Author: Salai

ဟားခါးမြို့တွင်းနေထိုသူစစ်ရှောင်များကို ကြိုတင်မဲပေးလျှင် ၃၀,၀၀၀ ကျပ်ပေးမည်ဆိုသော်လည်း တချို့မရ

  ဒီဇင် ၉ The Kaladan Post ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်သို့ စစ်ဘေးရှောင်သူတွေကို စစ်ကော်မရှင်က ကြိုတင်မဲပေးသူများကို လူတစ်ဦးလျှင် ၃၀,၀၀၀ကျပ်ပေးမယ်ဟု စည်းရုံးကြပြီးကြိုတင်မဲပေးခိုင်းသော်လည်း တချို့မှာ ငွေးကြေးမရကြောင်း မြို့ပေါ်တွင်နေထိုင်သူ နာမည်ဖော်လိုတဲ့ပြည်သူတစ်ဦးက The Kaladan Post သို့ပြောဆိုသည်။ ယခုကြိုတင်မဲပေးသူတွေမှာ ကျွန်တော်သူငယ်ချင်းတွေပါတယ် သူတို့ထက်မှာ တချို့ရတယ် တချို့က အခုထိမရသေးဘူး ပေးမယ်ပြောပြီးအခုထိ မပေးကြသေးဘူးဗျ မျှော်လည်း မမျှော်ကြတော့ပါဘူး ပြီးတော့ ဒီငွေကြေးကိုဘယ်အဖွဲ့အစည်းက တာဝန်ယူတာလဲဆိုတာလည်း ငွေကြေးလက်ခံရရှိသူတို့ကိုယ်တိုင် မသိကြကြောင်း ဆက်လက်ပြောဆိုသည်။ ဟားခါးမြို့ပေါ်တွင် နေထိုင်ကြသော စစ်ရှောင်ပြည်သူများ၏ ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး ဒေသတွင်း သတင်းရင် မြစ်များက ယခုလိုကြိုတင်မဲပေးနေကြသူများသည် ကြံ့ဖွတ်ပါတီတွေက ငွေကြေး ၃၀,၀၀၀ကျပ်ဖြင့် စည်းရုံးကြသည့်အပြင် စစ်ရှောင်များအတွက် စစ်တပ်က လူတစ်ဦးလျှင် တစ်လ ၂၀,၀၀၀ကျပ် ထောက်ပံ့မှုများကို စစ်တပ်ထံတိုင်ကြားပြီး ဖျက်သိမ်းခြင်းခံရမည်ဟု ခြိမ်းခြောက် ထားတာကြောင့် မဲပေးရန်ဆန္ဒမရှိသူများပါ မဲပေးကြရခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်ရှိတော်လှန်ရေးခေါင်းဆောင်တစ်ဦးက စစ်ကောင်စီတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတို့ထွက်ပေါက်ကိုရှာကြမှာပါ ခြိမ်းခြောက်မှုမျိုးစုံအသုံးပြုကြမှာဘဲဖြစ်ပါတယ် ဒါကိုပြည်သူတွေ အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိကြောက်လန့်မှုမရှိဘဲ သတ္တိတွေမွေးပြီး သတိရှိစွာလှုပ် ရှားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ် စစ်တပ်တွေခြောက်တိုင်းကြောက်လို့မဖြစ်သလို လိုက်မယောင်မိဖို့လည်း အရေးကြီးတယ်ပြီးတော့ ကျွန်တော့ အမြင်ကတော့ စစ်တပ်ရွေးကောက်ပွဲကို ကြောက်လို့မဲပေးခြင်းဖြစ်ဆိုပြီးအကြောင်းပြလို့မရပါဘူး ဒီလုပ်ရပ်ဟာ စစ်တပ်ကိုထောက်ခံ ကြိုဆိုကြောင်း ပြသတာဘဲဖြစ်ပါတယ်ဟု The Kaladan Post သို့...

Read More

ဒီဇင် (၈) သတင်းတိုပေါင်းချုပ်

ဗန်းမောက်ရွှေတွင်းကို စစ်တပ်လေယာဉ်ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရပြီး ၂ ဦးအခြေအနေဆိုး   ဒီဇင် ၈ The Kaladan Post စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်း သုံးပင်ကျေးရွာအနီး ရွှေလုပ်ကွက်နေရာတွင် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ရာ အသက် ၃၃ နှစ်အရွယ် ကိုငြိမ်း အပါအဝင် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ ၂ ဦးမှာ အခြေအနေပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက အတည်ပြုသည်။ အဆိုပါနေရာတွင် တိုက်ပွဲမရှိသလို လက်နက်ကိုင်တပ်ဖွဲ့လည်း အခြေစိုက်ခြင်းမရှိဘဲ ရွှေတူးသမားပြည်သူများသာ ရှိနေသည့်ကြားက တမင်ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုကြသည်။ ထပ်မံ၍ ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အနောက်ခြမ်း ပဆေးလာကျေးရွာကို စစ်တပ်လေယာဉ်က ဗုံးနှစ်လုံးဆက်တိုက်ကြဲချသွားခဲ့ပြီး လူနေထူထပ်သည့်နေရာဖြစ်သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း လတ်တလော အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၀ အသံတိတ်သပိတ်ကို နှိပ်ကွပ်၊ ဆိုင်ပိတ်ရင် ဖမ်းမည်၊ ပွဲလုပ်ခိုင်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်   ဒီဇင် ၈ The Kaladan Post ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ဆိုင်များ၊ စားသောက်ဆိုင်များ၊ အလုပ်ရုံစက်ရုံနှင့် ကုမ္ပဏီများ...

Read More

ရေးမြို့နယ်၊ ကွမ်းအုံကျေးရွာအုပ်စုတွင် စစ်တပ် ၁ကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီး

   ဒီဇင် ၇ The Kaladan Post တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လုံခြုံ ရေးတပ်ခွဲ(၂)မှ တပ်ကြပ်ကြီး မြင့်လွင်သည် စစ်တောင်းမြစ် အ နောက်ဘက်ခြမ်း၌ တပ်ပိုင်မြေဟူသော အကြောင်းပြချက်ဖြင့် သိမ်းဆည်းထားသည့် တောင်သူများ၏ လယ်မြေများမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အခကြေးငွေ ကောက်ခံနေသည်ကို သတင်း ရရှိသဖြင့် တခွဲကြဲကျေးရွာသို့ ရောက်ရှိဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၄)က သတင်းထုတ်ပြန်သည်။ အဆိုပါ တပ်ကြပ်ကြီး မြင့်လွင်သည် ဖမ်းဆီးမှုနှင့် ကတ်သက်ပြီး ပြည့်သူ့ကာ ကွယ်‌ရေးတပ်ရင်း (၃၅၀၄) ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ဖမ်းဆီးခဲ့တဲ့ ဦးမြင့်လွင်ဟာ ပြန်လည်ခုခံတာမျိုးမရှိဘူး သူ့ကိုဖမ်းမိပီးတော့ သူတို့ဘက်ကစစ်ကြောင်းထိုးလာပါတယ် ဒီသတင်းကြို ရတာနဲ့တကွ မိုင်းနဲ့ကြိုတင်စောင့်ဆိုင်းတိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၂နာရီကြာမြင့်ခဲ့ပါတယ်ဟု The Kaladan Post သို့ ပြောဆိုသည်။ထို့အပြင် ဦးမြင့်လွင် လက်ထဲမှ လက်ပစ်ဗုံး ၃ လုံး၊ သက်သေခံ ကတ်ပြား၊ ငွေသား ၁၂၀၀ ကျပ်၊ ဖုန်း ၂ လုံး၊ ၁၂ ပေ Canter ကား ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း MOD ရဲ့ညွှန်ကြားချက်နှင့်တကွ အရေးယူဆောင်ရွက် သွားမှာဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဦးမြင့်လွင်ဖမ်းဆီးပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂:၂၅ နာရီမှ ၄:၂၅ နာရီအထိ ဒိုးတန်းဘက်မှ အင်အား ၄၀ ခန့်နှင့် လာသော စစ်ကောင်စီတပ်ဖွဲ့အား တပ်မတော်(၆၀၄)က ကားသုံးစီးဖြင့် အင်အား ၈၀ ခန့် ထပ်မံ အားဖြည့်ကာ စုစုပေါင်း အင်အား ၁၂၀ ကျော်ဖြင့် တခွဲကြဲ – ကွမ်းအုံ – ဝမ်းမကြီး လယ်ကြားလမ်း အတိုင်း စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၄) နှင့် ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်အဖွဲ့က မိုင်းများဖြင့် ကြိုတင်စောင့်ဆီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း အဆိုပါတပ်ရင်းက ဒီဇင်ဘာ၄ရက်ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။  တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ အီကွေးမန့် ၂ ခု၊ MA-11 ကျည်ဘောက် ၁ ခု၊ ဦးထုပ်စစ်ဦးထုပ် ၂ လုံး၊ ၅.၅၆ မမ ကျည် ၈၉ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင်...

Read More

ဒီဇင် (၇) သတင်းတိုပေါင်းချုပ်

လှည်းကူး ကြံ့ဖွတ်မြို့နယ်ရုံး မိုင်း၂လုံးနဲ့ ဗုံးကြဲခံရ၊ ပျူစောထီးအရေအတွက်မသိ ထိခိုက်သေဆုံး   ဒီဇင် ၇ The Kaladan Post ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်အတွင်းရှိ ကြံ့ဖွတ်ပါတီမြို့နယ်ရုံးကို ဒီဇင်ဘာ ၆ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုငင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံ များစွာပျက်စီးခဲ့ပြီး အစောင့်တာဝန်ကျ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ မိုင်းနှစ်လုံးစလုံး အောင်မြင်စွာပေါက်ကွဲခဲ့ပြီး တိုက်ခိုက်ရေးအဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ကျင်းပရန်ပြင်ဆင် နေသည့် တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပါဝင်ကူညီဆောင်ရွက်နေခြင်းကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း YA ဘက်က ထုတ်ဖော်ပြောဆိုထားသည်။ အကြမ်းဖက်စစ်တပ် နှင့်ဆက်စပ်နေသော ပစ်မှတ်များနှင့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်အပြင်းအထန် တိုက်ခိုက်သွားမည်ဟုလည်း Yangon Army (YA) က သတိပေး ထားသည်။ တေဇာဆန်း၊ နန်းလင်း၊ ခန့်ဝေဖြိုးတို့ကို သတင်းပေးလျင် သိန်း ၂၀၀ ပေးမည်ဆို၊ အမရပူရတစ်မြို့ လုံး စစ်တပ်ဓာတ်ပုံလိုက်ပြပြီး ရှာဖွေ   ဒီဇင် ၇ The Kaladan Post မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့၏ ဆန္ဒပြပွဲဓာတ်ပုံများကို ကိုင်ဆောင်ကာ အိမ်တိုင်းလိုက်ပြသပြီး သတင်းပေးသူကို ငွေကျပ်သိန်း...

Read More

ဒီဇင် (၆) သတင်းတိုပေါင်းချုပ်

စလင်းမြို့နယ်တွင် မဲစာရင်းစစ်ပြန်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ   ဒီဇင် ၆ The Kaladan Post မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က မဲစာရင်းစစ်ဆေးပြီး မြို့ပေါ်သို့ ပြန်လာသည့် စစ်ကား ၂ စီးကို ဒေါင်းစစ်အောင် (Local PDF) တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရသည့် စစ်ကားများတွင် စစ်သား ၈၀ ခန့်လိုက်ပါလာကြောင်း သိရသည်။ သေဆုံးသွားသည့် ဗိုလ်တဦး၏ နာရေးကို လူမရှိသဖြင့် တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ရကြောင်း ဒေါင်းစစ်အောင်ဘက်က ထုတ်ဖော်ပြောဆိုသည်။ ဒေါင်းစစ်အောင် တာဝန်ခံ ကိုထူးလေးက အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများအား ခြိမ်းခြောက်အတင်းအကျပ်လုပ်နေသဖြင့် မြို့ပေါ်အသွားအလာ ဆင်ခြင်ကြရန်နှင့် ရွေးကောက်ပွဲဦးစီးသူများနှင့် ဝေးဝေးရှောင်ကြရန် ပြည်သူများကို သတိပေးထားသည်။ ယင်းတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် LPDF ရဲဘော်များက တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ ဒီပဲယင်းတွင် ဘောလုံးပွဲပြန်ပြရင်း ကြည့်နေသည့် လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဗုံးကြဲ၊ အရပ်သား ၁၈ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ   ဒီဇင် ၆ The Kaladan Post စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်က မြန်မာနှင့်...

Read More
en_USEnglish