Author: Salai

မြန်မာ့နိုင်ငံ၌ ချင်းပြည်နယ်သည် ကုန်ဈေးနှုန်းအမြင့်မားဆုံး ဖြစ်နေ

ဇူလိုင် ၁ The Kaladan Post ချင်းပြည်နယ်သည် မြန်မာ့နိုင်ငံ၌ ကုန်ဈေးနှုန်းအမြင့်မားဆုံး ပြည်နယ်ဖြစ်နေသည်ဟု ဟားခါးတွင်နေထိုင်သူ ကားသမားတစ်ဦးက ပြောဆိုသည်။ အဆိုပါလူက နေပြည်တော်ရဲ့ အခြေခံကုန်ဈေးနှုန်းနှင့်  ဟားခါးရဲ့ အခြေခံကုန်ဈေးနှုန်းတွေကို အောက်ပါအတိုင်းပြောဆိုသည်။ နေပြည်တော် အခြေခံကုန်ဈေးနှုန်းများ                ဟားခါး အခြေခံကုန်ဈေးနှုန်းများ ၁။ ပေါ်စားမွှေး တစ်အိတ်        -၁၅၅၀၀၀              ၁။ ပေါ်စားမွှေး    ဆန်တစ်အိတ်           -၂၅၀၀၀၀ ၂။ ဆီ (ပဲဆီ) တစ်လီတာ           -၈၀၀၀                    ၂။ ဆီ (ပဲဆီ) တစ်လီတာ                   – ၁၈၀၀၀ ဆီ (စားအုံးဆီ) တစ်လီတာ  -၆၅၀၀                          ဆီ (စားအုံးဆီ) တစ်လီတာ              -၁၀၀၀၀ ၃။ ဆား တစ်ပိဿ                   – ၂၀၀၀                   ၃။ ဆား တစ်ပိဿ                            -၄၀၀၀ ၄။ အာလူး တစ်ပိဿ               -၄၀၀၀                    ၄။ အာလူး တစ်ပိဿ                       -၅၀၀၀  ကုလားပဲ တစ်ပိဿ            -၇၀၀၀                         ၅။ ကုလားပဲ တစ်ပိဿ                     – ၈၀၀၀ ၆။ ဓာတ်ဆီ တစ်လီတာ              -၃၀၀၀                  ၆။ ဓာတ်ဆီ တစ်လီတာ                     – ၇၀၀၀ ၇။ ဒီဇာယ် တစ်လီတာ               -၃၀၀၀                   ၇။ ဒီဇာယ် တစ်လီတာ                      – ၆၅၀၀ ဖော်ပြပါကုန်ဈေးနှုန်းများကို အခြေခံပြီး နည်မည်မဖော်လိုတဲ့ပြည်သူတစ်ဦးက “ကျွန်တော်တို့ ပြည်သူတွေရဲ့ အာဏာကို စစ်ကောင်စီက မတရားအာဏာသိမ်းတာနဲ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါာကာ ကုန်သွယ်ရေးလုပ်ငန်းများ သိသိသာသာ ထိခိုက်တာတွေ့ ရပါတယ် ပြီးတော့ ဒီနိုင်ငံရေးအကြပ်အတည်းများဟာဆိုရင် စီးပွားရေးလုပ်ငန်းများအပေါ် အချင်းချင်းကြား မှာ ယုံကြည်မှုလျော့နည်းစေပြီး ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေတာဖြစ်ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ စစ်ကောင်စီမှ ချင်းပြည်နယ်အပေါ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ် ဆို့မှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများက ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေ ကြောင်းသိရသည်။ ထို့အပြင် ချင်းပြည်နယ်မှာ ကုန်စျေးနှုန်းထိန်းချုပ်နိုင်သော အုပ်ချုပ်ရေးမရှိ သေးတာကြောင့် ဒီပြသာနာကို ပိုမိုဆိုးရွားစေတာဖြစ်ပြီး ထိရောက်သောမူဝါဒများ ရေးဆွဲနိုင်သော အစိုးရအဖွဲ့အစည်းလိုအပ်နေပပြီဟု ၎င်းကဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်တွင် အစိုးရမပေါ်ပေါက်နိုင်တာကြောင့်  ကုန်စျေးနှုန်းများသည် တစ်ရက်နှင့်တစ်ရက် မတည်ငြိမ်ဘဲ မြင့်တက်နေတာဖြစ်ပြီး ပြည်သူများအနေဖြင့် နေ့စဉ်သုံးကုန်ပစ္စည်းများဝယ်ယူရာတွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းသိရသည်။ ဤအခြေအနေများသည် ပြည်သူများ၏ နေ့စဉ်ဘဝကို ထိခိုက်စေပြီး စီးပွားရေးအကြပ်အတည်းကို ပိုမိုဆိုးရွားစေသည် သာမက  ကုန်သွယ်ရေးလျော့နည်းမှုကို ဖြေရှင်းရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် ထိရောက်သော အုပ်ချုပ်ရေးယန္တယားများမရှိပါက စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်ရေးရာတွင် မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မည်ဟု ၎င်းက...

Read More

ဇွန် (၃၀) သတင်းတိုကဏ္ဍ

၁။ ဖြူးမြို့နယ် ဝဲဒေါင့်ရွာ စစ်တပ်ကင်းစခန်း တိုက်ခိုက်သိမ်းပိုက်မှု ၁၀ ဦးသေဆုံး ဇွန် ၃၀ The Kaladan Post ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အလောင်း ၅ လောင်း သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဇွန် ၂၉ ရက် နံနက် ၂:၃၀ မှ စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇:၃၀ တွင် စခန်းကို အပြီးသတ်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။ ဤစစ်ဆင်ရေးကို PDF ဗျူဟာ ၂၄၊ ဧရာဝတီစစ်ကြောင်း၊ ဟင်္သတခရိုင်တပ်ရင်းနှင့် ဖြူးမြို့နယ်နှင့် ရန်ကုန်တိုင်း PDF အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဝဲကြီးနှင့် ဝဲထောင့်ရွာမှ ပြည်သူ ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဂိတ်စခန်းသည် ပြည်သူများကို ဒုက္ခပေးနေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စခန်းသိမ်းပိုက်ပြီးနောက် ရှင်းလင်းရေးလုပ်ဆောင်ပြီး ဆုတ်ခွာခဲ့သည်ဟု PDF သတင်းရင်းမြစ်က ဆိုသည်။       ၂။ ကျောက်မဲမြို့သို့ စစ်ကောင်စီ လေကြောင်းဖြင့် ဗုံး ၈ လုံးထက်မနည်းကြဲချ ဇွန် ၃၀ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အား စစ်ကောင်စီက ယမန်နေ့ ဇွန် ၂၉...

Read More

ချင်းတွင်းမြစ်ကမ်းတွင် စစ်ကောင်စီသင်္ဘောများကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်

ဇွန် ၃၀ The Kaladan Post ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ နေ့လည်ခင်း ၂:၀၀ ဝန်းကျင်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာသော စစ်ကောင်စီဖလပ်များနှင့် စစ်သင်္ဘော ၃ စီးကို မုံရွာအခြေစိုက် 5/FighterGroup LOCAL PDF (MONYWA) နှင့် မဟာမိတ်ညီနောင်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း 5/FighterGroup ၏ထုတ်ပြန် ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Special Guerrilla Force Monywa ရဲ့တာဝန်ရှိ သူတစ်ဦးက “ ကျွန်တော်တို့က တစ်ဘက်ဖွင့်အဝေးပြေးမိုင်းအမျိုးစား၊ စနှိုက်ပါ နှင့်  ဂန်ငယ်အများပြားကို အသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ပြီးတော့ ဒီ စစ်သင်္ဘောမှာ ပြည်သူတွေကို နှိပ်ဆက်နိုင်ဖို့ ဝေဟင်လောင်စာဆီပါမယ်၊ ပြီးတော့ စစ်သားတွေစားဖို့ ရိက္ခာပါမယ် ဒါ့အပြင် ကျောက်စိမ်းပါ လိမ့်ပါနိုင်တယ်” ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းစစ်သင်္ဘော(၃) စီးနှင့် ဖလပ် (၁၁ )စီးသည်  မကွေးကို ဦးတည်နေတာဖြစ်ပြီး    ဖလပ်တစ်စီးကို စစ်သား၆ယောက် ပါကြောင်းသိရသည်။ ချောင်းဦး နယ်သား မောင်းတဲ့ပလပ်တစ်စီးပေါ်က စစ်သားတစ်ယောက်ထိခိုက် ဒဏ်ရာရရှိကြောင်းသာ အတိအကျ သိရှိပြီး ကျန်တဲ့အကောင်တွေထိခိုက်မှုကိုတော့ အထိအကျ မသိနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ပြည်သူတွေအနေနဲ့ လွတ်လပ်သွားပြီး ဆိုတဲ့ခ့စားချက်မျိုးမထားဘဲ ဝေဟင်ကို အမြဲ သတိထားပြီး အားလုံး အဆင်သင့်အနေအထားမှာ ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို   5/FighterGroup Local PDF (Monywa) နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ SOLO AUNG GYI (Salingyi)၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defender Of Our Motherland၊  SPECIAL GUERILLA FORCE SGF (Monywa) တို့က စည်းလုံးစွာဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုက်ပွဲများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ထောက်ပို့အဖွဲ့အစည်းများထံမှ မိမိတတ်နိုင်သမျှဖြင့် ကျည်တစ်တောင့်ဖိုးဖြစ်စေ ထောက်ပံ့မှုများ ပါဝင်ပေးကြပါရန် မုံရွာအခြေစိုက် 5/FighterGroup LOCAL PDF ၏ ထုတ်ပြန်ချက်မှ...

Read More

ဇွန် (၂၉) သတင်းတိုကဏ္ဍ

၁။ ချင်းတွင်းမြစ်ကြောင်း စစ်သင်္ဘောအုပ်စုအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ဇွန် ၂၉ The Kaladan Post စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော အုပ်စုအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောသည်။ ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရှေ့ထွက်မိုင်းများနှင့် လက်နက်ငယ်များဖြင့် သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ပြီး စစ်သင်္ဘောများမှ ပစ်ကူပေးကာ ဆက်လက်ဆန်တက်သွားသည်။ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် မဟာမိတ်ညီနောင်အဖွဲ့များ ဖြစ်သည့် တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ 5/Fighter Group Local PDF (Monywa)၊ SOLO AUNG GYI (Salingyi) နှင့် အခြားအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ တိုက်ပွဲများ ဆင်နွှဲနိုင်ရန် ပြည်တွင်း၊ ပြည်ပထောက်ပို့အဖွဲ့များထံမှ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ကိုဗိုက်က မေတ္တာရပ်ခံသည်။ ၂။ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး ဇွန် ၂၉ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဇွန်လ ၂၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း...

Read More

ဇွန် (၂၈) သတင်းတိုကဏ္ဍ

၁။ အသက်မပြည့်သော PDF တပ်ဖွဲ့ဝင်လူငယ် ၄ ဦးအား မိဘများထံ ပြန်အပ်နှံ ဇွန် ၂၈ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်လာသည့် အသက်မပြည့်သေးသူ လူငယ် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ လူငယ်များမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ယောက်ျားလေးများဖြစ်သည်။ သူတို့သည် ဆိုရှယ်မီဒီယာမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုနှင့် ဆက်သွယ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့မှာ အသက်မပြည့်သေးကြောင်း စိစစ်တွေ့ရှိရပြီးနောက် မြင်းခြံခရိုင်ပကဖထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့တွင် မြင်းခြံခရိုင်ပကဖက အဆိုပါ လူငယ်များကို လက်ခံခဲ့ပြီး နောက်တစ်နေ့ ဇွန်လ ၂၇ ရက်တွင် ၎င်းတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။ ပကဖအနေဖြင့် ပြည်သူများနှင့် တစ်သားတည်းရှိကာ ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားခဲ့သည်။ ထို့ပြင် ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူက အသိပေးသည်။         ၂။ မှော်ဘီမြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ ဇွန် ၂၈ The Kaladan Post ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မရဲစခန်းကို ဇွန်လ ၂၇ ရက် ညပိုင်းတွင် အဝေးထိန်းမိုင်း...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish