တရုတ်နှင့် လျှို့ဝှက်တွေ့ဆုံမှု စွပ်စွဲချက်ကြောင့် ပီရူးသမ္မတ လွှတ်တော်က ထုတ်ပယ်
ဖေဖေါ် ၁၈ The Kaladan Post Peru သမ္မတ Jose Giri သည် တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ရာထူးလက်ခံယူပြီး လေးလခန့်အကြာတွင်သာ အဆိုပါ အရှုပ်တော်ပုံနှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပသော လွှတ်တော် မဲခွဲပွဲတွင် အမတ် ၇၅ ဦးက ထုတ်ပယ်ရန် ထောက်ခံမဲပေးခဲ့သည်။ သမ္မတဘက်မှ ရပ်တည်မဲ ၂၄ မဲသာ ရရှိခဲ့ပြီး ၃ ဦးက မဲမပေးဘဲ ကြားနေခဲ့ကြောင်း သိရသည်။ စွပ်စွဲချက်များအရ ဂျီရီသည် တရုတ် စီးပွားရေးလုပ်ငန်းရှင် ကျိဟွာယန့်နှင့် ပွင့်လင်းမြင်သာမှုမရှိဘဲ တွေ့ဆုံခဲ့သည်ဟု ဆိုကြသည်။ ယင်းတွေ့ဆုံမှုသည် ပြည်တွင်း တရုတ်စားသောက်ဆိုင်တစ်ခုတွင် ညနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတ ရောက်ရှိလာသည့် ဗီဒီယိုဖိုင် ပေါက်ကြားလာမှုကြောင့် အငြင်းပွားမှုများ ပိုမိုကြီးထွားလာခဲ့သည်။ ဆွေးနွေးမှုအကြောင်းအရာများကို တရားဝင် ထုတ်ပြန်ခြင်း မရှိသဖြင့် နောက်ကွယ်တွင် China အစိုးရ ပါဝင်ပတ်သက်နိုင်ကြောင်း စွပ်စွဲသံများလည်း ထွက်ပေါ်ခဲ့သည်။ အဆိုပါအရှုပ်တော်ပုံကို ပြည်တွင်းတွင် တရုတ်စားသောက်ဆိုင်အမည်ကို အစွဲပြု၍ “Chifagate” ဟု ခေါ်ဝေါ်လျက်ရှိသည်။ ယင်းစီးပွားရေးလုပ်ငန်းရှင်မှာ ပီရူးတွင် စတိုးဆိုင်လုပ်ငန်းများနှင့် စွမ်းအင်စီမံကိန်းတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လက်ရှိအခြေအနေတွင် ပီရူးလွှတ်တော်သည် လွှတ်တော်အကြီးအကဲသစ်ကို ရွေးချယ်တင်မြှောက်ကာ သမ္မတတာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်သည်။ စည်းမျဉ်းအရ လွှတ်တော်အကြီးအကဲ Fernando Rospigliosi...
Read More