ထရမ့်အစိုးရ ရပ်နားထားတဲ့ VOA ဝန်ထမ်း ၁,၀၀၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ အမေရိကန်တရားရုံး အမိန့်ချမှတ်
မတ် ၁၉၊ ၂၀၂၆ The Kaladan Post အမေရိကန် ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီးတစ်ဦးကနေ အမေရိကန်အသံ (VOA) ဝန်ထမ်း ၁,၀၄၂ ဦးကို လာမယ့် မတ်လ ၂၃ ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် တက်လာပြီး လပိုင်းအကြာ ၂၀၂၅ မတ်လတုန်းက VOA ဝန်ထမ်း ၁,၅၀၀ နီးပါးထဲက ၄၀၀ ကျော်ကို အလုပ်ကနေ ရပ်နားခဲ့ပြီး၊ ဝန်ထမ်း ၁,၀၀၀ ကျော်ကိုတော့ လစာပေးပြီး ခွင့်ပေးထားခဲ့တာပါ။ အဲဒီ ၁,၀၀၀ ကျော်ဟာ အခုချိန်ထိ အလုပ်ပြန်ဆင်းခွင့် မရကြသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး VOA ဝန်ထမ်းတွေက သမ္မတထရမ့် ခန့်အပ်ထားတဲ့ USAGM (အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာအေဂျင်စီ) အကြီးအကဲ ကာရီလိတ် (Kari Lake) ကို တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ တရားရုံးက ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ ကာရီလိတ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင်မှုမရှိဘူးလို့ အမိန့်ချခဲ့ပေမယ့် ထရမ့်အစိုးရဘက်က အယူခံဝင်တာ၊ လျှောက်လဲချက်ပေးတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၁၇ ရက်နေ့က ချမှတ်လိုက်တဲ့ ဖက်ဒရယ်တရားသူကြီးရဲ့ အမိန့်ကတော့ အရင်တုန်းကနဲ့ မတူဘူးလို့ VOA မြန်မာပိုင်း ဝန်ထမ်းတစ်ဦးက အခုလို ရှင်းပြပါတယ်။ “အရင်စီရင်ချက်တွေနဲ့ မတူတာက ဒီစီရင်ချက်မှာကျတော့ ဘယ်နေ့ ဘယ်ရက်မှာ အလုပ်ပြန်ဆင်းစေဆိုတာ ပါတယ်။ အရင်တုန်းက...
Read More