ဇွန် (၃၀) သတင်းတိုကဏ္ဍ
၁။ ဖြူးမြို့နယ် ဝဲဒေါင့်ရွာ စစ်တပ်ကင်းစခန်း တိုက်ခိုက်သိမ်းပိုက်မှု ၁၀ ဦးသေဆုံး ဇွန် ၃၀ The Kaladan Post ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အလောင်း ၅ လောင်း သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဇွန် ၂၉ ရက် နံနက် ၂:၃၀ မှ စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇:၃၀ တွင် စခန်းကို အပြီးသတ်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။ ဤစစ်ဆင်ရေးကို PDF ဗျူဟာ ၂၄၊ ဧရာဝတီစစ်ကြောင်း၊ ဟင်္သတခရိုင်တပ်ရင်းနှင့် ဖြူးမြို့နယ်နှင့် ရန်ကုန်တိုင်း PDF အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဝဲကြီးနှင့် ဝဲထောင့်ရွာမှ ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂိတ်စခန်းသည် ပြည်သူများကို ဒုက္ခပေးနေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စခန်းသိမ်းပိုက်ပြီးနောက် ရှင်းလင်းရေးလုပ်ဆောင်ပြီး ဆုတ်ခွာခဲ့သည်ဟု PDF သတင်းရင်းမြစ်က ဆိုသည်။ ၂။ ကျောက်မဲမြို့သို့ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံး ၈ လုံးထက်မနည်းကြဲချ ဇွန် ၃၀ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အား စစ်ကောင်စီက ယမန်နေ့ ဇွန် ၂၉...
Read More