Author: Salai

အောက်တို (၂၂) သတင်းတိုပေါင်းချုပ်

PSMS အက်ပ်ကို အောက်တိုဘာလအတွင်း အဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်း ထပ်တိုးရန် စစ်ကောင်စီညွှန်ကြား အောက်တို ၂၂ The Kaladan Post မင်းအောင်လှိုင်ခေါင်းဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက စစ်ကောင်စီ အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို ဖမ်းဆီးရန် ရုရှားနည်း ပညာဖြင့် ဖန်တီးထားသော Person Scrutinization and Monitoring System (PSMS) အက်ပ်ကို ယခု အောက်တိုဘာလအတွင်း လုံခြုံရေးအဆင့်မြှင့်တင်ပြီး အမည်ပျက်စာရင်းများကို ထပ်မံထည့် သွင်းရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်နယ်-တိုင်းဒေသကြီး အားလုံးသို့ ညွှန်ကြားလိုက်သည်။ ကနဦး ၅ သောင်းကျော်ပါဝင်ခဲ့သော PSMS အက်ပ်တွင် ယခု ငယ်စာရင်း ၉ ဖိုင်ဖြင့် အမည်ပျက် စာရင်းများကို ထပ်ထည့်မည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များ၊ လေဆိပ်-ရေဆိပ်၊ မြို့အဝင်အထွက်နှင့် ကားဂိတ်များတွင် စစ်တပ်၊ ရဲနှင့် လုပ်ငန်းခွင်ဝန်ထမ်းများက အသုံးပြုမည်ဟု သိရသည်။ အက်ပ် အတွင်း အချက်အလက်များကို နေပြည်တော်မှ တိုက်ရိုက်ထိန်းချုပ်ထားပြီး ချပ်ထားသော ကီးနှင့် စကားဝှက်ကို တင်းကျပ်စွာ စစ်ဆေးထားကြောင်း၊ စစ်ကောင်စီ အသိပြုထားသော ဖုန်း-ကွန်ပျူတာများတွင်သာ ဒေါင်းလုဒ်လုပ်နိုင်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။ ထို့အပြင် စစ်ကောင်စီ လျှို့ဝှက်ရုံးစာများ လူမှုကွန်ရက်တွင် ပေါက်ကြားနေမှုများကို လွယ်ကူစွာ စစ်ဆေးဖော်ထုတ်ရန် အမြန်ဆုံး စနစ်တစ်ခု အကောင်အထည် ဖော်ရန်လည်း ညွှန်ကြားထားခြင်း ဖြစ်သည်။ ရုံးစာများတွင် မမြင်နိုင်သော လျှို့ဝှက်ကုတ်-ဂဏန်းများ ထည့်သွင်းပြီး ပေါက်ကြားပါက ဘယ်ဌာနက ပြန့်သည်ကို ဖော်ထုတ်နိုင်မည်...

Read More

အောက်တို (၂၁) သတင်းတိုပေါင်းချုပ်

မိုင်းငေါ့မြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်နှင့်ဆိုင်ခန်း ၁၅ ပျက်စီး အောက်တို ၂၁ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် စစ်ကောင်စီက အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် မြို့မဈေးအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုး သား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းငေါ့အပါအဝင် မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ နမ့်ဆန် ၊ နမ့်တူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များတွင် စုစုပေါင်း ၂၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ဤ တိုက်ခိုက်မှုများကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး သေဆုံးခဲ့ပြီး၊ ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ်...

Read More

အောက်တို ၂၀ သတင်းတိုပေါင်းချုပ်

မြဝတီမြို့နယ်ရှိ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးဖမ်းဆီး အောက်တို ၂၀ The Kaladan Post မြဝတီမြို့နယ်ရှိ KK Park ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦးနှင့် လုံခြုံရေးဝန်ထမ်း ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ စီးနင်းမှုတွင် အဆောက်အအုံပေါင်း ၂၂၀ ကျော်၊ Star Link စလောင်း ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ KK Park သည် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး၊ အွန်လိုင်းငွေလိမ်လည်မှုနှင့် ကျားဖြန့်လုပ်ငန်းများဖြင့် လူသိများသည်။ ကရင်စစ်ရေးသတင်းရင်း မြစ်တစ်ခုက ဤစီးနင်းမှုသည် BGF နှင့် စစ်တပ်အကြား သဘောတူညီထားသည့် ပြသမှုတစ်ခုသာ ဖြစ်နိုင်ကြောင်း ဆိုသည်။ Justice For Myanmar ၏ အစီရင်ခံစာအရ KK Park သည် တရုတ် ရာဇဝတ်ဂိုဏ်းများနှင့် စစ်တပ်လက်အောက်ခံ BGF ပူးပေါင်းလုပ်ကိုင်နေသော အွန်လိုင်းငွေလိမ် လည်မှု၏ ဗဟိုချက်ဖြစ်ပြီး၊ ၂၀၂၁ အာဏာသိမ်းပြီးနောက် အဆောက်အအုံများ အလုံးအရင်းဖြင့် တည်ဆောက်ခဲ့သည်။ USIP အစီရင်ခံစာတွင် BGF ခေါင်းဆောင်များဖြစ်သည့် စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့်လုပ်ငန်းများတွင်...

Read More

အောက်တို (၁၉) သတင်းတိုပေါင်းချုပ်

သရက်ချောင်းရွာတွင် စစ်တပ်ဒရုန်းပျက်ကျပြီး သာယာဝတီဂဠုန်တပ်ဖွဲ့က သိမ်းဆည်းရရှိ အောက်တို ၁၉ The Kaladan Post ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာသို့ ဗုံးကျဲရန်လာသော အကြမ်းဖက်စစ်တပ်၏ ဒရုန်းတစ်စီးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀:၃၀ ခန့်တွင် စက်ချို့ယွင်းမှု ကြောင့် ပျက်ကျခဲ့သည်။ အဆိုပါဒရုန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က ရွာအနောက်ဘက်တွင် သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံသောနေရာသို့ ပြောင်းရွှေ့ထားသည်။ထို့ပြင်၊ အောက်တိုဘာလ ၁၅ ရက်ကလည်း သရက်ချောင်းရွာသို့ မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ ထို့အပြင် လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ပေါင်းတည်မြို့နယ်တွင် ရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ အောက်တို ၁၉ The Kaladan Post ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်ရဲစခန်းမှ ဒုရဲအုပ်အေးမင်းထွန်းဦးစီးသော ရဲ ၅ ဦး သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် နံနက် ၉:၁၅တွင် ဆိုင်ကယ် ၃စီးဖြင့် တမံကြီးရွာဘက် သို့ ဂိတ်ဖွင့်စစ်ဆေးရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ လက်အောက်ရှိ အမှတ် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ...

Read More

အောက်တို (၁၈) သတင်းတိုပေါင်းချုပ်

နတ်ရေကန်ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တချို့အလင်းဝင်ရောက်ပြီး AA ထိုးစစ်ဆက်လက်ပြင်းထန် အောက်တို ၁၈ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ တပ်ဖွဲ့ဝင်များ ထွက်ပြေး လာပြီး အချို့မှာ အာရက္ခတပ်တော် (AA) ထံ အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်ရောက် လျက်ရှိကြောင်း AA က အောက်တိုဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ AA ၏ ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် စခန်းရှိ လက်ကျန်နေရာအနည်းငယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး၊ စစ်ကောင်စီ၏ လေကြောင်းနှင့် စစ်ကူပံ့ပိုးမှုများကြားမှ AAက ပြင်းထန်စွာ တုံ့ပြန်တိုက် ခိုက်လျက်ရှိသည်။ ဖမ်းဆီးရမိသူများနှင့် အလင်းဝင်သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း AA က ဆိုသည်။ စစ်ကောင်စီ၏ မတရားစုဆောင်း မှုဖြင့် စစ်မှုထမ်းနေရသူများအား အနီးဆုံး AA နယ်မြေသို့ ဆက်သွယ်ကာ အချိန်မရွေး အလင်းဝင် ရောက်နိုင်ရန် AA က တိုက်တွန်းထားသည်။ လှည်းကူးမြို့နယ်ရှိ ဒရယ်ဘိုးကျေးရွာရှိ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးသေဆုံး အောက်တို ၁၈ The Kaladan Post ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို အောက်တိုဘာလ ၁၇ ရက် ညနေ ၆:၅၀ ခန့်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ပြင်းအားမြင့်မိုင်းတစ်လုံးနှင့်...

Read More
en_USEnglish