
*********************************************************************************
မေးမြန်းသူ – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Programme ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ CDF Kanpetlet ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာပီတာသန်းရွှေနဲ့ တော်လှန်ရေးအပေါ်မှာ သဘော ထားအမြင်တွေကို တွေ့ဆုံမေးမြန်းသွားမှာပဲဖြစ်ပါတယ်။ ကျွန်မကတော့ RAINပါ။ ဆိုတော့ ကျွန်မတို့ရဲ့ ဒီနေ့ ဒီ interview ကို လက်ခံပြီးတော့မှ မေးမြန်းဆွေးနွေးခွင့်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။
ဖြေကြားသူ – ဟုတ်ကဲ့။ ကျွန်တော့်အနေနဲ့လည်း ဒီ The Kaladan Post ကို ကျွန်တော် အများကြီးကျေးဇူးတင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ ကျွန်မတို့ မေးမြန်းခြင်းအစီအစဉ်ကို ဆက်သွားရအောင် ပေါ့နော်။ ဆိုတော့ ဒါ ဆရာတို့ ကန်ပက်လက်မြို့နယ်ဟာဆိုလို့ရှိရင် လက်ရှိအချိန်မှာ ဒီစစ်ကောင်စီ ရဲ့ လက်အောက်ကနေပြီးတော့မှ လွတ်မြောက်လာတဲ့ ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပေါ့နော်။ တည်ဆောက်နေတဲ့ မြို့နယ်တစ်ခုဖြစ်တယ်။ မြို့တစ်ခုဖြစ်တယ်ဆိုတဲ့အခါကျတော့ အခု ဆရာတို့လက်ရှိ အခြေအနေနဲ့ လုံခြုံရေးအခြေအနေကရော ဘယ်လိုပုံစံရှိနေလဲဆိုတာ လေး အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင်။ ပြီးတော့ ဒီ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရော ဘယ်လိုအစီအမံတွေ ချမှတ်ထားတာမျိုးရှိလဲရှင်။
ဖြေကြားသူ – ဟုတ်ကဲ့။ အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဒီ အရင်ဆုံးမေးခွင့်ရရင်တော့ ကျွန်တော့်နာမည်က စောစောကဆရာမပြောသလိုပေါ့နော်။ ပီတာသန်းရွှေဖြစ်ပါတယ်။ ဒီ CDF-Kanpetlet ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဒီ စစ်ကောင်စီက ဒီ အာဏာသိမ်းတဲ့အချိန်ကနေ အခုအချိန်ထိ ဒီအားလုံးက မြန်မာတစ်နိုင်ငံလုံးက ဒုက္ခရောက်နေကြတယ်ပေါ့လေ။ အော်၊ ဆိုတော့ ကျွန်တော်တို့ဒီ အခုကတော့ ကန်ပက်လက် မြို့နယ်ပေါ့နော်။ ချင်းပြည်တောင်ပိုင်းတစ်ခွင်လုံး လွတ်မြောက်တဲ့အနေအထားဖြစ်ပြီးတော့ ကန်ပက်လက် လည်း တော်တော်များများပဲ ဒီ အခုအချိန်ဆိုရင် ကျွန်တော်တို့ ဒီစစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်နိုင်တယ်။ အာ၊ ဆိုတော့ ကျွန်တော်တို့မှာ ပြည်သူ့လုံခြုံရေးအတွက်ဆိုရင် သူတို့လေးနှစ်ဖက်နဲ့ အပိုင်းနှစ်ပိုင်းနဲ့ သတိထားပြီးမှ ပြင်ဆင်ရတယ်။ နံပါတ်တစ်က ဒီစစ်ကောင်စီက ဒီ ထိုးစစ်ဆင်လာမယ့်အရာတွေပေါ်မှာ ကျွန်တော်တို့ပြင်ဆင်ချက်တစ်ခုရှိမယ်။ ပြီးရင် ပြည်သူ့လုံခြုံရေးအတွက် ဒီကို ကျွန်တော်တို့ ဒီပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးပေါ့။ ဒီ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့လုပ်နေတာတွေရှိတယ်။ အာ၊ ဆိုတော့ အဓိက ဒီ လေကြောင်းရန် ကာကွယ်ရေး အတွက်ဆို ဥပမာအားဖြင့် ကျွန်တော်တို့နိုင်တဲ့ ပြည်သူတွေကို ဗုံးခိုကျင်းပြုခိုင်းတာတွေ ပေါ့နော်။ အဲ့လိုမျိုးတွေ ဒီရှိမယ်။ ဒီနယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်ဆိုရင် ဥပမာ ဒီ ၂၀၂၂ လောက်ကနေစတာကတည်းက ဒီရဲတပ်ဖွဲ့တွေဖွဲ့တယ်။ အဲ့ကနေ ဒီ ကျွန်တော်တို့ မှုခင်းပြဿနာလေးတွေကို ကျွန်တော်တို့ ဖြေရှင်းပေးတယ်။ တရားရုံးတွေနဲ့ ပေါင်းပြီးမှ ပေါ့နော် ဖြေရှင်းပေးတယ်။ အာ၊ ဆိုတော့ အတိုချုပ်ပြောရရင် ကျွန်တော်တို့ နယ်မြေတည်ငြိမ် အေးချမ်းရေးဆိုင်ရာတွေအတွက် ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ပြည်သူနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့ ဌာနဆိုင်ရာတွေပေါ့နော်။ ကျွန်တော်တို့ဖွင့်စည်းပြီးမှ လုပ်ဆောင်နေ တယ်လို့ပဲ ပြောချင်ပါတယ်။ ဟုတ်ကဲ့။ ကျေးဇူးပါဆရာမ။
မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ ဒီ မြို့နယ်သိမ်းပိုက်ပြီးတဲ့နောက်မှာ ဒီဒေသခံပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဒါဒီ စားဝတ်နေရေး ဒီကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ အတွက်ရော ဆရာတို့အနေနဲ့ ဘယ်လိုအစီအစဉ်တွေနဲ့ ဟို ဆောင်ရွက်နေသလဲဆိုတာ ကိုလည်း ပြောပြပေးပါဦးရှင်။ ပြီးတော့ ဒီရေရှည်စီမံကိန်းတွေရော ရှိထားပါသလားရှင်။
ဖြေကြားသူ – အခုက တော်လှန်ရေးကာလဖြစ်တော့ ကျွန်တော်တို့ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းလုပ်ရတာတော့ အခက်ခဲရှိတယ်။ စောစောကပြောတဲ့ ဒီ သတိထားစရာ တွေအများကြီးရှိတယ်။ ဒီထဲမှာ ကျွန်တော်တို့ ပညာရေးဆိုင်ရာကိစ္စရပ်တွေဆိုရင် ကျွန်တော်တို့ ကျောင်းပေါင်းကို ကန်ပက်လက် မြို့နယ်မှာ ကျောင်းပေါင်း ၁၀၀ ကျော် ကျွန်တော်တို့ ဖွင့်လှစ်နိုင်တယ်။ ကျောင်းသားပေါင်းဆိုရင် ၆၀၀၀ ကျော် ကျောင်းတက် နိုင်တယ်။ ဆရာ ဆရာမပေါင်း ၇၀၀ ကျော်ပေါ့နော်။ Volunteer CDM ဆရာမ ဆရာ ဆရာမတွေရယ် Volunteer ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီးမှ အာပြည်သူကနေ ကိုယ်ထူကိုယ်ထနဲ့ လုပ်တဲ့ ပညာရေးစနစ်ပုံစံပေါ့လေ။ အမျိုးသားကျောင်းပုံစံမျိုး လုပ်လို့ရ တယ်။ ပေါ့နော်။ အဲ့လိုမျိုး ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ ဆရာဆရာမလခဆို ကျွန်တော်မ အခုအချိန်မှာဆိုရင် အရင်ကလိုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်ကနေ စုပြီးမှ လုပ်ဆောင်ပေးတယ်။ ဆရာဆရာမလခတွေလည်း ပေးရတာပေါ့။ အာ၊ ဆိုတော့ အဓိက မြို့နယ်မှာပြရင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ အခြေခံပညာဆိုရင်တော့ ကျွန်တော်တို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေ ဦးစီးဦးဆောင်ပြီးမှ လုပ်ဆောင်နေတာ ရှိတယ်ပေါ့နော်။ အကောင်အထည်ဖော်ဆောင်နေတာပေါ့လေ။ အဆင့်မြင့်ပညာရေး ဘက်ဆိုရင် ကျွန်တော်တို့ ဒီ NUG ဘက်ကနေ ချိတ်ဆက်ပြီးမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေတာလည်းရှိတယ်။ အဓိက ကျွန်တော်တို့ ဘာတွေ ပူးပေါင်း လုပ်ဆောင်တဲ့အရာတွေကတော့ ဒီ ဥပမာ နွေဦးတက္ကသိုလ်လိုမျိုးပေါ့နော်။ အော်၊ တက်ရောက်မယ့်ကျောင်းသူကျောင်းသားတွေအတွက် အာ၊ အဲ့လိုမျိုးပူးပေါင်းလုပ်ဆောင် နေတာတွေရှိသလို ကျေးရွာအုပ်စုတွေမှာ ကျောင်းတွေမှာပေါ့လေ ဆရာဆရာမတွေကို ဒီ စနစ်သစ် ဒီ နည်းစနစ်ပိုင်းတွေကို ဒီ training ပေးတာတွေပေါ့လေ။ အဲ့လိုမျိုးတွေ ကူညီပေးတာတွေ အာ၊ ပူးပေါင်းပြီး NUG နဲ့လည်း လုပ်ဆောင်နေတာတွေရှိပါတယ်။ ဟုတ်ကဲ့။ ကျေးဇူးပါဆရာမ။
မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ ဒီ ကန်ပက်လက် မြို့နယ်က ဒီစစ်ဘေးရှောင်ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့ ဒီနေရပ်တွေကိုပြန်လာတဲ့အခါမှာ လုံခြုံဘေးကင်းစွာနဲ့ ပြန်လာနိုင်ဖို့အတွက် ဆရာတို့အနေနဲ့ ဘယ်လိုမျိုးအစီအမံတွေလုပ်ဆောင်ပေးနေလဲဆိုတာလေးကိုလည်း သိပေးရ စေရှင်။ ပြီးတော့မှ ဒီ နောက်ထပ် သူတို့ရဲ့ အာ၊ အိုးအိမ်တွေပြန်လည်ထူထောင်ရေး အတွက်ရော ဒီအသက်မွေးဝမ်းကျောင်းအတွက်ရော ဘယ်လိုပံ့ပိုးမှုတွေ ရှိနေပါသလဲရှင်။
ဖြေကြားသူ – ဟုတ်ကဲ့။ ဒီစစ်ဘေးရှောင်ပြည်သူတွေက ဒီ မြို့ထဲမှာက ပြန်နေလို့ရတယ် ပေါ့နော်။ အဓိက လေကြောင်းကတော့ ကျွန်တော်တို့ သတိထားရတာဖြစ်တဲ့အတွက် ဗုံးခိုကျင်းတွေ ကျွန်တော်တို့ ဒီ တူးခိုင်ထားတာတွေရှိတယ်။ မတူးနိုင်တဲ့ အနေအထား တွေဆိုရင် ကျွန်တော်တို့ ရဲဘော်တွေက တူးပေးတာတွေလည်းရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ကူညီပေးပြီးမှ ဗုံးခိုကျင်းတွေ ကျွန်တော်တို့ တူးပေးတယ်။ ကျွန်တော်တို့မြို့နယ် ဒီ CDF ကသော်လည်းကောင်း ဟိုဟာပေါ့နော်။ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးမှ ရေပိုက်ကြီးပထမဆုံး ရေတွေပြန်ပြင်ရတယ်။ ပြီးရင် ပေါင်းတွေ လမ်းတွေ ဘေးဝဲယာတွေပေါ့နော်။ မြို့နယ်ရုံး တွေမှာ ပေါင်းတွေထိုးရတယ်။ ပြီးရင် မိုင်းတွေပြန်ရှင်းလင်းရတာတွေရှိတယ်ပေါ့နော်။ အဲ့လိုမျိုးတွေ ကျွန်တော်တို့ လုပ်ပေးတယ်။ အော်၊ ဆိုတော့ ဒီ အဓိက ကျွန်တော်တို့ဖက်က သူတို့ သူတို့ပြန်လာတဲ့အချိန်မှာ အခက်အခဲကတော့ ဒီအခုအချိန်မှာတော့ အားလုံးက အခက်အခဲတယ်။ သို့ပေမဲ့လို့ အဓိက ကျွန်တော်တို့ ကန်ပက်လက် မှာကျတော့ ဒီ ကျွန်တော်တို့ အခြေခံပြုတဲ့အရာတွေက ဘာ စိုက်ပျိုးရေးဖြစ်တယ်ပေါ့နော်။ စိုက်ပျိုးရေး တွေဆိုရင်လည်း ဒီ အေးအေးလွတ်လွတ်လပ်လပ်လုပ်လို့ရတယ်ပေါ့နော်။ ကျွန်တော်တို့ ချင်းတောင်မှာ ကန်ပက်လက် ဘက်မှာဆိုရင်တော့ ဝဥပေါ့နော်။ အဓိက အခြေခံ ဒီ စိုက်ပျိုးရေးဖြစ်တဲ့အတွက် အဲ့ဒါတွေကို သူတို့ လွတ်လွတ်လပ်လပ် အေးအေး လုပ်ငန်း လုပ်ကိုင်လို့ရတယ်။ ကျွန်တော်တို့မြို့နယ်ကနေ ဒီ ပံ့ပိုးပေးနိုင်တာတော့မရှိဘူး။ ကျန်တဲ့ ဥပမာ NGO တွေကနေ လုပ်ဆောင်တဲ့အရာတွေကတော့ ဒီ ရှိမယ်ပေါ့နော်။ ကျွန်တော်တို့ ဖက်က ဖြည်းဖြည်းချင်းကတော့ ကျွန်တော်တို့ဖက်က ဘယ်လိုပြောမလဲ စိုက်ပျိုးရေးဆိုင်ရာ သူတို့စားဝတ်နေရေး ဖူလုံဖို့အတွက် ဟိုဟာ နည်းပညာပိုင်းသော်လည်းကောင်း ဒီ ပညာရှင်တွေနဲ့ချိတ်ဆက်ပြီးမှ နည်းပညာ training ပိုင်းတွေသော်လည်းကောင်း လိုအပ်တဲ့ accessories တွေကို ကျွန်တော်တို့ ကူညီပံ့ပိုးနိုင်ဖို့ကတော့ ကျွန်တော်တို့ မြို့နယ် ဒီ ဘယ်လိုပြောမလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကြိုးစားနေတာရှိပါတယ်။ ဟုတ်ကဲ့။ ကျေးဇူးပါ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဒီ လက်ရှိအချိန်မှာဆိုလို့ရှိရင် ဒါ တော်တော်များများ ထိန်းချုပ် ထားတဲ့ နယ်မြေတွေမှာ ဒါကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ ပြုလုပ်နေကြတာကို တွေ့ရတယ် ပေါ့နော်။ ဆိုတော့ ဆရာတို့ ဒီ ကန်ပက်လက် မြို့နယ်အနေနဲ့ရော ဒီအုပ်ချုပ်ရေးယန္တရားကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ပြီးတော့ တည်ဆောက်နေတာမျိုးရှိလဲ။ ပြည်သူလူထုတွေရဲ့ပါဝင်မှု ကိုရော ဘယ်လိုတွေ မြှင့်တင်နေပြီးတော့ ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်ရေးစနစ်ကို ဘယ်လို ပုံစံဖော်ဆောင်နေလဲဆိုတာကိုလည်း ပြောပြပေးပါဦးရှင်။
ဖြေကြားသူ – Federal Democracy ရဲ့ လိုအပ်ချက်မှာလည်း ဒါက ပြည်သူလူထုကို အခြေပြုတဲ့စနစ်ဖြစ်ပါတယ်။ အာ၊ ဆိုတော့ အဓိက ကျွန်တော်တို့ လူထုအုပ်ချုပ်ရေးပိုင်း မှာဆိုရင် လူထုအုပ်ချုပ်ရေးကို ကျွန်တော်တို့ အခြေခံထားတယ်ပေါ့နော်။ အာ၊ ဆိုတော့ ဥပမာ ဒီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရှိတယ် ပြီးရင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ အုပ်စုအုပ်ချုပ်ရေးနဲ့ ကျေးရွာအုပ်ချုပ်ရေးအထိပေါ့နော်။ အာ၊ ဒီလိုမျိုးပေါ့။ ပြည်သူကိုယ်တိုင်ကနေ ရွေးချယ်တဲ့အုပ်ချုပ်ရေးမှူးတွေဖြစ်ပါတယ်။ အာ၊ ဆိုတော့ ကျွန်တော်တို့ ကန်ပက်လက် မြို့နယ်မှာကျရင် ကျွန်တော်တို့ ဒေသ ၅ ခုနဲ့ ဖွဲ့စည်း အုပ်ချုပ်ထားတယ်ပေါ့လေ။ အဲ့ဒီမှာ ဒေသအုပ်ချုပ်ရေးမှူးတွေရှိတယ်။ အဲ့ဒါတွေကနေ ဒီ ဒေသအုပ်ချုပ်ရေးမှူးတွေရဲ့အောက်တွေမှာဆိုရင် အုပ်စုတို့၊ ကျေးရွာတို့ရှိတယ်။ ဆိုတော့ သူတို့ကိုယ်တိုင်ကနေ မြှောက်လာတဲ့ ဒီအုပ်ချုပ်ရေးမှူးတွေကနေ ပြည်သူတွေနဲ့ဆက်ဆံပြီးမှ ပြည်သူ့ဆက်ဆံပြီးမှ လုပ်ငန်းလုပ်ရတယ်။ ပြည်သူတွေနဲ့ ဒီ ဘယ်လိုပြောမလဲ မှုခင်းပြဿနာရှိရင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးမှ ပြည်သူတွေနဲ့ပေါင်းစပ်ပြီးမှ ဖြေရှင်းတာတွေပေါ့နော်။ အာ၊ အဲ့လိုမျိုးတွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ အာ၊ ဟုတ်ကဲ့ပါခင်ဗျာ။
မေးမြန်းသူ – ဆိုတော့ နောက်ထပ်အနေနဲ့ ဒီစစ်ကောင်စီရဲ့လက်ထက်မှာ ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဒီလမ်းတွေ တံတားတွေပေါ့နော်။ ပြီးတော့မှ ဟို ဆက်သွယ်ရေးစနစ်တွေနဲ့ လျှပ်စစ်မီးရရှိရေးအတွက် ဘယ်လိုတွေ ဆရာတို့အနေနဲ့ ပြန်လည်ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်သွားဖို့ ဟို စီစဉ်ထားတာမျိုးရှိလဲရှင်။
ဖြေကြားသူ – လောလောဆယ် အနေအထားမှာတော့ တော်တော်လေး စိန်ခေါ်မှုအကြီးကြီး ပေါ့နော်။ အခုက ကျွန်တော်တို့လက်ထဲမှာ ရောက်နေတဲ့အနေအထားဖြစ်တာဖြစ်တဲ့အတွက် ဒါတွေကိုကျတော့ ဖြည်းဖြည်းချင်းနဲ့ ဒီ လုပ်ဆောင်ရမှာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ဒီဟာတွေ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လမ်းတံတား ဥပမာ စသည်အားဖြင့် အစိုးရ အဆောက်အဦတွေလုပ်ဖို့ဆိုတဲ့ဟာက ဒီ အဓိက အခွန်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အခွန်စနစ်မှာကျတော့ ကျွန်တော်တို့ ဘယ်လိုပြောမလဲ ဒီ ဥပဒေပြဋ္ဌာန်း ရတယ်။ ပြီးမှ အခွန်စနစ်ကို ဖြည်းဖြည်းချင်း ကျင့်သုံးနိုင်ဖို့လိုတာပေါ့လေ။ ဆိုတော့ ဒီအခုအချိန်က ပြည်သူတွေကလည်း သူတို့လေး မြို့တွေကလည်း သိမ်းကာစဖြစ်တယ်။ ပြည်သူတွေကလည်း သူတို့လေးပန်းနေတယ်။ ထောက်ပို့ပေးတယ်။ ဒီ ကျရာကဏ္ဍမှာ တာဝန်ရှိနေတော့ ဒီ ပြည်သူတွေကလည်း သူတို့ပန်းနေတော့ ဒီအခွန်စနစ်ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားမှာပါ။ အာ၊ သို့ပေမဲ့လို့ ဥပမာ လမ်းတွေဆိုရင် ပြည်သူ့ရဲ့လုပ်အားတွေရယ် ပြီးရင် သူတို့ကနေ ကျွန်တော်တို့ စုဆောင်းလိုက်တယ်။ အဲ့လိုမျိုးစုပြီးမှ ကိုယ်ထူကိုယ်ထ ဒီလမ်းတွေဖောက်။ ရွာချင်းဆက်တွေ လမ်းတွေဖောက် တာတွေရှိတယ်။ အာ၊ တံတားတွေဆိုရင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ဖြည်းဖြည်း လေး ပြောရပေမဲ့ ကွန်ကရစ်တံတားအထိကိုတော့မှ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ ကျွန်တော်တို့ လုပ်နိုင်တာတွေ အဆင့်ရှိတယ်ပေါ့လေ။ ဆိုတော့ ဒီအဓိက ပြည်သူ့ပူးပေါင်း မှုအားပဲ။ ပြည်သူတွေရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ အတူတူပူးပေါင်းမှုအားကသာ သူတို့လေး အရေးကြီးတယ်။ ဒါက ကျွန်တော်တို့မြို့နယ်အနေနဲ့ လမ်းညွှန်မှုတော့ မပေးဘူးနော်။ ပြည်သူတွေကကိုမှ ကိုယ်အားစိုက်ထုတ်ပေးမှ လုပ်ဆောင်တဲ့နေရာ။ မြို့နယ်ကတော့မှ ပံ့ပိုးကူညီရတဲ့အနေအထားထိပေါ့နော်။ ပြည်သူတွေရဲ့ ပူးပေါင်းမှုမှာ တချို့နေရာမှာဆိုရင် သူတို့လေးကို အားရစရာရှိတယ်ပေါ့နော်။ ပြီး မြို့နယ်ကနေ ဦးဆောင်ပေးပြီးမှ လမ်းတွေ ကျွန်တော်တို့ ဖောက်လုပ်ပေးတာတွေလည်းရှိတယ်ပေါ့လေ။ ဆိုတော့ ဒီကျန်တဲ့ အနေ အထားတွေမှာ ပျက်စီးနေတဲ့လမ်းတွေ၊ မြောင်းတွေဖယ်တာတွေအစ ကျွန်တော်တို့ ကြိုးစား ပြီးမှ ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာတွေကတော့ နိုင်သလောက်လုပ် ဆောင်ပေးနေ တာရှိတယ်။ အဓိက အဆောက်အဦးတွေကတော့ ဒီ လေကြောင်းတိုက်ခိုက်တဲ့နေရာမှာ မြို့နယ်မှာ ကန်ပက်လက် မြို့နယ်မှာ ပြည်သူ့အဆောက်အဦးတွေရော ဒီမြို့တွင်းမှာဆိုရင် ပိုဆိုးတယ်ပေါ့နော်။ အစိုးရအဆောက်အဦးတွေ သူတော်များများ ပျက်စီးနေတာတွေရှိတယ် ပေါ့နော်။ အာ၊ ဒါတွေကကျတော့လည်း ဒီ ဖြည်းဖြည်းချင်းက ကျွန်တော်တို့ စလည်း run နေတာဖြစ်တဲ့အတွက် ဖြည်းဖြည်းချင်းကတော့ ကျွန်တော်တို့ ပြန်လည်တည်ဆောက်ရ မှာဖြစ်ပါတယ်။ ဟုတ်ကဲ့။
မေးမြန်းသူ – ဟုတ်ကဲ့ပါ နောက်ထပ်အနေနဲ့ မေးချင်တဲ့မေးခွန်းကတော့ ဒီဒေသခံစီးပွားရေး လုပ်ငန်းတွေကိုရော ဟို ပြန်လည်ပတ်နိုင်ဖို့အတွက် ဒီပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဒီထက်ပိုပြီးတော့မှ တိုးတက်လာနိုင်ဖို့အတွက် ဘယ်လိုမျိုးစီးပွားရေး မြှင့်တင်မှုတွေ ဟို ဆရာတို့အနေနဲ့ ချမှတ်ထားတာမျိုးရှိလဲပေါ့နော်။ ဆိုတော့ ချင်းတောင် မှာဆိုလို့ရှိရင်တော့ ဒီ အဓိကအနေနဲ့ စိုက်ပျိုးရေးနဲ့ ဒေသထွက်ကုန်တွေပဲရှိတဲ့အခါကျတော့ ဒီလိုမျိုးလုပ်ငန်းအတွက်ရော ဆရာတို့အနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေ ရှိနေလဲရှင်။
ဖြေကြားသူ – ဒီ ခေတ်ကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ ကန်ပက်လက် ကဆိုရင် အဓိက စိုက်ပျိုးရေးကို အဓိကအားထားတယ်။ အဓိက အဲ့ဒီစိုက်ပျိုးရေးမှာ တောင်ယာစနစ်ပေါ့။ ကျွန်တော်တို့ အစမှာဆိုရင် ကျွန်တော်တို့ ရွှေ့ပြောင်းတောင်ယာစနစ်ကို ကျွန်တော်တို့ လုပ်ကိုင်နေတယ်။ ရွှေ့ပြောင်းတောင်ယာစနစ်ကနေ ဝဥပေါ့လေ။ အဓိကအားဖြင့် ဝဥက အခြေပြုပြီးမှ စိုက်ပျိုးကြတယ်။ အဲ့ဒီမှာ ကော်ဖီတွေပေါ့နော်။ အာ၊ ဆိုတော့ ကျွန်တော်တို့မှာ အခု လုပ်ဆောင်ရဖို့ ကျွန်တော်တို့ ပခုံးပေါ်မှာရောက်လာပြီ။ ကျွန်တော်တို့ဘက်မှာ စောစောကပြောသလို နည်းပညာပေါ့။ ကုန်ကြမ်းကနေပေါ့။ ဒီဟာကိုခြောက်လှမ်း လိုက်တယ်။ ဟိုမှာပို့လိုက်တယ်ပေါ့နော်။ နိုင်ငံခြားကိုပို့လိုက်တယ်။ ဒီလိုမျိုးကအဆင့် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ဒီမှာစားသုံးနိုင်တဲ့အနေအထားထိပေါ့နော်။ ဥပမာ ဝသုဉ်လိုမျိုးလား။ ခေါက်ဆွဲလိုမျိုးလား။ ဒီလိုမျိုးကို ဒီမှာစားသုံးနိုင်တဲ့အဆင့်အထိပေါ့။ ကုန်ချောအဆင့်ထိပေါ့။ ကျွန်တော်တို့ဘက်မှာလည်း လုပ်ဆောင်နိုင်ဖို့အတွက်ကတော့ ကြိုးစားရမှာဖြစ်တယ်။ နောက်တစ်ချက်ရှိတာက ဒုတိယက တော်တော်လေး အရေးကြီးတဲ့ ဟာတစ်ခုရှိတယ်ပေါ့နော်။ ကျွန်တော်တို့အတွက် ပြည်သူ့ဖွံ့ဖြိုးမှုသော်လည်းကောင်း မီးခိုးမထွက်တဲ့စီးပွားရေးစနစ်လို့ပြောရမယ့် ခရီးသွားလုပ်ငန်းပေါ့နော်။ ခရီးသွားလုပ်ငန်း ဆိုရင် ကျွန်တော်တို့ ချင်းပြည်နယ် ကန်ပက်လက် မှာဆိုရင် ကျွန်တော်တို့ ဒီ လုပ်ငန်းရှင်တွေ investment အများကြီးလာတယ်။ ဟိုတယ်ပေါင်းဆိုရင် ဆယ်ဂဏန်းလောက်ရှိတယ်။ Christmas လိုမျိုး သင်္ကြန်လိုမျိုး ဒီလိုမျိုးတွေကြည့် ရုံးပိတ်ရက်လိုမျိုးဆိုရင်တော့ ခရီးသည် တစ်နေ့ထဲမှာကိုမှ လူပေါင်း နှစ်ထောင်ကနေ ၅၀၀၀ ကျော်အထိကို တစ်နေ့ထဲ မှာလာတာ။ အာ၊ ဒါက ဝိတိုရိယတောင်ပေါ့နော်။ ခေါနုသုမ်တောင်ပေါ့။ မြစ်သားဖုံးလွှမ်းတောင်ပေါ့။ အရှေ့တောင်အာရှမှာ အမြင့်ဆုံးမြစ်သားဖုံးလွှမ်းတောင်ရှိတယ်။ ဒါကိုအခြေပြုပြီးမှ ကျွန်တော်တို့ ဒီ ခရီးသွားလုပ်ငန်းတွေရှိတယ်။ အဲ့ဒီခရီးသွားလုပ်ငန်းမှာ ပြန်လည်ဖော်ဆောင် လို့ရတဲ့အရာတွေကတော့ ကျွန်တော်တို့မှာ ဥပမာ ကျွန်တော်တို့ ယဉ်ကျေးမှုတွေ လူနေမှု အနေအထားတွေ ချင်းတောင်မှာဆိုရင် ကမ္ဘာမှာတကယ့်ရှားပါးတဲ့ဥပမာ ပါးမည်းပေါ့နော်။ ပါးမည်းတက်တူးထိုးတဲ့ဟာတွေ။ ပါးမည်းထိုးတာပေါ့နော်။ အဲ့ဒီပါးမည်းထိုးတဲ့ဟာတွေဆိုရင် သူတို့လေး နောက်နှစ်ပေါင်း ၄-၅၀ လောက်ဆိုရင် ပြန်တွေ့ဖို့တောင်မှ ခက်တော့မှာ။ အဲ့လိုမျိုးအထိတွေက သူတို့လေး ခရီးသွားတွေက ဒီ သူတို့လေး စိတ်ဝင်စားတာပေါ့နော်။ အော်၊ ဆိုတော့ ကျွန်တော်တို့ အပန်းဖြေဒီ ဝိတိုရိယတောင်တွေမှာ အပန်းဖြေတောင်တက် ခရီးလမ်းတွေနဲ့ ဥပမာ Culture ရိုးရာယဉ်ကျေးမှု လူနေမှုအနေအထားတွေ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေ ဒါတွေကိုအကောင်အထည်ဖော်ပြီးမှ မီးခိုးမထွက်တဲ့ စီးပွားရေးစနစ်ကို ကျွန်တော်တို့ ပြန်လည်အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ရေရှည်မှာ ကျွန်တော်တို့ သူတို့လေးကို ဖွံ့ဖြိုးပြီးမှ သာယာလှပတဲ့ဒီ ကျွန်တော်တို့ဒေသတစ်ခုကတော့ ဖြစ်မှာတော့အသေအချာပါပဲ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒီထိန်းချုပ်နယ်မြေတွေမှာ လက်ရှိ ဟို အဓိကအရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်တဲ့ ဒီတရားဥပဒေစိုးမိုးရေးအတွက်ရော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားတာမျိုးရှိလဲရှင်။ ပြီးတော့မှ ဒီလွတ်လပ်ပြီးတော့ တရားမျှတတဲ့ ဟို တရားစီရင်ရေးကိစ္စတွေ တရားစီရင်ရေးစနစ်တွေကိုရော ဟို ဘယ်လိုတည်ဆောက်သွားလဲ။
ဖြေကြားသူ – ကျွန်တော်တို့မှာ ဒီ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းပြေရှင်းရေးအတွက် ကျွန်တော်တို့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ၂၀၂၂ ၊ ၁၀ လပိုင်းဝန်းကျင်မှာ ၂၀၂၂ ၊ ၁၀ လပိုင်းဝန်း ကျင်မှာ ဖွဲ့စည်းလိုက်တယ်ပေါ့နော်။ တရားရုံးတွေနဲ့ ပေါင်းစပ်ပြီး လုပ်ရတဲ့အနေအထားတွေ လည်းရှိတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုပ်ရတဲ့ ဒီ မှုခင်းတွေကို ဖြေရှင်းရတဲ့ အနေအထားတွေ ဆောင်ရွက်ရတဲ့အနေအထားတွေရှိတယ်ပေါ့နော်။ ဆိုတော့ ဒီ ကျွန်တော် တို့မှာ မြို့နယ်တရားရုံးအဖွဲ့ဆိုတဲ့ဟာကရှိတယ်။ ဒါက ဘယ်အဖွဲ့ရဲ့လက်အောက်ခံမှ မဟုတ်ဘူးပေါ့နော်။ ဥပမာ ပြည်သူ့အုပ်ချုပ်ရေးအောက်ကလည်းမဟုတ်ဘူး။ ကာကွယ်ရေး အောက်ကလည်းမဟုတ်ဘူး။ ရဲအောက်ကလည်းမဟုတ်ဘူး။ ဥပမာအားဖြင့်ပေါ့။ လွတ်လပ်ပြီးမှ ဒီတရားမျှတတဲ့တရားစီရင်ရေး ဖြစ်ဖို့အတွက်ကို ကျွန်တော်တို့ အဲ့ဒီ တရားရုံးအဖွဲ့ဆိုပြီးမှ ကျွန်တော်တို့ ဖွင့်ထားတာရှိတယ်ပေါ့နော်။ ဆိုတော့ ဒီအဲ့ဒီမှာ ဒီ မှုခင်းတွေဆိုရင် အတတ်နိုင်ဆုံး ကျွန်တော်တို့ ဒါက ကာလပြည်သူ့အုပ်ချုပ်ရေးက ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေအရသော်လည်းကောင်း တချို့အရာတွေဆိုရင် ဒီ ကျွန်တော်တို့ ဒီ ဒေသထုံးတမ်းအစဉ်အလာဥပဒေအရအရသော်လည်းကောင်း ဒီလိုမျိုးပေါင်းစပ်ပြီးမှ ဖြေရှင်းအရာတွေလည်းရှိတယ်ပေါ့နော်။ အာ၊ ဆိုတော့ ဒီ တချို့ဟိုဟာပေါ့။ ပြစ်မှုကြီး ကြီးတွေကတော့ မပါဘူး။ ပြစ်မှုအကြီးတွေက ဥပမာ မုဒိမ်းမှုလိုမျိုး၊ လူသတ်မှုလိုမျိုး ကကျတော့ တကယ့်တရားဥပဒေအတိုင်းကိုမှ ကျွန်တော်တို့ ဆောင်ရွက်ရတယ်ပေါ့နော်။ အဲ့လိုမျိုးပေါ့။ ဒီ လွတ်လပ်ပြီးမှ တရားစီရင်ခွင့်ရှိတဲ့မြို့နယ် တရားရုံးအဖွဲ့ကို ကျွန်တော်တို့ ဖွဲ့စည်းထားတာရှိတယ်။ အာ၊ ဒါကိုလည်း ကျွန်တော်တို့ ပိုပြီးမှ အကုန်လုံး ပီပြင်တာကြီး တို့မဟုတ်ပေမဲ့ ကျွန်တော်တို့ ဖြည်းဖြည်းချင်းပီပြင်လာအောင်တော့ ကျွန်တော်တို့ ဒီ ကြိုးစားနေတယ်။ အဲ့ဒီမှာကတော့ အဓိက ဘယ်အရာဘဲလုပ်လုပ် အဓိက ပြည်သူ့ဖက်ကနေ ပူးပေါင်းမှုအရာသည် ဒီ အဓိကကျတယ်။ ဆိုတော့ ကျွန်တော်တို့မြို့နယ်အနေအထားအရ တစ်ခုကိုကွက်ပြီးကြည့်ရမယ် ပြောရမယ်ဆိုရင်တော့ ပြည်သူ့ပူးပေါင်းမှုက တော်တော်လေး အားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ အခက်အခဲတွေကြားက ဒီလောက်ဒီ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ဟာက ပြည်သူ့ပူးပေါင်းမှုကလည်း ဒီ တော်တော်လေး ကောင်းနေလို့ဖြစ်တယ်ဆိုတဲ့ဟာလည်း တစ်ချက်ပြောချင်တာပါ။ ကျေးဇူးပါ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒီလက်ရှိအချိန်မှာ ဒီစကစ အနေနဲ့ပေါ့နော်။ အာ၊ ဒီ ရွေးကောက်ပွဲကိစ္စတွေကို ဟို မရမကပြုလုပ်ဖို့ အခြေအနေတွေ ဟို ဖန်တီးလာတာကို တွေ့ရတဲ့အခါကျတော့ ဒီမိဘပြည်သူတွေနဲ့အတူ တော်လှန်ရေးရဲဘော်တွေ ဟို တော်လှန်ရေး ထောက်ပို့တွေသော်လည်းကောင်းပေါ့နော်။ ထိုသူတွေအနေနဲ့ ဟို ဒီရွေးကောက်ပွဲမှာ ဘယ်လို တွေရှောင်ရှားသင့်ပြီးတော့မှ ဘယ်လိုတွေတုံ့ပြန်သင့်တယ်ဆိုတာလေးလည်း ဆရာအနေနဲ့ သုံးသပ်ပြီးတော့မှ ကြံပေးပါဦးရှင်။
ဖြေကြားသူ – ဒီဟာက စစ်ကောင်စီရဲ့နိုင်ငံရေးရွေ့မှာ ပထမ ကျွန်တော်တို့ ဒီ ချေမှုန်းရေး ပုံစံနဲ့သွားတယ်ပေါ့နော်။ ပြီးရင် နိုင်ငံတကာတွေနဲ့ ဖိအားကျွန်တော်တို့ကို ပေးခိုင်းတယ်။ ပြီးရင် ကျွန်တော်တို့ကို ချေမှုန်းတယ်။ ဆိုတော့ ဒုတိယ ဒီခြေလှမ်းအနေနဲ့က သူက ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲက ဒီ ပွင့်ပွင့်လင်းလင်းပြောရရင် သူက လူသတ်လိုင်စင် ယူချင်တာဖြစ်တယ်။ သူက ရွေးကောက်ပွဲလုပ်လည်း လုပ်နိုင်မှာတော့မဟုတ်ဘူး။ ပြည်သူတွေကလည်း ဒါကိုပြည်သူ့ဆန္ဒရှိနေမှသာလျှင် ဒီဒီမိုကရေစီနည်းလမ်းကျကျ ဒီအများသဘောတူတဲ့ အစိုးရတစ်ရပ်ကို ဖော်ထွက်လာအောင် ဒီရွေးကောက်ပွဲ ပြည်သူတွေကပေးပြီးမှ လုပ်မှာဖြစ်တယ်။ ဒါပေမဲ့ သူကတော့ ဒီ ဘယ်လိုပြောမလဲ။ မလိမ့်တပတ်အနေအထားတွေနဲ့တော့ သူက လုပ်လာနိုင်တယ်။ ကျွန်တော်တို့ပြည်သူတွေ သတိထားရမယ့်အချက်က ဘယ်ဟာလဲဆိုရင် ရွေးကောက်ပွဲကို သူက မရမကလုပ်လာပြီးမှ ရတဲ့နေရာတွေမှာ ဥပမာ Online Voting စနစ်တွေနဲ့ Digital စနစ်တွေနဲ့လုပ်ပေးပြီးမှ နိုင်ငံတကာကို သူက မင်းသားလုပ်ပြမှာ။ ကျွန်တော် ဒီအစိုးရပေါ့နော်။ အခု မင်းအောင်လှိုင်က နစကကောင်စီ ဥက္ကဋ္ဌကနေ ဘယ်လိုပြောမလဲ။ ယာယီသမ္မတအထိ သူယူတယ်လေ။ အမှန်က ဒီသူကြိုက်တဲ့အရာကို သူလုပ်နေတယ်ပေါ့နော်။ တူတူပေါ့။ ဆိုတော့ ပြည်သူတွေရဲ့ဆန္ဒမပါဘဲနဲ့ သမ္မတဘဲလုပ်လုပ် ယာယီသမ္မတလုပ်နေတယ်။ တကယ်လို့သူက ရွေးကောက်ပွဲကို မသမာတို့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် သူက နည်းလမ်းပေါင်းစုံရှာပြီးမှ သူက လုပ်လုပ်ရင် သူက သမ္မတတောင်လုပ်လာနိုင်တယ်။ ယာယီသမ္မတကနေ သမ္မတလုပ်မှာ ဖြစ်တယ်။ ဥပမာ သူ့ရဲ့မိတ်ဖက်ပါတီတွေရယ် သူ့ရဲ့ တပ်မတော်တပ်မတော်ကိုယ်စား လှယ်တွေနဲ့ ကျန်တဲ့ပညာရှင်တွေကိုခေါ်တဲ့ပုံစံနဲ့ ပေါင်းစပ်ပြီးမှ သမ္မတတောင်လုပ် သွားနိုင်တယ်။ တကယ်လို့ဒီအဲ့ဒီမှာ သူ့ရဲ့ရွေးကောက်ပွဲမအောင်မြင်ဘူးဆိုရင် သူက ယာယီသမ္မတအနေနဲ့ ဆက်နေဦးမှာ။ အဲ့လိုမျိုးပေါ့ ကျွန်တော့်အနေနဲ့သုံးသပ်မိတယ်။ ဆိုတော့ ရွေးကောက်ပွဲကို သူလုပ်ခြင်းအားဖြင့် သူ့ရဲ့ရွေးကောက်ပွဲအောင်မြင်ရင် ဘာအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတော့ သူက အစိုးရအနေနဲ့ ဒီ ဒီထက်ကြီးမားသော ဆိုးဝါးသောအရာတွေနဲ့ အစိုးရအမိန့်ဆိုပြီးမှ ကျွန်တော်တို့ကို ဒီ ကြီးမားတဲ့အနှောင့် အယှက်တွေနဲ့ ကျွန်တော်တို့ပြည်သူတွေကို လုပ်လာမှာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေအနေနဲ့ ဒီဟာကို လုံးဝပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ ချင်းပြည် တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးကပေါ့နော်။ ဒီရွေးကောက်ပွဲကို လုံးဝဆန့်ကျင် ရမှာဖြစ်တယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ ဒီမိုကရေစီဆိုတဲ့နေရာမှာ အများသဘောတူ တဲ့ဒီ အစိုးရကသာလျှင် အုပ်ချုပ်ရမှာဖြစ်တယ်။ အာ၊ ဆိုတော့ ဒီအနေအထားမှာ ကျွန်တော်တို့ နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ သူ့အမှားတွေကိုဖုံးကွယ်ချင်တဲ့အနေနဲ့ ဆင်သေကိုဆိတ်သားရေနဲ့ဖုံးတယ်ဆိုလိုမျိုးပေါ့နော်။ သူ့ရဲ့အမှားတွေကို ဒီရွေးကောက် ပွဲတွေနဲ့ဖုံးချင်တာရယ် ပြီးရင် ကျွန်တော်တို့ ပြည်သူတွေကို ဒီအဆိုးဝါးတဲ့အကြမ်းဖက်ခွင့် ရအောင်လို့ သူက လူသတ်လိုင်စင်လိုဘဲပြောပြောပေါ့နော်။ အကြမ်းဖက်လိုင်စင်လို ပဲပြောပြော ဒီဟာကိုသူယူချင်တာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံးဝသာကို ပြတ်ပြတ် သားသား ငြင်းပယ်ရမယ် ဆန့်ကျင်ရမယ်ဖြစ်တယ်လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ နင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီစနစ်ဆိုးကြီးကို ကျွန်တော်တို့ အားလုံးကဝိုင်းဝန်းပြီးမှ တိုက်ထုတ်ရမှာဖြစ်ပါတယ်။ အခုအချိန်က ကျွန်တော်တို့ ဒါနေရာတကာတွေမှာ ဒီ ကျွန်တော် တို့လူသားတွေမှာကြုံလာရတဲ့အခက်အခဲတွေအများကြီးရှိပါတယ်။ အခုအချိန်က ကျွန်တော် တို့ မင်းလောင်းကို ကျွန်တော်တို့ရွေးချယ်တဲ့အနေလည်းမဟုတ်ဘူး။ သူ့အဆင့်အတန်း ပေတံအနေနဲ့ တိုင်းတဲ့အနေအထားလည်းမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆုံးရှုံးနေတဲ့ မူလအခွင့်အရေးတွေကို ပြန်ရဖို့အတွက် ထောက်ပို့ပြည်သူတွေအနေနဲ့လည်း အဆုံးထိတိုက်ဖို့ ပါဝင်ပေးဖို့လိုတယ်။ ပြည်သူတွေအနေနဲ့လည်း ကျရာကဏ္ဍမှာ အတတ်နိုင်ဆုံးအကောင်းဆုံး ကျွန်တော်တို့ ပူးပေါင်းပြီးမှ ဆက်လက်ပေးပြီးမှ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို လူကိုလူလို မြင်တဲ့အစိုးရတစ်ရပ်ပြန်ပေါ်လာတဲ့အထိ ကျွန်တော်တို့ မဆုတ်မနစ်ဘဲနဲ့ ကြိုးစားပြီးမှ ဒီအားလုံး ဝိုင်းဝန်းပြီးမှ စစ်အာဏာရှင်ကိုအမြစ်ပြုတ်ဖို့ တွန်းလှန်ကြမယ် တော်လှန်တိုက် ထုတ်ကြမယ်။ အဲ့ဒီမှာပြည်သူတွေအနေနဲ့ အားမလျှော့ဘဲနဲ့ အားလုံး ဝိုင်းဝန်းပြီးမှ အဆုံးထိ ကျွန်တော်တို့အတူတိုက်ပွဲဝင်ကြရအောင်လို့ ပြည်သူတွေကို ဒီ တိုက်တွန်းအားပေးလို ပါတယ်။ ကျေးဇူးပါ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ အခုလိုမျိုးဖြေကြားပေးတဲ့အတွက် ဆရာ့ကိုအများကြီးပဲ ကျေးဇူးတင် ပါတယ်ရှင်။