မိုင်းငေါ့မြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်နှင့်ဆိုင်ခန်း ၁၅ ပျက်စီး
အောက်တို ၂၁
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် စစ်ကောင်စီက အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် မြို့မဈေးအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုး သား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းငေါ့အပါအဝင် မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ နမ့်ဆန် ၊ နမ့်တူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များတွင် စုစုပေါင်း ၂၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ဤ တိုက်ခိုက်မှုများကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး သေဆုံးခဲ့ပြီး၊ ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၁၃၈ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ကျောင်းဆောင် ၇ ဆောင်နှင့် အဆောက်အဦး ၄ ခု ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ခဲ့ သည်။ အောက်တိုဘာ ၁၉ ရက်တွင်လည်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်များတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ TNLA ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ဒေသခံပြည်သူများနှင့် အဆောက်အဦများကို သိသာထင်ရှားစွာ ထိခိုက်ပျက်စီးစေခဲ့သည်။

မင်းအောင်လှိုင်က ကချင်တိုင်း စစ်ရာထူး ဗိုလ်မှူးချုပ်ဇော်ဝင်းကို အင်ဒိုနီးရှားသံအမတ်အဖြစ် ခန့်အပ်
အောက်တို ၂၁
The Kaladan Post
အာဏာသိမ်းစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်မြောက်ပိုင်း မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ခြေလျင်တပ်မှာ စကခ-၃တပ်မဟာမှူးအဖြစ် တာဝန်ထမ်းဆောင် နေသော ဗိုလ်မှူးချုပ် ဇော်ဝင်းကို စစ်ဘက်ရာထူးမှ အနားပေးပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ် အဖြစ် ခန့်အပ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များကဆိုသည်။ ယခု အောက်တိုဘာ လ ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော ဤခန့်အပ်မှုကို စစ်တပ် ရွေးကောက်ပွဲ မတိုင်မီ စစ်ဘက်အရာရှိ များကို အရပ်ဘက်ရာထူးများသို့ ဆက်တိုက် ပြောင်းရွှေ့နေရာ တစ်ခုအဖြစ် ရှုမြင်နေရသည်။ (CDM) ဗိုလ်ကြီးဇင်ယော်က တပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ပြောဆိုချက်အရ ဗိုလ်မှူးချုပ် ဇော်ဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်းပြီး တပ်မမှူး၊ ကျောင်းအုပ်ကြီး အဆင့်များကို ရက်ရောက်ခဲ့သော်လည်း တိုင်းမှူးရာထူး မရောက်မီ သံအမတ်အဖြစ် ခန့်ခံရသူ ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဗိုလ်မှူးချုပ် ဇော်ဝင်းသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ပြည်သူများကို အဓိက သတ်ဖြတ်ခဲ့သော စစ်ကြောင်းများကို စီစဉ်ညွှန်ကြားခဲ့သူ ဖြစ်ပြီး စစ်ရာထူး အနားယူချိန် တွင် နိုင်ငံခြားရေး ရာထူးသို့ ပြောင်းရွှေ့ခံရခြင်း ဖြစ်သည်ဟု CDM ဘက်မှ ထောက်ပြနေသည်။ စစ်ဘက်သတင်းရင်းမြစ်က မင်းအောင်လှိုင်က ရွေးကောက်ပွဲ မတိုင်မီ စစ်ဘက်အရာရှိကြီးများကို ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်း အတွင်းဝန်များ၊ သံအမတ်ကြီးများအဖြစ် ဆက်တိုက် ခန့်အပ်နေ ကြောင်း၊ အထူးသဖြင့် နိုင်ငံတကာသို့ စေလွှတ်မည့် သံအမတ်ကြီးရာထူးများတွင် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို အနားပေးပြီး ခန့်အပ်နေကြောင်း ဆိုသည်။ ထိုရင်းမြစ်က အရပ်ဘက် ဝန်ကြီး ဌာနများတွင် စစ်ဘက်အရာရှိကြီး နှင့် အရာရှိငယ် ၄၀၀ ကျော်ကို အကြီးအကဲနှင့် အရာရှိများ အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။ ဤခန့်အပ်မှုများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေး စနစ်ကို ခိုင်ခံ့ရန် ရည်ရွယ်ချက် ရှိနေဟု ဆိုသည်။
မကြာသေးမီကလည်း မင်းအောင်လှိုင်က ကြည်းတပ်မှ ဗိုလ်ချုပ် နေမျိုးဦး၊ လေတပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်း တို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန သံအမတ်ကြီးများအဖြစ် ခန့်ခဲ့ရာ အလားတူ တပ်မတော် (ကြည်း) မှ ဒုတိယ ဗိုလ်မှူးကြီး ဝင်းလွင်ဦး ကို မန္တလေး စည်ပင်ဌာန မှူး၊ ဗဟိုစက်ပစ္စည်း စာရင်း အင်း နှင့် စစ်ဆေး ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး အဖြစ်၊ ဗိုလ်ကြီး မင်းသူ ကို မန္တလေး စည်ပင်ဌာန မှူး၊ အမှတ် ၁၃ တန်း မြင့် လေ့ကျင့်ရေး မှ ဗိုလ်မှူး ဇေယျာ စိုး ကို ရွေးကောက်ပွဲ ကော်မရှင် တွင် လက်ထောက် ညွှန်ကြားရေး မှူး အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။ ဤခန့်အပ်မှုများသည် စစ်ကောင်စီ၏ နိုင်ငံခြားရေး နှင့် အရပ်ဘက် အုပ်ချုပ်ရေး ရာထူးများတွင် စစ်ဘက်လွှမ်းမိုးမှု ဆက်လက် ရှိနေမည်ကို ညွှန်ပြနေသည်။

ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ
အောက်တို ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ ရက် ညနေ ၅:၃၀ ခန့်က မုံရွာမှတက်လာ သော စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှု ကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းအဆောင်များ ပျက်စီးခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ ဒဏ်ရာရသူများထဲတွင် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာရရှိပြီး နောက်တစ်ဦးမှာ ဗုံးစမှန်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၉ ရက်ကလည်း စစ်တပ်၏ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စက်တပ်လေထီး ၂ စီးဖြင့် ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။ လတ်တလော စစ်တပ်သည် ဆားလင်းကြီးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာနေပြီး၊ စစ်ကြောင်းများ ဝင်ရောက်နိုင်သည့် လမ်းတလျှောက် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆိုသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၁ ဦး သေဆုံး
အောက်တို ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အက်တောကျေးရွာမှ ကန့်ဘလူမြို့နယ် ကာဘိုးဖက်သို့ ဆုတ်ခွာနေ သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို အောက်တိုဘာ ၂၀ရက် နံနက် ၉:၃၀ ခန့်က တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့နယ်က သတင်းထုတ်ပြန်သည်။ တော်လှန်ရေးဘက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဘက်မှ ဖမ်းဆီးရှိခြင်း သို့မဟုတ် လက်နက်သိမ်းဆည်းရှိခြင်း မရှိဟု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တန့်ဆည်မြို့နယ်ပကဖ တပ်ဖွဲ့၏ ပြောဆိုချက် အရ ဤကြားဖြတ်တိုက်ခိုက်မှုကို ကာဘိုးတံတားအနီးတွင် ပြုလုပ်ခဲ့ပြီး စစ်တပ်ဘက် မှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိကာ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်သားနှင့် စစ်မြောက်ခံရသူ ၅ ဦး ပွဲချင်းသေဆုံးခဲ့ပြီး မွန်းတည့်နောက်ပိုင်း စစ်တပ်အင်အားစုပေါင်း ထပ်မံ ရောက်ရှိလာကာ အလောင်းများနှင့် ဒဏ်ရာရသူများကို ကားများဖြင့် သယ်ယူခွင့်ပြုခဲ့သည် ဟု တန့်ဆည်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ ဤစစ်ဆင်ရေး တိုက်ပွဲကို တန့်ဆည်မြို့နယ် ပကဖ၊ ရွှေဘိုခရိုင် အမှတ်-၅၂ ဗျူဟာတပ်ရင်း၊ PLA၊ ပေါ်ဦးစစ်ကြောင်း၊ ရေဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ရေဥး ပကဖ လက်ရုံးတပ်ဖွဲ့ တို့က ပူးပေါင်စည်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေးမြို့နယ်တွင် တော်လှန်ရေးသတင်းထောက်လှမ်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ဖမ်းဆီးခံရ
အောက်တို ၂၁
The Kaladan Post
ရေးမြို့နယ် အာယုတောင်ကျေးရွာတွင် အောက်တိုဘာ ၂၀ ရက် ညနေခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကို ရေးဘီလူးတပ်ရင်းက အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်လှမ်းနေစဉ် ဖမ်းဆီးရမိခဲ့သည်ဟု ရေးဘီလူးတပ်ရင်း သတင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူ မျိုးဇော်ကိုမှာ အာယုတောင်ကျေးရွာဇာတိက အသက် ၂၀ ကျော်အရွယ်ရှိပြီး စစ်တပ် ပျူစောထီး ခေါင်းဆောင် လင်းဦး၏ တပည့်ဖြစ်ကာ ရုံးပိုင်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းသိရသည်။ ရေးဘီလူး တပ်ရင်း ခေါင်းဆောင်က “သူတို့ လာတဲ့ အခြေအနေကို ကြည့်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ ဒီနယ်မှာ သူတို့တွေ အရပ်ဝတ်နဲ့ သတင်းထောက်တဲ့ ပုံစံမျိုး သတင်းအတိအကျရလို့ ဝင်ဖမ်း လိုက်တာ ဖမ်းဆီးချိန်တွင် သေနတ်မပါလာသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ဖြစ်သောကြောင့် ထိရောက်စွာ အရေးယူသွားမည်ဟု ပြောဆိုသည်။ ထို့အပြင် သူ့ကို ဖမ်းဆီးရမိတဲ့အချိန်မှာ တော်လှန်ရေးတပ်တွေ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ သူ့ ဥယျာဉ်ခြံရှိပြီး ဥယျာဉ်ခြံကို လာတဲ့ပုံစံနဲ့ တော်လှန်ရေးသတင်းတွေကို ထောက်လှန်းနေသူ ဖြစ်သည်။ ရေးမြို့နယ်အတွင်း စစ်ကောင်စီ ထောက်တိုင်များ၊ စစ်သား၊ ရဲနှင့် စစ်တပ်လက်ဝေခံ လက်နက်ကိုင်အဖွဲ့ဝင်အချို့ကို ရေးဘီလူးအဖွဲ့က မကြာမီ ဖမ်းဆီးမှုများ ဆက်လက်ရှိနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

လောင်းလုံး မောင်းမကန်ကမ်းခြေအနီး စစ်ကြောင်းထိုးမှုကြောင့် ထောင်ချီ ပြည်သူများ ဘေးလွတ်ထွက်ပြေး
အောက်တို ၂၁
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေ အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု စစ်ရေးသတင်းရင်း မြစ်များက ပြောဆိုသည်။ အောက်တိုဘာလ ၁၉ ရက် နံနက်အစောပိုင်းက စတင်ခဲ့သော ထားဝယ်ရေနက်ဆိပ်ကမ်းဘက်မှ အကြမ်းဖက်စစ်သားများသည် ငါးဖမ်းလှေများကို ချောဆွဲ၍ မောင်းမကန်ကမ်းခြေ အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး၊ ပင်လယ်ပြင်တွင် ရပ်ထားသော စစ်သင်္ဘောများကလည်း ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။ ထို့ကြောင့် ကျောက်ဆင်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၅ ရွာ ၆ ရွာလောက်မှ ထောင်နှင့်ချီ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ ကလည်း လောင်းလုံး မြို့နယ် မောင်း မကန် ရဲစခန်း မှ အကြမ်း ဖက် စစ်သား များ က ပန်း တင်း အင်း ရွာ ကို စစ်ကြောင်း ထိုး ဝင်ရောက် ကာ ပြည်သူ များ ကို လူသား ဒိုင်း အဖြစ် ဖမ်း ဆီး ပြီး ကျော်း ရွာ အတွင်း ရှိ နေ အိမ် ၈ လုံး ကို မီး ရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ ပြင် အကြမ်း ဖက် စစ်တပ် က ပစ်ခတ် သော လက်နက် ကြီး ထိ မှန် ပြီး ပြည်သူ ၂ ဦး သေ ဆုံး ခဲ့ကြောင်း သိရှိ ရသည်။

ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ်ကျေးရွာ စာသင်ကျောင်း စစ်တပ်လေကြောင်းတိုက်ခိုက်
အောက်တို ၂၁
The Kaladan Post
ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ်ကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် လေကြောင်းမှ ဗုံး ၂ လုံးဖြင့် ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ ကြောင်း Senthang Revolution Force က ထုတ်ပြန်သည်။ ဤတိုက်ခိုက်မှုသည် စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ Senthang Revolution Force က ဒေသခံများအား တရားမဝင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန်၊ စာသင်ကျောင်းများကို အကန့်အသတ်မရှိ ပိတ်ထားရန်နှင့် လူစုလူဝေးပွဲများ ရှောင်ရှားရန် တိုက်တွန်းထားသည်။ ထို့ပြင် ကလေးသူငယ်များနှင့် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။
