ဇန်န ၁၀

The Kaladan Post

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာများသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့အပါအဝင် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်ရှိပါတယ် လက်ရှိအချိန်တွင် အဆိုပါ စစ်ကြောင်းဟာ လောင်းလုံးမြို့ အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အပြီးသတ်ဆုတ်ခွာ မသွားသေးသတဲ့အတွက် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကာ သတိရှိရှိ နေထိုင်ရန်နှင့် စစ်ကြောင်းနှင့် ဝေးဝေး ရှောင်ရှားရန် တိုက်တွန်း တောင်းဆိုထား ပါတယ် ဟု “ The Kaladan Post သို့  ပြောဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် အကြမ်းဖက် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ရေကြောင်းပစ်ကူများ အသုံးပြု ခဲ့ရာ ပြည်သူ့နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ ဤကာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ကို နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။