ဇူလိုင် ၁၁

The Kaladan Post

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကွမ်ကျိုက်တပ်စခန်းအနီးရှိ ကင်းပုန်းစခန်း ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Mon State Revolution Force ၏ ထုန်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Mon State Revolution Force ရဲ့ ပြော‌ရေး ဆိုခွင့်ရှိသူ မိတလညဏ်က “ဒီကျွန်မတို့ဘက်ကတိုက်ခိုက်ခဲ့တဲ့ စခန်းဟာဆိုရင် စစ်ရေးဗျူ ဟာအရ ဒီစစ်ကောင်စီ ကင်းပုန်းစခန်းသည် အင်မတန်အရေးပါနေရာဖြစ်ပါတယ် ပြီးတော့ ဒီ တိုက်ပွဲအတွင်း မှာ စကစဘက်က လက်နက်ကြီးဖြင့်ပစ်ကူတွေပေးနေလို့ ကျွန်မတို့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။

စစ်ကောင်စီကနေ ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲကျင့်ပရန် စီစဥ်နေသော ကြောင့် မွန်ပြည်နေဖက်ဒရယ်ကောင်စီ(MSFC)ကနေပြီးတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ထား တာကြောင့် မွန်ပြည်နယ်မှာ စစ်ကောင်စီဘက်က လုံးဝ ရွေးကောက်ပွဲကျင့်ပလို့မရ အောင် ဒီလိုမျိုး စစ်ဆင်ရေးကို မရပ်မနားဘဲ ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း Mon State Revolution Force ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ဆက်လက်ပြောဆိုသည်။ ဤ တိုက်ပွဲသည် နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၃၀ မိနစ်ကျော်ကြာ ထိတွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။ ဤ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ(၁) တို့ပါဝင်ဆောင်ရွက်ခဲ့တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှု သည် ဒေသတွင်း စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့သည့် အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။