Author: Salai

မြောက်ကိုရီးယားက ဖျက်သင်္ဘောပေါ်ကနေ ခရုစ်ဒုံးကျည်တွေ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

မတ် ၁၂ The Kaladan Post   မြောက်ကိုရီးယားရေတပ်က သူတို့ရဲ့ ဖျက်သင်္ဘောတစ်စီးပေါ်ကနေ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အစိုးရမီဒီယာကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။ မတ်လ (၁၁) ရက်နေ့က နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ၊ အသစ်တည်ဆောက်ထားတဲ့ အကြီးဆုံး ဖျက်သင်္ဘောတွေထဲက တစ်စီးဖြစ်တဲ့ ‘ချိုဟွန်း’ (Chohun) ဖျက်သင်္ဘောပေါ်ကနေ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် ရုပ်မြင်သံကြားကနေတစ်ဆင့် စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဒုံးကျည်တွေဟာ နိုင်ငံအနောက်ဘက် ပင်လယ်ရေပြင်အထက်ကနေ ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ပြီးတဲ့နောက် ကုန်းမြေပေါ်က ပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ခေါင်းဆောင် ကင်မ်ဂျုံအွန်းက “နိုင်ငံကို ထိပါးကျူးကျော်လာနိုင်ခြေတွေကို ဟန့်တားဖို့အတွက် နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်နေရင်း တစ်ဖက်မှာလည်း ရန်သူကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်မယ့် စစ်လက်နက် စနစ်တွေ ပိုမို အားကောင်းလာအောင်လည်း ကြိုးစားရမယ်” လို့ ပြောကြားခဲ့ပါတယ်။ ချိုဟွန်း ဖျက်သင်္ဘောဟာ တန်ချိန် (၅၀၀၀) လောက် အလေးချိန်ရှိပြီး ခေတ်မီစစ်လက်နက်တွေ တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားရဲ့ မျိုးဆက်သစ် ဖျက်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတုန်းကလည်း ချိုဟွန်းနဲ့ အမျိုးအစားတူတဲ့ တခြားဖျက်သင်္ဘောတစ်စီးကနေ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး အဲဒီတုန်းကတော့ ကင်မ်ဂျုံအွန်းကိုယ်တိုင် သွားရောက်ကွပ်ကဲခဲ့တာပါ။ လက်ရှိမှာ မြောက်ကိုရီးယားအနေနဲ့ ချိုဟွန်းအဆင့်ရှိတဲ့ ဖျက်သင်္ဘော အနည်းဆုံး (၄) စီးအထိ...

Read More

အမေရိကန်လက်နက်တွေ ဖယ်ရှားခံရရင်တောင် မြောက်ကိုရီးယားရန်ကို ကိုယ်ပိုင်အင်အားနဲ့ ကာကွယ်နိုင်တယ်လို့ တောင်ကိုရီးယား ပြောကြား

မတ် ၁၂ The Kaladan Post   တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန်စစ်လက်နက်တချို့ကို ရုပ်သိမ်းသွားခဲ့ရင်တောင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်ပိုင်အစွမ်းအစနဲ့တင် ကောင်းကောင်း ပြန်လည်တုံ့ပြန်နိုင်တယ်လို့ တောင်ကိုရီးယားက ပြောလိုက်ပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်လက်နက်တချို့ကို အဲဒီဘက်ကို ရွှေ့ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်ဟာ တောင်ကိုရီးယားက THAAD လေကြောင်းကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေကို ဖြုတ်ယူပြီး အရှေ့အလယ်ပိုင်းကို စတင်ရွှေ့ပြောင်းနေပြီလို့ သိရပါတယ်။ တောင်ကိုရီးယားဟာ အရှေ့အာရှမှာ အမေရိကန်ရဲ့ အရေးအပါဆုံး မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး နျူကလီးယားပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကို အဟန့်အတားဖြစ်စေဖို့ အမေရိကန်တပ်ဖွဲ့ဝင် အင်အား (၂၈,၅၀၀) လောက်ကို တောင်ကိုရီးယားမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်လို့ မတ်လ (၁၁) ရက်နေ့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက “အမေရိကန်တပ်တွေက စစ်လက်နက်တွေကို တခြားနိုင်ငံဆီ ရွှေ့ပြောင်းတာမျိုး လုပ်လုပ်၊ မလုပ်လုပ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဟန့်တားနိုင်မယ့် တောင်ကိုရီးယားရဲ့ စွမ်းရည်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်တွေ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ ကိစ္စအပေါ်မှာတော့ ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ THAAD ဆိုတာကတော့ တာတို၊ တာလတ်နဲ့ တာဝေး ပဲ့ထိန်းဒုံးကျည်တွေကို ကောင်းကင်ယံမှာတင် ကြားဖြတ်ပစ်ချနိုင်တဲ့ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်ဖြစ်ပြီး တောင်ကိုရီးယားမှာ ၂၀၁၇ ခုနှစ်ကတည်းက စတင်တပ်ဆင်ထားတာပါ။ သတင်းတွေအရ ဒီစနစ်အပြင် တခြားလက်နက်တွေကိုပါ...

Read More

ဟောမုဇ်ရေလက်ကြားမှာ တစ်နေ့တည်း ကုန်တင်သင်္ဘော ၅ စီး တိုက်ခိုက်ခံရ၊ ရေနံဈေး ဒေါ်လာ ၂၀၀ ကျော်အထိ ရောက်လာနိုင်တယ်လို့ အီရန်သတိပေး

မတ် ၁၂ The Kaladan Post   အရှေ့အလယ်ပိုင်းဒေသမှာ အီရန်စစ်ပွဲတွေ ပြင်းထန်နေချိန် ကမ္ဘာ့ရေနံဖြတ်သန်းရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားတဝိုက်မှာ မတ်လ (၁၁) ရက်နေ့ တစ်ရက်တည်းတင် အရပ်ဖက်ကုန်တင်သင်္ဘော (၅) စီး တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ လောင်စာဆီ ဈေးကွက် ကမောက်ကမဖြစ်လာမယ့် အခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပေါင်း (၃၂) နိုင်ငံက အရန်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း (၄၀၀) ကို ထုတ်သုံးဖို့ စုပေါင်းဆုံးဖြတ်လိုက်တဲ့ နေ့မှာပဲ အခုလို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ အသက်သွေးကြော ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ မတ်လ (၁၁) ရက်နေ့ တိုက်ခိုက်ခံရမှုတွေထဲမှာ ထိုင်းနိုင်ငံက မှတ်ပုံတင်ထားတဲ့ Mayuree Naree ကုန်တင်သင်္ဘောလည်း ပါဝင်ခဲ့ပြီး အိုမန်နိုင်ငံ မြောက်ဘက်ကမ်းလွန် ရေမိုင် (၁၁) မိုင်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် သင်္ဘောကိုယ်ထည် ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်ပါလာတဲ့ ထိုင်းသင်္ဘောသား (၂၃) ဦးစလုံး ဘေးကင်းတယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ သူတို့လုပ်တာပါလို့ အီရန်ဘက်က ဝန်ခံထားပြီး သူတို့ရဲ့ သတိပေးတားမြစ်ချက်ကို သင်္ဘောက မလိုက်နာလို့ အခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဂျပန်အလံလွှင့်ထားတဲ့ သင်္ဘောတစ်စီး၊ မာရှယ်အိုင်းလန်း အလံလွှင့်ထားတဲ့ သင်္ဘောတစ်စီး၊ မော်လ်တာအလံလွှင့်ထားတဲ့ သင်္ဘောတစ်စီးနဲ့ နောက်ထပ် ကုန်တင်သင်္ဘောတစ်စီး (စုစုပေါင်း ၄...

Read More

မတ်လ (၁၁) ရက် သတင်းတိုပေါင်းချုပ်

ရွှေပေါက်ကံမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရိုက်နှက်သတ်ဖြတ်သူ စသုံးလုံးအရာရှိ ဖမ်းဆီးခံရ မတ် ၁၁ The Kaladan Post ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၂) ရပ်ကွက်ခွဲ၊ ပုဂံလမ်းမကြီး (၁၂) စျေး ထိပ်တွင် မတ်လ ၉ ရက် ည ၁၀ နာရီဝန်းကျင်က ရန်ပွဲဖြစ်ပွားခဲ့ရာ လှည့်ကင်းလှည့်နေသော ရဲတပ်ဖွဲ့ ၄ ဦးကို ကားဖြင့် ဝင်တိုက်ပြီး သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ရွှေပေါက်ကံမြို့သစ်မှ လူမိုက်အုပ်စု (အောင်လေးအဖွဲ့) နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ဒုတိယစုံစမ်းရေးမှူး ဦးအေးမင်း တို့ အချင်းချင်း စကားများရန်ဖြစ်ခဲ့ရာ ရဲများ ဝင်ရောက် ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ကနဦး အရက်မူးနေသော ယာဉ်မောင်းတစ်ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း စသုံးလုံး အရာရှိ ဦးအေးမင်း၊ ဖခင်ဖြစ်သူ ဦးကြင်ခရမ်း နှင့် ညီဖြစ်သူ မြတ်ကိုကို တို့ ရောက်ရှိလာကာ သံတုတ် များဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင် ၂ ဦး (ဒုတပ်ကြပ်တစ်ဦး၊ ရဲတပ်သားတစ်ဦး) မတ်လ ၁၀ ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ပြီး ကျန် ၂ ဦး ဒဏ်ရာရရှိ၍ မြောက်ဥက္ကလာပဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရသည်။ လူမိုက်ဘက်မှ သေဆုံးသူ မရှိဘဲ ဒဏ်ရာရရှိသူ အနည်းငယ်သာ ရှိကြောင်း ဒေသခံများက ပြောဆိုသည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍...

Read More

အီရန်ကိုတိုက်ဖို့ ခြေလျင်တပ်မလွှတ်ပေမယ့် ယူအေအီးကို ကာကွယ်ရေးဒုံးကျည်တွေ ဩစတြေးလျ ပို့ပေးမည်

မတ် ၁၁ The Kaladan Post   ဩစတြေးလျအစိုးရက အရှေ့အလယ်ပိုင်းဒေသဆီကို ဒုံးကျည်တွေ ပို့ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အီရန်ကိုသွားတိုက်ဖို့အတွက် ခြေလျင်တပ်တွေကိုတော့ စေလွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အခုလို အီရန်စစ်ပွဲဂယက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရိုက်ခတ်နေတဲ့အချိန်မှာ ဩစတြေးလျက ယူအေအီး (UAE) နိုင်ငံဆီ ဒုံးကျည်တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒုံးကျည်တွေတင်မကဘဲ ထောက်လှမ်းရေးလေယာဉ်တစ်စီးကိုပါ ပို့ပေးသွားမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က မတ်လ (၁၀) ရက်နေ့မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်က “ကျွန်တော်တို့အနေနဲ့ အရှေ့အလယ်ပိုင်းမှာ လက်နက်တွေချထားရတဲ့ အဓိကရည်ရွယ်ချက်က အီရန်ဘက်က တိုက်ခိုက်လာတာတွေကို ကြားဖြတ်ဟန့်တားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးရည်မှန်းချက်ဟာ ခုခံကာကွယ်ဖို့ သက်သက်ပါပဲ။ အီရန်ပိုင်နက်ထဲကို ခြေလျင်တပ်တွေ လွှတ်သွားမှာ မဟုတ်ပါဘူး” လို့ သတင်းထောက်တွေကို အတိအလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက “ဒီအရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခမှာ ဝင်ပါရတဲ့ ရည်ရွယ်ချက် နှစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဒီဒေသထဲမှာရှိနေတဲ့ ကျွန်တော်တို့ ဩစတြေးလျနိုင်ငံသားတွေကို ကာကွယ်ဖို့ရယ်၊ ယူအေအီးမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို ကူညီပေးဖို့ရယ်ပဲ ဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ်။ ဩစတြေးလျဘက်က ယူအေအီးဆီ ပို့ပေးမယ့် ဒုံးကျည်တွေကတော့ တာလတ်ပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေပါ။ ဒါ့အပြင် Boeing ကုမ္ပဏီက ထုတ်ထားတဲ့ E-7A လေကြောင်းထောက်လှမ်းရေးနဲ့ အန္တရာယ်ကြိုတင်သတိပေး လေယာဉ်တစ်စီးကိုလည်း ယူအေအီးနဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လေပိုင်နက်ကာကွယ်ရေးအတွက် သီတင်းလေးပတ်ကြာ ချထားပေးမယ်လို့လည်း...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish