ဇူလိုင် ၁

The Kaladan Post

ချင်းပြည်နယ်သည် မြန်မာ့နိုင်ငံ၌ ကုန်ဈေးနှုန်းအမြင့်မားဆုံး ပြည်နယ်ဖြစ်နေသည်ဟု ဟားခါးတွင်နေထိုင်သူ ကားသမားတစ်ဦးက ပြောဆိုသည်။ အဆိုပါလူက နေပြည်တော်ရဲ့ အခြေခံကုန်ဈေးနှုန်းနှင့်  ဟားခါးရဲ့ အခြေခံကုန်ဈေးနှုန်းတွေကို အောက်ပါအတိုင်းပြောဆိုသည်။

နေပြည်တော် အခြေခံကုန်ဈေးနှုန်းများ                ဟားခါး အခြေခံကုန်ဈေးနှုန်းများ

၁။ ပေါ်စားမွှေး တစ်အိတ်        -၁၅၅၀၀၀              ၁။ ပေါ်စားမွှေး    ဆန်တစ်အိတ်           -၂၅၀၀၀၀

၂။ ဆီ (ပဲဆီ) တစ်လီတာ           -၈၀၀၀                    ၂။ ဆီ (ပဲဆီ) တစ်လီတာ                   – ၁၈၀၀၀

ဆီ (စားအုံးဆီ) တစ်လီတာ  -၆၅၀၀                          ဆီ (စားအုံးဆီ) တစ်လီတာ              -၁၀၀၀၀

၃။ ဆား တစ်ပိဿ                   – ၂၀၀၀                   ၃။ ဆား တစ်ပိဿ                            -၄၀၀၀

၄။ အာလူး တစ်ပိဿ               -၄၀၀၀                    ၄။ အာလူး တစ်ပိဿ                       -၅၀၀၀  ကုလားပဲ တစ်ပိဿ            -၇၀၀၀                         ၅။ ကုလားပဲ တစ်ပိဿ                     – ၈၀၀၀

၆။ ဓာတ်ဆီ တစ်လီတာ              -၃၀၀၀                  ၆။ ဓာတ်ဆီ တစ်လီတာ                     – ၇၀၀၀

၇။ ဒီဇာယ် တစ်လီတာ               -၃၀၀၀                   ၇။ ဒီဇာယ် တစ်လီတာ                      – ၆၅၀၀

ဖော်ပြပါကုန်ဈေးနှုန်းများကို အခြေခံပြီး နည်မည်မဖော်လိုတဲ့ပြည်သူတစ်ဦးက “ကျွန်တော်တို့ ပြည်သူတွေရဲ့ အာဏာကို စစ်ကောင်စီက မတရားအာဏာသိမ်းတာနဲ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါာကာ ကုန်သွယ်ရေးလုပ်ငန်းများ သိသိသာသာ ထိခိုက်တာတွေ့ ရပါတယ် ပြီးတော့ ဒီနိုင်ငံရေးအကြပ်အတည်းများဟာဆိုရင် စီးပွားရေးလုပ်ငန်းများအပေါ် အချင်းချင်းကြား မှာ ယုံကြည်မှုလျော့နည်းစေပြီး ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေတာဖြစ်ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။

စစ်ကောင်စီမှ ချင်းပြည်နယ်အပေါ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ် ဆို့မှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများက ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေ ကြောင်းသိရသည်။ ထို့အပြင် ချင်းပြည်နယ်မှာ ကုန်စျေးနှုန်းထိန်းချုပ်နိုင်သော အုပ်ချုပ်ရေးမရှိ သေးတာကြောင့် ဒီပြသာနာကို ပိုမိုဆိုးရွားစေတာဖြစ်ပြီး ထိရောက်သောမူဝါဒများ ရေးဆွဲနိုင်သော အစိုးရအဖွဲ့အစည်းလိုအပ်နေပပြီဟု ၎င်းကဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်တွင် အစိုးရမပေါ်ပေါက်နိုင်တာကြောင့်  ကုန်စျေးနှုန်းများသည် တစ်ရက်နှင့်တစ်ရက် မတည်ငြိမ်ဘဲ မြင့်တက်နေတာဖြစ်ပြီး ပြည်သူများအနေဖြင့် နေ့စဉ်သုံးကုန်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းသိရသည်။ ဤအခြေအနေများသည် ပြည်သူများ၏ နေ့စဉ်ဘဝကို ထိခိုက်စေပြီး စီးပွားရေးအကြပ်အတည်းကို ပိုမိုဆိုးရွားစေသည် သာမက  ကုန်သွယ်ရေးလျော့နည်းမှုကို ဖြေရှင်းရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် ထိရောက်သော အုပ်ချုပ်ရေးယန္တယားများမရှိပါက စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးရာတွင် မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မည်ဟု ၎င်းက ပြောဆိုသည်။