မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်

ဖြေဆိုသူ- ဆရာနောင်ရိုး (CDM) ၊ စစ်ဘက်သုတေသနတာဝန်ခံ မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ 

မေးမြန်းသူ – ဆိုတော့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် အိမ်နီးချင်း အကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ ခေါင်းဆောင်ကြီး၊ ဝန်ကြီးချုပ်မိုဒီတို့တောင်မှ စစ်ကောင်စီနဲ့ လက်ဆွဲ နှုတ်ဆက်ရတဲ့ အနေအထားအထိ ရောက်လာတယ်။ ဆိုတော့ ဆရာ့ရဲ့ စစ်ရေးအတွေ့အကြုံ အမြင်အရနဲ့ ပေါင်းပြီးတော့မှ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ မြင်နေကြတဲ့ဟာက အဲဒီဟာ ဖြစ်သင့်ပါတယ်။ သူတို့မြင်တာ မှန်ပါတယ်လို့ မြင်သလား။ သူတို့အပေါ်မှာ သူတို့မြင်တဲ့ဟာ များလွန်းအားကြီးတယ်။ ကျွန်တော်တို့က အဲဒီလောက် အားမနည်းသေးတာ ဘယ်လိုသုံး သပ်ချင်သလဲ ဒီအပေါ်မှာ။

ဖြေကြားသူ – နိုင်ငံတကာရဲ့ ရှုမြင်ချက်ကိုတော့ နိုင်ငံအကျိုးအတွက်ပဲ ရည်ရွယ်ပြီး ပြောရမယ် ဆိုရင်တော့ သူတို့ ယူဆသုံးသပ်ချက်တွေက မမှားဘူး။ သူတို့ လက်တွေ့ အရှိတရားကိုပဲ အဓိက ထိတွေ့ချင့်ချိန် ရှုမြင်တယ်။ ဒါ အိမ်နီးနားချင်းအပါအဝင်လို့ ကျွန်တော် နားလည် တယ်ပေါ့။ ဒါ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ 1027 ဒီစစ်ဆင်ရေးရဲ့ အရွေ့က ကျွန်တော် တို့ အချက်နှစ်ချက် ဖြစ်စေတယ်ပေါ့။ တစ်ခုကတော့ စစ်တပ်ဟာ ပြိုလဲသွားနိုင်တယ်၊ ပြိုလဲအောင် တိုက်လို့ရတယ်ဆိုတဲ့ အမြင်ကို ပြည်သူလူထုတစ်ရပ်လုံးကိုလည်း မြင်စေတယ်၊ တစ်ကမ္ဘာလုံးကိုလည်း မြင်စေတယ်ပေါ့။ နောက်ထပ် ကျွန်တော်တို့ တော်လှန်ရေးတွေရဲ့ ဘက်ကအခြမ်းကိုလည်း လှစ်ဟပြသလိုက်သလို ဖြစ်တယ်ပေါ့။ တကယ့်တကယ် တိုင်းပြည် ဒီစစ်တပ်ကြီး ပြိုလဲသွားရင် တော်လှန်ရေး အင်အားစုတွေဟာ ဘယ်အခြေအနေရှိနေတယ် ဆိုတဲ့ဟာကို တစ်ကမ္ဘာလုံးကလည်း အာရုံစိုက်စေတယ်။ အိမ်နီးနားချင်းတွေလည်း အာရုံစိုက် စေတယ်။ အဲဒီလို အာရုံစိုက်တဲ့အခါမှာ အဲဒီအခြေအနေမှာပဲ တော်လှန်ရေးအင်အားစုတွေက အသင့်ဖြစ်မနေဘူးပေါ့နော်။ ကျွန်တော်တို့တွေ အဲဒီအချိန်မှာ မစုစည်းနိုင်ဘူး။ စုစည်းနိုင်တဲ့ အရိပ်အငွေ့လည်း မတွေ့ရတဲ့အခါကျတော့ ဟာ ဒီဗဟိုစစ်တပ်ကြီးသာ ပျက်စီးသွားရင် ဒီတိုင်းပြည်ရဲ့ အနာဂတ်ကို တည်ငြိမ်အောင် ဘယ်သူက ထိန်းမှာလဲဆိုတဲ့ ဗဟိုညီညွတ်တဲ့ အင်အားစုက ရှိမနေဘူးပေါ့။ အဲဒီဟာက တစ်ပြိုင်နက်တည်း ပြလိုက်တယ်လို့ မြင်တဲ့အခါမှာ အိန္ဒိယလည်း စိုးရိမ်မှာပဲ၊ တရုတ်လည်း စိုးရိမ်လိမ့်မယ်လို့ ထင်တယ်။ ဟာ တိုင်းပြည် တစ်စိတ်တစ်ပိုင်းဖြစ်သွားရင် သူဘေးနားမှာပေါ့။ သူ့အကျိုးစီးပွားတွေလည်း အများအပြား ရှိနေတယ်။ အဲဒီကျတော့ ဒီတိုင်းပြည်မှာ institution ခိုင်ခိုင်မာမာနဲ့ ရှိနေတာဟာ စစ်ကောင်စီတပ်ပဲရှိတယ်။ ဟာ ဒီစစ်တပ်ကြီး ပြိုလဲသွားလို့ မဖြစ်ဘူး။ ငါတို့ ရပ်တည်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ ဟာမျိုး အပြောင်းအလဲရွှေ့ဖြစ်သွားစေတယ်လို့ ကျွန်တော် မြင်တယ်ပေါ့ နော်။ ဆိုလိုရင်းကတော့ ကျွန်တော်တို့ အခွင့်အလမ်းကြီးတွေ အများကြီး ရခဲ့တယ်၊ မြင်ခဲ့ တယ်။ စစ်တပ်ကို ပြိုလဲအောင် တိုက်လို့ရခဲ့တဲ့ အနေအထားတွေလည်း ပြသွားနိုင်ခဲ့တယ်။ အဲဒါကြောင့်လည်း အင်အားစုတွေက ပြောတာ။ ဟာ ငါတို့ တစ်ချီတည်း ရုန်းကြမယ်။ ငါတို့ စုကြဖို့လိုတယ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဟာ အဲဒီအချိန်မှာ မညီညွတ် တဲ့ အင်အားစုတွေ၊ ညီညွတ်မှုမရသေးတဲ့ အင်အားစုတွေဆိုတာကို တစ်ကမ္ဘာကြီးကလည်း သိမြင်သွားတယ်။ တရုတ်ကလည်း မြင်သွားတယ်လို့ မြင်တယ်။ စိုးရိမ်စရာ ပိုဖြစ်သွားသေး တယ်ပေါ့နော်။ ဆိုလိုရင်းက ကျွန်တော်တို့ ကမ္ဘာကြီးက ကျွန်တော်တို့ အင်အားစုတွေကို ရှုမြင်တာ ဒါ အမှန်တရားပဲဖြစ်ပါတယ်။ ကျွန်တော်တို့က ဟို တစ်စုတစ်ဖွဲ့တစ်ရွေ့ချင်းမှာ တော့ အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ ဖော်ဆောင်လာနိုင်ခဲ့တယ်။ အဲဒီကျတော့ တိုင်းပြည်ရဲ့ အနာဂတ် စစ်တပ်မရှိတော့ရင် အနာဂတ်ကို ဦးဆောင်မယ့် ညီညွတ်တဲ့ ဗဟိုအင်အားစုတွေအဖြစ် လှမ်းနိုင်ဖို့က အခုအချိန်ထိ ကမ္ဘာကြီးကိုလည်း စိတ်ချစွာ မပြသနိုင်ဘူး။ အခုအချိန်ထိလည်း ကျွန်တော်တို့ အခုအချိန်ထိ မဖော်ဆောင်နိုင်ဘူးပေါ့နော်။ ထုတ်ပြန်ချက်တွေတော့ ထွက်နေကြတာပေါ့။ တကယ်ကို အရှိတရားကို ပြန်သုံးသပ်ရင် မဖော်ဆောင်နိုင်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာကြီးက စိုးရိမ်တာပေါ့။ ကဲ အိန္ဒိယအစိုးရ ကလည်းပဲ လက်တွေ့ပြောမယ်ဗျာ။ ဥပမာ ကျွန်တော်တို့ ဗမာပြည်အရေးကို ဆွေးနွေးမယ် ဆိုရင် တော်လှန်ရေးအင်အားစုရဲ့ ဘယ်ဗဟိုနဲ့ ဆွေးနွေးရမှာလဲ။ စစ်ကောင်စီ ဘက်အခြမ်းက စစ်ကောင်စီနဲ့ ဆွေးနွေးလိုက်ရင် ပျက်သွားပေမဲ့လို့ တော်လှန်ရေးအင်အားစုတွေက ဘယ်သူနဲ့ ဆွေးနွေးမှာလဲ။ အခု ရခိုင်ပြည်နယ်အရေး ဆွေးနွေးမယ်ဆိုရင် AA နဲ့ ဆွေးနွေးလို့ ပျက်ပေမဲ့လို့ ကျန်တဲ့နေရာဒေသတွေမှာ ကျွန်တော်တို့ ဘယ်သူနဲ့ ဆွေးနွေးမှာလဲ။ ဒါတွေဟာ နိုင်ငံကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေအတွက် အင်မတန် သူတို့ ထည့်သွင်းစဉ်းစားစရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ရှုမြင်တယ်ပေါ့နော်။ အဲဒီကျတော့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက စစ်ရေးနည်းလမ်း၊ နည်းလမ်းနဲ့ တစ်ပြိုင်နက်ထဲမှာ တိုင်းပြည်ရဲ့အနာဂတ် ကို စနစ်ကျ ပုံဖော်နိုင်တဲ့ ညီညွတ်တဲ့ တော်လှန်ရေးအင်အားစုတွေအဖြစ်လည်း တစ်ပြိုင်နက် တည်း တည်ဆောက်ဖို့က အရေးကြီးတယ်။ ကျွန်တော်တို့သာ တည်ဆောက်ရင် အိမ်နီးနား ချင်းတွေရဲ့ ရပ်တည်ချက်အပြောင်းအလဲကလည်း ဖြစ်လာစေနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ကျွန်တော်တို့ အသင့်မဖြစ်ဘဲနဲ့ သူတို့ရဲ့ ကျွန်တော်တို့ကို support မှုတွေက အများကြီး ကျွန်တော်တို့ လိုချင်သလောက် တောင်းဆိုနေလို့နဲ့တော့ ဖြစ်မလာနိုင်ဘူးလို့တော့ ကျွန်တော်တော့ ထင်တယ်ပေါ့နော် ဆရာ။

မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ စစ်ရေးအတွေ့အကြုံရှိတဲ့ အရာရှိတစ်ဦးအနေနဲ့ အခုအချိန် မှာ နိုင်ငံတကာအနေနဲ့ ဘယ်လိုပုံစံမျိုး မြန်မာနိုင်ငံကို ကူညီတဲ့ဟာ၊ ချဉ်းကပ်တဲ့ဟာမျိုး လုပ်ရင် ပိုပြီးတော့မှ ရလဒ်မှန်နိုင်တယ်။ စစ်ရေး၊ နိုင်ငံရေးရလဒ်မှန် ပိုထွက်မယ်လို့ မြင်သလဲ။ အဲဒီ သုံးသပ်ပေးပါဦး။

ဖြေကြားသူ – ဒီနေရာမှာပဲ ကျွန်တော်တို့ နိုင်ငံတကာပေါ့နော်၊ အိမ်နီးနားချင်းပါဝင် နိုင်ငံတကာက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာ သူတို့စိုးရိမ်ချက်၊ ရှုမြင်ချက်တွေ ရှိတာ ကျွန်တော်တို့ လက်ခံတယ်။ ဒါပေမဲ့လို့ တိုင်းပြည်ရဲ့ root cause ကို သိဖို့လိုတယ်။ တိုင်းပြည်ဟာ ဒီစစ်အာဏာရှင် စနစ်ဆိုးတွေ တစ်ကြော့ပြီးတစ်ကြော့ လာနေလို့ တိုင်းပြည် မှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုများလာတာဖြစ်တယ်။ တိုင်းပြည်က စိတ်ဝမ်းကွဲမှုတွေ၊ မညီညွတ်မှုတွေ ပိုများလာတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ မတည်ငြိမ်မှု တွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ မညီညွတ်မှုတွေရဲ့ အဓိကအကြောင်းအရင်းဟာ ဒီစစ် အာဏာရှင်စနစ်၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုတွေဖြစ်တယ်ဆိုတာ သူတို့ သိဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ စစ်တပ်ဟာ ဒီအချိန်ထိ ခိုင်မာတဲ့ institution နဲ့ အတိုင်းအတာတစ်ခုထိ ထိန်းချုပ် ထားနိုင်တာ မှန်တယ်။ ဒါပေမဲ့ ဒီစနစ်ရှိနေရင် ကျွန်တော်တို့တိုင်းပြည်က ဘယ်တော့မှ တည်ငြိမ်မှုဆီကို မတည်ဆောက်သွား နိုင်ဘူး ဆိုတဲ့ဟာကိုတော့ သူတို့ လက်ခံဖို့လိုတယ်။ အဲဒီကျတော့ တော်လှန်ရေးအင်အားစုတွေမှာ ကျွန်တော်တို့ အစောနကပြောသလို ကျွန်တော် တို့ လိုအပ်တဲ့ တစ်ပြိုင်နက်တည်း တည်ဆောက်မှုမှာ အဟန့်အတားတွေ ဖြစ်နေဆဲတာ မှန်တယ်။ ရှိနေတာလည်း မှန်တယ်။ သို့သော် တော်လှန်ရေးအင်အားစုတွေမှာ တူညီတဲ့ တစ်ခု က ငါတို့သည် ဒီစနစ်ဆိုးကို တိုက်ကျအောင် ဖယ်ရှားကြမယ်။ ပြီးရင် ညီညွတ်၊ အားလုံးတန်း တူညီတဲ့ စနစ်ကို တည်ဆောက်မယ်ဆိုတဲ့ တူညီတဲ့ပန်းတိုင်ရှိကြတယ်။ မစုစည်းနိုင်သေးပေမဲ့ လို့ တူညီတဲ့ပန်းတိုင်ရှိကြတယ်။ အဲဒီတော့ တူညီတဲ့ပန်းတိုင်၊ တူညီတဲ့မျှော်မှန်းချက်ရှိတဲ့ လူတွေဟာ ဖြေရှင်းမှုဆီကို သွားလို့ရတယ်။ အချိန်ကြာရင် ကြာမယ်၊ ဖရိုဖရဲဖြစ်ရင်ဖြစ်နေ မယ်။ စုစည်းမှုဆီကို ကျွန်တော်တို့ အဖြေရှာလို့ရှိတယ်။ စစ်တပ်ကကျတော့ ဆိုလိုရင်းက ဒီနေရာမှာ ဆိုလိုရင်းက စစ်အာဏာရှင်စနစ်က တိုင်းပြည်ရဲ့ မတည်ငြိမ်မှုတွေ၊ ပြဿနာတွေ ကို မီးဖွားပေးနေတဲ့ ပြဿနာဖြစ်တယ်။ သူ ကြာလာတာနဲ့အမျှ တိုင်းပြည်ဟာ ထိစစ် ပိုပြီးတော့ မီးတွေတောက်လောင်နေလိမ့်မယ်။ ပြဿနာတွေ ဖြစ်နေမယ်။ ထိန်းချုပ်ထားနိုင် မယ်။ ဒါပေမဲ့ အတွင်းမီးတွေက စဉ်ဆက်မပြတ် ရှိနေမယ်။ အားကောင်းလာမယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ပိုများသထက်များလာမယ်။ သို့သော် ဒီတော်လှန်ရေးအင်အားစု တွေကတော့ အပြောင်းအလဲ ဖော်ဆောင်သွားနိုင်ပြီဆိုရင်တော့ ချက်ချင်းကြီး တိုင်းပြည်ကို မစုစည်းနိုင်ဘဲ ဖရိုဖရဲ ဖြစ်ကွဲဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဒီဟာက ညီညွတ်မှုဆီ၊ မျှတမှုဆီ၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့ မီးကို ဖြည်းဖြည်းချင်း ငြှိမ်းမယ့် သူတွေဖြစ်တယ်။ အဲဒီတော့ အနာဂတ် ရေရှည်လမ်းကြောင်းမှာတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ ကသာလျှင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ညီညွတ်မှုကို တည်ဆောက်မယ့် အဖွဲ့အစည်းတွေဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ အဟန့်အတားတွေ ရှိနေတဲ့ဟာတွေကို ကူညီပံ့ပိုးဖို့ဟာ သူတို့ စဉ်းစားချင့်ချိန် လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ဒီနေရာမှာ သတင်းစကားပါးချင်တယ်ပေါ့။ ဒီ ဗမာပြည်မှာ ပဋိပက္ခတွေဖြစ်နေရင် ဥပမာ ထိုင်းနိုင်ငံလည်း မတည်ငြိမ်ဘူး။ သူ့ဆီကို မတရားခိုးဝင်တဲ့၊ တရားမဝင်ခိုးဝင်တွေ ပိုများလာတာပဲ။ ဒီရဲ့ရိုက်ခတ်မှုကို သူတို့ လက်တွေ့ခံစားရတာပဲ။ အလားတူ အိန္ဒိယလည်း အတိုင်းအတာတစ်ခု ဖြစ်မှာပဲ။ သူတို့ရဲ့ အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေက တည်တည်ငြိမ်ငြိမ် မလုပ်နိုင်တော့ဘူးလို့ ကျွန်တော် နားလည်တယ်ပေါ့။ အဲဒီကျတော့ စစ်တပ်ရှိနေခြင်းဟာ သူတို့ရဲ့အကျိုးစီးပွားတွေက အများကြီး ရေရှည် sustainable အကျိုးစီးပွားအတွက် မဖြစ်စေဘူး။ ယာယီအခိုက်အတန့်မှာ တစ်ခုပဲဖြစ်မယ်။ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းပြည်တည်ငြိမ်မှုဆီကို သွားမယ့် အပြောင်းအလဲတွေကိုသာ ရေရှည်အားပေးခြင်းက တကယ့်သူတို့ အိမ်နီးနားချင်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့ ညီညွတ်မှုဆီကို တည်ဆောက်မယ့် ရလဒ်ကို သွားနိုင်တယ်။ ဒီအင်အားစု တွေဟာ တည်ငြိမ်လာခြင်းအားဖြင့် သူတို့ရဲ့အိမ်နီးနားချင်းတွေရဲ့ အကျိုးစီးပွားကိုလည်း ပိုပြီးအထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် နားလည်တယ်။ ဆိုလိုရင်းကတော့ သူတို့စိုးရိမ်မှုတွေရှိတယ်။ ကျွန်တော်တို့ အဲဒီစိုးရိမ်မှုနဲ့အညီ ကျွန်တော်တို့မှာ ညီညွတ်မှုအထိ မသွားနိုင်သေးတာ ရှိတယ်။ ဒါကတော့ အမှန်တရားပဲ။ သို့သော် ဒီအဖွဲ့အစည်းတွေဟာ ဖြိုခွဲမှုဆီ၊ ပြဿနာတွေကို ဖန်တီးမယ့်အဖွဲ့မဟုတ်ဘူး။ တိုင်းပြည်ကို တည်ဆောက်မယ့်အဖွဲ့၊ ဖြေရှင်းမယ့်အဖွဲ့တွေဆိုတာ သူတို့နားလည်ဖို့လိုတယ်။ စစ်တပ်ကကျတော့ တိုင်းပြည်ကို သူတို့အာဏာအကျိုးစီးပွားအတွက်ပဲ ဖြစ်ပြီးတော့ နိုင်ငံရေးပြေလည်မှုဆီ မသွားတာဖြစ်တဲ့ အတွက် ပြဿနာတွေက ကြာလာတာနဲ့အမျှ ပိုများလာမယ်။ ဒီဟာတွေပေါ်မှာလည်း အိမ်နီးနားချင်းတွေ၊ နိုင်ငံတကာက ဒီအခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း ရှုမြင်ဖို့လိုတယ် ပေါ့နော်။ ဒီဟာကိုသာ နားလည်နိုင်ရင်လည်း သူတို့ ပိုပြီးတော့ ကျွန်တော်တို့ ဗမာပြည် အရေးနဲ့ပတ်သက်ပြီး ချဉ်းကပ်တဲ့အခါမှာ ပိုပြီးတော့ နီးကပ်တဲ့ မှန်ကန်တဲ့ စဉ်းစားချက်တွေ ကိုလည်း အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့တော့ သတင်းစကားပါးချင် တယ်ပေါ့နော်။

မေးမြန်းသူ – ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဆရာ အင်မတန်ကောင်းပါတယ်။ အဲဒီအထဲမှာ ကျွန်တော် နည်းနည်း စစ်ကောင်စီနဲ့ တရုတ်ရဲ့ အခုလက်ရှိဆက်ဆံရေးအပါအဝင် ဆရာ သုံးသပ်ပေးစေ ချင်တာပေါ့နော်။ အခု သူတို့ရဲ့ ဆက်ဆံရေးက နိုင်ငံအစစ်ဆက်ဆံရေးပုံစံမျိုးလား၊ တကယ် လုံးဝ အသုံးချခံပုံစံမျိုးဖြစ်နေသလား။ ဘာဖြစ်လို့ ဒီဟာကို မေးနေသလဲဆိုရင် အိမ်နီးချင်း နိုင်ငံတွေက သူတို့နိုင်ငံအကျိုးကြည့်ပြီးမှ ချဉ်းကပ်ကြတယ်။ တရုတ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်ရော၊ စစ်ကောင်စီကိုရော ပံ့ပိုးပေးတယ်။ နှစ်ဖက်စလုံး။ ဒါပေမဲ့ သူ့ကိုယ်ကျိုး ကိုပဲ တန်းကြည့်တယ်ပေါ့နော်။ နှစ်ဖက်စလုံးကို သူ့ကိုယ်ကျိုးအတွက်ပဲ သူ ဆက်ဆံတယ်။ ထိုင်းဆိုရင်လည်း အရမ်းကူသလိုလိုနဲ့ လှုပ်တော့လှုပ်နေပေမဲ့ ဘာအထွေအထူး တိကျတဲ့ ရလဒ်ထွက်အောင် မလုပ်နိုင်ဘူး။ အိန္ဒိယကဆိုရင်လည်း စစ်ကောင်စီနဲ့ပဲ သူ လက်ရှိအချိန် အထိ ဆက်ဆံတယ်။ ဒါပေမဲ့ သူတို့တိုင်းပြည်အကျိုးကို အမှန်တကယ်ကြည့်တယ်ဆိုရင် ကျွန်တော်တို့ သုံးသပ်ချက်အရ ထူးခြားနိုင်ငံတွေတော့ ထားပါတော့။ အိန္ဒိယဟာမျိုးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက တရုတ်လွှမ်းမိုးမှုကို မခံချင်တဲ့သူတွေက ပိုများတယ်။ အဲဒီမှာ အိန္ဒိယနဲ့ ရပ်တည်ချက် တစ်ထပ်တည်းကျနေတယ်ပေါ့နော်။ နောက်ပြီးမှ ဒီ ကျွန်တော်တို့ လိုလားတာက Federal Democracy ဖြစ်တယ်။ ဒီဟာမျိုးဆိုရင် တကယ် အိန္ဒိယရဲ့တကယ့် ဖွဲ့စည်းပုံရဲ့ စံတန်ဖိုးနဲ့ကို တစ်ထပ်တည်းသွားကြတယ်လို့တောင် ဆိုလို့ရမယ်။ ဒါပေမဲ့ အိန္ဒိယက ဘာဖြစ်လို့ စစ်ကောင်စီနဲ့ ဆက်နွယ်နေတာလဲ။ ဒါ သူ့ကိုယ် ကျိုးကို အမှန်တကယ် အကျိုးပြုသလားပေါ့နော်။ ဆိုတော့ ဆရာ့အနေနဲ့ ဒီ တပ်ထဲမှာလည်း နေခဲ့တဲ့အရာရှိ တစ်ဦးဖြစ်တဲ့အတွက် တရုတ်နဲ့ စစ်တပ်ဆက်ဆံရေးက အိန္ဒိယရဲ့ကိုယ်ကျိုးကို ဘယ်လောက်အထိ ရေရှည်မှာ ဒုက္ခပေးနိုင်သလဲ။ အဲဒီဟာ ဆွေးနွေးပေးလို့ရမလား။

 

ဖြေကြားသူ – ပထမ တရုတ်ရဲ့ ချဉ်းကပ်စဉ်းစားမှုကို ကျွန်တော်တို့ ကြည့်ရမယ်ဆိုရင် ဒီကျွန် တော်တို့ အိမ်နီးနားချင်းနိုင်ငံတွေထဲမှာ တရုတ်က ကွန်မြူနစ်နိုင်ငံ၊ တစ်ပါတီအာဏာရှင် ကွန်မြူနစ်အုပ်စုထဲက နိုင်ငံဆိုတာ ကျွန်တော်တို့သိရပါမယ်။ အင်အားလည်း ဒါ အရမ်း တကယ့်ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ အိန္ဒိယ ဒီတရုတ်ရဲ့ စိုးရိမ်ပူပန်မှုဟာ အိန္ဒိယတို့လို မတူဘူးပေါ့။ အိန္ဒိယတို့ရဲ့ စိုးရိမ်ပူပန်မှုက ဗမာပြည်ပေါ် တရုတ်ရဲ့လွှမ်းမိုးမှုကို balance လုပ်ချင်တဲ့ဟာမျိုးတွေ ရှိကောင်းရှိမယ်။ တရုတ်ရဲ့ စဉ်းစားချက်ကျတော့ မဟုတ်ဘူးပေါ့နော်။ သူ့အိမ်နီးနားချင်း၊ ဘေးနိုင်ငံမှာ အနောက်နိုင်ငံ တွေက စွက်ဖက်တဲ့ လွှမ်းမိုးမှုနဲ့ နိုင်ငံတစ်ခုဖြစ်လာမှာကို သူတို့ လက်မခံနိုင်ဘူးပေါ့နော်။ ဒီ ရှင်းရှင်းပြောရရင် ဒီမိုကရေစီဖြစ်သွားမှာကို သူ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့အိမ်နီးနားချင်း ပတ်ဝန်းကျင်တွေမှာ အာဏာရှင်နိုင်ငံတွေက သူ့ရဲ့မိတ်ဖက်ဖြစ်ပြီးတော့ ဒီမိုကရေစီနိုင်ငံတွေက သူ့ကိုဆန့်ကျင်တဲ့နိုင်ငံတွေ ဖြစ်နေတာပေါ့နော်။ အဲဒီတော့ သူ့ရဲ့ ကျွန်တော်တို့ ဒီအိန္ဒိယသမုဒ္ဒရာပဲ ထွက်ပေါက်က ဗမာပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်မှာကို သူလက်မခံဘူး။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုရှိတဲ့ အစိုးရတစ်ရပ် ပြောင်းလဲလာမှာကို သူလက်မခံနိုင်ဘူးပေါ့။ ဒါကိုလည်း ကျွန်တော်တို့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့ စည်းသုံးစည်းတို့ ဘာတို့ ဒီထဲမှာလည်း ဒီသူ့ရဲ့သဘောသဘာဝကို ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့ မြင်နိုင်ရမယ်ထင်တယ်။ အဲဒီတော့ တရုတ်ရဲ့အနေအထားကို ပြန်ကြည့်ရရင်တော့ သူ့အကျိုးစီးပွားအရ သူ့အိမ်နီးနားချင်း ဗမာပြည်ကို တည်ငြိမ်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ ဖွံ့ဖြိုးစေချင်တယ်ဆိုတာတော့ သူ့ရဲ့သဘောထားက ဒါကတော့ တရုတ် ဒါကတော့ နိုင်ငံတိုင်းရဲ့ ဆန္ဒပဲဖြစ်မယ်လို့ ကျွန်တော် နားလည်တယ်။ သို့သော် ဗမာပြည်ကို ဖွံ့ဖြိုးတည်ငြိမ်စေချင်တယ်ဆိုပေမဲ့လို့ ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲပြီးတော့ မြင်ချင်တာမဟုတ်ဘူး။ သူ့ဩဇာအာဏာကနေ လွတ်ထွက်သွားတဲ့ နိုင်ငံအဖြစ် ရှုမြင်ချင်တာမဟုတ်ဘူးပေါ့နော်။ ဆိုလိုရင်းကတော့ ပြန်ချုပ်ရရင် အနောက် နိုင်ငံရဲ့ လွှမ်းမိုးတဲ့နိုင်ငံတစ်ခုအဖြစ် ဒီမိုကရေစီနိုင်ငံဖြစ်သွားရင် အနောက်နိုင်ငံတွေ လွှမ်းမိုးလာမယ်လို့ သူ ယူဆပါလိမ့်မယ်။ ဒါကြောင့် ဒီဟာကို သူအသည်းအသန် ဖြစ်နေတယ်။ ဒါကြောင့် စစ်ကောင်စီဘက်ကိုလည်း ပံ့ပိုးမှုကူညီသလို သူ့နယ်စပ်က EAO တွေကိုလည်း ပံ့ပိုးကူညီချက်တဲ့ သူ့ရဲ့အကျိုးစီးပွား အာဏာရော၊ နိုင်ငံရေးအကျိုးစီးပွားအတွက်ကိုရော သူ ဗမာပြည်ကို ချယ်လှယ်နိုင်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်ပေါ့။ ဟို အိန္ဒိယကျတော့ နိုင်ငံတိုင်းကတော့ သူတို့ရဲ့ interest က အခြေခံပဲဖြစ်တယ်။ အိန္ဒိယလည်း ဒီလိုပဲပေါ့နော်။ အဲဒီတော့ ဒါပေမဲ့ အိန္ဒိယကကျတော့ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီစနစ်နဲ့။ ဒီမိုကရေစီဆိုတော့ သူ့ရဲ့လွှတ်တော်တွေ၊ ပြည်သူတွေကို တာဝန်ခံရတဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံနဲ့ကျတော့ နိုင်ငံရေး ရဲ့ ချဉ်းကပ်ပုံချင်း ကွာတယ်ပေါ့။ အဲဒီတော့ အိန္ဒိယကကျတော့ သူ့ရဲ့အိမ်နီးနားချင်း ဗမာပြည်၊ မြန်မာနိုင်ငံကိုကျတော့ တရုတ်ရဲ့လွှမ်းမိုးမှုကို balance လုပ်ချင်တဲ့ အနေအထားမျိုးတွေပေါ့။ အိန္ဒိယသမုဒ္ဒရာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲ ဖြစ်ကောင်း ဖြစ်ပေါ့နော်။ အဲဒီတော့ သူတို့ရဲ့ power ချင်ပြိုင်မှုမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို balance ထိန်းနိုင်ဖို့အတွက် ဒီစစ်ကောင်စီတပ်နဲ့ ထိတွေ့ဆက်ဆံရတယ်။ ပြီးတော့ သူ့အိမ်နီးနားချင်း အကျိုးစီးပွား တည်ဆောက်မှုတွေ အရလည်း ကျွန်တော်တို့က လက်ရှိအာဏာကို ဗဟိုချုပ်ကိုင်ထားတဲ့ ဟာတွေနဲ့က မဖြစ်မနေ ထိတွေ့ဆက်ဆံရတာတွေက ဒါ အိမ်နီးနားချင်းတွေရဲ့ နိုင်ငံတွေမှာ မလွဲသာမရှောင်သာ။ ဟိုး ကမ္ဘာတစ်ခြမ်းက နိုင်ငံကသာ မဆက်ဆံရင် ရရင်ရမယ်။ အိမ်နီးနားချင်းနိုင်ငံကတော့ မဖြစ်မနေ ဆက်ဆံရတာရှိမယ်။ ဒါက သူ့ပြည်သူကို သူတာဝန်ခံထားတဲ့ ဒီဟာ သူ့ပြည်သူရဲ့ ထောက်ခံမှုနဲ့တက်တဲ့ အစိုးရဟာ သူ့ရဲ့နိုင်ငံရဲ့အကျိုးစီးပွားအခြေအနေအရ လက်ရှိအာဏာ ကို ချုပ်ကိုင်ထားတဲ့အဖွဲ့နဲ့ သူထိတွေ့ဆက်ဆံရတာရှိတယ်ပေါ့။ အဲဒီတော့ အိန္ဒိယဟာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ဆက်ဆံခြင်းက အခြေခံနှစ်ချက်ပဲ။ တရုတ်ကို balance လုပ်ဖို့။ နောက်တစ်ခုက သူ့နိုင်ငံရဲ့ လက်ရှိအကျိုးစီးပွား အခြေအနေအရ balance ထိန်းဖို့ သူထိတွေ့ ဆက်ဆံနေတယ်လို့ နားလည်တယ်ပေါ့။ တစ်ဖက်တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေ အပေါ်မှာလည်း အတိုင်းအတာတစ်ခုထိ အသံနားထောင်တယ်၊ ထိတွေ့ဆက်ဆံဖို့ ကြိုးစားတယ်။ ကျွန်တော်သိတဲ့ နယ်ပယ်လောက်ကနေပဲ သုံးသပ်ပြီးတော့ ပြောတာပေါ့နော်။ အတိုင်းအတာတစ်ခုထိ ကျွန်တော်နားလည်လောက်ဆိုရင်တော့ သူတို့တွေ နားလည်ပေးမှုနဲ့ လက်ခံကူညီပေးမှု မြေပြင်ကွင်းမှာလည်း ရှိနေတယ်လို့ ကျွန်တော်တို့ နားလည်တယ်။ အဲဒီတော့ ဆိုလိုရင်းကတော့ သူတို့တွေဟာ ဘယ်နိုင်ငံပဲဖြစ်ဖြစ် သူ့နိုင်ငံရဲ့အကျိုးစီးပွား ကြောင့် ထိတွေ့ဆက်ဆံနေရတဲ့ အနေအထားတွေက ပိုဖြစ်တယ်။ အလားတူ တော်လှန်ရေး အင်အားစုတွေကသာလည်း အနေအထားတစ်ခုထိ အိန္ဒိယအစိုးရဘက်ကနေ စဉ်းစားချက်ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အနေအထားတစ်ခုကို ကျွန်တော်တို့ ပြောင်းလဲနိုင်ရင် အိန္ဒိယနိုင်ငံရဲ့ စဉ်းစားချက်တွေကလည်း တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ထိတွေ့ ဆက်ဆံမှု ပုံစံတွေ ပြောင်းလဲလာနိုင်တယ်လို့ ကျွန်တော် ပြောလို့ရတယ်။ ဒီနေရာမှာ တရုတ်နဲ့မတူညီတာက အိန္ဒိယသည် ဗမာပြည်မှာ သူ့အိမ်နီးနားချင်းကို တရုတ်လွှမ်းမိုးမှုကင်း တဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတစ်ခုအဖြစ် ပိုလိုလားတဲ့ဆန္ဒရှိလိမ့်မယ်လို့ ကျွန်တော် နားလည်တယ်ပေါ့နော်။ အဲဒီတော့ ပြန် ကိုယ့်တိုင်းပြည်အတွက်ကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ တိုင်းပြည်မှာကတော့ စစ်တပ်မဟုတ်တော့ အရပ်သားအစိုးရတွေ၊ အရပ်ဘက်တော်လှန်ရေးအင်အားစုတွေ တက်လာရင် ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က အိန္ဒိယနဲ့ နီးစပ်သွားလို့ တရုတ်ကိုဆန့်ကျင်တဲ့အစိုးရ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော်တို့တိုင်းပြည်က စစ်တပ်ရှိနေရင်သာ ပဋိပက္ခတွေ ဖြစ်နေမယ်၊ မတည်ငြိမ်မှု အိမ်နီးနားချင်းတွေအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်နေမယ်လို့ ကျွန်တော် နားလည်တယ်။ ကျွန်တော်တို့က ပြည်သူထောက်ခံတဲ့ အစိုးရတစ်ရပ်သာ တက်လာရင် ကျွန်တော်တို့က အိန္ဒိယလည်း ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနောက်ခံတွေ၊ သမိုင်းကြောင်း နောက်ခံအရဆိုရင် အိန္ဒိယအတွက်လည်း မိတ်ဖက်ကောင်းဖြစ်လာမယ်။ တရုတ်အတွက် လည်း တရုတ်အကျိုးစီးပွားကို အထောက်အပံ့ဖြစ်တဲ့ နိုင်ငံပဲဖြစ်လာမယ်။ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေလို့ တရုတ်ရဲ့ ဆန့်ကျင်ဘက်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မယူဆဘူးပေါ့နော်။ ကျွန်တော်တို့နိုင်ငံဟာ တကယ်သာ ပြည်သူထောက်ခံတဲ့ အစိုးရတွေ၊ တော်လှန်ရေးအင်အားစုတွေ တက်လာတယ်ဆိုရင် အိမ်နီးနားချင်းအားလုံးနဲ့ မိတ်ဝတ် မပျက်တဲ့ အစိုးရမျိုးပဲ ဖြစ်လာလိမ့်မယ်။ ပြည်သူကလည်း ဒီဆန္ဒပဲ ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော့်ရဲ့ရှုမြင်ချက်ပေါ့နော်၊ နားလည်သလောက်ဆိုရင်တော့ ဒီ ဒီအချက်လေးတော့ ကျွန်တော် ဆွေးနွေးချင်ပါတယ် ကို။

မေးမြန်းသူ – ဟုတ်ကဲ့။ ဆိုတော့ အဲဒီမှာ CDM အရာရှိတစ်ဦးအနေနဲ့ အိန္ဒိယကို အကြံပြုလို့ရ မယ်ဆိုရင် ဘယ်လိုအကြံပြုချင်သလဲ။ ဘယ်လိုစနစ်တကျနဲ့ တော်လှန်ရေးကို ပံ့ပိုးသင့်သလဲ။

ဖြေကြားသူ – အိန္ဒိယ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့လည်း ဒီဘက်မှာ ထိစပ်နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ကမ္ဘာ့အကြီးဆုံး ကွန်မြူနစ် နိုင်ငံနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ထိစပ်နေတဲ့ နိုင်ငံကြားထဲက ဗမာ၊ မြန်မာပြည် အရေးပေါ့နော်။ ကျွန်တော်ရှေ့မှာ ပြောသလို အိန္ဒိယ စိုးရိမ်ပူပန်တဲ့ အနေအထားမျိုးတွေ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာ အတိုင်းအတာတစ်ခုထိ ရှိနေပါတယ်။ ကြုံနေရသည်လည်း ဖြစ်ပါတယ်။ သို့သော် မြန်မာပြည်ကို သူတို့တည်ငြိမ်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်တဲ့ အစိုးရတစ်ခုက ရေရှည်ကို သူတို့ တွက်ဆဖို့လိုတယ်လို့ ကျွန်တော်တို့ ဒါဟာ နိုင်ငံရေး long-term view ကို တွေးရမယ့်ကိစ္စလို့ ကျွန်တော် ပြောချင်တယ်ပေါ့။ ဥပမာ ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်တော်တို့တိုင်းပြည်က ဘယ်တော့မှ တည်ငြိမ်မှုမရှိဘူး။ တည်ငြိမ်မှုမရှိလာတာနဲ့အမျှ အိန္ဒိယရဲ့အကျိုးစီးပွားကို လည်း ရိုက်ထိခိုက်စေတယ်။ တရုတ်ရဲ့လွှမ်းမိုးမှုကိုလည်း ပိုပြီးကြီးမားစေတယ်လို့ ကျွန်တော် ရှုမြင်တယ်ပေါ့။ အဲဒီတော့ အလားတူ ဗမာပြည်မတည်ငြိမ်ဘူးဆိုရင် ချင်းပြည်မဖွံ့ဖြိုးနိုင်ဘူး။ မဖွံ့ဖြိုးနိုင်ရင် သူ့ရဲ့အရှေ့မြောက်ဒေသ ပြည်နယ်တွေလည်း ဆင်ဆက်သက်ရောက်မှု ရှိတယ်လို့ ကျွန်တော်တို့ ရှုမြင်တယ်ပေါ့နော်။ အဲဒီကျတော့ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နိုင်မှသာလျှင် ကျွန်တော်တို့တိုင်းပြည်က တည်ငြိမ်မှာ။ တည်ငြိမ်တဲ့ အနေအထားကို တဖြည်းဖြည်းချင်း သွားနိုင်မှာပေါ့။ အဲဒီလို တည်နိုင်ဖို့ဟာ အိန္ဒိယဟာ သုံးသပ်စဉ်းစားပြီးတော့မှ အဖြေရှာပြီးတော့ ထိတွေ့လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် သတင်းစကားပါးချင်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်မှသာလျှင် ဗမာပြည် ဖွံ့ဖြိုးတည်ငြိမ်လာမယ်။ ဒီလိုတည်ငြိမ်ခြင်းအားဖြင့် ကျွန်တော်တို့သည် တရုတ်ရဲ့ လွှမ်းမိုးမှု လည်း ကင်းသွားမယ်။ အိန္ဒိယရဲ့လွှမ်းမိုးမှုလည်း ကင်းသွားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ပိုပြီးတော့ ရပ်တည်လာနိုင်မယ်။ ဒါဟာ လွှမ်းမိုးမှုကင်းလွတ်တဲ့ဟာအဖြစ် တရုတ်ကိုဆန့်ကျင်တဲ့အစိုးရလည်း မဟုတ်ဘူး။ အိန္ဒိယအဆန့်ကျင်အစိုးရလည်း မဟုတ်ဘူး။ အိမ်နီးနားချင်းအားလုံးကို အကျိုးပြုတဲ့ အစိုးရတစ်ခုအဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတဲ့တစ်ခုအဖြစ် ကျွန်တော်တို့သွားနိုင်မယ်။ အဲဒီလိုသွားနိုင်ဖို့က အိန္ဒိယရဲ့ကူညီပံ့ပိုးမှု၊ မှန်ကန်တဲ့ ချဉ်းကပ်လုပ်ဆောင်မှု လိုအပ်တယ်။ အဲဒီကျတော့ အိန္ဒိယရဲ့အကျိုးစီးပွားကိုလည်း ရေရှည်မှာ ပိုပြီးတော့ အကျိုးစီးပွားဖြစ်စေမယ်။ ဆင်ဆက်ဖွံ့ဖြိုးတိုးတက်မှုဆီ သွားနိုင်မယ်လို့ မြင်တယ် ပေါ့။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို ချဉ်းကပ်လုပ်ဆောင်မှု ဟာ အိန္ဒိယအတွက် ရေရှည်အကျိုးရှိတဲ့ ထိတွေ့ဆက်ဆံမှုဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ ရှုမြင်တယ်ပေါ့နော် ဆရာ။

 

မေးမြန်းသူ – ဟုတ်ကဲ့။ ဒီနောက်ဆုံးအနေနဲ့ ကျွန်တော် ဆွေးနွေးစေချင်တာက ဆရာ၊ စောနက ကျွန်တော်တို့ လုပ်ဆောင်စရာတွေက အများကြီးရှိနေသေးတယ်။ ဒါတွေအားလုံး ကလည်း လုပ်ဆောင်နိုင်မှသာလျှင် တော်လှန်ရေးရလဒ်ကလည်း ကောင်းမှာဆိုတော့ ပြည်သူတွေအနေနဲ့ နည်းနည်းလေး လိုအပ်နေသေးတဲ့ ကျွန်တော်တို့ ခရီးလမ်းတွေ အဆုံးတိုင် အောင်မြင်ဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုသလဲ အကြံပြုပါဦး။

ဖြေကြားသူ – ဒီနေရာမှာတော့ တော်လှန်ရေးတစ်ခုလုံးကို ခြုံငုံပြန်ပြောရရင်တော့ ကျွန်တော်တို့ တော်လှန်ရေးပန်းတိုင်ဟာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့၊ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ သွားနိုင်ဖို့ဟာ ဉာဏ်ပညာနဲ့ ဦးဆောင်တဲ့ တော်လှန်ရေးဖြစ်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီအချိန်အခါကို လည်း ရောက်လာပြီလို့ ကျွန်တော်တို့ ပြောချင်တယ်ပေါ့နော်။ အဲဒီကျတော့ ဉာဏ်ပညာနဲ့ ဦးဆောင်တဲ့ တော်လှန်ရေးဆိုတာက ကျွန်တော်တို့ရဲ့ စစ်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ သံတမန်ရေးမှာပဲဖြစ်ဖြစ်၊ လူထုရဲ့ထောက်ခံမှုမှာပဲဖြစ်ဖြစ် ဉာဏ်ပညာက ဦးဆောင်ဖို့ အရေးကြီးတယ်။ မှန်ကန်တဲ့ နည်းနာဗျူဟာတွေ၊ မှန်ကန်တဲ့ စစ်ရေးချိတ်ဆက်ပူးပေါင်း မှုတွေ၊ ခေါင်းဆောင်မှုတွေဟာ အခရာအကျဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တလော ခံစားချက်ကိုယ်စီတွေ ဘယ်လိုတွေပဲ ကြုံတွေ့နေပါစေ၊ လိုအပ်တဲ့ ဗျူဟာစဉ်းစားချက်တွေကို ချမှတ်အကောင်အထည်ဖော်နိုင်ဖို့ဟာ ကျွန်တော်တို့ မှန်ကန်တဲ့ ဦးဆောင်မှုတွေ လိုပါတယ်။ အဲဒီတော့ အစောနက ကျွန်တော်တို့ အားလုံးပဲပေါ့နော်။ စစ်ရေးမှာလည်း လိုအပ်တဲ့ စုစည်းမှုတွေ ကျွန်တော်တို့ လိုပါတယ်။ စစ်ကောင်စီတပ်ကို အလဲဖြိုနိုင်ဖို့က ဒီအနေအထားနဲ့ မရပါဘူး။ ကျွန်တော်တို့တွေ စုဖွဲ့မှုက တိုင်းပြည်တစ်ခုလုံးကို ဗဟိုနေပြည်တော်ဆီ သွားနိုင်တဲ့ အင်အားစုတွေအဖြစ် ကျွန်တော်တို့ တည်ဆောက်ဖို့ လိုတယ်။ ဒါဟာလည်း အစောနက မှန်ကန်တဲ့ ခေါင်းဆောင်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်မှုဆိုတာ ဒါဟာလည်း ဉာဏ်ပညာရဲ့ ဦးဆောင်တဲ့ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ အဲဒီတော့ လားတူ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ရပ်တည်ချက်ပြသနိုင်ဖို့၊ လုပ်ဆောင်နိုင်ဖို့ဆိုတာလည်း ကျွန်တော်ဒီနေရာမှာလည်း ဒီကအရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တော်လှန်ရေးတစ်စုံလုံးကို ပြန်ချုပ်ရရင် ကျွန်တော်တို့ လိုလားတဲ့ အနာဂတ်ကို သွားနိုင်ဖို့ဟာ တစ်ချိန်က လူထုကို လွယ်လွယ်ကူကူ ဦးဆောင်မှုအနေနဲ့ မရပါဘူး။ ထိုက်တန်တဲ့ ခေါင်းဆောင်မှုတွေ၊ ဆိုလိုရရင်ဗျာ တော်လှန်ရေးတစ်လျှောက်လုံးဟာ မှန်ကန်တဲ့ဦးဆောင်မှု၊ ဉာဏ်ပညာနဲ့ ဦးဆောင်မှုဖြစ်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးလိုချင်တဲ့၊ ပြည်သူတစ်ရပ်လုံး လိုလားတဲ့ အနာဂတ်ကို ရောက်မယ်လို့ ယုံကြည်တယ်ပေါ့နော်။ ဒါဟာ ဟို နိုင်ငံတိုင်းရဲ့ တော်လှန်ရေးတွေကို ပြန်ကြည့်ပါ။ ဒါပါပဲ နောက်ဆုံးကျွန်တော်ပေါ့နော်။ ကျွန်တော်တို့မှာ စစ်ကောင်စီ အလဲထိုးကြတဲ့ အနေအထားတွေဆိုတာ ရှေ့မှာလည်း ပြသခဲ့ကြပြီ။ အဲဒီအခြေအနေလည်း ရောက်ခဲ့ပြီ။ ဒါပေမဲ့လို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာ လိုအပ်နေသေးဖြစ်တယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ပြောင်းလဲရမယ့် အခြေအနေ တွေရှိတယ်။ ဒါတွေဟာတွေကို ဖြေရှင်း ကျော်လွှားလုပ်သွားနိုင်ဖို့ကတော့ အစောနက ပြန်ချုပ်ရရင်တော့ နေရာဒေသအသီးသီးမှာ ဉာဏ်ပညာဦးဆောင်တဲ့၊ လမ်းညွှန်တဲ့၊ ပဲ့ကိုင်တဲ့ တော်လှန်ရေးဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး လိုလားတဲ့ အနာဂတ်ကို လုံးဝဥဿုံ ရရှိလိမ့်မယ်လို့ ကျွန်တော်တော့ သတင်းစကားပါးချင်ပါတယ်ဗျာ။

မေးမြန်းသူ – ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ ရန်နောင်ရိုးရယ်။

ဖြေကြားသူ – ဟုတ်ကဲ့ပါ။