——————————————————————-
မေ ၁၃
The Kaladap Post
(၉.၅.၂၀၂၅) ရက်နေ့ မှ မနက်(၅)နာရီအချိန် ဆင်ချောင်းပြည်သူ့စစ်ကျေးရွာမှ ထွတ်ရှိလာသော ရေစကြိုမြို့ ခလရ ၂၅၆၊၂၅၇၊၂၅၈ တပ်မှ စကစခွေးစစ်ကြောင်းသည် ဆန်းသစ်ကျေးရွာသို့ အင်အား၁ ၀၀ နီးပါး ဓားစာခံ ပြည်သူ ၅ ဦး တို့နှင့်အတူ ဦးတည် စစ်ကြောင်းထိုးလာစဉ် ဆန်းသစ်ကျေးရွာ မြောက်ဘက် တစ်နေရာမှာ မနက်ခင်း ၇:၂၀မိနစ် အချိန်တွင် မိမိတို့ Southern YSO PDF နတ်မိကျောင်း စစ်ဆင်ရေး မှ ဦးစီးဆောင်ရွတ်ကာ Southern Local တပ်ပေါင်းစု၊ BNRA အဖွဲ့တို့မှ ကြားဖြတ်တိုက်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ အောင်မောင်းက The Kaladan Post သို့ပြောဆိုသည်။ အဆိုပါ တိုက်ပွဲသည် ၁ နာရီ မိနစ် ၂၀ ထိ ကြာမြင့်ခဲ့ပြီး ၎င်းအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ယောက် အပါအဝင် စကစ ၂၇ သေဆုံးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြေင်းပြောဆိုပသည်။ ထိုပြင် စကစ ကင်းထောက်ဒရုန်းတစ်စီး (DJI အမျိုးအစား)ကို ပစ်ချနိုင်ခဲ့သည်။
ဤတိုက်ပွဲ တွင် Southern YSO PDF မှ ရဲဘော်လပြည့် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားပြီး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ၁၀ ဦးရရှိခဲ့ပါသည်။ ကျွန်တော်တို့ ရဲဘော်ညီကိုများမှ တိုက်ပွဲကို အသာစီးပုံဖော်နိုင်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာလာခဲ့ပါသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ရေစကြိုမြို့နယ်၊သဲတောကျေးရွာကို Para Motor ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ကာ အိုးအိမ်ပျက်စီးခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံးခဲ့ပါသည်။
Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန်PDF၊ King Cobra၊ ဒေါင်းစစ်သည် တို့နှင့် BNRA တို့မှ ပါဝင်ဆောင်ရွတ်ခဲ့ ပါသည်။