—————————————————————————
ဇန်န ၃
The Kaladan Post
Popa Guerilla Force တပ်ဖွဲ့က ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း စစ်ရေးဖော်ဆောင်မှုကို ယမန်နေ့ ဇန်နဝါရီ လ ၂ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။ အဆိုပါထုတ်ပြန်ချက်အရ Popa Guerilla Force သည် တော်လှန်ရေးမဟာမိတ်များနှင့် အတူ တိုက်ပွဲဖော်ပေါင်း ၁၂ ကြိမ်ဖော်ဆောင်ခဲ့ပြီး ၎င်းတစ်နှစ်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်အင်အား ၅၄ ဦးကို အဖြတ်ရှင်းလင်းနိုင်ခဲ့သည့် အပြင် ၁၁၅ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်းသိရသည်။ အဆိုပါထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက “ ကျွန်တော်တို့ တပ်ဖွဲ့ဟာ ရပ်တည်လာကတည်းက ငွေကြေး ငါးသိန်းနဲ့စတင်ခဲ့တာဖြစ်ပါတယ် ရှိတာလည်းနဲ့ဘဲ စားဝန်နေရေးမှအစ ရေတွက်လို့မကုန်နိုင်တဲ့ အခက်အခဲပေါင်းများစွာကို တော်လှန်ရေးစိတ်ကို အပြည့်အဝရှေ့တန်းတင်ပြီးတော့ ခွန်အားယူကာ ဒီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရပါတယ်။ ထမင်းမစားဘဲနေခဲ့ရတဲ့အချိန်တွေလည်းမနည်းပါဘူး သို့သော် ဒီတော်လှန်ရေးကို ဦးစားပေးရှေ့တန်းတင်ပြီး ရှိတာလည်းတွေကို စုဆောင်းထားပြီး တိုက်ပွဲတိုင်းတွင် ကုန်ကျစရိတ်နည်းပြီးထိခိုက်မှုအား‌ကောင်းတဲ့ ပြောက်ကြားစနစ်ကိုဘဲကျင့်သုံးခဲ့ပါ တယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး ဖြုတ်ချနိုင်မည့်အချိန်တွေလည်းရှိပါတယ် ဒါပေမယ့် ငွေကြေးအခက်အခဲများကြောင့် ကျည်ဆံမလုံလောက်တာကြောင့် ကျွန်တော်တို့ဘက်က ပြန်လည်ဆုတ်ခွါပေးတဲ့ အခြေအနေတွေကြီးဘဲဖြစ်ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် ကျွန်တော်တို့ကြုံတွေ့ခဲရတဲ့ အခက်အခဲတွေကို ရဲဘော်တွေတောင် ပေးမသိရဘူး သို့သော် လည်း ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့် ယခုအချိန်မှ စစ်ကောင်စီက ကျွန်တော်တို့ ကြောက်နေရတဲ့ အခြေအနေထိ‌ရောက်နေပါပြီ ကျွန်တော်တို့မှာ ပြောက်ကြားတပ်ကနေပြီး မြို့သိမ်းခဲ့တာတွေရှိသလို ပြန်အသိမ်းခံတဲ့ဟာလည်းရှိခဲ့တယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အပြည့်အဝ ထောက်ခံမှု ရရှိအောင် ရဲဘော်တွေကို စိတ်ခွန်အားတွေပေးတဲ့အချိန်တိုင်း မူးယစ်ဆေးဝါးကို လုံးဝမသုံးစွဲအောင်ကို အဓိကထားပြီး သွန်သင်ပေးသလိုရဲဘော်တွေကလည်း လိုက်နာကြတယ်။ ဒီတော်လှန်ရေးကို အမြန် ဆုံးအပြီးသတ်နိုင်ရန်အတွက် ပြည်သူတွေထောက်ပံ့မှုက အဓိကမှာပါဝင်နေပါတယ် အဲ့ဒါကြောင့် ပြည်သူတွေအနေဖြင့် ဒီထက်မက ဆက်လက်ထောက်ပံ့ပေးကြရန်နှင့် ပြည်သူ့တွေနဲ့တစ်သားတည်း ရပ်တည်ပြီးတော့ ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တူထောင်နိုင်ရန် အတွက် လိုအပ်တဲ့တပ်အင်အားနှင့် လက်နက်အင်အားများကို ပိုမိုကျစ်လစ်အောင် တည်ဆောက်ပြီး ကျန်ရှိနေသေးတဲ့ တော်လှန်ရေးခရီးကို အဆုံးထိတိုင် မဟာမိတ်များနှင့် အတူ ဆက်လက်ပြီး ရှိသမျှအင်အားကို ထုတ်ပြီး တော်လှန်သွားမည်ဖြစ်ကြောင်း တော်လှန်ပြည်သူတွေကို သစ္စာပေးထားကြောင်း Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက အသိပေးထားပါသည်။