Author: Salai

ဒီဇင် (၁၅) သတင်းတိုပေါင်းချုပ်

လူသားဒိုင်းဖမ်း၊ ရွာများရှို့ဖျက်နေသည့် စစ်ကြောင်းကို ဒရုန်းဗုံးကြဲတိုက်ခိုက် စစ်သား ၆ ဦး ထိခိုက်   ဒီဇင် ၁၅ The Kaladan Post မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် နိုဝင်ဘာလ ၁၇ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်သည် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ Popa Guerilla Force (PGF) နှင့် မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ ၁၈ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကမ်းဖြူကျေးရွာရှိ နေအိမ် ၄ လုံးနှင့် စိတ္တိန်းကျေးရွာရှိ ထမင်းဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ပြန်လည်ဆုတ်ခွာချိန်၌ ဖမ်းဆီးထားသော ပြည်သူအများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း Popa Guerilla Force မှ တာဝန်ရှိသူက ပြောကြားသည်။ တိုက်ခိုက်မှုကို PGF၊ TTA-PDF (Drone Team) နှင့် Ah Nyar Myay Wings အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင် ရုရှား၊ ဘီလာရုစ်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မြေကွက်နှင့် အဆောက်အအုံများ စိတ်ကြိုက်ဝယ်ယူ   ဒီဇင်...

Read More

ဒီဇင် (၁၄) သတင်းတိုပေါင်းချုပ်

ဝက်လက်မြို့နယ် စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေး ၄ နှစ်အရွယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံး   ဒီဇင် ၁၄ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်တွင် စစ်ဘေးရှောင်နေထိုင်သည့် အရပ်သားများကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ်၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့ သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုပြောဆိုသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး အချို့၏ အခြေအနေ စိုးရိမ်ရပေၚ နေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့သည်။ ဗုံးကြဲခံရသည့်နေရာမှာ ရွှေဘိုမြို့နယ် ကုလားမရွာမှ စစ်ဘေးစစ်ဘေးတိမ်းရှောင်လာသည့် အရပ်သားများ ခိုလှုံနေထိုင်ရာ စခန်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ဒီဇင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ် နတ်မှော်ဦးရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းက ဒေသခံများကို ကြောက်ရွံ့ထိတ်လန့်မှုများ ပိုမိုဖြစ်ပေါ်စေနေသည်။ နယူးဇီလန်နှင့် နယ်သာလန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ   ဒီဇင် ၁၄ The Kaladan Post နယူးဇီလန်နိုင်ငံ၏ ဝယ်လင်တန်၊ အောက်ကလန်၊ နယ်လ်ဆင်နှင့် ဒန်နီဒင်မြို့များတွင် ဒီဇင်ဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် ဆန္ဒပြပွဲများတွင် မတရားအာဏာသိမ်းပြီး အဓမ္မဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မြန်မာ့အရေးကို အားပေးသူများနှင့် မြန်မာ့တိုင်းရင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက အတည်ပြုပြောဆိုသည်။ အဆိုပါ ဆန္ဒပြပွဲများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေပြီး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။ လန်ဒန်ပါလီမန်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်   ဒီဇင် ၁၄ The Kaladan Post ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုကင်မ်အာရစ် (ကိုထိန်လင်း) ဦးဆောင်ကာ ယူကေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းစီစဉ်သည့် ဆန္ဒပြပွဲကို ကျင်းပခဲ့ရာ ယူကေတစ်နိုင်ငံလုံးမှ မြန်မာတိုင်းရင်းသားပေါင်းစုံ ၇၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲသည် နိုင်ငံတကာတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေသည့်အပြင် အကြမ်းဖက်စစ်အုပ်စုအပေါ် ဖိအားများ...

Read More

ပလက်ဝမြို့နယ်တွင် AA ၏ စစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် တချို့ပြည်သူများ ထွက်ပြေး

  The Kaladan Post ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အာရခိုင့်တပ်တော်အေအေက အမျိုးသမီးများ အသက် ၁၈နှစ်အရွယ်မှ ၃၅နှစ်အထိနှင့် ယောကျ်ားလေး အသက် ၁၈နှစ်မှ ၄၅နှစ်အထိကို မဖြစ်အနေ စစ်မှူးထမ်းဆောင်ရန် စားရင်းများပြုစုနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ အာရခိုင့်တပ်တော် ၏ စစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် စစ်မှုမထမ်းဆောင်လိုသူများ တချို့မှာ အိန္ဒယားနိုင်ငံ မီဇိုရမ်း ပြည်နယ်သို့ထွက်ပေးနေကြပြီးနှင့် တချို့မှာ အေအေထိန်းချုပ်ဒေသ မဟုတ်သော လွတ်မြောက်နယ် မြေများသို့ တိန်းရှောင်နေကြကြောင်း  သတင်းရင်းမြစ်က ဖော်ပြ သည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ပလက်ဝကောင်စီ တွဲဖက်အတွင်းရေးမှူး (ကာကွယ်ရေး တာဝန်ခံ) ဆလိုင်း လုကာ က “ပလက်ဝမြို့နယ် တစ်ခုလုံးရှိပြည်သူများအားလုံးကို စစ်မှုထမ်းရန် အာရခိုင့်တပ်တော်အေအေက စာရင်းကောက်ပြုစုနေတယ်ဆိုတာမှန်တယ် ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေကိုပါ စာရင်းကောက်ဖို့သူတို့ကြိုးစားနေကြတယ် ဒါကြောင့် ကျွန်တော်တို့က တားမြစ်လို့ သူတို့ထိန်းချုပ်နယ်မြေတွေကို စာရင်းကောက်နိုင်တယ် ဒါ့အပြင် ဒီလုပ်ရပ်ဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့မြင်တယ် ရခိုင်ပြည်နယ်မှာနေထိုင်သူတွေကို စစ်သားစုဆောင်းတာကျွန်တော် တို့ဘက်က အပစ်ပြောဆရာမရှိဘူး အခု အေအေလုပ်ရပ်ဟာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ချင်းလူမျိုးတွေကို စစ်သားစုဆောင်းတာဖြစ်နေပါတယ် ဒါဟာမဖြစ်သင့်ပါဘူးဟု  “ The Kaladan Post သို့ ပြောဆိုသည်။ ပလက်ဝမြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉.၂ မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄စတုရန်းမိုင် အကျယ်အဝန်း ရှိကာ လူဦးရေမှာ ၁၁၀၀၀၀ ကျော်ရှိကာ ရခိုင်တိုင်းရင်းသားများက ၁၉ ရာခိုင်နှုန်းခန့် နေတိုင်ကြသောမြို့ တစ်ခုဖြစ်သည်။ ပလက်ဝမြို့နယ် အာရခိုင့်တပ်တော် AAက  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး ထိုးစစ်ဆင်ကာ နှစ်လကျော် ကြာတိုက်ခိုက်ခဲ့ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့ တခုလုံးကို AA က...

Read More

ဒီဇင် (၁၃) သတင်းတိုပေါင်းချုပ်

အိန္ဒိယအစိုးရနှင့် လွှတ်တော်သို့ မြန်မာပြည်သူများ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို   ဒီဇင် ၁၃ The Kaladan Post ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မြန်မာပြည်သူလူထုကိုယ်စား အရပ်ဘက်အဖွဲ့အစည်း (၁၁၃) ဖွဲ့နှင့် တသီးပုဂ္ဂလ (၂၉) ဦးတို့က အိန္ဒိယနိုင်ငံ အစိုးရနှင့် လွှတ်တော်သို့ ယနေ့ အိတ်ဖွင့်ပေးစာတစ်စောင် တရားဝင်ပေးပို့ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံက လက်ခံ အသိအမှတ်မပြုရန်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များ လုံးဝမစေလွှတ်ရန် အဓိက တောင်းဆိုထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး အတွက် လက်တွေ့ကျပြီး ထိရောက်သော အကူအညီများသာ ပံ့ပိုးပေးရန် ပေးစာတွင် ထည့်သွင်း တောင်းဆိုထားသည်။ အိတ်ဖွင့်ပေးစာကို နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နာမည်ကြီး တက်ကြွလှုပ်ရှားသူများ ပါဝင်လက်မှတ်ရေးထိုး ထောက်ခံ ထားခြင်းဖြစ်ရာ စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့်ခါနီးတွင် ပြည်သူလူထု၏ တညီတညွတ်တည်း ဆန္ဒသံတစ်ခု ထပ်မံကျယ်လောင်လာခဲ့ခြင်းဖြစ်သည်။ ရေဖြူမြို့ အပြီးသတ်သိမ်း- PDF တပ်များ ဌာနဆိုင်ရာရုံးအားလုံး၊ မဲပေးစက်များ မီးရှို့ရှင်းလင်း   ဒီဇင် ၁၃ The Kaladan Post ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်က စတင်၍ PDF တပ်ဖွဲ့များက အလျင်အမြန်...

Read More

ဒီဇင် (၁၂) သတင်းတိုပေါင်းချုပ်

ဒေါ်ဇင်မာအောင် ကိုရီးယားလွှတ်တော်တွင် စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲ ပြင်းပြင်းထန်ထန် ရှုတ်ချတောင်းဆို   ဒီဇင် ၁၂ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ ၁၁ ရက်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် မြန်မာစစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချရန်နှင့် တောင်ကိုရီးယားနရောက် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာသော နေထိုင်ခွင့်ဗီဇာများ ဆက်လက်ထုတ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ “စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာပြည်တွင် အပြောင်းအလဲ ယူဆောင်လာနိုင်မည် မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေရုံသာ ဖြစ်သည်” ဟု ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ကိုရီးယား ဒီမိုကရက်တစ်ပါတီ၊ ပြန်လည်ထူထောင်ရေးပါတီ၊ အခြေခံဝင်ငွေပါတီ၊ ဆိုရှယ်ဒီမိုကရက်ပါတီတို့မှ လွှတ်တော်အမတ် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီအမတ် အီယုန်ဆောန်က “ကိုရီးယားလည်း ပြီးခဲ့သည့်နှစ်က အာဏာသိမ်းမှုကို ပြည်သူနှင့်လွှတ်တော်စွမ်းအားဖြင့် နှိမ်နင်းနိုင်ခဲ့သလို မြန်မာပြည်သူများ၏ ဆက်လက်တိုက်ပွဲကို ဂုဏ်ယူမိသည်” ဟု ပြောဆိုခဲ့သည်။ ထွန်းထွန်းနောင် ကျားဖြန့်လိမ်လည်မှုကို “ကွင်းဆက်စီးပွားရေး” ဟု ခေါ်ပြီး စစ်တပ်တာဝန်လွှတ်   ဒီဇင် ၁၂ The Kaladan Post အကြမ်းဖက်စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို “ကွင်းဆက်စီးပွားရေးလုပ်ငန်းများ” အဖြစ်သာ ရှုမြင်ရမည်ဟု ဒီဇင်ဘာ ၁၁...

Read More
en_USEnglish