ရှောင်လင်ကျောင်းကို စီးပွားရေးလုပ်ငန်းလိုပြောင်းခဲ့တဲ့ “အမှုဆောင်ချုပ် ဘုန်းကြီး” ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရ
မတ် ၂၁ The Kaladan Post ငွေကြေးအလွဲသုံးစားလုပ်တာတွေ၊ မိန်းမကိစ္စ အရှုပ်အထွေးတွေနဲ့ နာမည်ထွက်နေတဲ့ တရုတ်နိုင်ငံက ကမ္ဘာကျော် ရှောင်လင်ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဟောင်းဟာ အခုဆိုရင်တော့ တရားဝင် စွဲချက်တင်ခံလိုက်ရပါပြီ။ သူ့နာမည်ကတော့ ရှီယွန်ရှင်း လို့ခေါ်ပါတယ်။ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး အခုတော့ ရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် သုံးတာ၊ ငွေကြေးအလွဲသုံးစားလုပ်တာ၊ NGO တွေနဲ့ပတ်သက်ပြီး လာဘ်စားတာ၊ လာဘ်ပေးလာဘ်ယူလုပ်ဖို့ ကြိုးစားတာစတဲ့ အမှုတွေနဲ့ တရားဝင် စွဲချက်တင်ခံလိုက်ရတာပါ။ ဒီစွဲချက်တွေကို ဟီနန်ပြည်နယ်၊ ချင်ကျင်းမြို့က အစိုးရရှေ့နေတွေက တင်ပြခဲ့တာဖြစ်ပြီး တရားရုံးကလည်း လက်ခံလိုက်ပါတယ်။ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီဘုန်းကြီးဟာ ရှောင်လင်ကျောင်းမှာ ကျောင်းထိုင်အဖြစ် ၂၅ နှစ်တောင် တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ ပြဿနာတွေ တက်လာတာကြောင့် မနှစ်က ဇူလိုင်လမှာ ကျောင်းထိုင်ရာထူးကနေ အဖြုတ်ခံခဲ့ရသလို၊ သာသနာ့ဘောင်ကနေပါ လူဝတ်လဲခံခဲ့ရပါတယ်။ မနှစ်က နိုဝင်ဘာလတုန်းက သူ့ကို စဖမ်းတဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက “ကျောင်းထိုင်ကိုယ်တော်ဟာ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေ အများကြီးနဲ့ ရှုပ်ထွေးပတ်သက်နေတယ်” လို့ ပြောခဲ့ဖူးပါတယ်။ သူဟာ ငွေကြေးဘယ်လောက်အထိ အလွဲသုံးစားလုပ်ခဲ့လဲ ဆိုတာကိုတော့ အခုထိ အတိအကျ မသိရသေးပါဘူး။ ပိုက်ဆံကိစ္စတွေတင်မကပါဘူး၊ ရှီယွန်ရှင်းဟာ ဘုန်းကြီးဝိနည်းတွေကို ဖောက်ဖျက်ပြီး အမျိုးသမီးတချို့နဲ့ မကင်းမရှင်း ဖြစ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ ပိုဆိုးတာက “သူဟာ အနည်းဆုံး ကလေးတစ်ယောက်ရဲ့ ဖခင်အရင်းဖြစ်တယ်” လို့တောင် သတင်းတွေ ထွက်နေတာပါ။ ဒီဘုန်းကြီးက စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ (MBA)...
Read More