Author: Salai

အပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်စပ်၍ ဗြိတိန် တော်ဝင်မင်းသားဟောင်း အန်ဒရူး ဖမ်းဆီးခံရ

ဖေဖေါ် ၂၀ The Kaladan Post   ဗြိတိန် တော်ဝင်မိသားစုဝင်ဟောင်း ဖြစ်သည့် Prince Andrew, Duke of York ကို အမေရိကန် သက်ငယ်မုဒိမ်းနှင့် လူမှောင်ခိုအမှုများကြောင့် နာမည်ဆိုးထွက်ခဲ့သော Jeffrey Epstein နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲချက်များအပေါ် အခြေခံကာ ဖမ်းဆီးထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။ အသက် ၆၆ နှစ်အရွယ် မင်းသားဟောင်းအား ဖေဖော်ဝါရီ ၁၉ ရက်၊ သူ၏ မွေးနေ့တွင် Thames Valley Police က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဆန်ဒရင်ဂမ်ရှိ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ထို့အပြင် ဝင်ဆာရဲတိုက်ဝင်းအတွင်းရှိ ယခင် မင်းသားအဆောင်အယောင်အိမ်တော်တစ်ခုတွင်လည်း ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မင်းသားအန်ဒရူးသည် ယခင်က Charles III ၏ ညီတော်ဖြစ်ပြီး ယခင်နှစ်များအတွင်း တော်ဝင်အခွင့်အရေးများနှင့် ဘွဲ့ဂုဏ်ပုဒ်များကို ရုပ်သိမ်းခံခဲ့ရသည်။ သတင်းများအရ အန်ဒရူးအား ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်များအတွင်း ဗြိတိန်၏ ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်စဉ် မလျော်မကန် ပြုမူမှုများနှင့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားစေမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။ Thames Valley Police က အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို အစိုးရတာဝန် ထမ်းဆောင်ချိန် မလျော်မကန် ပြုမူခဲ့သည်ဟု စွပ်စွဲချက်များအရ ဖမ်းဆီးထားကြောင်းသာ အတည်ပြုထားပြီး အသေးစိတ်အချက်အလက်များကို...

Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယော ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဖေဖေါ် ၂၀ The Kaladan Post   တောင်ကိုရီးယားနိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ဖူးသည့် သမ္မတဟောင်း Yoon Suk Yeol ကို နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်ဖြင့် တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်လိုက်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ယွန်ဆွတ်ခ်ယောသည် လွှတ်တော်အတွင်း မြောက်ကိုရီးယား သူလျှိုများ စိမ့်ဝင်နေသည်ဟု စွပ်စွဲကာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ယာယီ ရပ်ဆိုင်းကြောင်းနှင့် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုဆန့်ကျင်မှုများနှင့် လွှတ်တော်အမတ်များ၏ အရေးပေါ် တုံ့ပြန်မှုကြောင့် ယင်းအမိန့်သည် ခန့်မှန်းခြေ ၆ နာရီကျော်အကြာတွင် ပျက်ပြယ်ခဲ့သည်။ ထို့နောက် ယွန်ဆွတ်ခ်ယောသည် သမ္မတရာထူးမှ ဖယ်ရှားခံခဲ့ရပြီး တရားရေးဆိုင်ရာ စစ်ဆေးမှုများကို ဆက်လက် ရင်ဆိုင်ခဲ့ရသည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် တရားရုံးက ၎င်းအား အခြေခံဥပဒေ ချိုးဖောက်ခြင်းနှင့် နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်များအပေါ် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ယွန်အပေါ် သေဒဏ်ချမှတ်ရန် အစိုးရရှေ့နေများက တိုက်တွန်းခဲ့သော်လည်း တရားရုံးက အသက်အရွယ်နှင့် ယခင် ပြစ်မှုမှတ်တမ်း မရှိခြင်းတို့ကို ထောက်ထားကာ ထောင်ဒဏ်တစ်သက်သာ ချမှတ်ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်အရ ယွန်သည် လုပ်ရပ်များအပေါ် နောင်တရသည့် လက္ခဏာ မပြသခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ ယွန်ဆွတ်ခ်ယောကတော့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် သမ္မတအဖြစ် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အတွင်း...

Read More

အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှု၌ ရုရှား ပူးပေါင်းပါဝင်မည်

ဖေဖေါ် ၂၀ The Kaladan Post   အီရန်အစိုးရက မကြာမီ ပြုလုပ်မည့် ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ အမေရိကန်က အီရန်အပေါ် စစ်ရေးအရေးယူနိုင်ခြေများအတွက် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ အတည်ပြုကြေညာလာခြင်း ဖြစ်သည်။ အီရန်ရေတပ်နှင့် Islamic Revolutionary Guard Corps (IRGC) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၉ ရက်တွင် Gulf of Oman ၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးမှ စစ်သင်္ဘောများနှင့် စစ်ရေးယာဉ်များ ပါဝင်မည်ဟု ဆိုသည်။ စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံများ တိုးမြှင့်ရန်ဖြစ်ကြောင်း အီရန်ရေတပ်၏ နောက်တန်း သေနာပတိ ဟာဆန် မက်ဆော့ဒ်လူက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းတွင်လည်း အီရန်က Strait of Hormuz ဝန်းကျင်၌ လက်နက်ခဲယမ်း အစစ်များ အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းဒေသသည် ကမ္ဘာ့ရေနံ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထို့အပြင် အီရန်နှင့် ရုရှားရေတပ်တို့၏ ပူးပေါင်းလေ့ကျင့်မှုသည် လေယာဉ်တင် သင်္ဘောတစ်စီး ဦးဆောင်သည့် အမေရိကန် ရေတပ်ဖွဲ့နှင့် မဝေးသည့် ရေပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သည် အီရန်နှင့် တင်းမာမှုများ မြင့်တက်နေသည့်အခြေအနေတွင် လေယာဉ်တင် သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားပြီး နောက်တစ်စီး ထပ်မံ...

Read More

တရုတ် ဟူပေပြည်နယ်ရှိ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံး

ဖေဖေါ် ၂၀ The Kaladan Post   တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မီးရှူးမီးပန်း အရောင်းဆိုင်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရ သတင်းမီဒီယာများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် Hubei ပြည်နယ်၊ ကျန့်ကျီမြို့ရှိ မီးရှူးမီးပန်းနှင့် ဗြောက်အိုးများ ရောင်းချသည့်ဆိုင်တွင် ကနဦး မီးလောင်မှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီး ထို့နောက် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ ပေါက်ကွဲမှုကြောင့် စတုရန်းမီတာ ၅၀ ခန့်ရှိ အဆောက်အအုံဧရိယာ ပျက်စီးခဲ့ပြီး သေဆုံးသူအရေအတွက်ကို ၁၂ ဦးအထိ အတည်ပြုထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်ကြောင်းလည်း သတင်းများတွင် ဖော်ပြထားသည်။ တရုတ် နှစ်သစ်ကူးကာလတွင် တစ်နိုင်ငံလုံး၌ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို ကြိုဆိုခြင်းသည် ရိုးရာအစဉ်အလာတစ်ခုဖြစ်သည်။ သို့သော် လုံခြုံရေးနှင့် လေထုညစ်ညမ်းမှု အရေးများကြောင့် Beijing အပါအဝင် မြို့ကြီးများတွင် မီးရှူးမီးပန်း ဖောက်ခွဲမှုများကို မကြာသေးမီနှစ်များအတွင်း ဥပဒေအရ ကန့်သတ်ထားခဲ့သည်။ အစိုးရ သတင်းဌာန China Central Television (CCTV) က ပေါက်ကွဲမှု အကြောင်းရင်းကို ယခုအချိန်အထိ မသိရသေးဘဲ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်ရပ်မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း Jiangsu ပြည်နယ်တွင် မီးရှူးမီးပန်းဆိုင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးကာ...

Read More

ဖေဖော်ဝါရီလ (၁၉) ရက် သတင်းတိုပေါင်းချုပ်

ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းမှုသည် ဒေသတွင်း လုံခြုံရေး အန္တရာယ်များရှိဟု သုံးသပ်မှုများရှိနေ ဖေဖော် ၁၉ The Kaladan Post စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး သည် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိသားစုဝင်အချို့နှင့်အတူ လက်နက် ၆ လက်နှင့် ခဲယမ်းများပါ စစ်တပ်ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း မြဝတီက ထုတ်ပြန်သည်။ စစ်တပ် ထုတ်ပြန် သည့် ဓာတ်ပုံများတွင် ဗိုလ်နဂါး၏ ခါးတွင် သေနတ်နှင့် ကျည်ကပ်များ ချိတ်ဆွဲသည်ကို တွေ့ရသဖြင့် ကြိုတင်စီစဉ်ထားသည့် လုပ်ရပ်ဟု လူမှုကွန်ရက်ပေါ်တွင် သုံးသပ်မှုများ ရှိနေသည်။ ဤဖြစ်ရပ်မတိုင်မီ ဖေဖော်ဝါရီ ၁၇ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများက BNRA စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။ ထို့အပြင် ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်မှု များလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ NUG ဘက်က ဗိုလ်နဂါးနှင့် BNRA အဖွဲ့ဝင်အချို့ အား လူသတ်မှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှု အပါအဝင် ရာဇဝတ်မှု ၇ မှု ကျူးလွန် ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးရန် ဆောင်ရွက်နေစဉ်တွင် ဤအညံ့ခံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်နဂါးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပုလဲမြို့နယ်တွင်...

Read More
en_USEnglish