ဇူလိုင် (၃) သတင်းကဏ္ဍ
၁။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ညပျံသန်းနေစဉ် ပျောက်ဆုံးသွား ဇူလိုင် ၃ The Kaladan Post အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဇူလိုင် ၁ ရက် ညပိုင်းတွင် နေပြည်တော်အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ရုတ်တရက် ရေဒါမှပျောက်ကွယ်ကာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။ ယင်းလေယာဉ်မှာ ခရီးဝေးလေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယူဆထားသည်။ လက်ရှိတွင် ရာသီဥတုဆိုးဝါးနေသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်ရပ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ပျက်ကျမှု ၄ ကြိမ်မြောက်ဖြစ်သည်။ လေတပ်မှ အငြိမ်းစားစစ်အင်ဂျင်နီယာအရာရှိဟောင်းတစ်ဦးက ယင်းနေရာမှာ ပဲခူးတိုင်း အတွင်း ရွှေကျင်၊ ကျောက်ကြီးအနီးဖြစ်နိုင်ပြီး ကယ်ဆယ်ရေးအတွက် သွားလာရခက်ခဲသည့် နေရာဖြစ်သည်ဟု သုံးသပ်သည်။ ယခင်ဖြစ်ရပ်များတွင် ဇွန်လ ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က တရုတ်လုပ် F-7 တိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့သည်။ ထို့ပြင် မေလ ၂၀ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA က စစ်ကူရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးကာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ လက်ရှိပျောက်ဆုံးနေသော တိုက်လေယာဉ်ကို ရှာဖွေနိုင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုများကို ဆက်လက်စောင့်ကြည့်နေရဦးမည်ဖြစ်သည်။ ၂။ စစ်ကောင်စီတပ်သား...
Read More