ဇူလိုင် (၅) သတင်းတိုကဏ္ဍ
၁။ ထိုင်း-မြန်မာနယ်စပ်တွင် KNLA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန် ဇူလိုင် ၅ The Kaladan Post ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်ကောင်စီ၏ Y-12 လေယာဉ်များသည် ထီသဲလယ်စခန်းအနီးသို့ ဗုံး ၈ လုံး ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇူလိုင်လ ၃ ရက်မှစ၍ ဝေါလေ၊ ဥကရစ်ထ နှင့် ထီသဲလယ်စခန်းများကို KNLA က ပိတ်ဆို့တိုက်ခိုက်နေသည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒရုန်းဖြင့်လည်း ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ တိုက်ပွဲများကြောင့် မြန်မာစစ်ဘေးရှောင် ၃၀၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းဘက်က ကူညီထောက်ပံ့ပေးနေသည်။ ထိုင်းစစ်တပ်သည် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားပြီး စောင့်ကြည့်နေသည်။ KNU သည် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ စခန်း ၃ ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။ ယခင်က စစ်ကောင်စီ၏ စခန်းများစွာကို KNU က သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ၂။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်ပြီး ပြည်သူများ ညတွင်းချင်း စစ်ဘေးရှောင်ရ ဇူလိုင် ၅ The Kaladan Post ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များ၏...
Read More