ယူကရိန်းနှင့် လတ်ဗီးယား စာချုပ်ချုပ်ဆို၊ ဥရောပ၏ ကြားဝင်စေ့စပ်မှုကို ရုရှားပယ်ချ
ဇွန် ၁၀၊ ၂၀၂၆ The Kaladan Post ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ အက်စတိုးနီးယားနိုင်ငံ၊ တလင်းမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးအတွင်း လတ်ဗီးယားနိုင်ငံနဲ့ ဒရုန်းထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို ဇွန်လ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ သမ္မတ ဇလန်းစကီးဟာ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ အိုက်စလန်၊ ဖင်လန်၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတို့က ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကုမ္ပဏီတွေနဲ့အတူ ဒရုန်းတွေကို ပူးပေါင်းထုတ်လုပ်သွားဖို့နဲ့ ပူးပေါင်းကာကွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့ သူတို့က သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ သမ္မတ ဇလန်းစကီးက “ဒါဟာ ကျွန်တော်တို့ရဲ့ ပူးပေါင်းကာကွယ်ရေးနဲ့ ထုတ်လုပ်မှုတွေကို ခိုင်မာစေမယ့် လက်တွေ့ကျတဲ့ အရာတွေ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကိုပါ အားကောင်းလာစေမှာပါ” လို့ ၎င်းရဲ့ လူမှုကွန်ရက် (X) မှာ ရေးသားဖော်ပြထားပါတယ်။ လတ်ဗီးယားဝန်ကြီးချုပ်ကလည်း ဒီစာချုပ်ကြောင့် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံသစ်တွေနဲ့ ပူးပေါင်းထုတ်လုပ်မှု အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တစ်ဖက်မှာလည်း ရုရှားအစိုးရ (ကရင်မလင်) ကတော့ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်းငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဇွန်လ ၉ ရက်နေ့မှာပဲ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အရင်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမေရိကန်က ဦးဆောင်ခဲ့ပေမဲ့၊ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အီရန်စစ်ပွဲကြောင့် အမေရိကန်ရဲ့ အာရုံစိုက်မှုတွေ ပြောင်းလဲသွားတာဖြစ်တယ်လို့လည်း ရုရှားဘက်က ဝေဖန်ထားပါတယ်။...
Read More