ဇူလိုင် ၂၆

The Kaladan Post

ကမ္မမြို့ ရေလည်ကျောင်းထဲ ယာယီ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာ ပြတ်တောက်၍ ရိက္ခာရှာဖွေရန်ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အားသုံးဆယ်ခန့်အား RED GIANT အဖွဲ့ နှင့်မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း RED GIANT၏ ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RED GIANT တပ်ဖွဲ့ရဲတာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့က ဒီတိုက်ခိုက်မှုကို ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၂၅ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ မျက်စီရှေ့တွင် (၂)ရောက်သေပါတယ်ခင်ဗျ ပြီးတော့ ဒီ ကမ္မမြို့ရှိ ကျောင်းတစ်ခုအတွင်း ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ အင်အားမှာ ၆၀ ဝန်းကျင်ခန့်ရှိ ပါတယ် ဒီကောင်တွေကို ကျွန်တ်ေတို့စောင့်ကြည့်နေကြရပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြားထိခိုက်မှုရှိမရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များသည် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။ RED GIANT တပ်ဖွဲ့ရဲတာဝန်ရှိသူ တစ်ဦးက ပြည်သူများသို့ ပြောကြားလိုသည်မှာ ပြည်သူများ ရှိနေခြင်းကြောင့် ကျွန်ုပ်တို့၏လုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ရန် အခက်အခဲရှိပြီး၊ ပြည်သူ များကြောင့် လုပ်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ရသည့်အခါများလည်း များစွာရှိခဲ့ပြီး ယခုအခါ ပြည်သူ များ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ပြည်သူများအား ကမ္မမြို့ပေါ်တွင် နေထိုင်ခြင်းမပြုလိုပါဘူး ပြည်သူများဘေးလွတ်ရာသို့ တိန်းရှောင် နိုင်မှသာ တိုက်ပွဲများကို လွတ်လပ်စွာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဟု ဆက်လက်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို RED GIANT၊ Pakokku People Defense Force (PPDF)၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGFလူငယ်ပျောက်ကျားတပ်ဖွဲ့ PI PDF၊ အလင်တန်းပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ (TWF)၊ အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။