မတ်လ (၂၁) ရက် သတင်းတိုပေါင်းချုပ်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်တွင် နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့် စည်ပင်တို့က အင်အားသုံး ဖျက်ဆီး မတ် ၂၁ The Kaladan Post ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက် (သဇင်ရုံလမ်း အပါအဝင်) ရှိ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့် စည်ပင်သာယာရေးဌာနတို့က ယနေ့ (မတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အင်အားအလုံးအရင်းဖြင့် အတင်းအဓမ္မ ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကား၊ ဘက်ဖိုး (backhoe) မြေတူးစက်များ၊ ဖောကားများဖြင့် အင်အား ၁၀၀ ဝန်းကျင်နှင့် ဝင်ရောက်ဖျက်ဆီးနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လိုက်ပါ ပါဝင်နေကာ သစ်တောဌာနနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်နေကြောင်းသိရသည်။ တရားဝင် အမိန့်စာ သို့မဟုတ် ဖျက်သိမ်းခွင့်ပြုချက် စာရွက်စာတမ်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်မိန့်ဖြင့်သာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့က ကြိုတင် နှုတ်မိန့်ဖြင့် သတိပေးခဲ့သော်လည်း ယနေ့ ရုတ်တရက် အကြမ်းဖက်ဆန်စွာ ဖျက်သိမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ဘက်ဖိုး ယာဉ် ၂ စီး၊ ဖောကား ၂ စီး၊ စစ်ကား ၂ စီးခန့်ဖြင့် ဖျက်ဆီးနေမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်မှ မိသားစုများ အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး သင့်လျော်သော...
Read More