စက်တင် (၂၇) သတင်းတိုပေါင်းချုပ်
စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံး၊ ပျက်စီး စက်တင် ၂၇ The Kaladan Post ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်သည်။ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်း တောင်ကုတ်မြို့နယ် တပ်ဦး ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာ ကျောင်းတစ်ခုလုံး ပျက်စီးခဲ့ကြောင်း APM သတင်းရင်းမြစ်က ဖော်ပြသည်။ အလားတူ ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၆၁ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ယင်းဗုံးကြဲမှုများမှာ တိုက်ပွဲ မဖြစ်ပွားဘဲ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ် ဆက်တိုက် ပြုလုပ်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာ ၂၀ ရက်မှ စတင်ကာ လေးကေ့ကော်မြို့သစ်ဘက်သို့ စစ်ကြောင်း ထိုးခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၄ ရက်တွင် ထီးမယ်ဝါးခီး ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ခဲ့ရာ နှစ်ကြိမ်တိုင်...
Read More