———————————————————————
ဇွန်လ ၁၅
The Kaladan Post
၂၀၂၅ခုနှစ် ဇွန်လ ၁၂ရက်နေ့ နံနက် (၁၁)နာရီ၀န်းကျင်ခန့်တွင် အောင်သာပျူစောထီးရွာမှပြည်သူ့စစ် တစ်ဦး လက်နက်အပြည့်စုံနဲ့တကွ ပခုက္ကူခရိုင်ပြည်သူ့ကာကွယ်ရေးတ တပ်ဖွဲ့(၅)ဧရာဒေါင်း ထံအလင်း ၀င်ခဲ့ကြောင်း Ayar Daungတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါအလင်းဝင် လာသူ ပျူစောထီး မောင်စိုးထက်သည်နှင့် ပတ်သက်ပြီး ပခုက္ကူခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့(၅) ဧရာဒေါင်း သတင်းမှန် ပြန်ကြားရေး တာဝန်ခံ ကိုရှိန်းက “မိသားစု(၉) ဦးအပြင် အရပ်သား သူငယ်ချင်းနှစ်ယောက်နဲ့ အတူ အလင်း၀င်လာတယ် ပြီးတော့သူတို့က ကုလားချောင်းရွာသား ဖြစ်ကြတယ်ဗျ။ အောင်သာ ပျူရွာမှာ တာ၀န်ကျနေရင်း မိသားစုနဲ့တကွ အလင်း၀င်လာတာ”ဟု The Kaladan Post သို့ပြောဆိုသည်။
ထို့အပြင် အလင်းဝင်လာသူ မောင်စိုးထက်နှင့် အတူပါလာသူတွေများကို အခုလောလောဆယ်မှာ လုံခြုံတဲ့ တစ်နေရာမှာထားထားကြောင်း ဆိုသည်။ အဆိုပါ အလင်း၀င်သူသည် မိသားစုနှင့်သူငယ်ချင်းများခေါ် လာသည့်အပြင် G3 သေနတ် တစ်လက်၊ ကျည်ဘောက်(၈)ဘောက် ၊ကျည်(၃၅၆)တောင့်၊ အီကွေးမန့် (၁)စုံ၊ နှင့် အီနာဂါ ဗုံးသီး(၁)လုံး တို့ယူဆောင်လာသဖြင့် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၅)ဧရာဒေါင်းက ဆုငွေသိန်း(၅၀)ချီးမြှင့် ပေးအပ်ခဲ့ပြီး နောက်ထပ် အလင်း၀င် လာသူများရှိလာပါက လက်နက်ခဲယမ်းတွေ ပါရင်ပါသလို ဆုကြေးငွေတွေပေးအပ်သွားမည် ဖြစ်ကြောင်း ပခုက္ကူခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့(၅) ဧရာဒေါင်း သတင်းမှန် ပြန်ကြားရေး တာဝန်ခံ ကိုရှိန်းက အသိပေးသည်။ အလင်းဝင်လာသူ မောင်စိုးထက်သည် G3တစ်လက်နဲ့ လက်နက်ခဲယမ်းများစွာကို တစ်ပါထဲယူဆောင် လာသည့်အတွက် ကျွန်တော်တို့ အဖွဲ့အစည်းအတွက်များစွာ အကူအညီဖြစ်ကြောင်းနှင့် အလင်းဝင်လာသူ မောင်စိုးထက်သည် စကစကို ပြန်လည်တော်လှန်မည်ကတိပြုထားကြောင်း The Kaladan Post မှ သိရှိရပါသည်။