မေးမြန်းသူ-ဆလိုင်း ဒိုခါရ်, အယ်ဒီတာချုပ်
ဖြေကြားသူ- Khin Ohmar, Founder of Progressive Voice
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ဆရာမ ဒီအခုလိုကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ဆိုတော့ ပထမဆုံးအနေနဲ့ဆရာမ တော်လှန်ရေးမတိုင်ခင်ကဘာတွေ အဓိကမြန်မာနိုင်ငံအတွက်လုပ်ဆောင် လာပြီးတော်မှ အခုတော်လှန်ရေးကဏ္ဍမှာ ကော ဘယ်လိုကဏ္ဍမှာအဓိကပါဝင်ပေးနေသလဲဆိုတဲ့ဟာလေးကိုမိတ်ဆက်ပေးပါဦးခင်ဗျ
Khin Ohmar – ပထမဆုံးကျွန်မအနေနဲ့လည်းလေ အခုလိုမျိုးဖိတ်ခေါ်တာကို ကျေးဇူးတင်ပါတယ်လို့ ဆိုတော့ကျွန်မကတော့ ၁၉၈၈၊ မတ်လ ၁၆ရက် နေ့ကနေစပြီးတော့မှ ကျောင်းသားလှုပ်ရှားမှုမှာ ပါလာတာပေါ့နော် ရှစ်လေးလုံးဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်တဲ့အဖွဲ့တွေလည်း အထဲမှာလည်းကျွန်မတို့ကပါတယ်ပေါ့ အဲ့ကတည်းကတော့ သန်းရွှေစစ်အာဏာရှင်တက်လာတဲ့အချိန်မှာတော့ ကျနော်တို့က နယ်စပ်ကနေ နိုင်ငံပြန်ရောက်သွားတာပေါ့နော်ပထမတုန်းကတော့ ကျွန်မကအမှန်ပြောလို့ ရှိရင်လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ လုပ်မယ်ဆိုပြီးထွက်လာခဲ့တာပဲ သို့သော်တကယ်တမ်း လက်တွေ့တောထဲရောက်တဲ့အခါကျတော့ ကျွန်တော်တို့ကိုယ်လုပ်နိုင်တဲ့ဟာကို ပြောင်းလိုက်တာပေါ့ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကြည့်ပြောင်းတော့ အဓိကကကျွန်မသည် အထူးသဖြင့် ဒီကော်သူးလေးမန်းဘလောကေအဲန်ယူဗဟိုဌာနချုပ် ကျသွားတဲ့အချိန်မှာ ကျတော့ ထိုင်းနိုင်ငံနယ်စပ်မှာကျွန်မတို့အရပ်ဘက်အဖွဲ့အစည်းတွေ ပိုပြီးတော့မှစုဖွဲ့မှုတွေ ပိုများလာတယ်အိန္ဒိယထိုင်း တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ အင်အားစုတွေ ပူးပေါင်းပြီးတော့မှကျမတို့ နယ်စပ်တေအခြေစိုက်တဲ့အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားမှုတွေ ကို ပိုလုပ်ဖြစ်တယ်ပေါ့နော် အဓိကလုပ်တဲ့အထဲမှာလူ့အခွင့်အရေးပြီးသွားလို့ရှိရင် သုတေသနလုပ်တယ်ပြီးလို့ရှိရင်ကျွန်မတို့ democratic ဦးဆောင်မှုဆိုတာ အဲဒီကာလတွေ ထဲမှာ ကျွန်မကြိုးစားခဲ့တဲ့ဥစ္စာပါဝင်ခဲ့တဲ့ ဥစ္စာတွေထဲမှာဆိုရင်တော့ အထူးသဖြင့်တော့လေ ကျွန်တော်တို့က ရှစ်ဆယ့်ရှစ်မှာဖယ်ဒရယ်ရေးနဲ့ တိုင်းရင်းသားတန်းတူရေးဆိုတဲ့ ဥစ္စာကိုမသိခဲ့ဘူးလေနော် တကယ်တောထဲရောက်လာတဲ့ နယ်စပ်ရောက်လာတဲ့အခါ ကျတော့မှ တိုင်းရင်းသားလူမျိုးအသီးသီးမှာသူ့ရဲ့ တော်လှန်ရေးမျိုးဆက်တွေနဲ့ တန်းတူရေးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်တော်လှန်ရေး တိုက်ပွဲဝင်နေကြတာတွေ သိတဲ့အခါမှာကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုဆိုတာ ရှစ်ဆယ့်ရှစ်ကာလ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့တဲ့ဟာနဲ့ မတူဘဲနဲ့တကယ့်ကိုပိုပြီးတော့ မကျယ်ပြန့်ပြီးလေးနက်တဲ့ ပိုပြီးတော့မှနက်နဲတယ်ဆိုတာကို သိလာတော့တိုင်းရင်းသား တန်းတူရေးကိုယ်တိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးဆိုတာဟာလည်း ကျွန်မရဲ့focusပိုဖြစ်လာတယ် အဲ့တော့ federal ဖွဲ့စည်းပုံအကြမ်းရေးဆွဲတာတို့ အဲ့တုန်းကခေါ်တာပေါ့ national reconsideration program လို့ခေါ်တယ် အဲ့မှာကျွန်မ Coordinator အနေနဲ့ လုပ်ပြီးတော့မှ ဒီအထူးသဖြင့်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ရှစ်လေးလုံးမျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားအချင်းချင်းကြားထဲမှာ အဲဒီလိုမျိုးဆွေးနွေးပြီးတော့မှ အနာဂတ်အတွက် ပြင်ဆင်မှုတွေပေါ့အဲ့ဒါမျိုးတွေလည်း ကျွန်တော်လုပ်ခဲ့တာတွေရှိတယ် ဒါပေမယ့်မြန်မာနိုင်ငံအပြောင်းအလဲဖြစ်တယ်ဆိုပြီးတော့မှ ဒီမိုကရေစီစကား ပွင့်သွားတယ်လို့ ပြောတဲ့အချိန်မှာတော့နယ်စပ်လှုပ်ရှားမှုကြီးပဲ ပြိုကျသွားတယ်လို့ ပြောလို့ရတယ်လေနော် အဲဒီအချိန်မှာယုံကြည်ချက်ကဘာရှိလဲဆိုတော့ ဒီစစ်အုပ်စုကို စစ်တပ်ကို မယုံဘူးသူတို့တောက်လျှောက်လုပ်ခဲ့တဲ့ ဥစ္စာတွေကိုအမြဲတမ်းစဉ်ဆက်မပြတ် ကိုယ်တွေလည်း ကြည့်နေတဲ့အခါမှာ ဒီမိုကရေစီအတွက်ဒီလောက်တံခါးဖွင့်ပေးပြီးတော့ သူတို့အတွက်ဘယ်လောက်အတွက် ပြန်ယူမလဲဆိုတာကို၂၀၀၈ဖွဲ့စည်းပုံမှာ ကျွန်မတို့ သက်သေပြနေပြီးသားဖြစ်တော့ ကိုယ်ကမယုံဘူးမယုံတဲ့အခါကျတော့ ကျွန်မနယ်စပ်မှာပဲ အခြေစိုက်ပြီးတော့မှမြန်မာပြည်ထဲကို ဝင်ခွင့်ရတဲ့အချိန်မှာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှတော့ တကယ်ဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ အတွက်ကိုတော့ ရတဲ့နေရာတိုင်းမှာတော့အကုန်တွန်းတာပဲ အထူးသဖြင့်က systemကို ပြောင်းဖို့ပေါ့နော် ၂၀၀၈ဖွဲ့စည်းပုံအောက်မှာ systemအဟောင်းကိုပဲစစ်တပ်က ပြန်ပြီးတော့မှသူ့ရဲ့ ပါဝါပိုအားကောင်းဖို့လုပ်နေတဲ့ဥစ္စာမျိုးတွေကို ကိုယ်တွေကမြင်တဲ့ အခါကျတော့ ဒီစနစ်ကိုမြေလှန်ပစ်ရမယ့်အပြောင်းအလဲလုပ်ရမယ်ဆိုတဲ့ဟာမျိုးကို ကျွန်မကပိုပြီးတော့မှ အားစိုက်တယ်ပိုအားသန်တဲ့ စိတ်တူကိုယ်တူရှိတဲ့သူတွေနဲ့လည်း ပိုပြီးတော့မှပူးပေါင်းလုပ်ဖြစ်တယ်ပေါ့နော် ၂၀၁၅ရွေးကောက်ပွဲတွေ ဘာတွေမတိုင်ခင် ကာလမှာပဲ အထူးသဖြင့်ကျွန်မခုနတုန်းကလုပ်နေတဲ့ အလုပ်တွေမှာနိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးတွေအများကြီးပါတယ် ကုလသမဂ္ဂမှာမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တော့မှ ဒီစစ်အုပ်စုရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ပတ်သက်လို့လည်း နှစ်၂၀ကျော်က ကျမတို့တာတွေကျွန်မဆိုတာတောက်လျှောက်စည်းရုံးလှုံ့ဆော်ရေးလုပ်လာတာပေါ့ ၂၀၁၃-၂၀၁၄ ကာလတွေမှာအဲ့ဒီကာလတော့ သမ္မတဦးသိန်းစိန်လက်ထက်ပေါ့ အဲ့အချိန်မှာသူတို့ဘက်ကနေပြီးတော့မှ ဒါတွေကိုလည်းရပ်ဖို့ကုလသမဂ္ဂမှာသွားပြီးတော့မှ ဆုံးဖြတ်ချက်တွေနဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေရဲ့ မှတ်တမ်းအနေနဲ့ လုပ်နေတဲ့ကိစ္စတွေကို ရပ်တန်းကရပ်ဖို့ဆိုတဲ့ ဟာမျိုးအထိလည်းဖိအားပေးတာတွေရှိတယ် မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့ အခါမှာလည်း နည်းမျိုးစုံနဲ့ဖိအားပေးတာခြိမ်းခြောက်တာအကြပ်ကိုင်တာနော် ချော့တလှည့်ခြောက်တလှည့်နဲ့သူတို့ဘက်ကို ပါအောင် လုပ်တာ အမြဲတမ်းဟိုသွားလေရာမှာ စဉ်ဆက်မပြတ်နောက်ကနေလိုက်တာအများကြီးပဲပေါ့နော် ဖုန်းမှာထပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့အဲ့ဒါတွေအများကြီးခံထားရတယ် ဒါပေမယ့်အဲ့ဒီကနေပြီးတော့မှ နောက်ဆုံးမှာတော့ သူတို့ကသူတို့ဘက်ကိုမပါဘူးသူတို့ပြောတဲ့အတိုင်း လိုက်မလုပ်လား ဆိုတာကို သူတို့သေချာပြီးတော့မှသိသွားတဲ့အချိန်မှာတော့ အာ ဖမ်းဖို့ဆီးဖို့ထိပါလုပ်တဲ့ အခါကျတော့ ကျနော်တို့အနေနဲ့ကတော့ နယ်စပ်ကိုပဲပြန်လာလိုက်ရတယ်ပေါ့နော် အဲ့တော့နယ်စပ်ပြန်လာ ၂၀၁၅ပေါ့အဲ့ဒီနောက်ပိုင်းမှာတော့ ကိုယ်မြင်နေတာက ဒီအပြောင်းအလဲသည် အပေါ်ယံအပြောင်းအလဲဖြစ်တယ် တစ်ချိန်မဟုတ်တစ်ချိန်မှာ အာဏာသိမ်းမှု အပါအဝင် စစ်တပ်သည်သူ့ရဲ့ကြီးစိုးမှုကိုသံကွန်ချာကိုပြန်အုပ်မယ်လို့ ကျွန်တော်ကအဲ့လိုပဲမြင်တယ်ဒါကြောင့် မလုပ်မြန်မာပြည်ထဲပြန်ခွင့်မရတဲ့ပြဿနာမရှိဘူး အဓိကကသူတို့မဟုတ်တာလုပ်နေတာတွေ မတရားတော့လုပ်နေတာတွေကို နိုင်ငံတကာမှာ ဆက်ပြီးတော့မှ ဖော်ပြသွားမယ်မျက်ခြေမပြတ်သွားအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ ၂၀၁၅မှာလည်းကျွန်မသည်ကုလသမဂ္ဂနှင့်စဉ်ဆက်မပြတ် engage လုပ်ပြီးတော့မှ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုလုံးဝမရပ်သွားအောင်လို့ ကျွန်မတောက်လျှောက် advocacy တွေ သေချာလုပ်တယ်ပေါ့အထူးသဖြင့် စစ်အုပ်စုကိုကျမတို့က အဲ့ကတည်းကမြင်တာကဥပဒေအထက်မှာ တစ်သက်လုံးနေခဲ့တဲ့ အခါကျတော့လေ တရားဥပဒေစိုးမိုးရေးဆိုတာကို NLDပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ် တက်လာရင်သူတို့ရှိနေသမျှ ၂၀၀၈ဖွဲ့စည်းပုံနဲ့ဒီစစ်အုပ်စုကိုကျွန်မတို့က ဥပဒေနဲ့အညီ ဥပဒေအောက်မှာကျနော်တို့က controlလုပ်လုပ်မရဘူးဆိုတာကိုလည်း ကျွန်မမြင်တယ်နော် အဲ့ဒါကြောင့်မလုပ်ဘူးဥပဒေအထက်မှာ တစ်သက်လုံးနေတဲ့သူတွေကို သူ့ရဲ့လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ရိုဟင်ဂျာတွေအပေါ်မှာ genocide လုပ်တဲ့ကိစ္စတွေ အပါအဝင်ဒီလိုမျိုးချိုးဖောက်မှုတွေနဲ့ပတ်သက်ရင်တော့ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်နေတဲ့ရာဇဝတ်မှုတွေဖြစ်တဲ့အတွက်ကြောင့် စစ်ရာဇဝတ်မှုတွေ အပါအဝင်တရားဥပဒေနဲ့အညီသူတို့ကို ကျွန်တော်တို့ကဥပဒေနဲ့မကိုင်တွယ်နိုင်လို့ရှိရင် ဒီတိုင်းပြည်ရဲ့အပြောင်းအလဲကိုကျမတို့က အရပ်သားအစိုးရနဲ့ပဲလုပ်လုပ် ၂၀၀၈အောက် ကနေတော့အပြောင်းအလဲတွေဘယ်တော့မှ မှန်ကန်မှာမဟုတ်ဘူးရမှာလဲမဟုတ်ဘူးလို့ မြင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲဒီကာလကတော့ ဆက်လုပ်ခဲ့တယ်ပေါ့ဒါနဲ့ပဲ နွေဦးတော်လှန်ရေး ၂၀၂၁ရောက်လာတဲ့အခါကျတော့ခုနက ဟိုးအရင်ခေတ်ကတည်းက မြန်မာဒီမိုကရေစီရေးတိုင်းရင်းသားတန်းတူရေးအတွက် ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံတကာက သွေးစည်းညီညွတ်ရေးပြတဲ့ အဖွဲ့အစည်းတွေအများကြီးရှိတယ် networkတွေ အများကြီးရှိတယ် အဲ့ဒီအင်အားစုတွေကိုအကုန်ပြန်စုရတာပေါ့နော် ပြန်ပြီးသူတို့ကို ပြန်ပြီးချိတ်ဆက် ဆက်သွယ်ပြန်စုပြီးတော့မှကျွန်တော်တို့ ခုနကဒီနိုင်ငံတကာကနေ ပြီးတော့မှ ဆေးရုံစုရဲ့မတရားအာဏာသိမ်းဖို့ကြိုးစားနေတဲ့ကိစ္စကို လက်မခံအောင် အသိအမှတ် မပြုအောင်သူတို့ကိုတားဆီးပိတ်ဆို့မှုတွေ လုပ်အောင်အထူးသဖြင့် စီးပွားရေးအရပါ ပိတ်ဆို့မှုတွေလုပ်အောင်တောက်လျှောက်လုပ်တယ်ပေါ့နော် ဒါကတော့ ဒါကတော့ဒီနောက်ပိုင်းအထိ တောက်လျှောက်အခုချိန်ထိလည်း စစ်အုပ်စုဆိုရင် ဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့မှုကိုအဓိကဦးစားပေးပြီးလုပ်ပါတယ်ဆိုတော့ အဓိက ဖြတ်လေးဖြတ်ကဘာလဲဆိုလို့ရှိရင် သူတို့ဆီကိုတရားဝင်မှုတွေမရောက်ဖို့အတွက် ဖြတ်တောက်တာအဲ့တော့ဒီတရားမဝင်အုပ်စုတစုကနေ ပြည်တော်မှာအုပ်ချုပ်ထားနိုင်တာ နေပြည်တော်မှာတက်ထိုင်ထားနိုင်တာတခုတည်းနဲ့ နိုင်ငံတကာကကုလသမဂ္ဂနှင့် အာဆီယံက မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလိုအသိအမှတ်ပြုမယ့်ကိစ္စမျိုး ကျွန်တော်တို့ လက်မခံနိုင်ဒါကြောင့်မို့အဲဒါကိုလည်း ကျွန်မကဒီ၂၀၂၁ကတည်းကသေချာပစ်မှတ် ထားပြီးတော့မှ ဒီကိစ္စကိုဦးစားပေးလုပ်တယ်စီးပွားရေးအရငွေရေးကြေးရေးအရ ဝယ်နေတာကို ဖြတ်တောက်ပိတ်ဆို့ဖို့အတွက်တခြားအတွေးတူအမြင်တူအဖွဲ့တွေနဲ့လည်း compagin တွေလုပ်တယ် ပြီးသွားလို့ရှိရင်နောက်တခုကကျတော့ လက်နက်နဲ့အထူးသဖြင့် လေကြောင်းကနေတိုက်ခိုက်မှုအမြန်ရပ်နိုင်ဖို့အတွက် ဒီလေယာဉ်ဆီဖြတ်တောက်ရေး ကိစ္စ ကိုတော့ ကျမတို့ဒီblackmoneyကမ်ပိန်းအပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာ အဖွဲ့အစည်းနဲ့ကြိုးစားပြီးလုပ်တယ်ကုလသမဂ္ဂမှာလည်း လူ့အခွင့်အရေးကောင်စီမှာလည်း ကောလုံခြုံရေးကောင်စီနဲ့အထွေထွေညီလာခံမှာရော လေယာဉ်ဆီဖြတ်တောက်ရေးကိစ္စနဲ့ ကျွန်မတို့ဒီ စစ်အုပ်စုကိုလက်နဲ့အရတောင်းဝယ်ဖောက်ကား တင်ပို့တာအကုန်လုံးကို ဖြတ်နိုင်ဖို့အတွက်ကြိုးစားတာပေါ့ နောက်ဆုံးတခုကတော့ ဘာလဲဆိုရင်ဖြတ်လေးဖြတ်မှာ နောက်တဖြတ်ရှိတယ် အဲ့တဖြတ်ကိုကျွန်မအမြဲတမ်း focusထားပြီးလုပ်တယ် ဥပဒေအထက်မှာနေခဲ့တဲ့ဥစ္စာကိုကျမတို့ဖြတ်တောက်ပစ်မှရမယ် အပြစ်ပေးအရေးယူ ခံရမှုမရှိဘဲဖြစ်နေတဲ့ကိစ္စကိုကျမတို့ရပ်ပစ်မှရမယ် ဒါကြောင့်မို့လို့အခု ဒီမင်းအောင်လှိုင်ကို ICC ပို့နိုင်ရေးတို့နော်ဒီ Command ပေါ့နော် အမိန့်ကိုအမိန့်ပေးတဲ့သူတွေမကဘူး အမိန့်ကိုသယ်သွားတဲ့သူနော် အမိန့်ကိုအောက်ခြေမှာအကောင်အထည်ဖော်တဲ့သူ အဲဒါအကုန်လုံးကို ကျမတို့ကသေသေချာချာဥပဒေကြောင်းရ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် လုပ်နိုင်မှသာလျှင်ကျွန်မတို့ အခုဒီတော်လှန်ရေးကကြိုးစားနေတဲ့ ဒီဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့စနစ်အောက်မှာလုံခြုံရေးယန္တရားကိုပါ ဒီစစ်အုပ်စုကိုကျမတို့က ဖြိုနိုင် ဖျက်သိမ်းနိုင်ပြီးတော့မှ လုံခြုံရေးယန္တရားအသစ်တခုကို ဖယ်ဒရယ်ဒီမိုကရေစီနဲ့အညီ တည်ဆောက်နိုင်မဲ့ဟာမျိုးလုပ်လို့ရမယ်လေနော် အဲဒါကျတော့ကျွန်မရဲ့တာအဓိကက ဒီနိုင်ငံတကာ Avocacy စည်းရုံးလှုံ့ဆော်ရေးမှာသည်ဖြတ်လေးဖြတ်နည်းဗျူဟာနဲ့တော့ တောက်လျှောက်လုပ်တယ်ရှင့်
ဆလိုင်း ဒိုခါရ် – နိုင်ငံတကာအဆင့်မှာ အခုဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့မှ အရေးပါတဲ့ကဏ္ဍမှာကို ဦးဆောင်ပါဝင်နေတဲ့အပြင် တော်လှန်ရေးဖြတ်သန်းမှုအရ ၈၈၊ ၉၀၊ ၂၀၀၇အစရှိတဲ့နိုင်ငံရေး လှုပ်ရှားမှုဟာမျိုးကို မီခဲ့တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ ဒီအထူးသဖြင့် ဒီလက်နက်ကိုင်ကဏ္ဍအပါအဝင် တခြားမြေပြင်လှုပ်ရှားမှုမှာ ပြည်သူတွေပါဝင်မှုက အင်မတန်အားကောင်းတယ် ကျွန်တော်တို့သိထားတယ်သို့သော် ဒီ နိုင်ငံတကာမှာစည်းရုံး လုပ်ဆောင်မှုကဏ္ဍအပါအဝင် တခြားလှုပ်ရှားမှုကဏ္ဍမှာ ပြည်သူတွေကဒီကဏ္ဍကို အရေးပါမှု အပိုင်းမှာ သတိထားမှုအားနည်းသလားမပြောတတ်ဘူး ပူးပေါင်းပါဝင်မှုကသိပ်အားရစရာမကောင်းသလို ဖြစ်လာနေတဲ့ဟာတွေ ကျွန်တော်တို့ သတိထားရတယ်ဆိုတော့ဒီအပေါ်မှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှု ဘယ်လောက် အရေးပါသလဲ ဆိုတဲ့ဟာ ဆရာမအနေနဲ့ပိုပြီးတော့မှနားလည်အောင်ရှင်းပြပေးလို့ရမလားခဗျ
Khin Ohmar – ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကတော့ အဓိကအကျဆုံးလို့ကျမပြောချင်တယ် နိုင်ငံတကာကမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ သူတို့ရဲ့ချဉ်းကပ်မှုတွေပေါ်လစီတွေ တုံ့ပြန်မှုတွေကမြန်မာနိုင်ငံထဲမှာရှိနေတဲ့ ပြည်သူတွေရဲ့အသံပြည်သူတွေရဲ့ သဘောထား သူတို့ရဲ့ရပ်တည်ချက်တွေပေါ်မှာ အဓိကထားပြီးတော့တုံ့ပြန်တာ အဲ့လိုပြောတော့ကျွန်မတို့ နိုင်ငံအပြင်ဘက်မှာရှိနေတဲ့ အဲဒါနိုင်ငံတကာအသီးသီးမှအခုဆိုရင် တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့မြန်မာပြည်သူပြည်သားတွေ အများကြီးရှိတယ် မြန်မာနိုင်ငံအပြင်ဘက်မှာ ရောက်နေတဲ့ ဒီ diaspora တွေရဲ့အင်အားတွေ နောက်အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင်ကသူတို့ရဲ့ အခန်းကဏ္ဍတွေအရမ်းအရေးကြီးတယ် ဒါပေမယ့်အသံအရဆိုလို့ရှိရင် အဲ့ဒီအင်အားစုတွေရဲ့လုပ်နိုင်စွမ်းနဲ့ သူတို့ရဲ့ထိရောက်မှုဟာမြန်မာနိုင်ငံထဲမှာရှိနေတဲ့ ပြည်သူတွေရဲ့ အသံမကျယ်လို့ရှိရင်မထိရောက်ဘူး ကျမကအဲဒါကိုကိုယ်တွေ့ အတွေ့အကြုံနဲ့ပဲ ကျမအဲ့ဒါကိုပြောချင်တာ ဘာကြောင့်လဲဆိုတော့ သန်း ရွှေ ခေတ် မှာ တုန်း က ကျမတို့ ကုလသမဂ္ဂသွားတယ် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုတွေလုပ်တယ် လုပ် တဲ့ အခါ မှာ သံတမန်အနေနဲ့ တွေ့ လို့ ရှိ ရင် ကုလသမဂ္ဂ နဲ့ ILOလို အဖွဲ့တွေက ယူနိုင် တဲ့ အချက်အလက် ရှိနေ တာတောင် မှ နိုင်ငံတကာ ကျွန်မတို့ အမြဲတမ်း မေးခွန်း ထုတ်တာ မင်း တို့ကသာ လာပြောနေတာ မြန်မာနိုင်ငံ ထဲ မှာ ငါတို့ ဘာသံ မှ မကြားပါလားပေါ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ပေါ်လစီ ကို သူတို့ တုံ့ပြန် ချင်ရင် ပြည် ထဲ က ပြည်သူ တွေ ရဲ့ အသံ ကို ကြည့် တယ်လို့ ကျွန်မ ပြော ချင် တာ အဓိက အရေးကြီး တဲ့ ထဲ မှာ ပါ တယ် အခု နွေဦး တော်လှန်ရေး ဖြစ် တဲ့ အခါ မှာ အရမ်း အားကောင်းချက် က တစ်တိုင်းပြည် လုံး တော်လှန်ရေး လုပ်တယ် ဆိုတော့ ဟို အရင် မျိုးဆက် နဲ့ ချီပြီးတော့ လုပ်နေတဲ့ တိုင်းရင်းသား တွေ ရဲ့ တော်လှန်ရေး နဲ့ ဟိုးအရင် ထဲက လက်နက် ကိုင် ပြီး တော့မှ တိုက်ပွဲမဝင်ထား တဲ့ ဗမာ လူမျိုးတွေ စစ်ကိုင်း မကွေး ဟလား အညာဒေသမှာရှိတဲ့သူတွေ အားလုံးက ဘာ လက်နက် ကိုင်ပြီး တော်လှန်ကြ တဲ့ အခါ ကျတော့ အသံ က ပို ကျယ် တယ် ဒါပေမဲ့ တစ်ချိန်တည်း မှာပဲ တော်လှန်ရေးတခု လုံးရဲ့ အခန်းကဏ္ဍ ကို ကြည့် လိုက် လို့ ရှိ ရင် လက်နက်ကိုင် တော်လှန်ရေး က ကဏ္ဍ တစ်ခု ဖြစ်တယ် စစ်အုပ်စု ရဲ့ အကြမ်းဖက်မှု အရမ်း ဆိုး တဲ့ အပေါ်မှာ ခုခံ စစ် ဆိုတဲ့ ဥစ္စာ ကို ဖြစ် သွား တဲ့ အချိန် မှာ လက်နက်ကိုင် တော်လှန်ရေး က ပိုပြီးတော့ ရှေ့ ကို ရောက်တယ် ကျွန်မတို့ ဒီ နိုင်ငံတကာ က ကြည့်လိုက်တဲ့ ပြည်သူ ရဲ့ အသံ ဆိုတာက လက်နက်ကိုင် တော်လှန်ရေး ကို သူ တို့ က ပြည်သူ့ အသံ ကို ကြည့်တာ မျိုး ထက်စာရင် သာမန် အရပ်သားပြည်သူ တွေ က ဘာ ပြော လဲ ဆို တာ ကို ကြည့်တာ လက်နက်ကိုင်တော်လှန်ရေး သွား တဲ့ လမ်းကြောင်း ကို လည်း နိုင်ငံတကာ မျက်ခြေ မ ပြတ် ဘူး ကြည့်တယ် ဒါပေမဲ့ ခုန က ပြည်သူတွေ သာမန် အရပ်သား ပြည်သူတွေ နော် လမ်းဘေး မှာ ဖရဲသီး ရောင်းနေတဲ့ အဒေါ်ကြီး လား မုန့်ဟင်းခါး ရောင်း နေ တဲ့ အဒေါ်ကြီး လား ဟလား ရေခဲချောင်း ရောင်းနေ တဲ့ အဒေါ်ကြီးလာ သူတို့တွေ နော် သာမန် အရပ်သား ပြည်သူ တွေ က ဘာ လို ချင် တာ လဲ ဘာ ပြော နေ လဲ ဥပမာ မင်း အောင် လှိုင် တို့ က အခု ပြော နေ ကြ တာ ဘာ လဲ ဆို ရင် ရွေးကောက်ပွဲ လုပ် မယ် ဒီ ရွေးကောက်ပွဲ က တရား မမျှတ ရုံတင်မက ဘူး ဘာ ဂုဏ်သိက္ခာ မှ မရှိဘူး သူတို့ မှာ ရွေးကောက်ပွဲ လုပ် ပိုင်ခွင့် မရှိဘူး လုပ်ဖို့ အတွက် ကြာရင် လက္ခဏာလည်း ဘာမှ မရှိဘူး အဲဒါကို ကျွန်မ တို့ လိုမျိုး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အသိုင်းအဝိုင်း က Analysisနဲ့ ပြောပြဖို့ နိုင်ငံတကာ ကို ပြော ပြဖို့ အချက်အလက် တွေ နဲ့ ကျမတို့ လုပ် ပြီး ပြော ပြတယ် အဲဒါ လည်း အရမ်း ကောင်း တယ် သူ တို့ မှာ အဲ့ဒါ တွေ ကို သိဖို့ လိုတယ် ဒါပေမဲ့ သူတို့ ချက် ကြား ချင် တာ က သာမန် အရပ်သား ပြည်သူ တွေ က ဘာ လုပ် ချင် တာ နိုင်ငံတကာ က ကြည့် လိုက် လို့ ရှိ ရင် မြန်မာနိုင်ငံ ပြည်သူ တွေ က ဒီ စစ်အုပ်စု ကို မ လို ချင် တာ တွေ မ က ဘူး သူ တို့ လို ချင် တဲ့ ဟာ ဘာ လဲ ဆို တဲ့ ဥစ္စာ ကို ပါ မြင် နိုင် တဲ့ ဟာ မျိုး ကို ပြော နိုင်တာ က နိုင်ငံတကာ ရဲ့ ဒီ ကို မြန်မာနိုင်ငံ နဲ့ ပတ်သက် ပြီး တော့ မှ ပေါ်လစီ ကို သူတို့ Frameလုပ် တဲ့ အခါ မှာ develop လုပ် တဲ့ အခါ မှာ အခြေခံဖြစ်တယ် ကျမ ကိုယ်တိုင် သိ သိ ထား တဲ့ ပါဝင်ထားတဲ့ တွေ့ နေရတဲ့ မြင်နေရတဲ့ လူထု ရဲ့ အသံ ဘယ်လောက် အရေးကြီး လဲ ဆို တဲ့ ဥစ္စာ ပေါ့ လေယာဉ်ဆီဖြတ်တောက် ရေး ကိစ္စ ဆိုပါတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် မှာ ဒီ လေယာဉ် ဆီ ဖြတ်တောက် ရေး ကိစ္စ ကို မနှစ်က ရော ဒီနှစ် ရော ထပ်ပြီး တော့မှ ဆုံးဖြတ်ချက် ထဲမှာ ပါသွား တယ် ဒီနှစ် ဆုံးဖြတ်ချက် တုံး ဖြတ် ချင် တဲ့ လူ တွေ အများ ကြီး ပဲ တရုတ်က ထိပ်ဆုံး မှာပဲ နော် ဒီ ဒီ ဆုံးဖြတ်ချက်ကိုနော် ဒီဟာကို သူတို့ ဖယ်ထုတ် ချင် တယ် ဒါပေမဲ့ ကျမတို့ ဆက် ထိန်းနိုင် တယ် ဘာ ကြောင့် လည်း ကျွန်မ တို့ ရဲ့ ပြည်သူတွေရဲ့ အသံက အဓိကကျတယ် အဲဒါကို ကျွန်မတို့ လိုမျိုး အရပ်ဘက် အဖွဲ့အစည်းတွေ စည်းရုံးလှုပ်ဆော်ရေး လုပ်တဲ့လူမျိုးတွေက အဲ့ဒီ အသံ တွေ ကို ကျွန်မ တို့က ခုနက နိုင်ငံတကာ ရဲ့ ရှေ့မှောက် ကို အစည်းအဝေးခန်း ထဲမှာ ကို သူတို့ ရှေ့မှာ ကို သယ်သွား ပေး နိုင် တဲ့ အတွက် ကြောင့် မို့ လို့ ခုန က ဆုံးဖြတ်ချက်တွေ က ဒီ ပြည်သူ တွေ ရဲ့ အသံ နဲ့ လိုအပ်ချက်ကို ထင်ဟပ်တဲ့ဟာမျိုးတွေကိုလည်း ကျွန်မတို့ အများကြီး တွေ့ရပါတယ်ဟုတ်ကဲ့
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ် ကျွန်တော်တို့ ဒီ နိုင်ငံတကာ မှာ အလုပ် လုပ် ပုံ တွေ နဲ့ ပတ်သက် ပြီးတော့မှ ပြည်သူတွေ ဆရာမဆွေးနွေးချက်ကနေ သိလာမယ် သူတို့ ပူးပေါင်း ပါဝင်နိုင်တဲ့ ကဏ္ဍတွေကို ပိုသိလာလိမ့်မယ်လို့ မျှော်လင့်တယ် ဆို တော့ အဲ့ဒီနည်းနာမှာ ဆရာမ တို့ ကိုယ်တိုင် လည်း အခု campaign တွေ တောက်လျှောက် ဦးဆောင် နေ တဲ့ ဟာ တွေ ရှိ တယ် ဆို တော့ ပြည်သူ ပူးပေါင်း ပါဝင်မှု ကဏ္ဍ မှာ အခု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တဲ့ သပိတ် အင်အား စု တွေ မှာ ပါဝင် ချင် လာ နောက် တဖက် မှာ ဆို social media မှာ ကမ်ပိန်း တာမျိုး တွေလည်း ရှိတယ် ဆိုတော့ ဒီဟာ မျိုး တွေ က ရော ဘယ်လို သက်ရောက်မှု ရှိမလဲ ဥပမာ အခု လောလောဆယ် ပြည်သူ တွေ အနေ နဲ့ လုံလုံခြုံခြုံ နဲ့ အခု နိုင်ငံတကာ ဆရာမတို့ လုပ်ဆောင် နေ တဲ့ Avocacy လုပ်ငန်း မှာ အား ဖြည့် ပေးနိုင် ဖို့ ပူးပေါင်း ပေး လို့ ရနေ တဲ့ နည်းလမ်းလေး တချက်လောက်ထပ်ဖြည့် ဆွေးနွေးပေးပါအုံးခဗျ
Khin Ohmar – ကျွန်မ မြင် တာတော့ social mediaတော့ မြန်လည်း မြန် တယ် ကျွန်မတို့ အများကြီး ဟို ပိုပြီး ကြီးကြီးလည်း လုပ် လို့ ရ တယ် ပေါ့ နော် အဲ့တော့ ဒီ social media ကို သုံးပြီး တော့ မှ ကျွန်မတို့ campaign လုပ် တဲ့ ကိစ္စ တွေ အခု ဆို ရင် အာဆီယံဆမ်းမစ် နောက် ၂ ပတ် ဆို လာ တော့ မယ် အဲဒီ အတွက် ကို ပဲ ကမ်ပိန်းတွေ စကြ ပြီး ဒါ လည်း အရေးကြီး တယ် ဒါပေမဲ့ ခုန က ကျွန်မ ပြော နေ တဲ့ မြေပြင် ပေါ် မှာ ရှိ နေ တဲ့ လူထု ရဲ့ အသံ ကျတော့ ခုန က social media ပေါ်မှာ ရောက် ဖို့ အတွက် က ပြည်သူလူထု က သူ တို့ ရွာ ရွာ ထိပ် မှာ လား ဒါ မှမဟုတ် လို့ ရှိ ရင် သူ တို့ ရဲ့ လယ်ကွင်း ပေးမှာလား နော် ဒါ မှမဟုတ် လို့ ရှိ ရင် သူ တို့ ရဲ့ ဘုန်းကြီးကျောင်း နား မှာ လား ဆန္ဒပြ တဲ့ ဥစ္စာ မျိုး သူ တို့ ရဲ့ ဒီ လာ ပိုစတာတွေ ကိုင် ပြီး တော့ မှ သူ တို့ ကိုယ်၌ က အသံ နဲ့ ဗီဒီယို နဲ့ message ပေး တဲ့ ဥစ္စာ အများ ကြီး လုပ် လို့ ရ တယ် ပေါ့ နော် တခုကတော့ ဘယ်နေရာမှာ သွားစု ကြ မလဲ ဆို တဲ့ နေရာ မှာ ခုနက ဒီ စစ်အုပ်စု ဗုံးကြဲတဲ့ဒဏ်ကိုလည်း ကျွန်မတို့ ဂရုစိုက် ရ တဲ့ အခါ ကျတော့ ကျမတို့ အမြဲတမ်း အားပေး လေ့ ရှိ တာ က အဲ့လို မျိုး အသံ ပေး ချင် တဲ့ ပြည်သူ တွေ ကို ဘယ် နေရာ မှာ လုပ် တယ်လို့ လည်း ပြော စရာ မ လို သလို ဘယ် နေ့ မှာ လုပ် တယ်လို့ ပြော စရာ မ လို ဘူး လေ နော် ပြီး သွား တော့ ကျွန်တော် တို့ က အခု ချက်ချင်း လုပ် အခု ချက်ချင်း ကောက် တင် နေရာ တွေ့ ပြီး တော့ မှ ခုန က အမ်း သူတို့ အကြမ်းဖက်ခံ ရ မယ့် ဟာ မျိုး ဗုံးကြဲ ခံရ မဲ့ ဟာ မျိုး တော့ ဖြတ် လို့ မ ရ ဘူး ပေါ့ အဲဒီတော့ လုံခြုံရေး အရ လိုအပ် ချက်တွေ ကို ကျမတို့ အကောင်းဆုံး ဖြည့်ပြီးတော့မှ ပြည်သူတွေရဲ့အသံကို ဖေါ်ပေးလို့ရတယ် လွတ်မြောက် နယ်မြေ မှာ ရှိ တဲ့ ကိုယ့် နေရာ မှာ ကို လမ်းပေါ် မှာ ပိုစတာ ကိုင် တဲ့ ဟာ မျိုး လည်း ရှိ နိုင် သလို အိမ် ထဲ မှာ နေ ပြီး တော့ မှ ကျွန်မတို့ ဒီ စာရွက်ပေါ် မှာ နော် တူညီတဲ့ message လေးတွေ နဲ့ မျက်နှာ ကို ဖုံး ပြီး တော့ မှ ကိုယ့်သက်ဆိုင်ရာ သက်ဆိုင်ရာ ဥပမာစထရိုက် ကော်မတီ တွေ ရှိ တယ် ဆို တော့ ဒီလို စထရိုက်ကော်မတီ တွေ က တစ်ဆင့် တခြား အရပ်ဘက် အဖွဲ့အစည်း တွေ က ကျွန်တော် တို့ ဆီ မှာ အဆို ပြည်သူ့အသံ ဆိုပြီးတော့ မှ website, မှာ သေချာပေးစ်ထားပြီးတော့ သေချာတင်ပေး တယ် အဲ့တော့ အဲ့လို မျိုး အသံတွေ ကို နော် social media ကနေ ပြီးတော့ မှ, video, message, လား ဒါ မှမဟုတ် လို့ ရှိ ရင် စာရေး ပြီးတော့လည်း တင် လို့ ရ တယ် နာမည် ထည့် ရ မှာ ကို စိတ်ပူ တဲ့ သူ တွေ ကို နာမည် ဖွက်ထား ပြီး တော့ မှ ငါတို့ အရေအတွက် ကိုပဲတောင်းတယ် ဆို တော့ ပြော ချင် တာတော့ platform တွေ အများ ကြီး ရှိ တယ် ဒါပေမဲ့ ကျွန်တော်တို့ organizer စာတွေ လိုတယ် organizer တွေက လက်နက်ကိုင် တော်လှန်ရေး ရှေ့ အရမ်း ရောက် လာ တဲ့ အခါ ကျတော့ သာမန် ပြည်သူလူထု ရဲ့ အခန်းကဏ္ဍ သူတို့ သည် စစ်တပ် ပြုတ်ကျ ရေး အတွက် ကို သူတို့ အရမ်း ဖြစ်စေ ချင် တယ် သူ တို့ ဘဝ တွေ လည်း သူတို့ရင်းထားရပြီးပြီ အဲ့တော့ သူတို့ ပါ နိုင် တဲ့ နည်း ကို ကျမတို့ တော်လှန်ရေး အင်အားစုတွေ ကလည်း ကြည့် ပေးရမယ် ရှိ တယ် ဥပမာ ဆို လို့ ရှိ ရင် ကျွန်မမြင်တာက သာမန် ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြီး တော့ မှ နော် နောက်ဆုံး စစ်အုပ်စု ရဲ့ တပ် စစ်တပ် ကုမ္ပဏီတွေ သူတို့ မိသားစုတွေ ထုတ် တဲ့ ကုမ္ပဏီ ပစ္စည်း တွေ ကို မဝယ် ဘဲ နဲ့ သပိတ် မှောက် တာ တို့ ဘာ တို့ အပါအဝင် ပေါ့ အဲ့ဒီ ဘက် အပိုင်း တွေ ကို ကျွန်မတို့ ပို ပြီး တော့ မှ ဒီ ကာလ မှာ ပြန် ပြီး တော့ မှ အားစိုက် ပြီး လုပ် နိုင် တဲ့ မြေပြင် သပိတ် အင်အားစုတွေ ရှိတယ် ဆိုရင် ကျွန်မ ထင်တာ က ပြည်သူလူထု ပါဝင်မှု ကို ကျွန်မ တို့ က လမ်းပို ဖွင့် ပေး နိုင် မယ် အဲဒီ လို မျိုး ဖွင့်ပေး တဲ့ အခါ မှာ လုံခြုံရေး တော့ ဂရုစိုက် ရ မယ် ဒါပေမဲ့ ပြည်သူတွေ ပါဝင်နိုင်တဲ့ နည်းနာ ကို သေချာ လုပ် ပြီး တော့ လုပ် နိုင် တယ် ဆို ရင် စစ်ရေး က အရှေ့ မှာ အရမ်း ရောက်ပြီး တော့ သွားနေတဲ့ တချိန် တည်း မှာ ပဲ ကျမတို့ ဒီ နိုင်ငံရေး အံတု မှု လို့ ပဲ ခေါ် ခေါ် ငြိမ်းချမ်းစွာ ဆန္ဒပြ တဲ့ non-form, non-movement လို့ ပဲ ခေါ် ခေါ် ဒီနှစ်ခုက ကျမတို့ ဘာပဲပြောပြော ဟန်ချက်ညီ ပြီး တော့ ပို သွားလာ နိုင် ရင် ခုန က တော်လှန်ရေး ရဲ့ အား ဟာ သာမန် ပြည်သူ တွေ ရဲ့ အသံ ဟာ ခုန က နိုင်ငံတကာ က လည်း ပိုပြီးတော့ ကြား ခွင့်ရှိ လာရင် ခုနက လက်နက် ကိုင် တဲ့ သူ တွေ လက်နက် ကိုင် နေ တယ် ဟလား အရပ်သားပြည်သူ တွေ က သူတို့ ငြိမ်းချမ်းစွာ တောင်းဆို နေ တယ် ဆို တဲ့ ဟာ နှစ်ခု ပေါင်း ရင် အဲ့ဒီ အင်အား က နိုင်ငံတကာ မှာလည်း ပိုပြီး တော့မှ ထိရောက်ပြီး တော့မှ တကယ်ကို strong ဖြစ် တာ မျိုး ဖြစ် ပါ လိမ့် မယ်
ဆလိုင်း ဒိုခါရ် – ကျေးဇူးတင်ပါတယ် ဆို တော့ အခု ကျွန်တော်တို့ လက်ရှိ တော်လှန်ရေး က ဆရာမ ရဲ့ အတွေ့အကြုံပိုင်းမှာကို ချိန်ပြီးတော့မှ ဆွေးနွေး စေလိုတာက အခု ကျွန်တော်တို့ တော်လှန်ရေးရလဒ်က ဘယ်ကိုဦးတည်နေပြီလဲဆိုတာကို ဆရာမ မျှော်မှန်းထားတဲ့ တော်လှန်ရေးရလဒ် ပုံ ပေါ် နေ ပြီ သိ လား အဲ့ဒီ ပေါ် မှာ လည်း နည်းနည်းဆွေးနွေး သုံးသပ် ပါအုံး
Khin Ohmar – ရှစ်လေးလုံး နောက်ပိုင်း နဲ့ အခု ကာလ နဲ့ ကြည့် လို့ ရှိ ရင် တော့ ကျွန်မ ယုံကြည် တဲ့ ကျမ မျှော်မှန်းတဲ့ ကျမ ဖြစ်စေ ချင် တဲ့ နိုင်ငံရေး ဘွဲ့တခုက ကျွန်မ ဖြတ်သန်းခဲ့တဲ့ ခေတ် ထက် စာရင်တော့ ပိုပြီး နီးသွား ပြီ လို့ အဲဒါကို ကျွန်မ တထစ်ချယုံတယ် ကျွန်မ တို့ ခေတ် တုန်း က မ ရှိ ခဲ့ တဲ့ အင်အားတွေ ခွန်အား တွေ creativity တွေ ပြီးတော့ resource တွေ ဟန်ချက်ညီ မှု တွေ အများ ကြီး တွေ့ ရ တဲ့ နိုင်ငံရေး အရ ရော တပ်ပေါင်းစု တွေ နဲ့ ဖွဲ့စည်းပုံ တွေ နဲ့ ပြန် စုကြ ဦးဆောင်မှု အဆင့်ဆင့် ကို ကျမ တို့က system ကို တည်ဆောက် လိုက် နိုင် တယ် ပေါ့ နော် စစ်အုပ်စု မဖြစ်မနေ ဖယ်ရှား မှ ရ မယ် ဆို တဲ့ အထဲ မှာ နောက်ထပ်တခု က ဘာ လဲ ဆို တော့ ကျွန်မ ၁၉၉၈-၉၉ လောက် မှာ ဆိုရင် ကိုယ်တိုင် research တွေ လုပ် ခဲ့ ဖူး တယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကား ခံ ရ တဲ့ တိုင်းရင်းသူ အမျိုးသမီးတွေ ကျမ အများကြီး တွေ့ ဖူး တယ် ပြော ချင် တာ က အဲဒီ ကာလ တုန်း က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခွင့် ဆိုတာက တန်းတူ ပါဝါ နဲ့ ရှိ မှာ ပဲ ဒီ union ဆိုတဲ့ ဥစ္စာ က မှန်ကန် မယ် ဆိုတာကို အဲ့ထဲ က ကျွန်မ မြင် တယ် ဒါပေ မယ့် အဲ့ဒီ ကာလ မှာ ကျွန်တော်တို့ လုပ် နိုင် ခဲ့ တဲ့ ဥစ္စာ က မြန်မာနိုင်ငံ ထဲ မှာ က ထောင် ထဲ ရောက် တဲ့ သူ က ရောက် နေ တာ က လွဲ ရင် ကိုးဆယ် ရွေးကောက်ပွဲ မှာ ပါသွား တဲ့ နိုင်ငံရေး ပါတီ တွေ က လည်း နိုင်ငံရေး ပါတီ ဖြစ် သွား တာ နဲ့ နိုင်ငံရေး ကို ပဲ စဉ်းစား တဲ့ အခါ ကျတော့ စစ်အုပ်စု ရဲ့ နိုင်ငံရေး ကျော့ကွင်း ထဲ မှာပဲ ပြန် ဝင်ပြီး တော့မှ ပိတ် နေ တယ် ပေါ့ ဥပမာ ညောင် ၂ ပင် ညီလာခံ ၂၀၀၈ ဖွဲ့စည်းပုံ အ လုပ် ရေး ကိစ္စ ပေါ့ ကျွန်မတို့ တွေ ကျ တော့ အဲ့ ဒီ မှာ ကြည့် လိုက် တဲ့ အခါ မှာ ဖယ်ဒရယ် ဒီမိုကရေစီ ရ ဖို့ အတွက် မှာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ က တကယ်တမ်း မှန်ကန်တဲ့ ပါဝါ sharing ကို တန်းတူ ပေးမယ့် ဟာ မ ဟုတ် ဘူး ဆို တာ ကြီး က မြန် ပြီး ပြီ လေ နော် ဒီ ကာလ ကျတော့ ခုန က ကျွန်တော့်အမြင် ဒါက တော်လှန်ရေး က တစ်နိုင်ငံလုံး မှာ ဖြစ်တာ နေရာ အထူးသဖြင့် ဗမာ လူမျိုး အများစု ရှိနေတဲ့ နိုင်ငံ တစ်နိုင်ငံ မှာ ကျန်တဲ့ တိုင်းရင်းသား တွေ အားလုံး နဲ့ ဗမာ တိုင်းရင်းသား နဲ့ ကြား ထဲက တန်းတူညီမျှ လည်း ပါဝါ အာဏာ ကို ဖလှယ်ဖို့ လုပ်ဖို့ ဆိုလို့ရှိရင် ဖယ်ဒရယ် ဒီမိုကရေစီ ဆိုတာကို လူများစု ဖြစ်တဲ့ ဗမာ တွေ က သူတို့ ဒါကို သေချာ နားလည် ပေး ကြ ဖို့ လည်း ဟိုး အရင်တုန်း က ကျတော့ ဗမာတွေ နေ တဲ့ နေရာ တွေ မှာ က စစ်တပ် က ပါဝင် ပြီး မီးရှို့တာ မုဒိမ်းကျင့် ဒါ လူသတ်တာ မ လုပ် ဘူး လေ နော် မ လုပ် တဲ့ အခါ ကျတော့ ကိုယ်ချင်းစာစိတ် ဆိုတာ လည်း ကိုကြုံ မှပဲ ဖြစ်ကြတာကိုး ဒါကလည်း လူ့သဘာဝ ဒီလို ရှိတာကိုး အဲ့တော့ ဗမာ လူမျိုး အများစု ရှိ တဲ့ အညာ ဒေသ မှာ ဆို ရင် မှာ ကရင်ကိုလာ ကေအဲန်ယူကိုလားဆိုရင် ဒါ ဒါ သူပုန်ပဲပေါ့ အဲဒါ မျိုး ပေါ့ ဆိုတော့ ကျွန်မ တို့က နွေဦး တော်လှန် ရေးမှာ အဲဒီ ဟာ ကို ကျော် သွား တာ ကျွန်တော် မြင် တာ ဒါကြောင့်မို့လို့ ဖယ်ဒရယ် ဒီမိုကရေစီ ဖောင်ဒေးရှင်း ဟာ လောလောဆယ် မှာ ကျမ တို့က institution အရ infrastructure အရ အတိအကျ ကြီး မချ နိုင် သေး ပေ မယ့် လို့ သူ့ ဟာ နဲ့ သူတော့ ဒီ မျိုးစေ့က တော်တော်လေးရောက် သွား ပြီ တော် တော်လေးကျ သွား ပြီ လို့ ကျွန်မ မျှော်မှန်းတဲ့ ယုံကြည်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရ ဖို့ အတွက် အုတ်မြစ် ကတော့ တစ်စုံတစ်ရာ ရှိ နေ ပြီ လို့ ကျွန်မတို့ အဲလို ပြောတယ် ကျွန်မ ရှစ်ဆယ့်ရှစ် ထဲက မှန်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ဟာ ဘယ်လောက် အထိ နော် နီးလာသလဲ ဝေးလာသလဲ လို့ ပြော ရင် တစ်ဖက် မှာတော့ ဒီလေးတစ်ကား ကျမတို့ ခေတ် ထက်စာရင် နည်း လာ တယ် ဒါပေ မယ့် လို့ ဒီ လေးတစ် နီး လာ တဲ့ ခရီး ဟာ နိုင်ငံရေး သဘောထားကြီးကြီး နဲ့ ဗျူဟာမြောက် ဟန်ချက်ညီညီ နဲ့ လက်ချင်း မချိတ် နိုင်ဘူး နိုင်ငံရေး Political agreement သဘောတူညီမှု မလုပ်နိုင်ဘူး ပွတ် တိုက် မှု တွေ မ ဖြစ် အောင် လို့ သေချာလေး မဆွေးနွေး မညှိနှိုင်း နိုင် ဘူး အဖြေ မထုတ်နိုင် ဘူး ဆို လို့ ရှိ ရင် ဘယ်လောက်နီးသလဲဆိုတဲ့ ဥစ္စာက နီးမယ် လို့ ထင်ရင်းနဲ့ ပိုပြီးမှဝေး သွား ပြီ လား လို့ လည်း စိတ်ပူစရာ ဖြစ်နိုင် တယ် ဒါပေ မယ့် သေချာ တာ က ခုနှစ်ဆယ် ကျော် အုပ်ချုပ် ထား တဲ့ စစ်တပ်တခု ကို ဒီလောက်အဆုံးရှုံး များ ပြီး တော့ နောက် ဆုတ် နေ ရ တဲ့ ဆုံး ရှုံး နေ ရ တဲ့ အခြေအနေ မျိုး ကို ရောက် အောင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်း လုပ်ဆောင်မှု အနည်းနဲ့အများတစုံတရာ မရှိဘဲနဲ့ သွား လို့ မ ရ ဘူး ဒီ ခရီးမျိုး သေချာ တာ က မြောက် ဘက် က ပဲ တက်တက် အနောက် ဘက် က ပဲ လာ လာ အောက်ကပဲတက်တက် တောင် ဘက် က ပဲ တတ်တက် နေပြည်တော်မှာထိုင် ထားတဲ့ စစ်အုပ်စု ကို မဖယ်ရှား နိုင် ဘူး ဆို လို့ ရှိ ရင် ကျွန်မ ထင် တယ် ခုန က ဖယ်ဒရယ် ဒီမိုကရေစီ အားလုံး peaceful for coexistence နဲ့ နေသွားဖို့ တည်ဆောက် ဖို့ frame ချဖို့ ဆိုတာကတော့ ဝေးနိုင်သေးတယ်လို့ပဲ ကျမအဲ့လို ပြောချင်တယ်
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ အခုလက်ရှိ ကျွန်တော် တို့ မြန်မာနိုင်ငံ တော်လှန်ရေး က နိုင်ငံတကာ နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ပေါ် မှာ အောင်မြင် မှု အပိုင်း ကို သိပ် မ မြင် ပေးတဲ့ မေးခွန်းထုတ်စရာ မြင် တဲ့ အပိုင်း တွေ ပိုပြီးတော့မှမြင် တဲ့ ဟာ တွေ က ရှိ နေ တယ် ဆို တော့ အခု အဲ့ဒီ ဟာ ပေါ်မှာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ မြန်မာ့အရေး အပေါ် ချဉ်းကပ် နေ တဲ့ ပုံစံ တွေ အာဆီယံတွေအနေနဲ့ ချဉ်းကပ် နေ တဲ့ ပုံစံ တွေ ကော ဘယ်လို မြင်သလဲ ဒီ အပေါ် မှာ ဆို ရင် ဘယ် နိုင်ငံ က အားရ စ ရာ အကောင်းဆုံး ဖြစ်မလဲ အထူးသဖြင့် တရုတ် ဆိုရင်တော့ သူ ၂ ဖက်လုံး ကို ခွာ ပြီးမှ ချဉ်းကပ် တယ် ဒါပေ မယ့် သူ့ကိုယ်ကျိုးကိုပဲ ဗဟိုချက်ထားပြီးတော့မှ ချဉ်းကပ်တယ် အိန္ဒိယ ဆို ရင် စကစ ကိုပဲ သူ ချဉ်းကပ် နေတယ် ထိုင်း ဆို လည်း တဖက် ကို ချဉ်းကပ် တယ် ဒါပေမဲ့ ထူးထူးဆန်းဆန်း ဒီလာအိုဖက်က ဘာအသံမှ မထွက် တဲ့ ပုံစံမျိုး နေ နေ တယ် ဆို တော့ ကျနော်တို့ တော်လှန်ရေး အတွက် အိမ်နီးချင်း နိုင်ငံ က လာအိုလိုအသံ တိတ် နေ တဲ့ ဟာ က ပို ပြီး တော့ မှ အကျိုး ရှိသလား ကူရင်ကူသလိုလို လုပ်ပြီးတော့ မှ ကိုယ့်ကိုယ်ကျိုးကိုပဲရှာနေတဲ့ တရုတ်က ပို အကျိုး ရှိမလား ဘယ်လို ပုံစံမျိုး နေ ခြင်းအားဖြင့် ဒါ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ တော်လှန်ရေးကို ပိုပြီးတော့မှ ကျွန်တော် တို့ အိမ်နီးချင်း နိုင်ငံ တွေ အနေ နဲ့ ပို အကျိုး ပြုစေ သလဲ ဆို တဲ့ ဟာ ပေါ် မှာ ခြုံငုံပြီးတော့မှ သုံးသပ်ပေးပါအုံး
Khin Ohmar – တရုတ် ကတော့ ကျွန်မ ထင်တာ က အိမ်နီးချင်း ထဲ မှာ ကျွန်တော် တို့ ပြည်သူ တွေ အတွက် ဒုက္ခပေး ဆုံ လို့ ပြော ရ မယ် ဘာလို့လဲဆိုတော့ သေချာ တာ က သူ သည် စစ်အုပ်စု ကို နိုင်ငံရေး အရ နိုင်ငံတကာ သံခင်းတမန် ခင်း သည် နိုင်ငံတကာ စင်မြင့် မှာ ရော နိုင်ငံရေး အရ ရော တရားဝင် မှု တွေ ပေး ပြီး တော့ မှ အသိအမှတ်ပြု ပြီး တော့ မှ စစ်အုပ်စုလုပ်သမျှ တွေ ကို လိုက် ထောက် ခံနေ တာတွေ မကဘဲ နဲ့ ပြည်သူ တွေ ကိုသတ်ဖို့ အတွက် ကိုပါ အခုထိ ဒရုန်းတွေ ရောင်း တာ အပါပဲ ဒရုန်းရောင်း တာ တောင် မှ သူက ရိုးရိုး ပစ္စည်းတွေ ချည်းပဲ ရောင်းတာ မဟုတ်ဘူး သူက သေချာ တပ်ပေး ပြီး တော့ မ ရောင်းတာနော် ဒါကြောင့်မို့ ကျွန်မတို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ ဒီ ကိစ္စ နဲ့ ပတ်သက် ပြီး တော့ မှ ဆုံးဖြတ်ချက် ထဲ မှာ ထည့် ဖို့ ဆိုရင် တရုတ်က ခါးခါးသီးသီး ငြင်းပြီး တော့ အတင်းကို ဒီ ဆုံးဖြတ်ချက် ထဲမှာ လက်နက် နဲ့ ပတ်သက်တဲ့ စာသား ကို ဖယ် ဖို့ပဲ သူက ကြိုးစား ဘာကြောင့်လဲ သူ ရောင်းနေတာ သူ သိတယ် လေ အိမ်နီးချင်း နိုင်ငံ တွေ က သူ တို့ ရဲ့ နယ်နိမိတ် တွေလည်း ပိတ်ထား အာ နောက်ဆုံး မတော်တဆ ခဏလေး ဟို ဘက် မှာ ဗုံးကြဲ လို့ လက်နက်ကြီး ထုလုပ် ခဏလေးမှာ ထိုင်း လိုမျိုး ဝင်ပြီး ခဏပြုရင်တောင် မှ ၂၄ နာရီ အတွင်း မှာ ဟို ဘက် မှာ အမြောက် သံ မကြားတော့ဘူး ဆို လို့ ရှိ ရင် ပြန်ပဲ အဲ့လို မျိုး ပေါ့ အိန္ဒိယ ဆို လည်း အကုန် အခုဆို ပြန်ပို့ တာ တွေ ဖြစ် ကုန် ပြီ တရုတ် ဆို ပို ဆိုး တာ ပေါ့ တရုတ် ဆိုလို့ရှိရင် ဒါ တံတိုင်း မှာ လုပ် လိုက် တယ် နော် ဆို တဲ့ အခါ ကျတော့ ကျွန်မ တို့ ရဲ့ အိမ်နီးချင်း နိုင်ငံ တွေ ဒီ သူ့ နိုင်ငံ ရဲ့ နိုင်ငံရေး စီးပွားရေး စစ်ရေး အကျိုးစီးပွား ကို ပဲ ကြည့်ပြီး တော့ မှ ကျွန်မ တို့ နိုင်ငံ ကို သူ တို့ နိုင်ငံ အကျိုးစီးပွား နဲ့ ပဲ ထွက် တာ အဲ့လို ပဲ ကျွန်မ ခြုံ ပြီး ပြော ချင် တာ အိန္ဒိယ ဟာ ကမ္ဘာ မှာ အကြီးဆုံး ဒီမိုကရေစီ အဲ့ဒီ အကြီးဆုံးသော ဒီမိုကရေစီ အခု ဘာ လုပ် လဲ သူ့ ရဲ့ နိုင်ငံရေး စီးပွားရေး စစ်ရေး စဉ်းစားချက် သည် အရှေ့မျှော် စီးပွားရေး အရှေ့ မျှော် ကြည့် တဲ့ ပေါ်လစီ ပဲ ဖြစ် တဲ့ အခါ ကျတော့ သူ့ နိုင်ငံ အကျိုးစီးပွားထည့်တွက် တာပဲ တဖက် မှာလည်း မြန်မာနိုင်ငံ ထဲမှာ တရုတ်ရသလောက် အိန္ဒိယ ရော ရချင်လား ရောက်ချင်လား ဆို တော့ သူ က လည်း ရောက် ချင် တယ် ပြောရမယ် ဆိုရင် အိမ်နီးချင်း နိုင်ငံ နှစ်ခု စလုံး အကြီး ကြီး လေ အဲ့ဒီ အခါ ကျတော့ ကျွန်မ တို့ ဆီ က နေ ပြီး တော့ မှ ဘယ်လောက် ရ မလဲ ဆို တဲ့ အပေါ် မှာ ဘယ်သူ က ငါတို့ ဘယ်လောက် ပေး မ လဲ ဆို တာ နဲ့ တွက် တဲ့ ဟာ မျိုး ကြည့် ကြည့် တော့ အမှန်ပြော ရင် တော့ အမြဲတမ်း ကျွန်မ criticize လုပ်ပြီး ဝေဖန် လေ့ ရှိ တာ က လက်ရှိ နော် အိမ်နီးချင်း နိုင်ငံ တွေ ရဲ့ ခေါင်းဆောင် သို့မဟုတ် အစိုးရ တွေ ရဲ့ နိုင်ငံရေး အမြော်အမြင် စီးပွားရေး အမြော်အမြင်သည် အင်မတန်မှ မျက်မွှေး တစ်ဆုံးစာလောက် ပဲ ကြည့်တယ် ကျမ အမြဲတမ်း ပြော လေ့ရှိတယ် သူတို့ ထိုင်း မှာ ဆို ကျမအမြဲတမ်း ပြော လေ့ရှိတယ် ထိုင်း လူ တွေ ကို နယ်စပ် အရှေ့ဆုံး ရှိနေတဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ် နေ တဲ့ အပေါ် မှာ မြန်မာ မှာ ဖြစ်သမျှ ပြဿနာ ဟာ သူတို့ကို သူတို့ ခြံစည်းရိုးဘယ်လောက် ကာကာ မြန်မာနိုင်ငံ မှာ ပြဿနာ မ ဖြေ ရှင်း နိုင် သမျှ ကျွန်မတို့ ပြည်သူတွေ ဒီ သည် အိမ်နီးချင်း နိုင်ငံ တွေ ကို သူ တို့ ရ တဲ့ နည်း နဲ့ ရ တဲ့ အပေါက် ကနေ ပြီးတော့မှ ဝင် ရ မှာ ပဲ ဆို တဲ့ ဥစ္စာ ဟာ လူသားတိုင်း ရဲ့ survival in state ပဲ ဒါ နော် ကိုယ့် အသက်ရှင်သန်ရေး အတွက် ကို ကြိုးစား တာ ပဲ မြန်မာနိုင်ငံ မှာ ဒီလောက် သဘာဝဘေး အန္တရာယ် ဆိုးဆိုးဝါးဝါး ခံနေရ တဲ့ ဥစ္စာ သည် ရှင်းရှင်း ပြော ရရင်တာ တရုတ်လည်း ရောက်တယ် ထိုင်းဆိုပိုရောက်တယ် ဒါကို သူ တို့ က မျက်စိတဆုံး ကြည့်တတ် တယ် ဆို လို့ ရှိ ရင် မြန်မာနိုင်ငံ မှာ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်း ရေးကို ရစေတဲ့ နိုင်ငံရေး အဖြေ သာလျှင် သူတို့နိုင်ငံ နဲ့ သူတို့ လူမျိုး အတွက် သူ တို့ ရဲ့ ပြည်သူ တွေ ရဲ့ အနာဂတ် မျိုးဆက် တွေ အတွက် အကောင်းဆုံးသော အဖြေ ဖြစ်တယ် ဆိုတာကို သူတို့ မြင် အောင် ကျွန်မတို့ ပြောရမှာ ဖြစ်တယ် အိမ်နီးချင်း နိုင်ငံ တွေ ရော အာဆီယံ ဒေသတွင်း နိုင်ငံတွေ မှာပါ နော် ကျွန်မတို့ ပြည်သူတွေ လုပ်နေတဲ့ တော်လှန်ရေး ဒီ မြန်မာနိုင်ငံ မှာ က ရေရှည် တည်တံ့ ခိုင်မြဲ တဲ့ ငြိမ်းချမ်းတဲ့ တည်ငြိမ် တဲ့ အဖြေ ၁ ခု ရ ဖို့ ဆိုတာကို အခုချိန် ထိ သူတို့ မမြင် သေးဘူး ကျွန်မတို့ ဘယ်လောက် ပြောပြ အဲဒါတော့ ကျွန်တော်တို့ တော်တော် စိတ်ပျက်စရာ ကောင်း တယ် ကျွန်တော်တို့ ဒီတိုင်း ထားလို့ မရဘူး ငါ တို့ အားလုံး တက်ညီလက်ညီ နဲ့ ကျွန်မတို့ ပြည်သူ တွေ ရဲ့ အသံ နဲ့ ဘာ ဒါကို ကျွန်တော်တို့ သူ တို့ လုပ် နေ တဲ့ လမ်းကြောင်း ကို ကျွန်တော်တို့ လက်မခံ ဘူး ဆို တဲ့ ဟာ ကို ကျွန်မ တို့ ဘက် က သေချာ ပြော ဖို့လည်း လိုပါလိမ့်မယ်
ဆလိုင်း ဒိုခါရ် – ဟုတ်ကဲ့ လက်ရှိကျွန်တော်တို့ တော်လှန်ရေးအင်အားစုတေဟာ မျိုး ပေါ်မှာ အနီးစပ်ဆုံး ကိုယ်ကျိုး အတူ ဆုံး ဖြစ်တဲ့ အိန္ဒိယ ဟာ မျိုး အနေနဲ့ ဘယ်လို ပုံစံမျိုး ကျနော် တို့ကို ကူညီ သင့် တယ်လို့ မြင် တယ် ဟုတ် တာ ဆွေးနွေး ပေးပါဦး
Khin Ohmar – အိန္ဒိယ ကို ကျွန်မတို့ ဘာ အကူအညီတောင်း ဖို့ လိုမလဲ ဆိုတော့ နယ်စပ် ဖြတ်ကျော် တဲ့ လူသားစာနာ အကူအညီ ကျန်းမာ ရေး ကိစ္စ တွေ အနည်း နဲ့ အများ တော့ သူတို့ လွှတ်ပေး နေ တာ တော့ ရှိ တာ ပဲ လေ ကျွန်တော်တို့ သိတာ ပဲ ဒါပေ မယ့် အဲ့လို မဟုတ်ဘဲ နဲ့ တော်လှန်ရေး အင်အားစုတွေ ဒီ အဲ့ဒီ နယ်မြေ ကို စိုးမိုးထားတဲ့ အုပ်ချုပ် နေ တဲ့ local government တွေ ဖြစ် သွား ပြီ ဆို တာ ကို နိုင်ငံရေး အရ အသိအမှတ်ပြုမှု ပါ ရှိလာ အောင် လို့ နယူးဒေလီ မှာ ဘာ ဆွေးနွေး မှုတွေ လုပ်ဖို့ လို ပါ တယ် ကျွန်တော် မြင် တာ ပေါ်လစီ ကို ကျမတို့ package မလိုက် ကိုယ့်ဘက် ကနေ ပြီးတော့မှ propose လုပ် တဲ့ ဟာ နယ်စပ် ဖြတ်ကျော် တဲ့ အကူအညီ မဖြစ်မနေ လိုတယ် အထူးသဖြင့် ဆေး အိန္ဒိယကဆေးဝယ် ကျွန်မတို့ နိုင်ငံမှီခိုရတာလဲ အိန္ဒိယနယ်စပ်ကပဲ ဝင် တာ ပဲ ပြီး သွား တော့ ဘာ လဲ ဆို ရင် ဆက်သွယ်ရေး ကိစ္စတွေ ဆက်သွယ်ရေး လို့ ပြော တဲ့ အခါ မှာ လူ တွေ ကို အသက်ကယ် လို့ရတဲ့ ဆက်သွယ်ရေး ပစ္စည်း တွေ ရှိ တယ် နောက်ဆုံး ကျွန်မတို့ ဒီ Live vehicle လို မျိုး ကိစ္စ တွေ အပါအဝင် နော် ပြီး သွား လို့ ရှိ ရင် အာ ဆက်သွယ်ရေးစက် တွေ အပါအဝင် မိုင်း ကိစ္စတွေ လောလောဆယ် မှာ တင်မယ် တော်လှန်ရေး လုပ်နေတဲ့ pdf လူငယ်တွေ အပါအဝင် မှာက မိုင်း ဟို ရှိစုမဲ့စုနည်းနဲ့ပဲ ကြိုးစား ပြီး တော့ မှ မိုင်း ရှင်း နေ ရ တာ မိုင်း ရှင်း နဲ့ ကိုယ် ထိလည်း ခြေပြတ် လက်ပြတ် အိုကေ ဒါဆိုလို့ရှိရင် အိန္ဒိယ က နည်းပညာ အရ ရော ပစ္စည်း အရကော သူဘာ လို့ မ ကူညီ နိုင် ရ မှာ လည်း ဒါ မျိုး တွေ ကို ကျွန်မ တို့က သူတို့ကို သေချာ မေး လို့ ပြော လို့ ရ တယ် စီးပွားရေး အရ နယ်စပ် စီးပွားရေး အရ ဆက်သွယ် ပြီး လုပ် လို့ ရ မယ့် ဟာ မျိုး တွေ လည်း ကျွန်မတို့ ပြောသင့်တယ် အိန္ဒိယ ကို ကျမတို့ ထပ် ပြော သင့်တာ ပါ လဲ ဆို တော့ သူတို့ သည် နိုင်ငံ ကြီး လည်း ဖြစ် တဲ့ အတွက် ကြောင့် မို့ လို့ အနည်းဆုံး တော့ လေယာဉ်ဆီဖြတ်တောက် ရေး ကိစ္စ ကို တခြား နိုင်ငံ တွေ နဲ့ ပူးပေါင်း ပြီး တော့ မှ သူ တို့ ဦးဆောင် ဆောင်ရွက် ပေး ပါ ဆို တာ လောက် တော့ ကျွန်မတို့ တာ မျိုး တွေ တော့ သူ တို့ ပြော ဖို့ လိုမယ်
ဆလိုင်း ဒိုခါရ် – နောက်ဆုံး ပိုင်း အနေနဲ့ ကျွန်တော် မေး ချင် တာ က အခု ဒီ လား ရှိုး ကို တရုတ် ရဲ့ စွက်ဖက်မှု ကြောင့် ပြန် ပေး လိုက် ရ တဲ့ ဟာ ရှိ သလို ဟာ ဒီ အနောက် ဘက် ခြမ်း မှာ ဆို ရင် တော့ လည်း အိန္ဒိယ ဘက် ကနေ နယ်စပ်ဖြတ်ကျော် ခြံစည်းရိုး ခက် တယ် ဆို တဲ့ ဟာလေး တွေ အပါအဝင် နီးစပ် မှာ လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ ကျဆုံး သည် အထိ အိန္ဒိယ ဘက် က လုပ်ဆောင် တဲ့ ဟာ တွေ ရှိ လာ တဲ့ အခါ ကျတော့ ဒီ အပေါ် မှာ တရုတ် နဲ့ အိန္ဒိယ နိုင်ငံကြားမှာ ကျွန်တော် တို့ မြန်မာ ပြည်သူတွေအနေနဲ့ ဘယ်လို ရုန်းကန် နေထိုင် ရ မလဲ ဆို တဲ့ ဟာ ပေါ် မှာ မေးခွန်းထုတ်စရာ တစ်ခု အနေနဲ့ မြင်လာ ကြတာ ဖြစ်တယ် ဆိုတော့ ဟို အိန္ဒိယ ဟာ မျိုး ဆို တကယ် အင်အားကြီး နိုင်ငံ ၁ ခု အဖြစ် ကမ္ဘာက အသိအမှတ်ပြုလာပြီးတော့မှ ယူကရိန်း နဲ့ ရုရှား အရေး တောင်မှ ကြားဝင် ပေး ဖို့ ကြိုးစား တဲ့ ထဲ မှာ ပါ ခဲ့ သေး တယ် ပေါ့ နော် အဲဒီ လောက် ကြီး ကို တောင် သူ confident ရှိ တဲ့ နိုင်ငံ ၁ ခု ဖြစ် လာ လျက် သား နဲ့ သူ့ အိမ်နီးနား ချင်း က တရုတ် လွှမ်းမိုးမှု အောက် ကို တဖြည်းဖြည်း ဝင် သွား နေ တဲ့ ခေါင်းဆောင် တွေ ဦးဆောင်နေတဲ့ နိုင်ငံ ကို သူ့ အနေနဲ့ ငြိမ်းချမ်းရေး ကဏ္ဍ ကို အခင်းအကျင်း သူက ဦးဆောင်ပေးဖို့အတွက်ကော မဖြစ်နိုင်ဘူးလား အိန္ဒိယ ရဲ့ အခန်းကဏ္ဍ ကို နောက်ဆုံး ခြုံငုံပြီးတော့မှ သုံးသပ်ပေးပါအုံးခဗျ
Khin Ohmar – ကျမ ရဲ့ အမြဲတမ်း propose လုပ် မှု သည် ဘာလဲဆိုတော့ india ရယ် ထိုင်း ရယ် တရုတ် ရယ် သူတို့ကို ဆွေးနွေး နိုင် ဖို့ အတွက် ကို ကျွန်မ တို့က ကြားခံ လိုတယ် လို့ ကျွန်မ မြင်တယ် ဥပမာ နော်ဝေး လို မျိုး ဖင်လန်လိုမျိုး ဒိန်းမတ်၊ ဆွီဒင်နော်.uk ဆိုလို့ရှိရင် လုံခြုံရေးကောင်စီ မှာ မြန်မာနိုင်ငံ ကိစ္စ အတွက် ဆိုရင် သူသည် Bank Holderလို့ ကျွန်မတို့ ခေါ် တာ ပေါ့ နော် မြန်မာနိုင်ငံ ကိစ္စ ဆိုရင် သူပဲ ဦးဆောင် ပြီး လုပ် ရ တာ ဆို တော့ ဒီ နိုင်ငံ တွေ က အိန္ဒိယ နဲ့ သေချာ ဆွေးနွေးတာ ညှိနှိုင်းတာ ပြောတာ တရုတ် နဲ့ ထိုင်း နဲ့ အဲ့လို မျိုး သေချာ ပြော တာ ဆို တာ ညှိနှိုင်း ဆွေးနွေးတာ လိုနေတယ် likeminded leadership ၁ ခု လို နေ တယ် လို့ ကျွန်မက သံတမန် တွေ ကြားမှာ အမြဲတမ်း propose လုပ် လေ့ရှိတယ် international actor တွေကို ကျမတို့ မက်အောက် လုပ်လိုက်လို့ရှိရင် ကျွန်မ တို့ လို ချင် တဲ့ အဖြေ ကို လုပ်ဖို့ အတွက် အိမ်နီးချင်း နိုင်ငံ တွေ မပါ လို့ မရဘူး ဆိုတာက အားလုံး နားလည် ပြီး သား ကိစ္စ ဖြစ် တယ် ဒါပေ မယ့် အဲ့ဒီအိမ်နီးချင်းနိုင်ငံတွေကို Conference လုပ် အဲ့နား ချပေး မယ့် သူ တွေ ကို ကျွန်မ တို့က တဆင့် တက် ပြီး တော့ မှ လုပ် ပေး ဖို့ အဆင့် ကျွန်မတို့ အခု ချိန် ထိ မတွန်းနိုင်သေးဘူး ကိုယ်တွေ ကို ထောက်ခံ နေတဲ့ နိုင်ငံ တွေ တောင် မှ သူ တို့ ရဲ့ နိုင်ငံခြားရေး ပေါ်လစီ မှာ ကျွန်မ တို့ နိုင်ငံ က နံပါတ် ၁ ၂ ၃ ထဲမှာ မပါဘူးလေနော် အဲ့လို ဖြစ် တယ်
ဆလိုင်း ဒိုခါရ် -ဟုတ် ကဲ့ ဆရာမ ကျွန်တော်တို့ကို အခုလို အချိန် အများ ကြီး ပေး ပြီး တော့ မှ ပါဝင် ပေး တဲ့ အတွက် ကျေးဇူး အများ ကြီး တင် ပါ ခင်ဗျ
Khin Ohmar – ဟုတ် ကဲ့ ပါ ကျွန်မ လည်း ကျေးဇူးတင်ပါတယ် ရှင်