င်းတို့၏ မိသားစုများနှင့် ယနေ့အထိ ဆက်သွယ်မရသေးသည့်အတွက် ၎င်းတို့က NUG ၏ ဒုဝန်ကြီးထံ Facebook Messenger မှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အကောင့်ကို ပိတ်ဆို့ထားပြီး ပြန်လည်ဖြေကြားမှု မရရှိခဲ့ကြောင်း၊ ခရစ်ယာန်ဒုက္ခသည်များက ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်ရန်အတွက် ကူညီပေးနိုင်မည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များကို ဆက်လက် မျှော်လင့်နေရ ဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံရန် နိုင်ငံတကာဥပဒေများနှင့်အညီ လိုအပ်သော အကာအကွယ်များ ပေးအပ်ရန် လိုအပ်ကြောင်း သိသာထင်ရှားလျက်ရှိသည်။