Author: Salai

စက်တင် (၂၄) သတင်းတိုပေါင်းချုပ်

KIA ပူးပေါင်းတပ်များ လန်ဆယ်စခန်းကုန်းပြန်သိမ်းပြီး စစ်တပ်ထိခိုက်မှုများ စက်တင် ၂၄ The Kaladan Post ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသရှိ စစ်တပ်နှင့် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် စခန်းကုန်းကို KIA ပူးပေါင်းတပ်များက စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ခေါင်လန်ဖူးမြို့နယ်မှ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်း အင်အား ၃၀၀ ကျော်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာခဲ့သည်။ KIA ပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၂၁ ရက်တွင် KIA တပ်များသည် စခန်းကုန်းတစ်ခုကို ယာယီဆုတ်ခွာခဲ့ရသော်လည်း နှစ်ရက်အကြာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA က ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခင် ၂၀၂၄ ခုနှစ်အတွင်း KIA၊ PDF Putao နှင့် KPF ပူးပေါင်းတပ်များသည် လာဟီဆင်နှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းများကို သိမ်းပိုက်ထားခဲ့သည်။ KIA ရှေ့တန်းသတင်းရင်းမြစ်က ယခုဖြစ်ရပ်များကို အတည်ပြုပြောကြားခဲ့သည်။ မင်းအောင်လှိုင် ကမ္ဘာ့အဏုမြူဖိုရမ်တက်ရောက်ရန် ရုရှားသို့ထွက်ခွာ စက်တင် ၂၄...

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်များအား”Sosia” နှင့် “ရွှေညာသူ” မှ ကူညီထောက်ပံ့

စက်တင် ၂၄ The Kaladan Post စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၄၁၀စုအတွက် ဆန် ၈၃ အိတ်နှင့် စားသုံးဆီ ၁၉၀ပိဿာတို့ကို “Sosia” နှင့် “ရွှေညာသူ”တို့မှ စေတနာရှိစွာဖြင့် ကူလှူဒါန်းပေး ကြောင်း ကျားသစ်နက်တပ်တော်မတော် Black Leopard Army က သတင်းထုတ်ပြန်ထားပါသည်။ ဤလှူဒါန်းမှုကို ကျားသစ်နက်တပ်မတော် (BLPA) မှ မြေပြင်အရောက် ပို့ဆောင်ဖြန့်ဝေပေးခဲ့ပြီး၊ ရပ်ကျေးမှ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ကူညီမှုနှင့် ရဲဘော်များ၏ စွမ်းအားစိုက်ထုတ်လုပ် ဆောင်မှုကြောင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ထောက်ပံ့ကူညီမှုနှင့် ပတ်သက်ပြီး ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက” အခုလိုကျွန်တော် တို့ကူညီပေးနေတယ်ဆိုတာကလည်း စစ်ဘေးရှောင်ပြည်သူတွေကို ဒါလေးလှူချင်ပါတယ်ဆိုပြီး လာပြောတဲ့သူတွေရှိရင် ကျွန်တော်တို့က အလှူရှင်တွေခြင်တဲ့ပုံစံအတိုင်း ကြားခံအဖြစ်ဆောင်ရွက် ပေးတာဘဲဖြစ်ပါတယ် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့သည် ပြည်သူနဲ့ တစ်သားတည်းနေရမယ် ပြည်သူတွေ ချမ်းသာရင် ကျွန်တော်တို့လည်း အဆင်ပြေမည် ပြည်သူတွေ ငတ်ရင် ကျွန်တော်တို့ လည်းငတ်မယ် ဒါကြောင့် တတ်နိုင်တာ ဝင်ကူညီပေးတာဖြစ်ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ သို့သော် လက်ရှိတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂,၀၀၀ ကျော်အတွက် လှူဒါန်းရန် လိုအပ်ချက်များ ကျန်ရှိနေဆဲဖြစ်သည်။ ထပ်မံပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကိုဥက္ကာ၏ Facebook အကောင့် (သို့မဟုတ်) ကျားသစ်နက်တပ်မတော်၏ Facebook Page Messenger မှ တစ်ဆင့် ဆက်သွယ်ပါဝင်အားဖြည့်နိုင်ပါကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကျားသစ်နက်တပ်မတော် (BLPA) ၏ ခြေလှမ်းတိုင်းသည် ဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွား အတွက်သာဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ တွင် စေတနာရှင်များ၏ ပါဝင်ကူညီမှုသည် အလွန်အရေးပါပြီး၊ ဆက်လက်၍ ပူးပေါင်းပါဝင် ကြပါရန် ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက တိုက်တွန်း...

Read More

မုံရွာ-ချောင်းဦးမြို့နယ်တွင် နတ်ရေကန်စစ်ကောင်စီဂိတ်မှ ထွက်လာသော ကားတစ်စီးတိုက်ခိုက်ခံရ

  စက်တင် ၂၄ The Kaladan Post ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ရက်နေ့တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ကောင်စီ ဂိတ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ဒိုင်နာ (၆) ဘီးကားတစ်စီးအား အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး People’s Defence Force- South Monywa တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကားမှာ တပ်အင်အား ၄၀ခန့်ပါတယ်ခင်ဗျ ၎င်း စစ်ကောင်စီတပ်တွေက နတ်ရေကန်ကနေပြီးတော့ မြင်းမူးဘက်ကို ဦးတည်သွားတာ‌ဖြစ်တယ် ယခုစစ်ကောင်စီတွေက ဂွေးပင်တော့မှာ တပ်အင်အား (၇၀)နှင့် (၈၀) ပါတ်ချာလည်နေသလို နတ်ရေကန်မှာ အထိုင်ချတဲ့ စစ်ကောင်စီအင်အား ( ၆၀) ဝန်းကျင်လည်းဘဲ ဘယ်မှမသွားနိုင်ဘဲ ပတ်ချာလည်နေကြပါတယ်” ဟု The Kaladan Post သို့‌ ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် (၆၄)၊ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းနှင့် People’s Defence Force – South Monywaတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၇ မိနစ်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးတွင် ပဒေသာမိုင်း (၃) လုံးနှင့် (၁) ပွိုင့်တို့ဖြင့် အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကိုမူ လက်ရှိတွင် အတိအကျ မသိရှိရသေးပါ။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရန်သူဘက်မှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ...

Read More

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန့်နှင့် ဆေးရုံကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်

  စက်တင် ၂၃ The Kaladan Post ကချင်ပြည်နယ်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် အချိန်- မနက် ၉ နာရီ အချိန်တွင် Peacock Drone Team နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။my အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Peacock Drone Team – Myaung တပ်ဖွဲ့၏ တာဝန်ရှိသူ က “ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ရစ်ရဲစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ခန့် ရှိတဲ့စခန်းဖြစ်ပါတယ် ဒီတိုက်ခိုက်မှုအတွင်းမှာ ကျွန်တော် တို့ဘက်က ဒရုန်းတစ်စီး စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျတာကြောင့် ပျက်စီးဆုံးရှုံးသွားပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုကို တော်လှန်ရေးပူးပေါင်းတပ်များက  Fixed-wing ဒရုန်း ၉ စီးကို အသုံးပြုခဲ့ပြီး ဗုံးသီး ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြသည်။  ၎င်းတိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှုအသေးစိတ်ကို လက်ရှိတွင် မသိရသေးမသိရသေးပေ။ ထို့အပြင် ၎င်းစစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပစ္စည်းများ ထပ်မံဖြည့်တင်းရန် လိုအပ်နေပါသဖြင့် ကူညီထောက်ပံ့လိုသူများ၊ လှူဒါန်းလိုသူများအနေဖြင့် Peacock Drone Team နှင့် ဆက်သွယ်နိုင်ပါ ကြောင်း...

Read More

စက်တင် (၂၃) သတင်းတိုပေါင်းချုပ်

ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ် စက်တင် ၂၃ The Kaladan Post စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်းတစ်ခုကို သပိတ်အင်အားစုများစုပေါင်း၍ ပြုလုပ်ခဲ့သည်။ ယင်းသပိတ်တွင် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဆိုင်ကယ်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း ပြည်သူများအား အားတက်သွေးဆူစေရန် ရည်ရွယ်ခဲ့သည်။ ဒေသခံများကလည်း ယင်းလှုပ်ရှားမှုကို ထောက်ခံကြိုဆိုခဲ့ကြသည်။ ဤသပိတ်စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် သည့် လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည်။ ဆိုင်ကယ်သပိတ်တွင် ပါဝင်သူများသည် လုံခြုံရေးအစီအမံများဖြင့် လှုပ်ရှားခဲ့ကြပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဟု ကတိပြုခဲ့ကြသည်။ ဒေသတွင်း လုံခြုံရေးအခြေအနေများကို စောင့်ကြည့်နေပြီး နောက်ထပ်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ် ရန် စီစဉ်နေကြောင်း သိရသည်။ စစ်တပ်က ရွေးကောက်ပွဲဆန့်ကျင်သူ ၉ ဦးကို ဖမ်းဆီး စက်တင် ၂၃ The Kaladan Post စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ အသက်မပြည့်သေးသူ ၃ ဦးအပါအဝင် ပြည်သူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်တွင် လူငယ် ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်းရှိသူများဖြစ်သည်။ ၎င်းတို့ကို လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။...

Read More
en_USEnglish