Author: Salai

အီရန်ကို အလစ်တိုက်တာ ဂျပန်တွေ ပုလဲဆိပ်ကမ်း ဗုံးကြဲသလိုမျိုးပဲလို့ ဂျပန်ဝန်ကြီးချုပ် မျက်နှာရှေ့မှာတင် ထရမ့် ခိုင်းနှိုင်းပြောဆို

မတ် ၂၀ The Kaladan Post   အီရန်ကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲခဲ့တဲ့ဖြစ်ရပ်နဲ့ ဥပမာပေး ပြောဆိုလိုက်ပါတယ်။ ပိုဆိုးတာက အဲဒီစကားကို အိမ်ဖြူတော်ကို ရောက်နေတဲ့ ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ်ရှေ့မှာတင် ပြောချလိုက်တာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိ (Sanae Takaichi) ဟာ အိမ်ဖြူတော်ကို ရောက်လာပြီး ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ခေါင်းဆောင်နှစ်ဦး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် တကအိချိအတွက် မျက်နှာပူစရာဖြစ်မယ့် စကားကို ထရမ့်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက အမေရိကန်ဟာ မဟာမိတ် အစ္စရေးနဲ့ပေါင်းပြီး အီရန်ကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပါတယ်။ ဘာကြိုတင်သတိပေးချက်မှမပါဘဲ အခုလို ဝင်တိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က ဂျပန်ဝန်ကြီးချုပ်ရှေ့မှာပဲ ပုလဲဆိပ်ကမ်းအကြောင်းကို ထည့်ပြောခဲ့တာပါ။ “အီရန်ကို ဘယ်အချိန် ဝင်တိုက်မလဲဆိုတာ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကြိုမပြောခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ရန်သူကို အံ့ဩသွားအောင် အငိုက်ဖမ်းချင်လို့ပါ။ အငိုက်ဖမ်းတိုက်ခိုက်တဲ့အကြောင်းကို ဂျပန်ထက် ပိုသိတဲ့သူ ဘယ်သူရှိမလဲ” လို့ ထရမ့်က ပြောခဲ့သလို၊ ပုလဲဆိပ်ကမ်းအကြောင်းကို ဘာလို့မပြောကြတာလဲဆိုပြီး ဂျပန်ဘက်ကို မေးခွန်းထုတ်တဲ့ ပုံစံမျိုးပါ ပြောသွားခဲ့ပါတယ်။ ထရမ့်ရဲ့ ဒီစကားကြောင့် ဂျပန်ဝန်ကြီးချုပ် တကအိချိရဲ့...

Read More

တစ်ရက်ကို ဒေါ်လာ ၁ ဘီလီယံကျော် ကုန်နေတဲ့ အီရန်စစ်ပွဲအတွက် နောက်ထပ် ဘီလီယံ ၂၀၀ ထပ်တောင်းဖို့ အမေရိကန် ပြင်ဆင်နေ

မတ် ၂၀ The Kaladan Post   အီရန်စစ်ပွဲမှာ အသုံးပြုဖို့အတွက် နောက်ထပ် စစ်သုံးစရိတ် ဒေါ်လာ ဘီလီယံ ၂၀၀ လောက် ထပ်ရဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်စစ်ဌာနချုပ်) ကနေ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို ထပ်သုံးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး၊ လွှတ်တော်ဆီကနေ အပြင်းအထန် ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့တော့ ကျိန်းသေပေါက် ရင်ဆိုင်ရမယ့် အနေအထားပါ။ လောလောဆယ်မှာတော့ စစ်စရိတ် ထပ်တိုးပေးဖို့အတွက် ပင်တဂွန်က အိမ်ဖြူတော်ဆီကို တရားဝင် ခွင့်ပြုချက် တောင်းခံထားပြီးပြီလို့ အမည်မဖော်လိုတဲ့ ပင်တဂွန် အရာရှိတစ်ဦးက AP သတင်းဌာနကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ငြင်းဆန်တာမျိုး မရှိပေမယ့် ငွေပမာဏ အတိအကျကိုတော့ အတည်မပြုပေးခဲ့ပါဘူး။ သူက “ငွေကြေးကိန်းဂဏန်းတွေကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ လူဆိုးတွေကို သတ်ဖို့ဆိုရင်တော့ ငွေသုံးရမှာပဲလေ” လို့ ပြောဆိုခဲ့ပါတယ်။ အခုလို စစ်စရိတ် အလုံးအရင်း ထပ်တောင်းဖို့ဆိုတာ လွှတ်တော်ရဲ့ ထောက်ခံအတည်ပြုချက် လိုအပ်ပါတယ်။ သမ္မတ ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ နိုင်ငံတော်အကြွေးက ဒေါ်လာ ၃၉ ထရီလီယံအထိ စံချိန်တင် မြင့်တက်နေတဲ့အချိန်ဖြစ်လို့ အခုလို စစ်စရိတ် အမြောက်အမြား ထပ်သုံးမယ့်အပေါ် လွှတ်တော်က သဘောတူပါ့မလားဆိုတာ မသေချာသေးပါဘူး။ သမ္မတ ထရမ့်ဟာ အီရန်နဲ့ စစ်ပွဲစတင်တုန်းက လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ စစ်ပွဲအခြေအနေတွေ၊...

Read More

မတ်လ (၁၉) ရက် သတင်းတိုပေါင်းချုပ်

တော်လှန်ရေးခရီးကြမ်း ဆက်လက်ချီတက်ရန် မဟာဗျူဟာ ပြန်လည်ချိန်ညှိချိန်တန်ပြီဟု ဒေါက်တာ တေဇာဆန်း ပြော မတ် ၁၉ The Kaladan Post စစ်အာဏာသိမ်းမှု ဖြစ်ပြီး ငါးနှစ်ကျော်ကြာ ခဲ့ပြီဖြစ်သော မြန်မာ့နွေဦးတော်လှန်ရေး ခရီးလမ်းသည် ရေတိုခရီး မဟုတ်ဘဲ အင်မတန် ခက်ခဲကြမ်းတမ်း၊ အန္တရာယ်များပြီး ရှည်လျားသော ချီတက်ပွဲ တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပြီဟု ယမန်နေ့ မတ်လ ၁၈ ရက်နေ့က သူရဲ့လူမှုကွန်ယက်ပေါ်ကနေ ဒေါက်တာ တေဇာဆန်းက အသိပေးထားပါသည်။ ပြည်သူ့တော်လှန်ရေး အင်အားစုများအနေဖြင့် ယခုအချိန်တွင် ဖြတ်သန်းခဲ့ရသော ကာလတစ်လျှောက် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ဆင်ခြင်သုံးသပ်ကာ အကောင်းဆုံး ပြင်ဆင်စုဖွဲ့ တည်ဆောက်ရန် အချိန်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။ လက်ရှိ အခြေအနေ၊ စစ်အုပ်စု အင်အားအခြေအနေ၊ နိုင်ငံတကာ အခြေအနေ၊ အားသာချက်နှင့် အားနည်းချက်များစသည့် နယ်ပယ်အသီးသီးတွင် ချင့်ချိန်တွက်ချက်ပြီး အကိုက်ညီဆုံး မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ထောက်ပြထားသည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို မဟာဗျူဟာ ရည်မှန်းချက် အဖြစ် ထားရှိကာ ရှေ့လျောက် နည်းဗျူဟာ၊ လုပ်ငန်းစဉ်များကို ရေတို အမြင်မဟုတ်ဘဲ ရေလတ်၊ ရေရှည် လက်တွေ့ကျကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မျိုးစုံ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေ သော နိုင်ငံ တစ်ခု ဖြစ်သည်။ စစ်အုပ်စုကို...

Read More

အမေရိကန်ကို ပိတ်ဆို့ပြီး မိတ်ဆွေတွေကို လမ်းဖွင့်ပေး… ဟောမုဇ်ရေလက်ကြားကို အကန့်အသတ်နဲ့ ဖြတ်သန်းခွင့် အီရန် စတင်ခွင့်ပြု

မတ် ၁၉ The Kaladan Post   ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ထားဆဲဖြစ်ပေမယ့်၊ သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေက ရေနံတင်သင်္ဘောတွေကိုတော့ အကန့်အသတ်နဲ့ ဖြတ်သန်းခွင့် ပိုပြီး ပြုလုပ်လာနေပြီ ဖြစ်ပါတယ်။ ရေယာဉ်သွားလာမှု ခြေရာခံစနစ်တွေအရ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ အနည်းဆုံး သင်္ဘော ၅ စီးလောက် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတာ တွေ့ရပါတယ်။ အီရန်နဲ့ ကြိုတင်ညှိနှိုင်းပြီး ခွင့်ပြုချက်မရဘဲနဲ့တော့ ဒီလို ဖြတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံရပြီးကတည်းက အီရန်ဟာ ဟောမုဇ်ရေလက်ကြားကြီးကို ပိတ်ချခဲ့ပြီး ဖြတ်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဒီရေလက်ကြားဟာ နိုင်ငံတကာကို တင်ပို့နေတဲ့ ရေနံတွေရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရတဲ့ အဓိက လမ်းကြောင်းကြီး ဖြစ်တဲ့အတွက် အခုလို ပိတ်ဆို့လိုက်ချိန်မှာ ကမ္ဘာတစ်ဝန်း စွမ်းအင်အခက်အခဲဖြစ်လာမယ့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး လောင်စာဆီဈေးတွေလည်း ထိုးတက်သွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရေကြောင်းထောက်လှမ်းရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Windward ကတော့ “အီရန်ရေပိုင်နက်ကို ဖြတ်ပြီး သင်္ဘော ၅ စီးလောက် သွားနိုင်ခဲ့တာကို ကြည့်ရင် အီရန်ဟာ ဟောမုဇ်ကို အပြည့်အဝပဲဖြစ်ဖြစ်၊ အကန့်အသတ်နဲ့ပဲဖြစ်ဖြစ် သူတို့ လိုအပ်သလို ပိတ်ဆို့ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာ ပြသနေတာပါပဲ” လို့ မှတ်ချက်ပေးပါတယ်။ ဒါဟာ အမေရိကန်ကို...

Read More

အီရန်အစိုးရ ယန္တရား အတော်လေး ချိနဲ့သွားပြီ’ လို့ အမေရိကန် ထောက်လှမ်းရေးပြော၊ ထရမ့်ရဲ့ အီရန်စစ်ပွဲ လွှတ်တော်မှာ အပြင်းအထန် မေးခွန်းထုတ်ခံရ

မတ် ၁၉ The Kaladan Post   အီရန်အစိုးရ ယန္တရားဟာ ပုံမှန်လည်ပတ်နေသေးပေမယ့် အတော်လေးကို အားနည်းချိနဲ့သွားပြီလို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦးက လွှတ်တော်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲမှာ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး တူလ်ဆီ ဂက်ဘတ်ဒ် (Tulsi Gabbard) က အီရန်စစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တခြား ထိပ်တန်းအရာရှိတွေနဲ့အတူ ပါဝင်ထွက်ဆိုခဲ့တာပါ။ ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးပေါင်းတိုက်ခိုက်မှု စစ်ပွဲနဲ့ပတ်သက်ပြီး လွှတ်တော်ကို ပထမဆုံးအကြိမ် ထောက်လှမ်းရေး အချက်အလက်တွေ အစီရင်ခံ တင်ပြတာလည်း ဖြစ်ပါတယ်။ ဒီကြားနာပွဲမှာ ဂက်ဘတ်ဒ်က “အီရန်အစိုးရ ယန္တရားကတော့ ရှိမြဲအတိုင်း လည်ပတ်နေဆဲပါ။ ဒါပေမဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင် အများအပြား လုပ်ကြံရှင်းလင်းခံလိုက်ရတဲ့အတွက် သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အရင်းအမြစ်ပိုင်းတွေမှာတော့ အများကြီး ဆုတ်ယုတ်အားနည်းသွားပါပြီ” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲ စတင်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ဂျွန်အော့ဆော့ဖ် (Jon Ossoff) က “အီရန်ဟာ အမေရိကန်အတွက် ချက်ချင်းလက်ငင်း အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမျိုး တကယ်ရှိခဲ့လို့လား” ဆိုပြီး အကြိမ်ကြိမ် မေးခွန်းထုတ်ခဲ့ရာမှာတော့ ဂက်ဘတ်ဒ်က တိုက်ရိုက် ပြန်မဖြေခဲ့ပါဘူး။ သမ္မတထရမ့်ကတော့ အီရန်ဆီကနေ အချိန်မရွေး...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish