ဇူလိုင် (၂၆) သတင်းတိုပေါင်းချုပ်
၁။ မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး ဇူလိုင် ၂၆ The Kaladan ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် Black Leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) အဖွဲ့က ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးသီးအားလုံး ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သည်။ ရဲစခန်းဘေးရှိ ကြံ့ဖွံ့ပါတီရုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားများ ထပ်ရောက်လာကာ ရဲစခန်းကို အမှောင်ချ၍ နာရေးကား ၃ စီးဖြင့် အလောင်းများသယ်ထုတ်သွားသည်။ Black Leopard UG အဖွဲ့က စစ်ကောင်စီ၏ အရေးကြီးပစ်မှတ်များကို ဆက်တိုက်ခိုက်မည်ဟု ပြောသည်။ ပြည်သူများ ထိခိုက်မှုမရှိစေရန် စစ်ကောင်စီထောက်တိုင်များအနီး ရှောင်ရှားရန် တိုက်တွန်းထားသည်။ အချုပ်ခန်းထဲ ဗုံးသီး ၂ လုံးကျသော်လည်း မပေါက်ကွဲခဲ့ဟု သိရသည်။ ၂။ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်း တိုက်ပွဲပြင်းထန်၊ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ် ဇူလိုင် ၂၆ The Kaladan ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် ဇူလိုင် ၂၅ ရက်...
Read More