မေးမြန်းသူ- RAIN, Program Host

ဖြေကြားသူ- Nan Ei Ei San၊ ရှေ့တန်းထောက်ပို့ရဲဘော်၊ ပဲခူးရိုးမတော်ဝင်ဒေါင်းတပ်ရင်း

မေးမြန်းသူ – အားလုံးပဲမင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women Affairs program ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာဖိတ်ခေါ်ထားတာကတော့ အာဏာမသိမ်းခင်ကနေပြီးတော့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရဲ့ NLD ပါတီရဲ့ မြို့နယ်အတွင်းရေးမှူးတစ်ယောက်အဖြစ်နဲ့ နိုင်ငံရေးကို ယုံကြည်စွာ လုပ်ကိုင်ခဲ့ရာကနေ ပြီးတော့မှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သပိတ်ခေါင်းဆောင်၊ အဲဒီနောက်မှာ တပ်မဟာ ၆ ကော်ဘရာတပ်ဖွဲ့ကနေ လက်ရှိ ပဲခူးရိုးမ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ ထောက်ပို့ရဲဘော်တစ်ဦး အဖြစ် ရှေ့တန်းအထိ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးပဲဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။

ဖြေကြားသူ – မင်္ဂလာပါရှင်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်မတို့ The Kaladan Post ကိုအချိန်ပေးပြီးတော့မှ လာရောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေကြားသူ – ကျွန်တော်လည်းကျေးဇူးတင်ပါတယ်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ပထမဆုံးအနေနဲ့ ဆရာမရဲ့နာမည်နဲ့အတူ ဒီတော်လှန်ရေး မတိုင်ခင်က ဆရာမရဲ့ဘဝဖြတ်သန်းမှုအကြောင်းလေး အရင်ဆုံးမိတ်ဆက်ပေးပါဦးရှင့်။

ဖြေကြားသူ – ကျွန်တော့်နာမည်ကတော့ နန်းအိအိစံ ပေါ့နော်။ တော်လှန်ရေးမတိုင်ခင် ကကြတော့ ကျွန်တော်တို့ ဒီ ၂၀၁၂ နိုင်ငံရေးမှတ်ပုံတင်ပြီးတော့ တရားဝင်ဆိုင်းဘုတ်တွေ ဖွင့်ပြီဆိုတုန်းကတည်းက သပိတ်ကျင်းမြို့နယ်ရဲ့ပေါ့နော် မြို့နယ်အတွင်းရေးမှူးအဖြစ်ပေါ့ မဲပေးရွေးချယ်တဲ့အချိန်မှာ ကျွန်တော်ကရွေးချယ်ခံခဲ့ပြီး လှုပ်ရှားခဲ့တဲ့သူပေါ့နော်။ ကျွန်တော် တို့လှုပ်ရှားမှုတွေက ဘာလဲဆိုတော့ ၄၁၆ ဥပဒေပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ပြင်ဆင်ရေး၊ ဒီကမ်ပိန်းတွေကို ကျွန်တော်တို့တွေလိုက်ပြီး လူထုကြားထဲမှာ ဟောပြောရတယ်၊ ဆွေးနွေးရတဲ့အပိုင်းတွေ ကျွန်တော်တို့ကအရင်တုန်းက လုပ်ခဲ့ရတယ် ပေါ့နော်။ နောက်တစ်ခုကကြတော့ ကျွန်တော်တို့ ဒီပြည်သူတွေကိုလည်း ပေါ့နော် ကျွန်တော်တို့ပါတီပြန်လည်တည်ထောင်ပြီး ဆိုင်းဘုတ်တင်ခွင့်ရပြီဆိုကတည်းက ကျွန်တော် က အရပ်ကြေးရွာတွေကအစပေါ့နော်၊ လိုက်ပြီးတော့ပေါ့နော် ဒီဆိုင်းဘုတ်တွေ ဖွင့်ရတယ်၊ စည်းရုံးရေးတွေလုပ်ရတယ်။ အဲဒီရဲ့နောက် ဒီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ အထိအောင် ကျွန်တော်ရွေးကောက်ပွဲ လေးကြိမ်တိတိကို ကျွန်တော်က တက်တက်ကြွကြွနဲ့ မြို့နယ်အတွင်းရေးမှူးအနေနဲ့ ပါဝင်လှုပ်ရှားခဲ့တာပေါ့နော်။

အဲဒီလှုပ်ရှားခဲ့တဲ့အခါကြတော့ အာဏာပိုင်တွေဘက်ကနေပြီးတော့ ကိုယ့်ကိုစောင့်ကြည့်တာ ခံခဲ့ရတယ်ပေါ့နော်။ အဲဒီရဲ့နောက်မှာတော့ ၂၀၂၀ သူတို့တွေအာဏာသိမ်းလိုက်ပြီဆိုတော့ပဲ အဲဒီအာဏာသိမ်းတဲ့နေ့မှာပဲ မနက် ၄ နာရီခွဲမှာပဲ ကျွန်တော့်ကို စကစတွေသူတို့ လာဖမ်းတယ် ပေါ့။ တကက ၁၃ ဆိုတဲ့ စစ်တပ်ထဲကိုကျွန်တော်ကပါသွားတယ်။ စဖမ်းခါစဆိုတဲ့အခါ ကြတော့ သုံးရက်မြောက်နေ့မှာပဲပြန်လွှတ်တယ်။ အိမ်ကိုလေးရက်နေ့ ပြန်ရောက်တယ်ပေါ့ နော်။ သူတို့လမ်းမှာကားနဲ့သွားတာကြာတော့။ အဲဒီ ငါးရက်နေ့မှာပဲ အနီရောင်ဖဲကြိုး စလွယ်ကမ်ပိန်းတွေလုပ်တယ်။ အဲဒီ ငါးရက်နေ့ရဲ့နောက်ကြတော့ သပိတ်ခေါင်းဆောင်အဖြစ် သပိတ်ကျင်းမြို့နယ်ထဲက ကိုယ့်ရဲ့ဇာတိမှာကိုသပိတ် ခေါင်းဆောင်အဖြစ် ဆန္ဒပြတယ်။ ဆန္ဒပြပြီးဘယ်လောက်မှမကြာဘူး ၅၀၅ နဲ့ထွက်တယ်။ အဲတော့ ၅၀၅ နဲ့ထွက်တဲ့အချိန်မှာပဲ ကိုယ်ကအဲမန္တလေးမှာရှိနေတဲ့ များတောင်သပိတ် စစ်ကြောင်းထဲကို သွားပြီးတော့ အားဖြည့်ပြီးတော့ ဆက်ပြီးတော့ဆန္ဒပြတယ်။ နောက်ပိုင်း တော့ မြန်မာ့အသံကနေပြီးတော့ ၅၀၅ ထုတ်ထားတယ်ဆိုတဲ့အကြောင်းလွှင့်တယ်။ ပုံတွေရောအကုန်လုံးလွှင့်လိုက်တယ်။ ပြီးတော့ ကိုယ့်ရဲ့ပုံတွေပါလိုက်ကပ်တဲ့အခါကြတော့ နေလို့မရတော့ဘူးလေ။ ဘယ်ဘက်ခြမ်း ကိုကိုယ်သွားမလဲလို့သွားရင် ကိုယ်ကမန္တလေး ဘက်ကဆိုတော့ ရှမ်းမြောက်ကိုသွားကြ တာများတယ်။ ဒါပေမယ့်အဲဘက်မှာ ကိုယ်ကသွားလို့ မရတဲ့အခြေအနေက ကိုယ်ကအစော ကြီး ၅၀၅ ကထွက်သွားတယ်။ ပြီးတော့ကိုယ့်ရဲ့ ဓာတ်ပုံတွေလည်းအဲဘက်ခြမ်းမှာ အကုန်လိုက်ချိတ်လိုက်တော့ ကိုယ်အဆင်မပြေဘူး ဆိုပြီးတော့ အဲဒီအချိန်မှာပဲ ဒီဘက် တပ်မဟာ ၆ ဘက်က လေးကေ့ကော်မှာစရောက်တယ်။

ဒီလေးကေ့ကော်မှာစရောက်တယ်။ စရာရောက်ချင်းပဲ PDF အပတ်စဉ် ၈ သင်တန်းမှာ တိုက်ခိုက်ရေးရဲဘော်အဖြစ်သင်တန်းတက်တယ်။ သင်တန်းတက်ပြီးတော့ ဗိုလ်တာဘောနဲက ကော်ဘရာမဖြစ်ခင်တုန်းထဲက ဗိုလ်တာဘောတပ်ခွဲထဲမှာနေတယ်။ တိုက်ပွဲတွေစမယ်ဆိုတဲ့ အခါကြတော့ တိုက်ပွဲတွေမစခင်မှာပဲ ကျွန်တော်က ဒုတိယတစ်ကြိမ်ကျွန်တော်က ကွန်မန်ဒိုသင်တန်းကို ကျွန်တော်ဆက်တက်လိုက်တယ်။ အဲဒီကွန်မန်ဒိုသင်တန်းပြီးတဲ့ နှစ်ရက်မြောက်မှာပဲ ၂၀၂၁ ဒီဇင်ဘာ ၁၅ မှာပဲ လေးကေ့‌ကော်တိုက်ပွဲစဖြစ်တယ်။ ကွန်မန်ဒို သင်တန်းဆင်းပြီးတည်းက လေးကေ့‌ကော်တိုက်ပွဲစဖြစ်ထဲကကျွန်တော်က အဲဒီထဲကကော်ဘ ရာမှ ကျွန်တော်တို့ကတာဝန်ထမ်းဆောင်နေတာပေါ့နော်။ အစောကတော့တိုက်ခိုက်ရေးပဲ ပေါ့။ ထောက်ပို့တွေဆိုတာ အစောပိုင်းမှာမရှိဘူးလေ။ နောက်ပိုင်းဖွဲ့စည်းတဲ့အချိန်မှာ တာဝန် ပေး ချက်အရပေါ့နော် ထောက်ပို့လုပ်ရမယ်ဆိုတဲ့တာဝန်ပေးတော့ အဲမှာထောက်ပို့ဖြစ် တာဝန်ယူ ခဲ့တယ်ပေါ့။ အဲတော့ အဲဒီကနေပြီးတော့ဒီပြောင်းလာတဲ့အထိပါပဲ။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒီဆရာမက နိုင်ငံရေးပါတီရဲ့ ဒီအတွင်းရေးမှူးပေါ့နော်။ ဆိုတော့ နိုင်ငံရေးပါတီရဲ့အတွင်းရေးမှူးဆိုတာက ဒီမူဝါဒပိုင်း၊ ဒီစည်းရုံးရေးပိုင်းမှာအဓိကလုပ်ရတဲ့နေရာ တစ်ခုပေါ့လေနော်။ ဆိုတော့အခုလိုမျိုး လက်နက် ကိုင်တိုက်ပွဲဝင်ရတဲ့အခါမှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့အမြင်နဲ့ ဒီတော်လှန်ရေး ရဲဘော် တစ်ယောက်ရဲ့အမြင်ကြားမှာ ဘယ်လိုမျိုးကွာဟချက်တွေ၊ ဒါမှမဟုတ်အပြန်အလှန် ချိတ်ဆက်မှုတွေကြုံတွေ့ရလဲပေါ့နော် ဆရာမအနေနဲ့။ ဒီတော်လှန်ရေးရဲ့ရှေ့တန်း ကအတွေ့ အကြုံတွေကရော ဆရာမရဲ့ဒီမူလနိုင်ငံရေး ယုံကြည်ချက်တွေအပေါ်မှာ ပိုပြီးတော့မှခိုင်မာ စေသလား။ ဒါမှမဟုတ်လို့ရှိရင်ပြောင်းလဲစေတာမျိုးရောရှိလားရှင့်။

ဖြေကြားသူ – ကျွန်တော်ကအရင်တုန်းကပါတီနိုင်ငံရေးဆိုတဲ့အခါကြတော့ အစောကဆရာမ တို့ပြောသလိုပဲပေါ့နော်၊ မဲဆွယ်စည်းရုံးရေးကာလမှာ ဒါတွေလုပ်ရတယ်။ ပြီးကြတော့ဒီ ဟိုဥပဒေပြင်ဆင်ရေးတွေ ကျွန်တော်တို့ဟောပြောရတယ်။ ဒီလောက်ပဲလုပ်ခဲ့ရတယ်။ ဒါကတော့နိုင်ငံရေးပေါ့နော်။ ကျွန်တော်တို့ကပါတီမှာက ပါတီအလုပ်လုပ်တယ်။ ပါတီကနေ နိုင်ငံကောင်းဖို့ကျွန်တော်တို့အလုပ်လုပ်တယ်။ ဒါအဲတော့ပါတီနိုင်ငံရေး။ အခုကပါတီနိုင်ငံရေး မဟုတ်တော့ဘူး။ ဒီတော်လှန်ရေးကာလမှာက နိုင်ငံရဲ့အရေးဖြစ်သွားပြီ။ ဘာလို့နိုင်ငံအရေး ဖြစ်တာလဲဆိုတော့ ပါတီနိုင်ငံရေးထက်ကျွန်တော်တို့ပိုလာပြီ။ ကျွန်တော်တို့သည် အာဏာရှင် စနစ်တစ်ခုကို မလိုချင်လို့ Federal Democracy နိုင်ငံကို ကျွန်တော်တို့ထူထောင်ချင်လို့ ကျွန်တော်တို့အစောတုန်းက ကျွန်တော်တို့ပါတီ နိုင်ငံရေး လုပ်ခဲ့တယ်။ ကျွန်တော်တို့သည် မှန်မှန်ကန်ကန်နဲ့မဲပေးရွေးချယ်တဲ့စနစ်တွေသွားတယ်။ ရွေးကောက်ပွဲကိုကျွန်တော်တို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ သို့ပေမယ့် ဒီရွေးကောက်ပွဲကို သူတို့ က သောင်ပြိုကမ်းပြိုနိုင်လိုက်တဲ့အချိန်မှာမသမာပါဘူးဆိုပြီးတော့ အာဏာသိမ်း လိုက်တဲ့ အချိန်မှာ။ အဲဒီအချိန်တုန်းကတော့ကျွန်တော်ကနိုင်ငံရေးသမားပဲ။ ကောင်းကောင်း မွန်မွန်နဲ့ ဆန္ဒပြတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတယ်။ ကျွန်တော်တို့လိုချင်တာကို ကျွန်တော်တို့ တောင်းတယ်။ အဲဒီအချိန်မှာသူတို့တွေကမပေးဘူး။

မပေးတဲ့အပြင် ကိုယ့်ရှေ့မှာတင်ဖြစ်ခဲ့တာတွေပေါ့နော်။ မန္တလေးမှာကြယ်စင်လို့ ကျဆုံးတာ တွေတို့။ အဲဒီရဲ့နောက် ကျဆုံးတာတွေတော်တော်များများမှာပါဝင်ခဲ့တာတွေ ရှိလာတဲ့အခါ ကြတော့ ဒါတွေကိုကျွန်တော်တို့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့အပေါ်မှာကို အဆင်မပြေ တော့ဘူး။ အဲတော့အဆင်မပြေတော့ ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတဲ့ လမ်းစဉ်ကို ကျွန်တော်တို့တစ်ခုရွေးရမယ်။ အဲတော့ကျွန်တော်နိုင်ငံရေးလုပ်လို့မရတော့ဘူး။ အဲတော့ နိုင်ငံရဲ့အရေးလုပ်မယ်။ ကျွန်တော်တို့ကပန်းကိုင်ပြီးတော့ ကျွန်တော်တို့ လက်သုံးချောင်း ထောင်ပြီးဆန္ဒပြနေတဲ့အချိန်မှာ သူတို့ကကျွန်တော်တို့ကိုဂန်းကိုင်ပြီးတော့ ဖြိုခွင်းတဲ့ အချိန်မှာ ကျွန်တော်တို့သည် ဂန်းကိုင်ပြီးတော့ပြန်တော်လှန်မှရမယ်ဆိုတဲ့ နိုင်ငံရဲ့အရေးကို ရောက်လာတဲ့အခါကြတော့ နိုင်ငံရေးနဲ့နိုင်ငံအရေးကတော်တော်ကွာသွားပြီ။ တစ်နိုင်ငံလုံး လွတ်မြောက်ဖို့၊ တစ်နိုင်ငံလုံးအာဏာရှင်စနစ်လက်ထဲကနေပြီးတော့ထွက်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ အဲတော့ကျွန်တော်တို့သည် ဒီလက်နက်ကိုင်လမ်းစဉ်ကို ရွေးလို့ရှိရင် ကျွန်တော်တို့အသက်သည် ၅၀ – ၅၀ ရာခိုင်နှုန်းမှာပဲ။ အသက်ရှင်ဖို့လည်း ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်။ သေဖို့လည်း ၅၀ ရာခိုင်နှုန်းပဲရှိတယ်။ အဲတော့ကျွန်တော်တို့သည် ဒီတော်လှန်ရေး နဲ့နိုင်ငံရေးနဲ့ကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွဲလိုက်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်ကအခုဆိုလို့ရှိရင် မြို့နယ်မှာလည်း ကျွန်တော့်ရဲ့မြို့နယ် အတွင်းရေးမှူး ဆိုတဲ့ နိုင်ငံရေးကိုလည်းကျွန်တော်လုပ်လုပ်နေတယ်။ တော်လှန်ရေးမှာလည်း ကျွန်တော်ရှေ့တန်း မှာလိုက်ပြီးတော့ကျွန်တော်က ထောက်ပို့အဖြစ်နဲ့လုပ်တယ်။ ဒါပေမယ့် ထောက်ပို့ဆိုတာက ကျွန်တော်ကနောက်တန်းမှာနေတဲ့ထောက်ပို့မဟုတ်ဘူး။ ကြုံရင်ပစ်မယ် ဆိုတဲ့ ရှေ့တန်းမှာ နေတဲ့တိုက်ခိုက်ရေးထောက်ပို့။

အဲတော့ ကျွန်တော်တို့ကအများကြီးကွာသွားပြီ။ တော်လှန်ရေးနဲ့နိုင်ငံရေးဟာလည်း ဒွန်တွဲနေ မှရမယ်။ တစ်ဖက်ကဂန်းကိုင်ရင် ကျွန်တော်တို့လက်တစ်ဖက် ကစာအုပ်ကိုင် မှရမယ်။ မဟုတ်ရင်ကျွန်တော်တို့သူပုန်ဖြစ်သွားမယ်။ အဲတော့ကျွန်တော်တို့သူပုန် မဖြစ်ဖို့အတွက် နိုင်ငံရေးကိုလည်းကျွန်တော်တို့ချိတ်ဆက်ထားရမယ်။ စစ်တိုက်နေတဲ့စစ်သား တွေသည် နိုင်ငံရေးလည်းနားလည်ရမယ်။ အဲဒီအတွက်ကျွန်တော်က တော်လှန်ရေးမှာလည်း လက်နက် ကိုင်လမ်းစဉ်မှာပါဝင်ပြီးတော့ ကျွန်တော်ကတိုက်ခိုက်ရေးထောက်ပို့ ရဲဘော်အဖြစ် လည်း ယနေ့အထိတာဝန်ထမ်းဆောင်တယ်။ ပါတီမှာကလည်း ပါတီရဲ့မြို့နယ်အတွင်းရေးမှူး အဖြစ်လည်း ကျွန်တော်ကချိတ်ဆက်ပြီးတော့တာဝန်ထမ်းဆောင်တွဲပြီးတော့ တာဝန်တော့ ထမ်းဆောင်ထားတယ်။ အဲဒီတော့ကွဲလွဲမှုကကြတော့ ပါတီကနေနိုင်ငံကောင်းအောင် လုပ်ဖို့အတွက်ပြည်သူတွေကိုမဲဆွယ်တယ်။ တော်လှန်ရေးမှာကြတော့ နိုင်ငံရဲ့အရေး ဖြစ်သွားပြီ။ အဲလောက်နဲ့မရတော့ဘူး။ ကျွန်တော်တို့လက်နက်ကိုင် လမ်းစဉ်မှာလည်း ကျွန်တော်တို့ကိုင်ရမယ်။ အဲတော့ စားပွဲပေါ်မှာညှိနှိုင်းတဲ့အဆင့်ကလည်း ကျွန်တော်တို့ သွားသင့်တဲ့အရာကလည်း ကျွန်တော်တို့သွားရမယ်။ အဲတော့ လက်နက်ကိုင်တော်လှန်ရေး သည်ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ ပင်ပန်းတယ်၊ အမြဲတမ်းကိုယ့်ကိုယ်ကို သရဏဂုံ တင်ထားရတယ်၊ ကိုယ့်ကိုယ်ကိုဘယ်သောအခါမှကိုယ်ဟာ အမြဲတမ်းအသက်ရှင် ပါမယ် လို့တွေးထားလို့မရတဲ့အတွက် အများကြီးကွာဟချက်တွေတော့ရှိသွားတယ်။ အဲတော့ကိုယ့်ရဲ့ ရှေ့မှာရှိနေတဲ့ရဲဘော်တွေ၊ ကိုယ်နဲ့တူနေတဲ့ရဲဘော်တွေကျတာမြင်တိုင်း ကိုယ့်ရဲ့နိုင်ငံရဲ့ အရေးဆိုတဲ့ခံယူချက်ကြီးက ပိုပိုပိုပိုပြီးပြင်းထန်လာတယ်။ ပါတီနိုင်ငံရေးနဲ့ တော်လှန်ရေးထဲ ကတော့ မတူဘူးကွဲပြားပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဆရာမအနေနဲ့ KNU တပ်မဟာ ၆ နယ်မြေမှာရော၊ ဒီအခုပဲခူးရိုးမ မြန်မာပြည်အလယ်ပိုင်းရဲ့အရေးကြီးတဲ့နေရာမှာပါ တာဝန်ထမ်းဆောင်ခဲ့ ရတော့ အဲဒီနယ်မြေနှစ်ခုရဲ့ စစ်ရေးဆိုင်ရာအခက်အခဲတွေ၊ ပြီးတော့အားသာချက်တွေနဲ့ ရင်ဆိုင်ရတဲ့ပုံစံတွေက ဘယ်လောက်ထိကွာခြားမှုရှိလဲရှင့်။ ဒီအထူးသဖြင့်ပေါ့နော် ထောက်ပို့ တာဝန်ယူထားတဲ့ဆရာမတစ်ယောက်အနေနဲ့ ဒီနယ်မြေနှစ်ခုကြားမှာရင်ဆိုင်ရတဲ့ အကြီးမား ဆုံး ထောက်ပို့ပံ့ပိုးရေးဆိုင်ရာဒီစိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲရှင့်။

ဖြေကြားသူ – ထောက်ပို့ပိုင်းဆိုင်ရာစိန်ခေါ်မှုကတော့ တော်တော်လေးကွဲလွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တပ်မဟာ ၆ မှာကျွန်တော်နေခဲ့တယ်။ ကျွန်တော်တို့ စစ်တိုက်မယ်ဆိုလို့ရှိရင် စစ်ကြောင်းတစ်ကြောင်းမှာဆိုကားတွေအများကြီးရှိတယ်။ ဒီကားတွေနဲ့ပဲရဲဘော်တွေကိုခေါ်သွားတယ်။ ကင်းချတယ်။ တိုက်တယ်။ ပြီးလို့ရှိရင်လည်း ကားနဲ့ပဲပြန်လာခဲ့တယ်။ ဒါတပ်မဟာ ၆ မှာပေါ့နော်။ အဲတော့လမ်းပန်းဆက်သွယ်ရေး ကြတော့လည်း ဒီလောက်ခက်ခက်ခဲခဲလည်းမရှိဘူး။ တပ်မဟာ ၆ မှာကအဲလိုရှိပေမယ့် ဒီဘက်ပဲခူးရိုးမဘက်မှာကြတော့ အဲလိုမဟုတ်တော့ဘူး။ ဟိုဘက်ကကြတော့ ကျည်ကွယ် မျက်ကွယ်နဲ့ ပစ်ရတယ်။ ကျည်ကွယ်မျက်ကွယ်နဲ့ပစ်ပြီးမှစိတ်လုံခြုံမှုကတော့ နည်းနည်းတော့ ရှိတာပေါ့နော်။ ဒီဘက်မှာကြတော့စိတ်လုံခြုံမှုလုံးဝမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျည်ကွယ်မျက်ကွယ်လုံးဝမရှိဘူး။ ပြီးတော့ကျွန်တော်တို့ကအခုကရွာကနေပြီးတော့မြို့ ကျွန်တော်တို့ကမကြာခင်မှာမြို့တွင်းစစ်ဆင်ရေးတွေ ကျွန်တော်တို့ကလာတော့မယ်။ မြို့တွင်းစစ်ဆင်ရေးလာမယ်ဆိုတော့ လက်ရှိလည်းကျွန်တော်တို့ကရှေ့တန်းမှာနေနေတာ ကျွန်တော်တို့ကရွာထဲကိုရောက်နေပြီ။ အဲဒီမြို့နဲ့က ရန်ကုန်နဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ နှစ်နာရီတောင်မကြာတော့ဘူး ကျွန်တော်တို့က။ ဒီဘက်မှာဆိုလို့ရှိရင်ညတိုင်းဆိုလို့ရှိရင် ကျွန်တော်တို့အမြဲတမ်းကြားနေရတယ် ရထားသံတွေ၊ ကားသံတွေအမြဲတမ်းအမြဲတမ်း ကြားနေရတယ်။ ကျွန်တော်တို့ကမြို့ပြနဲ့နီးလာတယ်။

အဲတော့ဒီဘက်ကကြတော့စစ်တိုက်သွားမယ်ဆိုလို့ရှိရင် ဒီဘက်မှာထောက်ပို့မှုက အရမ်း နည်းတဲ့အတွက် ကားတစ်စီးတောင်မှအကောင်းမပါရင်မရှိကြဘူး။ ကားလေး အစုတ်လေး တစ်စီးလေးနဲ့ ဒါလေးတွေသွားပြီးတော့သယ်ဖို့ပို့ဖို့ပဲလုပ်နေရတယ်။ ပြီးကြတော့စစ်ရေးကို ဖော်ဆောင်တဲ့နေရာမှာပဲရဲဘော်တွေခြေကျင်သွားရတယ်။ အခုမိုးတွင်းဆိုပိုဆိုးတယ်။ အဲဟို အကြင်နေ့က ဒါဆရာမကိုလည်းကျရောက်ပါနော်။ တောရိုးစခန်းမှာသွားသိမ်းတာ ဆိုလို့ရှိရင် ရဲဘော်တွေခြေကျင်သွားရတယ်။ တိုက်ရတာမပင်ပန်းဘူး။ ခြေကျင်သွားရတဲ့ အရာက ဝေးတဲ့အခါကြတော့ တော်တော်ပင်ပန်းတယ်။ တော်တော်ပင်ပန်းတဲ့အခါကြတော့ ဟိုဘက် ရောက်တဲ့အခါကြတော့လည်းကျည်ကွယ်မျက်ကွယ်မရှိဘူး။ သူလာတာကိုမြင်ရတယ်၊ ကိုယ်လာတာသူမြင်ရတယ်။ ကျွန်တော်တို့တည့်ပစ်ရတယ်။ တည့်ပစ်ရတဲ့အခါကြတော့ ဒီဘက်ကကြတော့ အဲဒီအတွက်ကြတော့ စစ်ရေးအခြေအနေကကြတော့လည်း တော်တော် လေးကွာဟသွားတယ်။ ဟိုဘက်ကဘာအားသာလဲဆိုတော့ ဟိုဘက်ကတိုက်မယ် ဆိုလို့ရှိရင် ကားနဲ့သွားမယ်။ တပ်မဟာ ၆ ဘက်က။ တိုက်ပြီးလို့ရှိရင်ကားနဲ့ပြန်ခေါ်လာမယ်။ လူနာဆိုလို့ ရှိရင်လည်း အဲမှာဒဏ်ရာရတဲ့လူနာတွေဘာတွေဆိုလို့ရှိရင်လည်း အရေးပေါ် ကားနဲ့ ခေါ်ခဲ့လို့ ရတယ်။ ဒီဘက်ကကြတော့အဲလိုမဟုတ်ဘူး။ ဒဏ်ရာရတဲ့ရဲဘော်တွေ ဘာတွေဆို လူထမ်း ပြီးတော့သယ်ခဲ့ရတဲ့အခြေအနေမျိုးတွေရှိနေတဲ့အခါကြတော့ ဒီဘက်က ကြတော့ အဲတာတွေ အရမ်းအားနည်းချက်ရှိတယ်။

နောက်တစ်ခုကကြတော့ ထောက်ပို့ပိုင်းဆိုင်ရာကြတော့ ဘာတွေခက်ခဲသွားလဲဆိုတော့ ဟိုဘက်တပ်မဟာ ၆ ဘက်မှာကြတော့ ကျွန်တော်တို့တစ်ခါတစ်ခါရိက္ခာသွားသယ်လို့ရှိရင် အနည်းဆုံးကားလေးစီးငါးစီးနဲ့ကျွန်တော်တို့သွားသယ်ရတယ်။ ဒါ ၁၅ ရက်တစ်ခါလောက် ကျွန်တော်တို့သွားသယ်ရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့အဲဘက်မှာ ဘန်ကောက် ကပို့တဲ့ အရာကနေပြီးတော့ကိုရောက်တယ်။ မဲဆောက်ကပို့တဲ့အရာလည်း မဲဆောက်ရယ်၊ ဘန်ကောက်ရယ်၊ မြဝတီရယ်ပေါ့နော်။ အဲဒီပို့တဲ့အရာတွေအားလုံးက အဲဒီထောက်ပို့တဲ့ ရိက္ခာတွေ အရာအားတစ်နေရာမှာစုထားပေးမှ အဲမှာသွားသယ်တာဆိုတဲ့အခါကြတော့။ ရိက္ခာပိုင်းတွေဆိုင်ရာကလည်း လွတ်လွတ်လပ်လပ်နဲ့သယ်ခွင့်ရှိတယ်။ ပြီးတော့ရဲဘော်တွေ အတွက်လည်းရိက္ခာလုံလုံလောက်လောက်ရှိတယ်။ တစ်ခါတစ်လေမိုးတွင်းမှာပဲ ဟိုသွားပြီး တော့ဟိုကားတွေဘာတွေသွားမရလို့ အခက်အခဲလေးတစ်ခုဒီလောက်ပဲရှိတယ်။ ဒီဘက်က ကြတော့ ရိက္ခာလှူမယ့်လူမရှိဘူး။ ကျွန်တော်တို့ကပိုက်ဆံအလှူပိုက်ဆံငွေရမှ ကျွန်တော်တို့ ရိက္ခာလေးကိုတပ်ရင်းကနေပြီးတော့ ဝယ်ရတဲ့အခြေအနေကရှိတယ်။ ဒီဘက်မှာကမြို့နဲ့ နီးနေတာ ဆိုတဲ့အခါကြတော့ မြို့မှာနေတဲ့ပြည်သူတွေကကျွန်တော်တို့ကို ရိက္ခာတွေ ဘာတွေမလှူရဲကြဘူး။ ရိက္ခာပိုင်းဆိုင်ရာကြတော့ဒီဘက်မှာက မိုးတွင်းပိုင်းဆိုင်ရာလည်း ဖြစ်လာတာတစ်ကြောင်း၊ နယ်စပ်တွေနဲ့မနီးတဲ့ပေါ့နော် ဒီအလယ်ပိုင်းတိုင်းထဲမှာ ရောက်လာ တာဖြစ်တဲ့အတွက်။ ရိက္ခာပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ပြည်သူကမလှူရဲဘူး။ ပြည်သူမလှူရဲ တော့ ရိက္ခာပိုင်းဆိုင်ရာကလည်း တော်တော်ကိုဒီဘက်မှာအခက်အခဲတွေ ရှိရတယ်ပေါ့နော်။ အဲလိုကွာခြားချက်ကလေးတွေကတော့ရှိပါတယ်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ အခုဒီတော်လှန်ရေးအဖွဲ့အစည်းတွေ ထိပ်ချုပ်ထားတဲ့ နယ်မြေတွေမှာပေါ့နော် ကြားကာလအုပ်ချုပ်ရေးနဲ့ ဒီတရားစီရင်ရေးကဏ္ဍတွေ စတင်ပြီး တော့မှ အသက်ဝင်နေပြီလို့ကြားသိရပါတယ်။ ဆိုတော့ဆရာမရဲ့အတွေ့အကြုံအရ ဒီနယ်မြေ တွေမှာပြည်သူလူထုတွေအတွက် အုပ်ချုပ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုပေါ့နော် ဘယ်လိုပုံစံ နဲ့ဖော်ဆောင်နေပါသလဲရှင့်။ ဒီအနာဂတ် Federal Democracy နိုင်ငံတော်အတွက်ရော ဒီအလေ့အထတွေက ဟိုဘယ်လောက်အရေးကြီးတယ်လို့ ဆရာမအနေနဲ့မြင်မိလဲပေါ့နော်။

ဖြေကြားသူ – အခုလောလောဆယ်နယ်မြေစိုးမိုးမှုတွေရတဲ့အချိန်မှာ ကျွန်တော်တို့က ဒီဘက်မှာပသုံးလုံးရှိတယ်ပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးဆိုလို့ရှိရင်လည်း ဒီကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေနဲ့သူတို့ရဲ့ဒေသမှာရှိနေတဲ့။ ဒီရွာသူရွာသားရဲ့ လေးစားကြည်ညိုရတဲ့ သူကို သူတို့ရဲ့နယ်မြေခံတွေကိုပဲကျွန်တော်တို့ကအုပ်ချုပ်ရေးအဖြစ်နဲ့ထားတယ်။ ပြီးကြတော့ ပြည်သူ့လုံခြုံရေး ကကြတော့ ကျွန်တော်တို့တပ်ရင်းကပဲပြည်သူ့လုံခြုံရေးဆိုပြီးတော့ သီးသန့်ဖွဲ့ပေးထားပြီးတော့ပြည်သူတွေရဲ့လုံခြုံရေးကို ကျွန်တော်တို့ကာကွယ် စောင့်ရှောက် ပေးတာတွေရှိတယ်။ တရားဥပဒေစိုးမိုးရေးမှုအပိုင်းကြတော့ ကျွန်တော်တို့ကဒီအချိန်မှာ ကျွန်တော်တို့အများကြီးလုပ်လို့မရသေးဘူး။ အများကြီးလုပ်လို့မရသေးဘူးဆိုတာက ဟိုအပြစ်တစ်ခုကိုဘယ်လိုရှိလို့ရှိရင် ဘယ်လိုပုံစံမျိုးအရေးယူမယ်ဆိုတာ လောက်ကတော့ ရှိပေမယ့် ကျွန်တော်တို့ကအပြစ်တစ်ခုလုပ်လာတယ်။ ထိပ်တုံးခတ်ထားတာတို့ ပေါ့နော်။ တစ်ချို့ကြတော့လည်းအရမ်းမကျူးလွန်တဲ့ဟာတွေဆိုလို့ရှိရင်ပေါ့နော် ဟိုအလုပ်တစ်ခု သူတို့နဲ့အဆင်ပြေတာလေးတွေနဲ့ကိုအပြစ်ပေးတာလေးတွေရှိတယ်။ တရားရုံးတွေ ဘာတွေ ဆိုတာကလည်း လောလောဆယ်က တရားရေးဆိုင်ရာပညာရှင်တွေ ကျွန်တော်တို့နယ်မြေ စိုးမိုးမှုဘက်မှာကြသိပ်မရှိတဲ့အခါကြတော့ ကျွန်တော်တို့ဒီပအဖနဲ့ပလဖနဲ့ကပဲ ဒီဟာလေး တွေကို ထိန်းချုပ်နေရတာလေးတွေတော့ရှိပါတယ်။

ဒီအရာတွေကတော်လှန်ရေးကာလအလွန်မှာကကြတော့ ကျွန်တော်တို့အရမ်းအရေးကြီးတဲ့ အရာတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျွန်တော်တို့သည် PDF သည်တိုက်ဖို့ သက်သက်ပဲဖြစ်မယ်။ အဲတော့ပသုံးလုံးသည် ပြည်သူ့အတွက်ပေါ့နော် လိုအပ်တာတွေ ဖြည့်ဆည်းရမယ်၊ ပြည်သူဖြစ်ချင်တဲ့ဆန္ဒတွေ၊ ပြည်သူ့အတွက်လုံခြုံရေးတွေ၊ ပြီးကြတော့ တရားဥပဒေစိုးမိုးရေးတွေဘာတွေဆိုတာကတော့ တော်လှန်ရေးအလွန်ကြလို့ရှိရင်တော့ အများကြီးအကောင်အထည်ဖော်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်။ အခုချိန် ကျွန်တော်တို့ကြားကာလမှာဆိုတော့ ကျွန်တော်တို့ကနယ်မြေစိုးမိုးမှုရထားတော့မှန်တယ်။ ကျွန်တော်တို့ကအထိုင်က ကျွန်တော်တို့မတည်ငြိမ်ဘူး။ ဒီနားကဟိုနားဆိုတာအမြဲတမ်း ရွှေ့နေရတဲ့အတွက် အဲဒီတရားဥပဒေစိုးမိုးမှုအပိုင်းမှာကတော့ အပြစ်ပေးအရေးယူတာတွေကို ထင်သလောက်ကြီးကျွန်တော်တို့မလုပ်နိုင်ပေမယ့် လောလောဆယ်ကတော့ ပလဖတွေ အနေနဲ့ကသူတို့ရဲ့လုပ်သင့်လုပ်ထိုက်တာတွေအကုန်လုံးကိုတော့လုပ်ဆောင်နေကြတယ်လို့ပြောချင်ပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ ဆိုတော့ ဒီတော်လှန်ရေးမှာအမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ ကျောရိုးဖြစ်တယ်လို့လည်းပြောနေကြတယ်ပေါ့နော်။ ဆိုတော့ ဒီနိုင်ငံရေး၊ စစ်ရေး၊ ဒီထောက်ပို့ရေး၊ ဒီဆေးကုသရေးစတဲ့ကဏ္ဍပေါင်းစုံမှာအမျိုးသမီးတွေဟာ တက်ကြွစွာနဲ့ ပါဝင်နေတာကိုလည်းတွေ့ရတယ်။ ဆိုတော့ရှေ့တန်းမှာရှိနေတဲ့ဆရာမလို အမျိုးသမီး တစ်ယောက် အနေနဲ့ တော်လှန်ရေးအတွင်းမှာအမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပေါ့နော် ဆရာမအနေနဲ့ဘယ်လိုများမြင်ပါသလဲရှင့်။

ဖြေကြားသူ – ကျွန်တော်တို့ကကြတော့ ကျားမတန်းတူပဲဗျ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကို ကျွန်တော်တို့အခြေခံစစ်ရေးပြသင်တန်းတိုက်ခိုက်ရေးသင်တန်း၊ ပြီးတော့ ကွန်မန်ဒိုသင်တန်း ကျွန်တော်တို့တက်ခဲ့ရတယ်။ အမျိုးသားတွေကိုထိုင်ထ ၅၀ ဆိုလည်းကျွန်တော်တို့ ၅၀ ထိုင်ထထိုးခဲ့ရတာပဲလေ။ ကျွန်တော်တို့မှာကအမျိုးသမီးပါဆိုပြီး သီးသန့်အခွင့်အရေး ရထားတာ လုံးဝမရှိဘူး။ အခုလှုပ်ရှားတဲ့အချိန်မှာကလည်း သူတို့တွေနဲ့တန်းတူ ကျွန်တော်တို့ လှုပ်ရှားရတာပဲ။ ဒီဆေးပိုင်းဆိုင်ရာတွေ၊ ထောက်ပို့ပိုင်းဆိုင်ရာတွေမဟုတ်ဘဲနဲ့ အခြားအခြား သော Sniper ဆိုတာတွေလည်းရှိတယ်။ ပြီးကြတော့တိုက်ခိုက်ရေးမှာလည်း အမျိုးသမီးတွေ ရှိတယ်။ ကော်ဘရာမှာတော့ကျသွားတာတွေလည်းရှိတယ်ပေါ့နော်။ အဲဒီအတွက် အမျိုးသမီး တွေက တိုက်ခိုက်ရေးတွေရော၊ ဒီ Sniper ထဲမှာတွေရော၊ ဆေးမှာ တွေရော၊ ထောက်ပို့မှာ တွေရော၊ ဟိုအဖက်ဖက်ကနေပြီးတော့ ကိုယ်ဝါသနာပါရာပေါ့နော်။ တိုက်ခိုက်ရေးဝါသနာ ပါတဲ့သူကတချို့ဝါသနာကိုပါတာ။ ကျွန်တော်ဆိုလို့ရှိရင် ထောက်ပို့ကို ကျွန်တော်မလုပ် ချင်ဘူး။ တိုက်ခိုက်ရေးကိုပဲအားသာတယ်။ ဒါပေမယ့်လိုအပ်တဲ့အချိန်မှာ ဒီထောက်ပို့ခန်း ကဏ္ဍကလည်းအရေးပါဆိုတော့ မဖြစ်မနေကျွန်တော်တို့က ထောက်ပို့အဖြစ် တာဝန်ထမ်း ဆောင်ရတာ။ အဲတော့တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာအမျိုးသားတွေက တိုက်ပွဲမှာလည်း သူတို့တွေတိုက်နိုင်သလို အမျိုးသမီးတွေကလည်း တိုက်ပွဲမှာတိုက်နိုင်ပါ တယ်လို့ နော်။ ဒါလေးတော့ပြောချင်ပါတယ်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ဒီခုနကဆရာမပြောသလိုမျိုးပဲ အမျိုးသမီးတွေဟာ စစ်ရေးလေ့ကျင့်တဲ့အခါဖြစ်ဖြစ်၊ အမျိုးသားတွေနဲ့တန်းတူ၊ အမျိုးသမီးပါဆိုပြီးတော့ အခွင့်ထူး တွေမခံရသလိုမျိုးပဲ ဒီတော်လှန်ရေးအင်အားစုတွေကြားမှာ ခုနဒီကျားမတန်းတူ ဒီအခွင့် အရေးနဲ့ပတ်သတ်ပြီးတော့မှ လက်တွေ့ကျကျတိုးတက်မှုတွေ ဘယ်လောက်ထိရှိ လာပြီလဲ ရှင့်။ ဥပမာအားဖြင့်တာဝန်ခွဲဝေမှုအပိုင်း၊ ပြီးတော့ဒီဆုံးဖြတ်ချက်ချရတဲ့နေရာတွေမှာ ပေါ့နော် အမျိုးသမီးတွေရဲ့အသံကိုအလေးထားမှုစတာတွေ ကြုံတွေ့ရတဲ့အားသာချက်၊ အားနည်းချက် တွေရှိရင်လည်းဆရာမအနေနဲ့ပြောပြပေးစေချင်ပါတယ်ရှင့်။

ဖြေကြားသူ – အားသာချက်၊ အားနည်းချက်တွေကတော့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ထမ်းဆောင်နေတဲ့ဒီစစ်ကြောင်းပေါ့နော်။ ကျွန်တော်တို့ဆိုလို့ရှိရင်တော့ ပထမ ကော်ဘရာစစ်ကြောင်း အခုဆိုလို့ရှိရင်တော်ဝင်ဒေါင်းစစ်ကြောင်းပေါ့နော်။ ကျွန်တော် စစ်ကြောင်းနှစ်ခုကို ကျွန်တော်ပြောင်းလဲပြီးတော့ ထမ်းဆောင်နေတဲ့အချိန်မှာ ကျွန်တော့်မှာ ကတော့အဲလိုမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့လုပ်နိုင်မှုအပေါ်မှာပဲ ကျွန်တော့်ကိုတာဝန်ပေးကြတယ်။ ပြီးတော့ပေါ့နော် ဒီဆုံးဖြတ်ချက်ချရတဲ့အခါမှာလည်း ကိုယ်ကအကောင်းဆုံးကြီးကို အကြံဉာဏ်ပေးနိုင်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုအကုန်လုံးကယူကြပါတယ်။ တစ်ချို့ကြတော့ရှိတယ်ဗျ။ ကျွန်တော့်မှာတော့မကြုံရပေမယ့် တစ်ခြားအမျိုးသမီးတွေ ကြုံရတယ်ပေါ့နော်။ ဘယ်လိုကြုံရလဲဆိုတဲ့အခါကြတော့ မိန်းကလေးမို့လို့ကြီးမားတဲ့ တာဝန်ကိုမပေးဘူးဆိုတဲ့အရာမျိုးတွေပေါ့နော်။ ဥပမာပေါ့နော် ဟိုထောက်ပို့ကဏ္ဍပဲဖြစ်ဖြစ်၊ ဟိုတခြားကဏ္ဍပဲဖြစ်ဖြစ်ပေါ့။ သူကတော့မိန်းကလေးမလုပ်နိုင်ဘူး။ တစ်ချို့ကြတော့လည်း လုပ်နိုင်တဲ့သားနဲ့ သူကတော့မိန်းကလေးမို့လို့ဆိုတဲ့ခွဲခြားစိတ်ဖြာတဲ့အရာတွေလည်းရှိတယ်။ အဲတာတွေကတစ်ရာမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့သူ့ရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်။ သူ့ရဲ့လုပ်ပုံကိုင်ပုံ၊ သူ့ရဲ့ပြောပုံ ဆိုပုံပေါ်မှာပဲကြည့်ပြီးတော့ တာဝန်အသီးသီးကတော့ပေးကြပါတယ်။

ဒါပေမယ့် ၃၀ ရာခိုင်နှုန်းလောက်ကကြတော့ အလောက်ပဲတော်နေတော်နေ သူအမျိုးသမီး ဖြစ်လို့ဆိုပြီးတော့ ကြီးမားတဲ့ရာထူးကိုမပေးဘူးဆိုတာကတော့ ကျွန်တော့်အသိမိတ်ဆွေ အမျိုးသမီး တစ်ယောက်နဲ့ ကျွန်တော်စကားပြောရပါတယ်ပေါ့။ အဲဒီမှာကိုသူက တော်တော် လေးကိုပဲသူက ထဲထဲဝင်ဝင်သူလုပ်ခဲ့ရတယ်။ ထဲထဲဝင်ဝင်လုပ်ရ ပေမယ့်သူ့ကိုတာဝန် ကြီးကြီးမားမားမပေးဘူး။ ကြီးကြီးမားမားမပေးတဲ့အချိန်မှာ။ ရဲဘော် အချင်းချင်းစကား များကြတဲ့အချိန်မှာ ဟိုတခြားရဲဘော်ကပြောတယ်ပေါ့နော်။ အစ်မဘာ တာဝန် ရှိလို့လဲပေါ့။ အစ်မကအလုပ်နိုင်လို့မဟုတ်ဘူး၊ ခိုင်းကောင်းလို့မဟုတ်ဘူး၊ ခိုင်းထားတာ၊ တာဝန်ဘာမှ မရှိဘူးဆိုတဲ့ပုံစံမျိုးသူ့ကို အပြောခံရတဲ့အချိန်မှာ သူရှက်လာတယ်ပေါ့နော်။ အများကြီးလည်း အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့်သူ့ကိုကြတော့ သူလုပ်ဆောင်နိုင်တဲ့တာဝန်ကိုသူ့ကိုမပေး ဘူးပေါ့။ ဥပမာပေါ့ကွာ။ ဟိုတပ်စိတ်မှူးတို့၊ တပ်စုမှူးတို့ပုံစံမျိုးပေါ့။ အဲဒါမျိုးလေးကို သူ့မပေး တဲ့ပုံစံမျိုး ဖြစ်လာတဲ့အခါ ကြတော့ သူ့အကြီးအကဲကိုသူမေးတယ်။ သူလုပ်နိုင်တယ်။ ပေးအပ် တဲ့တာဝန်ကိုလည်း သူကျေပွန်အောင် တာဝန်ကိုထမ်းဆောင်တယ်။ ဒါပေမယ့်ခိုင်းကောင်းလို့ ခိုင်းတယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်ပြီးတော့ ဘာတာဝန်လဲ၊ ဘာရာထူးလဲလို့မေးလို့ရှိရင်သူ့မှာ တာဝန်ရာထူး မပြောနိုင်တော့ အောက်ခြေကရဲဘော်တွေနဲ့ဆက်ဆံရတဲ့အချိန်မှာ သူ့အနေနဲ့က သိမ်ငယ်ရတယ်ပေါ့နော်။ ရဲဘော်တွေသေချာကောင်းမွန်မပြောနိုင်ဘူးလို့။ အဲဒီသူ့ရဲ့ အကြီးအကဲကိုပြောတဲ့အချိန်မှာ။ သူ့အကြီးအကဲက တာဝန်တွေလုပ်နိုင်တာလည်း သိတယ်။ တာဝန်ကျေတာလည်းသိတယ်။ စွမ်းဆောင်ရည်ရှိတာကိုလည်းသိတယ်။ ဒါပေမယ့် အမျိုး သမီးမို့လို့ အဲနေရာလေးကိုပေးလို့မရဘူးဆိုလို့ပြောတဲ့အချိန်မှာ သူစိတ်ဓာတ်ကျပြီး တော့ အခုဆိုမဲဆောက်ကိုရောက်သွားတယ်။ ဒါမျိုးကမဖြစ်သင့်တဲ့အရာတွေ။ ဒါကအမျိုး သမီး တစ်ယောက်ရဲ့စွမ်းဆောင်ရည်၊ လုပ်နိုင်တဲ့အရည်အချင်း၊ သူ့ရဲ့စွမ်းရည်တွေ အဲဒီစကား တစ်ခွန်းထဲနဲ့အားလုံးကစွမ်းရည်တွေပြုတ်ကျသွားတယ်။ ငါ့ကိုလိုသုံးပဲသုံးတယ်။ ဘာမှငါ့မှာ တာဝန်ပေးထားတာမဟုတ်ဘဲနဲ့ ငါကလိုသုံးပုံစံမျိုးဖြစ်တော့ ငါအဆင်မပြေဘူးဆိုတဲ့ စိတ်ဓာတ်ကျပြီးမှ အဲလိုထွက်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ဒီတော်လှန်ရေးအောင်မြင်ပြီးတဲ့အခါမှာပေါ့လေ အမျိုးသမီး တွေရဲ့ အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရော၊ ဒီလက်တွေ့ လူမှုဘဝ တွေမှာပါ အာမခံချက်အပြည့်အဝရဖို့အတွက်ဆိုလို့ရှိရင် ဘယ်လိုအချက်တွေကိုအခု ကတည်းက ဒီကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ဆရာမအနေနဲ့တိုက်တွန်းချင်ပါသလဲရှင့်။

ဖြေကြားသူ – အခုကျွန်တော်တို့ဒါဟိုတော်လှန်ရေးပြီးလို့ရှိရင် အကောင်းဆုံးဥပဒေကို ကျွန်တော်တို့ရေးဆွဲနိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်။ အဲဒီဥပဒေထဲမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ လက်ရှိလှုပ်ရှားနေတဲ့တော်လှန်ရေးရဲ့ သွားလာနေတဲ့ အထဲမှာကိုကြည့်ပြီးတော့ အမျိုးသမီးတွေလှုပ်ရှားမှုအခန်းကဏ္ဍဟာ ဘယ်လောက်အရေး ပါတယ်။ ဘယ်လိုပုံစံမျိုးမှာပါဝင်သင့်တယ်ဆိုတာကို ကျွန်တော်တို့ကအသေးစိတ်ကတော့ အချက်အလက်တွေကတော့ ကျွန်တော်တို့မှတ်တမ်းတွေလုပ်ထားတာတော့ရှိတယ်ပေါ့နော်။ အမျိုးသမီးနဲ့ကျားမတန်းတူအခွင့်အရေးတွေကျွန်တော်တို့ရှိရမယ်။ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်မှုအပေါ်မှာမူတည်ပြီးတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီးတော့ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့အထိုက်အလျောက် တာဝန်သို့မဟုတ်ရာထူးပေးပြီးတော့ ဒါမျိုးတွေ လည်းလုပ်ဆောင်ပေးသင့်တယ်။ ပြီးကြတော့ပေါ့နော် ဒီအမျိုးသမီးဆိုပြီးတော့ ဖိနှိပ်နေတဲ့ ခေတ်ဟောင်းကသူတို့ရဲ့လက်သုံးစကားတွေကိုလည်း မသုံးနိုင်အောင် ကျွန်တော်တို့ ဥပဒေထဲမှာ အမျိုးသမီးအခန်းကဏ္ဍနဲ့ပတ်သတ်တဲ့ ဥပဒေရေးရာတွေမှာ ကျွန်တော်တို့ အမျိုးသမီးတွေတိုင်ပင်ပြီးတော့စနစ်တကျကျွန်တော်တို့ဒီဟာလေးတွေကို ပေးပို့ပြီးမှ ကျွန်တော်တို့ တွေဒါတွေဒီလိုဖြစ်သင့်တယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော်တို့အကြံပြု မှာလို့ ကျွန်တော်တို့စိတ်ထဲမှာမျှော်မှန်းထားပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ နွေဦးတော်လှန်ရေးနဲ့ပတ်သတ်ပြီးတော့ ဒီအိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ တရုတ်ပေါ့နော်၊ အိန္ဒိယတို့ရဲ့ဒီရပ်တည်ချက်တွေ၊ ပါဝင်ပတ်သတ်မှုတွေ အပေါ်မှာ ဆရာမရဲ့သုံးသပ်ချက်အမြင်ကိုလည်းသိပါရစေရှင့်။ သူတို့ရဲ့မူဝါဒတွေကကျွန်မတို့ အခုတော်လှန်ရေးအပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှုရှိတယ်လို့ ဆရာမအနေနဲ့ သုံးသပ်ပါသလဲရှင့်။

ဖြေကြားသူ – အိမ်နီးချင်းနိုင်ငံတွေကိုကျွန်တော်တို့ကအားကိုးလို့မရဘူး။ ဘာကြောင့် အားကိုးလို့မရတာလဲဆိုလို့ရှိရင် အခုလက်ရှိကျွန်တော်တို့တော်လှန်ရေးကာလမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့တော်လှန်ရေးကို တော်တော်လေးအားလျော့သွား အောင် လုပ်ဆောင်နေတဲ့ပုံစံမျိုးတွေသက်ရောက်နေတာတွေအများကြီးတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံပဲဖြစ်ဖြစ်၊ တခြားနိုင်ငံပဲဖြစ်ဖြစ်အခုအရင်တုန်းကဆိုလို့ရှိရင် စစ်ရှောင်အတွက်တို့၊ ပြီးကြတော့ဒီတော်လှန်ရေးအတွက်တို့၊ ဒီပြည်ပရောက်မြန်မာတွေ အလှူတွေထွက်ခံကြတယ်။ အလှူထွက်ခံပြီးတော့ကျွန်တော်တို့ကိုထောက်ပံ့ပေးတယ်၊ ထောက်ပို့ပေးတယ်။ သူတို့ထောက်ပို့မှုတွေနဲ့ပဲကျွန်တော်တို့ရှေ့တန်းမှာ ပါဝင်ပတ်သတ်ပြီး တော့ ကျွန်တော်တို့တိုက်နေရတယ်။ ကျွန်တော်တို့ရဲ့တော်လှန်ရေးရဲ့အဓိကက ကျွန်တော်တို့က ထောက်ပို့အင်အားကောင်းမှ ကျွန်တော်တို့တိုက်လို့ရတာ။ ဒီထောက်ပို့မှာ ရလာတဲ့ ကျည်ဘိုး၊ လက်နက်၊ ဒီစစ်သားတစ်ယောက်ရဲ့ဒီယူနီဖောင်းတွေဘာတွေကအစစ ဒီပြည်ပကအားကိုးပြီးကျွန်တော်တို့ကသွားနေရတာ။ အဲလိုပြည်ပက အားကိုးပြီးသွားနေရတဲ့ အချိန်မှာဒါတွေကိုလိုက်ဖမ်းဆီးတာတွေလုပ်တယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တဲ့အရာတွေ ဆိုလို့ရှိရင် လုံးဝမလုပ်ခံဘူး။ ပေါ့နော် ဒီဟာမျိုးတွေကန့်သတ်တာတွေရှိတယ်။ အခုဆို တရုတ်ဆိုလို့ရှိရင်လည်း လာရှိုးဖြစ်စဉ်တွေဘာတွေဆိုလို့ရှိရင် ကျွန်တော်တို့အတွက် ဘယ်လိုမှ အလားအလာမကောင်းတဲ့အရာတွေဖြစ်တယ်။ အဲတော့ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေကကျွန်တော်တို့လုံးဝအားမကိုးရတဲ့အတွက် ကျွန်တော်တို့တွေက သူတို့ရဲ့လုပ်ဆောင်နေတဲ့အလုပ်သည် ကျွန်တော်တို့တော်လှန်ရေးကိုမှေးမှိန်စေတယ်။ စစ်တပ်ကိုပဲသူတို့ကအားပေးနေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့က အိမ်နီးချင်း နိုင်ငံတွေကိုလည်း အားကိုးလို့မရဘဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ဟာနဲ့ ကိုယ်ရုန်းကန်ပြီးတော့ကျွန်တော်တို့လုပ်နေတဲ့အချိန်မှာ အဲဒီအိမ်နီးချင်းနိုင်ငံတွေရဲ့ သူတို့ရဲ့ ထုတ်ထားတဲ့ဥပဒေတွေက ကျွန်တော်တို့တော်လှန်ရေးအတွက်ကို ဆိုးဆိုးဝါးဝါးကိုကပဲ ထိခိုက်တယ်လို့ကျွန်တော့်အနေနဲ့မြင်ချင်ပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့တော်လှန်ရေးကာလက ကြာရှည်လာတာနဲ့အမျှ ကျွန်မတို့ ပြည်သူလူထုထဲမှာလည်းပဲ စိတ်ပိုင်းဆိုင်ရာဒီပင်ပန်းနွမ်းနယ်မှုတွေ ပြီးတော့စားဝတ်နေရေး ဆိုင်ရာဒီအခက်အခဲတွေလည်း ဟိုရှိလာတယ်ပေါ့နော်။ ဆိုတော့ရှေ့တန်းကနေပြီးတော့မှ ပြည်သူလူထုကိုဘယ်လိုသတင်းစကားမျိုးဆရာမအနေနဲ့ပါးချင်ပါလဲ။ သူတို့ရဲ့ ဒီပါဝင် ထောက်ပံ့ ကူညီမှုတွေကရော တော်လှန်ရေးအတွက်ဘယ်လောက်ထိ ဟိုအရေးပါတယ်ဆိုတဲ့ အကြောင်းလေးကိုလည်းတစ်ပါတည်းရှင်းပြပေးစေချင်ပါတယ်ရှင့်။

ဖြေကြားသူ – ပြည်သူတွေလည်းဒီလေးနှစ်ကျော်ငါးနှစ်ထဲရောက်လာပြီဆိုတော့ အဆင်မပြေ တော့ ဘူးဆိုတာကျွန်တော်တို့သိတယ်။ ဒါပေမယ့်ကျွန်တော်တို့လည်း အဆင်မပြေပါဘူး။ အဲတော့ ဘာကြောင့်လဲဆိုတဲ့အခါကြတော့ တော်လှန်ရေးကြီးကကြာရှည်လာတာနဲ့အမျှ ကျွန်တော်တို့ အသက်တွေကနေ့တိုင်းပေးနေရတယ်။ ကျွန်တော်တို့တွေတင်မဟုတ်ဘူး။ မြို့ထဲမှာရှိနေတဲ့ ပြည်သူတွေကိုလည်း ကျွန်တော်တို့က ပြန်စိတ်မချရဘဲအမှန်ပါ။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကြတော့ ဒီကောင်တွေက လေယာဉ်တွေနဲ့ကလေးသူငယ်တွေတို့၊ ဒီစာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေတို့လိုက်ကြဲနေတဲ့အချိန်မှာ ပြည်သူတွေလည်း စိတ်မလုံခြုံဘဲနဲ့ နေနေရတာဆိုတဲ့အခါကြတော့ သူတို့လည်းစိတ်အဆင်ပြေကြမှာ မဟုတ်ဘူး။ အဲတော့ အဲဒီအတွက်လည်းကျွန်တော်တို့ကတော်လှန်ရေးကို မြန်မြန်ပြီးချင် တယ်။ ပြည်သူတွေကို အားတင်းထားပါလို့ပြောချင်တယ်။ ကျွန်တော်တို့ PDF တွေက ပြည်သူတွေ အတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေပါတယ်လို့။ များမကြာမီ အချိန်မှာ ကျွန်တော်တို့အောင်ပွဲ ရေးနဲ့အတူ လွတ်လွတ်လပ်ပြီးတော့တရားမျှတတဲ့ နိုင်ငံတော်ကို ဖြစ်အောင် ကျွန်တော်တို့ ပြည်သူတွေအတွက်ကိုဖော်ဆောင်ပေးပါ့မယ်လို့လည်း ပြောချင်ပါတယ်။

နောက်တစ်ခုကကြတော့ပြည်သူတွေရဲ့ထောက်ပံ့မှုက မြန်မာငါးထောင်က အစစ ကျွန်တော် တို့ တန်ကြေးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် ကျွန်တော်တို့စားနေတဲ့ အရာသည် ပြည်သူ့ရဲ့ထမင်းကိုကျွန်တော်တို့စားနေရတယ်။ ပြည်သူ ထောက်ပံ့ပေးနေတဲ့ အရာတွေကိုစားရတဲ့အတွက် ကျွန်တော်တို့သည် ထမင်းစားမယ်ဆို လို့ရှိရင် တောင်မှပဲ ပြည်သူတွေကို ဒါအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက်ကို ကျွန်တော် တို့တွေသစ္စာဆိုပြီးမှကျွန်တော်တို့ထမင်းစားရပါတယ်။ ပြည်သူတွေ လှူတဲ့ငွေအမောက်သည် တစ်ထောင်၊ နှစ်ထောင်၊ လေးငါးထောင်ကအစ ကျွန်တော်တို့ အတွက်တန်ကြေးရှိပါတယ်။ ဥပမာမြန်မာငွေတစ်သောင်းဆိုလို့ရှိရင် ကျွန်တော်တို့သည် ကျည်တစ်တောင့်၊ သို့တည်း မဟုတ်နှစ်တောင့်ရလို့ရှိရင် ကျွန်တော်တို့စကစတစ်ယောက်၊ နှစ်ယောက်ကိုလည်း ကျွန်တော်တို့သတ်နိုင်ပါတယ်လို့။ အဲတာကြောင့်မို့ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေက ကျွန်တော်တို့တော်လှန်ရေး သမားတွေအတွက်အသက်တမျှ အရေးကြီးပါတယ်။ ကျွန်တော်တို့အသက်ပေးတိုက်နေတာကလည်း ပြည်သူတွေကို တရားမျှတပြီးတော့ လွတ်လပ်သော Federal Democracy နိုင်ငံဖြစ်ဖို့အတွက် ဟိုအသက်ပေးပြီးတိုက်ပွဲဝင်နေ တာဖြစ်ပါတယ်လို့။ ပြည်သူတွေလည်းအားတင်းထားပါလို့ ပြောချင်ပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ ဆရာမလိုပဲနိုင်ငံရေးနောက်ခံကနေလာပြီးတော့ တော်လှန်ရေးထဲ မှာ ဝင်လာတဲ့လူငယ်တွေ၊ အမျိုးသမီးတွေအများကြီးရှိပါတယ်ပေါ့နော်။ ဆိုတော့သူတို့ကိုရော ဟိုတော်လှန်ရေးမှာဘယ်ကဏ္ဍကနေပြီးတော့ပါဝင်ရမလဲလို့စဉ်းစားနေဆဲဖြစ်တဲ့လူငယ်တွေ၊ အမျိုးသမီးတွေကိုရောဘယ်လိုမျိုးအားပေးစကား၊ ဟိုအကြံဉာဏ်စကားတွေ ပြောချင်ပါလဲ ရှင့်။

ဖြေကြားသူ – ဟုတ်ကဲ့တော့အမျိုးသမီးတွေအားလုံးကိုတော့ပြောချင်ပါတယ်။ ဒီတကယ်လို့မို့ ကျွန်တော်တို့တော်လှန်ရေးထဲမှာတိုက်ပွဲထဲမှာရဲဘော်အဖြစ်နဲ့ပါဝင်နေတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်လည်း ဒီ Sniper တို့ဘာတို့ဆိုတာက သူကစိတ်ငြိမ်တယ်လေ။ စိတ်ငြိမ်ငြိမ် လေးနဲ့ထားပေးမှသူ့ရဲ့လက်အနေအထား၊ ဟန်ပန်အနေအထား၊ ကိုယ်ဟန်အနေအထားနဲ့ နေရတဲ့အချိန်မှာအမျိုးသမီးတွေကအဲလိုစိတ်ရှည်တတ်တယ်။ စိတ်ရှည်တတ်တဲ့အတွက် တကယ်လို့မို့ဝါသနာပါတယ်ဆိုလို့ရှိရင်လည်း Sniper သူရဲကောင်းမကြီးအဖြစ်လည်း ပါဝင်လို့ရတယ်။ ဒါမှမဟုတ်တစ်ချို့ကကြတော့တိုက်ခိုက်ရေးတွေကို စိတ်မဝင်စားဘူးဆို လို့ရှိရင်လည်း ထောက်ပို့အနေနဲ့ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ်။ နိုင်ငံရေးကို တစ်တောင့်တစ်နေရာကပဲရဲဘော်ဖြစ်သည်ဖြစ်စေ၊ ရဲဘော်မဟုတ်သည်ဖြစ်စေ၊ တစ်တောင့် တစ်နေရာကနေပြီးတော့ပါဝင်နိုင်တယ်ဆိုတာက ထောက်ပို့ကဏ္ဍကအရေးကြီးတဲ့အရာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေထောက်ပို့ကဏ္ဍမှာကလည်းပါဝင်သင့်တယ်လို့ ကျွန်တော့် အနေနဲ့ အကြံပြုချင်တယ်။ နောက်တစ်ခုကကြတော့လည်းဆေးဘက်ဆိုင်ရာ ပေါ့နော်။ ဆေးဘက်ဆိုင်ရာမှာဆိုလို့ရှိရင် ဒီအခုရှေ့တန်းမှာဆိုတစ်ချို့ဆိုလို့ရှိရင် အမျိုးသမီးတွေရှေ့ တန်းမှာလိုက်တယ်။ ရှေ့တန်းမှာလိုက်လူနာတွေရဲဘော်တွေဒဏ်ရာရတဲ့အချိန်မှာ သူတို့တွေက ဒီဆေးဘက်ဆိုင်ရာနဲ့ပတ်သတ်တဲ့သူတို့ရဲ့ကျွမ်းကျင်၊ သူတို့ရဲ့တတ်မြောက် ထားတဲ့ အရာတွေနဲ့ကို ဒီရဲဘော်တွေကိုဆေးကုသပေးတာတွေလည်း အဲလိုလည်း လုပ်နိုင်ပါတယ်။

အဲဒီအတွက်အမျိုးသမီးတို့ကို ပြောချင်တာကတော့ ကျရာတာဝန်ကိုမမှိတ်မသုန်နဲ့ ထမ်းဆောင် စေချင်တယ်။ ပြီးကြတော့ပြည်တွင်းပြည်ပမှာနေနေတဲ့ ဒီတပ်ထဲမှာနေတာ မဟုတ်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင် ကျွန်တော်ကသူတို့ကိုကျွန်တော့်အနေနဲ့ အကြံပြုချင်တာ ကတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ထောက်ပို့အင်အားလေးတွေများများ ရအောင်ပါဝင်ကြပါ၊ နော်လုပ်ဆောင်ပေးကြပါလို့လည်းပြောချင်ပါတယ်။ ကျွန်တော်တို့တော် ဝင်ဒေါင်းမှနေပြီးတော့ ပြည်တွင်းပြည်ပမှာရှိနေတဲ့အမျိုးသမီးတွေနော်၊ ထောက်ပို့ရဲဘော် အဖြစ် ပြည်ပကနေပါဝင်ချင်တယ်၊ ပြည်တွင်းကနေပါဝင်ချင်တယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့တော်ဝင်ဒေါင်းမှာလည်း ကိုယ်ပိုင်အမှတ်တွေဘာတွေချပေးပြီး ထောက်ပို့ ရဲဘော် ဆိုပြီး ကျွန်တော်တို့တွေမှန်မှန်ကန်ကန်လုပ်တဲ့သူလေးတွေကို ဖော်ဆောင်နေတာ လေးတွေ လည်းရှိပါတယ်။ အဲတာမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်လည်း ကျွန်တော့်ထံမှာကို ချိတ်ဆက်ပြီးတော့ ထောက်ပို့ရဲဘော်အဖြစ်ပါဝင်ထမ်းဆောင်ပေးကြပါလို့လည်း အကြံပြု ပြောကြားချင်ပါတယ်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ ဒီနောက်ဆုံးအနေနဲ့ပေါ့နော် အခက်အခဲပေါင်းများစွာကြားထဲက နေပြီးတော့မှ ဒီတော်လှန်ရေးခရီးကိုမမှိတ်မသုန်နဲ့ဆက်လျှောက်နေစေဖို့အတွက် ဆရာမကို အဓိက တွန်းအားပေးတဲ့အရာကဘာများဖြစ်မလဲရှင့်။ တော်လှန်ရေးအောင်မြင်တဲ့ တစ်နေ့မှာ ပေါ့နော် ဆရာမမြင်ချင်တဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကရောဘယ်လိုမျိုးဖြစ်မလဲဆိုတဲ့ ကိုယ်ပိုင်မျှော် လင့်ချက်လေးကို ပြောပြရင်းနဲ့ ကျွန်မတို့ရဲ့ Interview လေးကိုအဆုံးသတ်ပေးပါဦးရှင့်။

ဖြေကြားသူ – အခုလောလောဆယ်ကတော့ ကျွန်တော်မျှော်လင့်ထားတဲ့အရာတွေရှိတာပါ။ Federal နိုင်ငံတည်ဆောက်ကြမယ်။ ကောင်းမွန်သောအစိုးရ၊ ကောင်းမွန်သောနိုင်ငံ၊ ကောင်းမွန်သောခေါင်းဆောင်အောက်မှာ ကောင်းမွန်တဲ့ဥပဒေတွေကျွန်တော်တို့ ထုတ်ပြီး တော့ Federal နိုင်ငံတော်သစ်ကိုတည်ဆောက်ကြမယ်။ နောက်တစ်ခုကကြတော့ ကောင်းမွန်သောနိုင်ငံ၊ ကောင်းမွန်သောခေါင်းဆောင်၊ ကောင်းမွန်သောဥပဒေတွေရှိမှသာ ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဘယ်နိုင်ငံရောက်ရောက်ကျွန်တော်တို့ မျက်နှာ မငယ်ရမှာဖြစ်ပါတယ်။ အဲတော့အခုအာဏာရှင်စနစ်မှာ ဆရာမခဏနေက ပြောသလိုအိမ်နီး ချင်းနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာတွေသည် သူတို့လည်း စိတ်လုံခြုံမှု မရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်လာဖမ်းလိုက်။ အခုဆိုလို့ရှိရင် ဘန်ကောက်မှာဆိုလို့ရှိရင် အခန်းတွေတောင်ဝင်စစ်တဲ့ပုံစံမျိုးဆိုဖြစ်နေတယ်။ ဒါကဘာလဲ ဆိုတဲ့ အခါကြတော့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ ကောင်းမွန်သောနိုင်ငံခေါင်းဆောင် မဟုတ်တဲ့ အတွက် သူကိုယ်တိုင်ကဖမ်းခိုင်းနေတာဆိုတဲ့အခါကို ကျွန်တော်တို့ စိတ်လုံခြုံမှုမရှိဘူးလေ။ အဲတော့ ကျွန်တော်တို့သည် အနာဂတ်မှာ ကောင်းမွန်သောနိုင်ငံ Federal နိုင်ငံဖြစ်ရမယ်။ ကောင်းမွန်သောဥပဒေအပြင် နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူတို့ရဲ့လူ့အခွင့်အရေး ပြည့်ပြည့်ဝဝရတဲ့နိုင်ငံတစ်နိုင်ငံ အဖြစ်ဖြစ်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်တယ်။

နောက်တစ်ခုကကြတော့ ကျွန်တော်တို့သည် လူ့အခွင့်အရေးချိုးဖောက်နေသော အစိုးရဘယ် သောအခါမှကျွန်တော်တို့မလိုချင်တော့ပါဘူး။ အဲဒီအတွက်လည်းကျွန်တော်တို့ တိုက်နေတာ ဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကြီးပြီးသွားတယ်ဆိုလို့ရှိရင်တောင်မှပဲ လူ့အခွင့်အရေး ပြည့်ပြည့်ဝဝရတဲ့နိုင်ငံ၊ လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝလုပ်ပေးနိုင်တဲ့အစိုးရ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့အစိုးရကိုပဲ ကျွန်တော်တို့မျှော်လင့်ပါတယ်ရှင့်။

မေးမြန်းသူ – ဟုတ်ကဲ့ပါ၊ အခုလိုမျိုးအချိန်ပေးပြီးတော့မှဖြေကြားပေးတဲ့အတွက် ဆရာမကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

ဖြေကြားသူ – ဟုတ်ကဲ့ရှင့်၊ ကျွန်တော့်အနေနဲ့ကလည်းကျေးဇူးတင်ရှိပါတယ်ရှင့်။