Author: Salai

ဇွန် (၂၅) သတင်းတိုကဏ္ဍ

၁။ ထိုင်းမှ ပြန်ပို့ခံရသူများ အပါအဝင် စစ်မှုထမ်းသစ်နှင့် ပျူစောထီး ၁၀ ဦး အလင်းဝင် —————————————————————————————————- ဇွန် ၂၅ The Kaladan Post တနင်္သာရီတိုင်း၊ ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ စစ်မှုထမ်းတပ်သားသစ် ၄ ဦး ဇွန်လ ၁၈ ရက်တွင် သေနတ်မပါဘဲ အလင်းဝင်ခဲ့ကြောင်း PDF Myeik District Battalion 1 – P23401 မှ တာဝန်ရှိသူက ပြောသည်။ ၎င်းတို့အနက် ၂ ဦးမှာ ထိုင်းနိုင်ငံတွင် ဗီဇာသက်တန်းကုန်သဖြင့် ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူများဖြစ်သည်။ ကျန် ၂ ဦးမှာ တနင်္သာရီ ဒေသခံများ ဖြစ်ပြီး အိမ်တွင် စုဆောင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အလင်းဝင်သူများအား ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးနေသည်။ မွန်ပြည်နယ်၊ သထုံစစ်မှုထမ်းသင်တန်းကျောင်းမှ စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည် ဇွန်လ ၂၂ ရက်တွင် သေနတ်မပါဘဲ အလင်းဝင်ခဲ့ကြောင်း Black Panther Column မှ တာဝန်ရှိသူက ပြောသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပျူစောထီး ၂ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ခဲ့သည်။ ၎င်းတို့သည် အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့ပြီး ပကဖထံ ချိတ်ဆက်ဝင်ရောက်ခဲ့ ကြသည်။...

Read More

တော်ဝိကျေးရွာတွင် စစ်ကောင်စီ ( ၅၀)ပါ အထိုင်ချ စစ်စခန်းအား သိမ်းပိုက်ရရှိ

တော်ဝိကျေးရွာတွင် စစ်ကောင်စီ ( ၅၀)ပါ အထိုင်ချ စစ်စခန်းအား သိမ်းပိုက်ရရှိ ——————————————————————————– ဇွန် ၂၅ The Kaladan Post   ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နံနက် ၀၁:၀၀ တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တော်ဝိကျေးရွာတွင် ရန်သူ့ (အင်အား ၅၀)ပါ အထိုင်ချ စစ်ကောင်စီစခန်းအား တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်း တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီ တစ်နာရီတိုက်ပွဲဖြစ်ပွားပြီး နံနက် ၀၂:၀၀ တွင် ရန်သူ့စစ်စခန်း အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Royal Peacock Column – 29913 ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တော်ဝင်ဒေါင်းတပ်ရင်း  သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “ ဒီကျွန်တော်တို့သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီ စခန်းသည် ညောင်လေးပင်မြို့သို့ တော်လှန် ရေးတပ်တွေ ဝင်မလာနိုင်အောင် ဆိုတဲ့ပုံစံ အခြေချထားတဲ့ စခန်းလို့ပြောလို့ရပါတယ်။ ပြီးတော ဒီစခန်းမှာ စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းတပ် ထိုင်တာဖြစ်ပါတယ် အင်အားကတော့အမြဲ ၅၀/၈၀ ဝန်းကျင် ထိုင်တာဖြစ်ပြီး လက်နက်ကြီး/ငယ် အစုံနဲ့  အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းတစ်ခု ပေါ့ဗျဟု “ The Kaladan Post သို့ပြောဆိုသည် ။ ပြီးတော့ ကျွန်တော်တို့ တော်ဝင်ဒေါင်းတပ်ရင်းက ဇွန်လ ၂၃ ရက်တွင် ကျဆုံးသွားသောရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် ကျော်စွာစစ်ဆင် ရေး ဟု အမည်ပေးပြီး ရန်သူကိုတိုက်ခိုက်ခဲ့တာပါဟု ဆက်လက်ပြောဆိုပြောဆိုသည်။ ၎င်းတိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၁၃ ဦးသေဆုံးခဲ့ပြီး  ၃ ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲ့ ယမ်းနှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ ထို့အပြင် ကျော်စွာစစ်ဆင်ရေးကို ဗျူဟာ(၂၆) ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်ဝင်ဒေါင်းတပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎ြင်းထုတ်ပြန်ချက် တွင်...

Read More

“လက်ရှိတော်လှန်ရေးအခြေအနေနှင့် တိုင်းပြည်အနာဂတ်သုံးသပ်ခြင်း” Exclusive Interview/ Episode-005/ The Kaladan Post

“လက်ရှိတော်လှန်ရေးအခြေအနေနှင့် တိုင်းပြည်အနာဂတ်သုံးသပ်ခြင်း” Exclusive Interview/ Episode-005/ The Kaladan Post

Read More

ဇွန် (၂၄) သတင်းတိုကဏ္ဍ

“ထီးလင်းရဲစခန်းမှ နိုင်ကျဉ်း၁၃ဦးလွတ်မြောက်၍ စစ်တပ်က ရဲများကို သတ်ဖြတ်”ဆိုတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာသတင်းများစွာ

Read More
en_USEnglish