Author: Salai

မတ်လ (၁၇) ရက် သတင်းတိုပေါင်းချုပ်

ပေါက်မြို့နယ်တွင် ရိက္ခာယာဉ်တန်း ကင်းယူစစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး မတ် ၁၇ The Kaladan Post မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ သို့ ရိက္ခာပို့ ဆောင်ရန် ထွက်လာသော ယာဉ်တန်း၏ လုံခြုံရေးကင်းယူနေသည့် စစ်သားသုံးဦးကို တော်လှန်ရေး တပ်ဖွဲ့များက မတ်လ ၁၆ ရက် နေ့လည်ပိုင်းတွင် ယာကြီးပြင် ပျူစောထီးစခန်းနှင့် အုန်းတောကျေးရွာ ကြားရှိ တံတားတစ်ခုတွင် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက် မှ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်နှာပီစုတ်က ပြောဆိုသည်။ ယင်းယာဉ်တန်းသည် ပခုက္ကူမြို့မှ ကားအစီးရေ ၁၃၀ ခန့်နှင့် အင်အား ၅၀၀ ဝန်းကျင်ဖြင့် ထွက်ခွာလာပြီး ဆိပ်ဖြူ ကပစ-၂၂ သို့ ရောက်ရှိပြီးနောက် ပျူစော ထီးကျေးရွာများမှတစ်ဆင့် ကပစ-၂၄ သို့ ဆက်လက်ခရီးဆက်နေကြောင်း သိရသည်။ မတ်လ ၁၆ ရက်တွင် ရှေ့ပြေးရိက္ခာယာဉ် ၂၀ ခန့်သည် ယာကြီးပြင်ပျူစောထီးစခန်းသို့ ရောက်ရှိပြီး ကျန်ယာဉ် တန်းများလည်း အနီးတစ်ဝိုက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းယာဥ်တန်းကို ပခုက္ကူခရိုင်စစ်ဌာန အမှတ်(၁၁) တပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ် တော်လှန်ရေး ညီနောင်တပ်ရင်း တပ်ဖွဲ့များက ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊...

Read More

ဝါယာရှော့ကြောင့် အိန္ဒိယအစိုးရဆေးရုံ ICU ဆောင် မီးလောင်၊ အသက်လုနေရသည့် လူနာ (၁၁) ဦး သေဆုံး

မတ် ၁၇ The Kaladan Post အိန္ဒိယနိုင်ငံက ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနာ (၁၁) ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်က နိုင်ငံအရှေ့ပိုင်း ဩရိသ (Odisha) ပြည်နယ်၊ ကတ်တက် (Cuttack) မြို့မှာရှိတဲ့ SCB ဆေးကောလိပ်ဆေးရုံမှာ မတ်လ (၁၆) ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ ဩရိသပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာ ချာရန် မက်ဂျ်ဟီး က “အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရ လူနာတွေကို ကုသပေးနေတဲ့ ဒီအထူးကြပ်မတ်ဆောင်မှာ ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ယူဆရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသွားသူတွေ အားလုံးက လူနာတွေချည်းပဲဖြစ်ပြီး၊ သူတို့ကို ကူညီရွှေ့ပြောင်းပေးဖို့ ကြိုးစားခဲ့ကြတဲ့ အစိုးရဆေးရုံဝန်ထမ်းတချို့လည်း မီးလောင်ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။ ကံကောင်းတာက လူနာတချို့ကိုတော့ တခြားအဆောင်တွေဆီ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ လောင်နေတဲ့မီးကို နာရီအနည်းငယ်အကြာမှာ ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ မှတ်သားစရာတစ်ခုကတော့ ဒီ SCB ဆေးရုံဟာ ဩရိသပြည်နယ်ရဲ့ အကြီးဆုံး အစိုးရဆေးရုံကြီးတစ်ခု ဖြစ်နေတာပါပဲ။ အိန္ဒိယနိုင်ငံမှာ ဝါယာရှော့ကြောင့် ဆေးရုံမီးလောင်တဲ့ သတင်းတွေကို မကြာခဏဆိုသလို ကြားနေရတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ရာဂျက်စသန်ပြည်နယ်က ဆေးရုံတစ်ရုံရဲ့ ICU ဆောင် မီးလောင်လို့ လူနာ (၆) ဦး သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် အစောပိုင်းတုန်းကလည်း ဂျာဟန်ဆီမြို့က ဆေးရုံတစ်ခုမှာ မွေးကင်းစကလေး...

Read More

ဟောမုဇ်ရေလက်ကြား ဒုံးကျည်တိုက်ခိုက်မှု – သေဘေးမှ လွတ်မြောက်လာသည့် ထိုင်းသင်္ဘောသား (၂၀) နေရပ်ပြန်ရောက်၊ (၃) ဦး ပျောက်ဆုံးနေဆဲ

မတ် ၁၇ The Kaladan Post ဟောမုဇ်ရေလက်ကြားအနီးမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုင်းကုန်တင်သင်္ဘော Mayuree Naree ပေါ်က သင်္ဘောသား (၂၀) ဟာ မတ်လ (၁၆) ရက်နေ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို လေကြောင်းခရီးစဉ်နဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီကုန်တင်သင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့က ပင်လယ်ကွေ့ဒေသတွင်း ရေပြင်မှာ ခုတ်မောင်းနေတုန်း အီရန်က ပစ်ခတ်လိုက်တဲ့ ဒရုန်း (ဒါမှမဟုတ်) ဒုံးကျည် နှစ်ချက်ထိမှန်ပြီး မီးလောင်ခဲ့တာပါ။ သင်္ဘောပေါ်မှာ အမှုထမ်း စုစုပေါင်း (၂၃) ဦး လိုက်ပါသွားခဲ့ပြီး အဲဒီအထဲက (၂၀) ဟာ အသက်ကယ်လှေတွေနဲ့ အသက်လု ထွက်ပြေးလွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျန်တဲ့ (၃) ဦးကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ပေါက်ကွဲမှုတွေ ဖြစ်တဲ့အချိန် အင်ဂျင်ခန်းထဲမှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က “Mayuree Naree သင်္ဘောအပြင် လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုပါ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မျက်ကွယ်ပြုခဲ့တဲ့အတွက် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ ဘန်ကောက်ကို ပြန်ရောက်လာတဲ့ သင်္ဘောသား (၂၀) ကို လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအရာရှိတွေက ခြံရံခေါ်ဆောင်သွားခဲ့ပြီး မီဒီယာတွေနဲ့ စကားပြောခွင့် မပေးခဲ့ပါဘူး။ သင်္ဘောပိုင်ရှင် Precious ရေကြောင်း...

Read More

မြန်မာနယ်စပ်ဖြတ်ကျော်မှုဖြင့် အမေရိကန်နဲ့ ယူကရိန်း နိုင်ငံသား (၇) ဦး အိန္ဒိယမှာ ဖမ်းဆီးခံရ

မတ် ၁၇ The Kaladan Post   အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ဟာ အမေရိကန်နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား (၇) ဦးကို အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမေရိကန်နိုင်ငံသား တစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား (၆) ဦး ပါဝင်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ သောကြာနေ့က ဥပဒေမဲ့လုပ်ရပ်များ တားဆီးကာကွယ်ရေး အက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အပါအဝင် သက်ဆိုင်ရာ ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ အမှုနဲ့ပတ်သက်ပြီး သိရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံ၊ အထူးသဖြင့် ချင်းပြည်နယ်နဲ့ နယ်စပ်ချင်း ကီလိုမီတာ ၅၀၀ ကျော်လောက် ထိစပ်နေတာပါ။ အဲဒီဒေသဟာ နိုင်ငံခြားသားတွေ သွားလာခွင့် ကန့်သတ်ထားတဲ့ နေရာဖြစ်ပြီး သွားမယ်ဆိုရင် နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRO) ကနေ အထူးခွင့်ပြုချက် တောင်းခံရပါတယ်။ ရဲမှတ်တမ်း (FIR) တွေအရ ဒီနိုင်ငံခြားသား (၇) ဦးဟာ မီဇိုရမ်ပြည်နယ်ကို အရင်လာရောက်ခဲ့ပြီး အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ မြန်မာပြည်ထဲမှာ အိန္ဒိယကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတချို့နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ ဥရောပကနေ မီဇိုရမ်ပြည်နယ်ဆီ ဒရုန်းတွေ အရောက်မှာယူခဲ့ပြီး အဲဒီဒရုန်းတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို သယ်ဆောင်သွားခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ သူတို့အနေနဲ့ အိန္ဒိယကို ဘယ်တုန်းက...

Read More

“စစ်ပွဲဆိုတာ အဖြေမဟုတ်ဘူး” – အီရန်နှင့် အရှေ့အလယ်ပိုင်းစစ်ပွဲ အမြန်ဆုံး အပစ်ရပ်ဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

မတ် ၁၇ The Kaladan Post   အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဗာတီကန်မှာလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ရိုမန်ကက်သလစ် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားခဲ့တာပါ။ “အီရန်စစ်ပွဲရဲ့ ကြမ်းတမ်းရက်စက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒေသကြီးတစ်ခုလုံးမှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ ထိခိုက်နာကျင်မှုတွေကို ခံစားနေကြရတယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ကနေ အီရန်ကို စတင်တိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ ဒီစစ်ပွဲကြီးနဲ့ ပတ်သက်ပြီးတော့လည်း “ဒီစစ်ပွဲဟာ တရားမျှတမှု၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတွေကို ရှာဖွေပေးနိုင်မယ့် အဖြေမဟုတ်ဘူး” လို့ ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါသေးတယ်။ စစ်ပွဲစတင်ခဲ့တာ နှစ်ပတ်လောက် ကြာလာတဲ့အချိန်မှာ အရှေ့အလယ်ပိုင်းက ပြည်သူတွေဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို အပြင်းအထန် ခံစားနေရပြီလို့ စိန့်ပီတာရင်ပြင်က အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲမှာ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးက “အရှေ့အလယ်ပိုင်း ဒေသက ခရစ်ယာန်တွေ၊ စိတ်နှလုံးကောင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ လက်ရှိ ပဋိပက္ခအတွက် တာဝန်ရှိသူတွေကို ကျနော့်အနေနဲ့ တောင်းဆိုချင်တာကတော့ အပစ်အခတ် ရပ်ကြဖို့ပါပဲ” လို့ တိုက်တွန်းခဲ့ပါတယ်။ အီရန်စစ်ပွဲရဲ့ ဂယက်ကြောင့် လက်ဘနွန်နိုင်ငံမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေတာကိုလည်း အထူးစိုးရိမ်မိတယ်လို့ ဆိုပါတယ်။ လက်ဘနွန်ပြည်သူတွေအတွက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအဖြေကို သက်ဆိုင်သူတွေအနေနဲ့...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish