ကမ္ဘာ့ဆီကပ်ဆိုက်နေချိန်မှာ ပိတ်ဆို့ထားတဲ့ ရုရှားရေနံတွေကို ၃၀ ရက်တိတိ ပြန်ဝယ်ခွင့်ပြုဖို့ အမေရိကန် ဆုံးဖြတ်!
မတ် ၁၃ The Kaladan Post အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်းတွေ ဆိုက်လာတဲ့အချိန်မှာတော့ အမေရိကန်က ပိတ်ဆို့ထားတဲ့ ရုရှားရေနံတွေကို ကမ္ဘာ့နိုင်ငံတွေ ပြန်လည်ဝယ်ယူနိုင်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုလိုက်ရပါပြီ။ အားလုံးသိကြတဲ့အတိုင်း အမေရိကန်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စနဲ့ ရုရှားရဲ့ ရေနံတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးနဲ့ အမေရိကန်တို့ အီရန်ကို ဝင်တိုက်ပြီးနောက်ပိုင်းမှာ အီရန်က ကမ္ဘာ့ရေနံတွေ အဓိကဖြတ်သန်းသွားလာနေတဲ့ ‘ဟောမုဇ်ရေလက်ကြား’ ကြီးကို ပိတ်ချလိုက်တဲ့အတွက် အခုလို ရုရှားရေနံပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လျှော့ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘန်းဆန့်က “ကမ္ဘာ့ရေနံနဲ့ စွမ်းအင်ဈေးကွက် တည်ငြိမ်စေဖို့အတွက် လက်ရှိ ပင်လယ်ပြင်ထဲက သင်္ဘောတွေပေါ် ရောက်နှင့်ပြီးသား ရုရှားရေနံနဲ့ ရေနံထွက်ကုန်တွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၃၀ ရက်တိတိ ဝယ်ယူခွင့် ပြုသွားပါမယ်” လို့ မတ်လ ၁၂ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကလည်း အရေးပေါ်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း ၁၇၂ သန်းကို ဈေးကွက်ထဲ ထုတ်ရောင်းပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ် နှစ်ခုစလုံးဟာ အီရန်စစ်ပွဲကြောင့် ဆီဈေးတွေ မတန်တဆ ထိုးတက်လာတာနဲ့ ဈေးကွက်ထဲ ဆီပြတ်လပ်တာတွေ မဖြစ်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဝန်ကြီး ဘန်းဆန့်က ဆက်ပြီး “အခုလို ရုရှားရေနံ ပြန်ဝယ်ခွင့်ပြုလိုက်တာဟာ ရေတိုအတွက်ပဲဖြစ်ပြီး ဘက်ပေါင်းစုံကနေ အထူးဂရုတစိုက် စဉ်းစားဆုံးဖြတ်ထားတာပါ။ ရုရှားအနေနဲ့...
Read More