ရေတာရှည်မြို့နယ်ရွာသစ်ကျေးရွာရှိ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ပျက်စီး
အောက်တို ၂၄
The Kaladan Post
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းကို ၂၀၂၅ ခုနှစ် အောက်တို ဘာ ၂၀ ရက်တွင် ဆုံးရှုံးခဲ့ရပြီးနောက်၊ စစ်ကောင်စီတပ်သည် လက်တုန့်ပြန်အဖြစ် Gyrocopter ၂ စီးဖြင့် အောက်တိုဘာ ၂၂-၂၃ ရက်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေ အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရွာသစ်နှင့် ဆယ်ဝါးတောကျေးရွာရှိ စာသင်ကျောင်းဆောင် ၂ ဆောင် အလုံးစုံပျက်စီးခဲ့ပြီး၊ နောက်ထပ် ကျောင်းဆောင် ၂ ဆောင်၊ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်နှင့် ပြည်သူ့နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။ ကံအားလျော်စွာ အရပ်သားများ ထိခိုက်မှုမရှိခဲ့ပေ။ Nay Pyi Taw PDF က အများပြည်သူအား လူစုလူဝေးပြုလုပ်ခြင်း ရှောင်ကြဉ်ရန်နှင့် စစ်မြေပြင်သဘာဝအရ ကြိုတင် အသိပေးထားသည့် နေထိုင်နည်းများကို လိုက်နာရန် တိုက်တွန်းထားသည်။

ပေါက်မြို့နယ်မြောက်ပိုင်းတွင် စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံး
အောက်တို ၂၄
The Kaladan Post
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကောင်စီ တပ်သား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ပျဉ်းမ-ချောင်းကူးရွာ ချောင်းအစပ်တွင် ပြည်သူ့ တော်လှန်ရေးတပ်ဦး (PRF) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များနှင့် တစ်နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နောက်ပြန်ဆုတ်သွားခဲ့သည်။ ဤစစ်ဆင်ရေးကို PRF၊ ပြည်သူ့ဒီမိုကရက် တစ်တပ်တော် (PDA)၊ ကျောင်းသားလက်နက်ကိုင်တပ်တော် (SAF)၊ BORDERLESS နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ PRF တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်သည် နောက်ထပ်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်ပုံစံရှိကြောင်း ပြောကြားခဲ့ သည်။

နွားထိုးကြီးနှင့် မလှိုင်မြို့နယ်များတွင် စစ်တပ်တိုက်ခိုက်ခံရပြီး ၃၇ ဦးထက်မနည်း သေဆုံး
အောက်တို ၂၄
The Kaladan Post
မန္တလေးတိုင်း၊ နွားထိုးကြီးနှင့် မလှိုင်မြို့နယ်များတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါအဝင် စစ်သား ၃၇ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးဖမ်းဆီးခဲ့ကြောင်း Natogyi People Defence Forceက သတင်းထုတ်ပြန်သည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၅၊ နွားထိုးကြီးမြို့နယ်၊ ရန်ကင်းဘုရားမှ မြိုင်သာရွာဘက် စစ်ကြောင်း ထိုးလာသော အင်အား ၂၀၀ ခန့်ကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦးထက်မ နည်း သေဆုံးပြီး MA-5 သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၊ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာဘက် စစ်ကြောင်း ထိုးလာသော အင်အား ၂၅၀ ခန့်ကို ၃ နာရီခန့် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဖမ်းမိ၊ ၁၀ ဦးထက်မ နည်း သေဆုံးပြီး လက်နက်များ (သေနတ် ၁၁ လက်၊ ဒရုန်း ၂ စီး၊ ကျည်မျိုးစုံ ၃၃၁၂ တောင့်၊ Jammer ကား ၁ စီး၊ ကား ၃ စီး အပါအဝင်) သိမ်းဆည်းရရှိခဲ့ကြသည်။ အလားတူ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉မှ ၁၂ရက်နေ့ အထိ မလှိုင်မြို့နယ်၊ နှောကန်ရွာမှ အိမ်ကြီးတောရွာဘက် စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ကို ၄ ရက်ဆက် တိုက်ခိုက်ရာ ဗိုလ်မှူး ကျော်မင်းအပါ အဝင် စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးဖမ်းမိ။ လက်နက်များ (သေနတ် ၂၅ လက်၊ ဒရုန်း ၂ စီး၊ ကျည် ၆၀၇၈ တောင့်၊ Jammer ၂ ခု၊ ကား ၃ စီး အပါအဝင်) သိမ်းဆည်းရရှိသည့် အပြင် ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၂တွင် နှောကန်ရဲစခန်း မှ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများထိခိုက်သေဆုံးပြီး သေနတ် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့ကြောင်း Natogyi People Defence Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိ
အောက်တို ၂၄
The Kaladan Post
အောက်တိုဘာလ ၂၁ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းရှိ ညောင်ပင်ရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း (Double Cab ကား ၃ စီး) ကို မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) နှင့် အမှတ် ၈ တပ်ရင်းတို့ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထားခဲ့သည့် Jammer ကား ၁ စီးနှင့် Jammer စက်များကို အသုံးပြုမရတော့သဖြင့် ဖျက်ဆီးခဲ့ရကြောင်းသိရသည်။ ထို့ပြင် တိုက်ပွဲအတွင်းမှ MA1၊ MA3 နှင့် G3 အမျိုးအစားသေနတ် ၃ လက်ကို သိမ်းဆည်းရရှိခဲ့သည်။ မြင်းခြံခရိုင်အတွင်း နေ့စဉ်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်းက ထုတ်ပြန်ထားသည်။

ရှမ်းအရှေ့ပိုင်း တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦး လာဘ်ပေးယူမှုဖြင့် ရာထူးမှဖယ်ရှားခံရ
အောက်တို ၂၄
The Kaladan Post
ရှမ်းပြည်နယ်အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို တရားမဝင်ကုန်သွယ်ရေး နှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီးခဲ့သည်ဟု စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်တို့က အတည်ပြုချက်ပေးထားသည်။ ဖမ်းဆီးမှုကို ဟိုပုန်းနည်းပညာကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် တပ်နယ်မှူးများ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များမှ တရားမဝင်ကုန်ကားနှင့် သစ်ကားများကို ဖမ်းဆီးရန် လုပ်ငန်းစဉ်တွင် စတင်ကာ တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးထံ လာဘ်ပေးယူထားသည့် ကုန်ပစ္စည်းများ ကို ဖမ်းဆီးခဲ့ရာ နှစ်ဦးကြား ပြဿနာဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယင်းကိစ္စအတွက် ဗိုလ်မှူးချုပ် သန့်ထင်စိုးက နေပြည်တော်သို့တိုင်ကြားရာ စစ်ရုံးမှတိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးနှင့် ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ရဲသူအောင်တို့ကို ဆင်းဖမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ CDM ဗိုလ်ကြီး ဇင်ယော်က ဖမ်းဆီးခံရမှုကို အတည်ပြုကာ ဗိုလ်ချုပ်နိုင်ဇော်ဦးနှင့် ဗိုလ်မှူးချုပ် သန့်ထင်စိုး တို့ ကြား ပြဿနာများကြောင့်ဖြစ် သည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ပြည်သူတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
အောက်တို ၂၄
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရနဲအုပ်စု၊ ကျောက်တောကျေးရွာတွင် အကြမ်းဖက်စစ်တပ် က နှစ်လကျော်ကြာ စစ်ကြောင်းထိုးပြီး ပြည်သူတစ်ဦး၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း CRC-PLA က အောက်တိုဘာ ၂၂ရက်နေ့ကသတင်းထုတ်ပြန် သည်။ CRC-PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်လက်ဝဲက အဆိုပါရုပ် အလောင်းသည် မည်သူမည်ဝါကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲသည့်အပြင် ပျောက်ဆုံးနေသည့် ပြည်သူများလည်း ရှိနေဆဲဖြစ်ကြောင်းပြောဆိုသည်။ ဩဂုတ်လနောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အထိ စစ်တပ်က ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ပြီး ကျောက်တောကျေးရွာရှိ နေအိမ် ၆၀ လုံး၊ စပါးကျီ ၉၀ ခု၊ စစ်ဘေးရှောင်စခန်းတစ်ခုနှင့် တောင်ယာတဲများကို မီးရှို့ဖျက်ဆီးခဲ့သည်။ အထူးသဖြင့် ဩဂုတ် ၂၅ ရက်တွင် နေအိမ် ၃၇ လုံး၊ စက်တင်ဘာ ၁၄-၁၅ ရက်တွင် နေအိမ် ၂၃ လုံးနှင့် စပါးကျီအားလုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသခံများနှင့် ပြည်သူများသည် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ဆိုးရွားစွာ ထိခိုက်နစ်နာနေရကြောင်းသိရသည်။

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး
အောက်တို ၂၄
The Kaladan Post
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ CDF-Kanpetlet စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်ကြိမ်ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲတွင် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏သား ဦးခင်မောင်ရင်နှင့် CDF ရဲမေတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်။ ဒဏ်ရာရသူများထဲတွင် ၅ ဦး ဒဏ်ရာပြင်းထန်ပြီး ပျောက်ဆုံးသူများလည်းရှိနေသဖြင့် သေဆုံးသူ ဦးရေ တိုးလာနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာပွဲ ကျင်းပနေတဲ့ မြို့မရပ်ကွက် (၂) ဆယ်မိုင်ကုန်းကို ယနေ့မနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာ နေပြည် တော်မှတက်လာသော အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ၂ ကြိမ်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်ကြောင့် နမ္မတူ-မန်တုံဒေသခံများ လမ်းပိတ်မိ
အောက်တို ၂၄
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် အောက်တိုဘာ ၁၅ ရက်က စစ်ကောင်စီ သိမ်းယူခဲ့ သော သီပေါမြို့မှ နမ္မတူနှင့် မန်တုံမြို့ဆီ ဦးတည် စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ဆက်လက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောကြားသည်။ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီ ၄၉ မိနစ်ခန့်တွင် နမ္မတူမြို့၊ နမ္မတူချောင်းတောင်ဘက်ကမ်း သတလရပ်ကွက်ရှိ အလုပ် ခွင်သင်တန်းကျောင်းဘက်ကို ဗုံးကြဲခဲ့ပြီး ယခင်အောက်တိုဘာ ၂၁ ရက်ညနေ သီပေါ-နမ္မတူ နယ်စပ် မိုးတေကျေးရွာ အနီး မိုးတေတံတားအထိ ရောက်ရှိလာသော စစ်ကြောင်းများကို တအာင်းတပ်မ တော် (TNLA) နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ရှမ်းပြည်နယ်ကိုယ်ပိုင်တပ်မတော် (SSPP) က ထုတ်ပြန် ထားသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မြို့များကို လေကြောင်းဖြင့် အပြင်း အထန် ဗုံးကြဲပြီးနောက် မြေပြင်စစ်ကြောင်းများ ထိုးဖောက်ရန် စစ်ကောင်စီ လုပ်ဆောင်နေမှု ကြောင့် နမ္မတူနှင့် မန်တုံ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး “တိုက်ပွဲရှိမနေဘဲနဲ့ ကြဲနေတာ။ ကျွန်မတို့ဘယ်ကိုပြေးရမှာလဲ။ အခုဆိုလမ်းတွေလည်းပိတ်။ ထွက်လို့လည်းမရဘူး” ဟု နမ္မတူမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။ မန်တုံမြို့ခံ တစ်ဦးကလည်း “ရှောင်စရာနေရာမရှိဘူး။ အရမ်းဒုက္ခ ရောက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိတော့ဘူး။ လေကြောင်းကလည်းမကြာခဏဝဲ နေတယ်” ဟု ဆိုသည်။ အောက်တိုဘာလဆန်းကတစ်ဆင့် တအာင်းဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု ၄၂ ဦးအထိ ရှိလာခဲ့ပြီဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်တွင် ၂၀၂၆ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာများ နိုဝင်ဘာ ၃ မှ စတင်လက်ခံ
အောက်တို ၂၄
The Kaladan Post
ကချင်လွတ်မြောက်နယ်မြေရှိ Kachin State Comprehensive University တွင် ၂၀၂၆ ပညာသင်နှစ် အတွက် ဆရာဝန်၊ သူနာပြုနှင့် ပညာရပ်စုံဘာသာရပ်များအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ များကို နိုဝင်ဘာ ၃ ရက်မှစတင်လက်ခံမည်ဖြစ်ကြောင်း Kachin State Comprehensive University က ယမန်နေ့ အောက်တိုဘာလ ၂၃ရက်နေ့က သတင်းထုတ်ပြန်သည်။ ၂၀၂၀ ခုနှစ်နှင့် ယင်းမတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ GED နှင့် IGCSE ကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိသူများ၊ ကချင်ပညာရေးဌာန (KED) မှ တက္ကသိုလ်ဝင် တန်းအောင်မြင်သူများ၊ အခြေခံပညာပြီးမြောက်မှု အကဲဖြတ်ခြင်း (BECA) တွင် အနည်းဆုံး C Grade ရရှိသူများနှင့် ကျောင်းသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားနိုင်သည့် ဘာသာရပ်များတွင် School of Medical Sciences၊ School of Nursing Sciences၊ School of Technology၊ School of Economics၊ School of Agriculture၊ School of Arts and Sciences တို့ပါဝင်သည်။ လက်ရှိတွင် ကျောင်းသားများအနေဖြင့် နေထိုင်ရေးကို ကိုယ်တိုင် စီစဉ်ရမည်ဖြစ်ပြီး အခက်အခဲရှိသူ အနည်းငယ်ကိုသာ ကျောင်းဘက်မှ ကူညီထောက်ပံ့ပေးနိုင် မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ “နေရာဒေသအသီးသီးက တော်လှန်ကျောင်းသားများ အားလုံးကို ကျွန်တော်တို့ကျောင်းတော်ကြီးကနေ နွေးထွေးစွာကြိုဆိုနေပါတယ် ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
