Author: Salai

“အီရန်ကို ပူတင် နည်းနည်းပါးပါး ကူညီနေနိုင်တယ်” လို့ ထရမ့် ထုတ်ဖော်ပြောကြား

မတ် ၁၄ The Kaladan Post လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အီရန်ကို နည်းနည်းပါးပါး အကူအညီ ပေးနေနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ရာကနေ စစ်မီးမွှေးခဲ့တာ ဖြစ်ပါတယ်။ Fox သတင်းဌာနနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သမ္မတ ထရမ့်က အီရန်ရဲ့ မိတ်ဖက်ဖြစ်တဲ့ ရုရှားဟာ အီရန်ကို အတိုင်းအတာ တစ်ခုအထိတော့ ကူညီနေလိမ့်မယ်လို့ သူယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန် မီဒီယာတချို့ရဲ့ ဖော်ပြချက်အရ အီရန်ဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်စခန်းတွေနဲ့ စစ်တပ်ရွေ့လျားမှု ဂြိုဟ်တုပုံရိပ်တွေကို ရုရှားဆီကနေ အချိန်နဲ့တပြေးညီ ရရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်က “ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ လက်ရှိစစ်ပွဲမှာ အီရန်ကို နည်းနည်းပါးပါးတော့ ကူညီချင် ကူညီနေလိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထရမ့်က “ပူတင်ဘက်က ကြည့်ရင်တော့ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို အမေရိကန်က ကူညီနေတယ်လို့ မြင်မှာပဲလေ။ ဒါကြောင့် အခုကိစ္စကို ဘဲစားဘဲချေဆိုပြီး သဘောထားနိုင်ပါတယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့တုန်းကတော့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က...

Read More

မတ်လ (၁၃) ရက် သတင်းတိုပေါင်းချုပ်

မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းနှင့် ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ ခံရ မတ် ၁၃ The Kaladan Post မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် ပူးပေါင်းမဟာမိတ်တပ်များက မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ အနီး၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်း နှင့် ကနင်ကမော့ကျေးရွာ အနီးရှိ စစ်တပ် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၂ နာရီခန့်တွင် အောင်သပြေကျေးရွာ အနီး ယာယီစခန်းချနေသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မတ်လ ၁ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် မတ်လ ၅ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ကနင်ကမော့ကျေးရွာ အနီး ခေတ္တအခြေပြုနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဗုံးသီး ၆ လုံးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ သည်။ အဆိုပါ စစ်ဆင်ရေးများကို နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ YGF အမှတ်(၈၀၀၁) တပ်ရင်း ၊...

Read More

အီရန် နျူကလီးယားဗုံး မရစေရ! အီရန်ရဲ့ လျှို့ဝှက်နျူကလီးယားစက်ရုံတွေကို လေကြောင်းကနေ ဝင်ကြဲခဲ့ကြောင်း အစ္စရေး အတည်ပြု

မတ် ၁၃ The Kaladan Post အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံကိန်း နေရာတွေနဲ့ အရေးကြီး အဆောက်အအုံတွေကို လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF) က တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ IDF ရဲ့ ကြေညာချက်ထဲမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက “တယ်လီဂန်” (Taleghan) နျူကလီးယားစီမံကိန်း နေရာအပါအဝင် တခြား နျူကလီးယားနည်းပညာဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီ ‘တယ်လီဂန်’ ဆိုတဲ့နေရာဟာ အီရန်မြို့တော် တဟီရန်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ လောက်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ နေ့ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က “ကျွန်တော်တို့ရဲ့ အဓိက စစ်ဆင်ရေးရည်မှန်းချက်တွေထဲက တစ်ခုကတော့ အီရန်ကို နျူကလီးယားဗုံးတစ်လုံး ပိုင်ဆိုင်မလာအောင် တားဆီးဖို့ပါပဲ” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ အီရန်ဘက်ကတော့ “ကျွန်တော်တို့ရဲ့ နျူကလီးယားနည်းပညာဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းချမ်းစွာ အသုံးပြုဖို့ သက်သက်ပါပဲ” လို့ အကြိမ်ကြိမ် ငြင်းဆို ဖြေရှင်းထားပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ် (IDF) ကတော့ “ကျွန်တော်တို့ရဲ့ စစ်ထောက်လှမ်းရေးက ရရှိတဲ့ အချက်အလက်တွေအရ အီရန်ဟာ ဒီ တယ်လီဂန် နျူကလီးယားစီမံကိန်းနေရာကို လက်နက်ထုတ်လုပ်ရေး ရည်မှန်းချက်အတွက် အသုံးပြုနေတာ သေချာပါတယ်” လို့ အခိုင်အမာ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကလည်း...

Read More

အီရတ်မှာ အမေရိကန်စစ်လေယာဉ်တစ်စီး ထပ်မံပျက်ကျ! တပ်ဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး ကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်နေ  

မတ် ၁၃ The Kaladan Post   အမေရိကန်လေတပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတစ်စီး အီရတ်နိုင်ငံမှာ ပျက်ကျသွားတဲ့အတွက် အခုချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေရပြီလို့ အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီ KC-135 အမျိုးအစား လေယာဉ်ကြီးဟာ မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားခဲ့တာပါ။ CENTCOM ရဲ့ ပြောကြားချက်အရတော့ “ဒီလေယာဉ်ဟာ ရန်သူက ပစ်ချလိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ဘက်ကလူတွေ မှားပစ်မိတာမျိုး ကြုံခဲ့ရတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ လောလောဆယ်မှာ ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပေမယ့် အမည်မဖော်လိုတဲ့ စစ်ဘက်အရာရှိတစ်ဦးကတော့ “လေယာဉ်ပေါ်မှာ အနည်းဆုံး အမှုထမ်း ၅ ဦး လိုက်ပါသွားတယ်” လို့ ပြောပါတယ်။ အခုချိန်မှာ အမေရိကန်ဟာ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအရှိန်မြင့်လာတာနဲ့အမျှ အရှေ့အလယ်ပိုင်းဒေသမှာ လေယာဉ်တွေကို အလုံးအရင်းနဲ့ ဖြန့်ကျက်ထားတာပါ။ ပျက်ကျသွားတဲ့ လေယာဉ်အပါအဝင်၊ မြေပြင်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့တဲ့ နောက်ထပ်လေယာဉ်တစ်စီးဟာ အီရန်ကို တိုက်ခိုက်နေတဲ့ ‘Epic Fury’ စစ်ဆင်ရေးကြီးမှာ ပါဝင်လှုပ်ရှားနေတာဖြစ်တယ်လို့ CENTCOM က အတည်ပြုထားပါတယ်။ သူတို့က “မဟာမိတ်နိုင်ငံရဲ့ လေပိုင်နက်ထဲမှာ အခုကိစ္စ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးတွေကို ချက်ချင်း ဆောင်ရွက်နေပါတယ်” လို့လည်း ဆိုပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ပွဲစတင်ပြီးကတည်းကဆိုရင် အမေရိကန်အတွက် စတုတ္ထမြောက် စစ်လေယာဉ်...

Read More

ကမ္ဘာ့ဆီကပ်ဆိုက်နေချိန်မှာ ပိတ်ဆို့ထားတဲ့ ရုရှားရေနံတွေကို ၃၀ ရက်တိတိ ပြန်ဝယ်ခွင့်ပြုဖို့ အမေရိကန် ဆုံးဖြတ်!

မတ် ၁၃ The Kaladan Post     အရှေ့အလယ်ပိုင်းက အီရန်စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စွမ်းအင်အကျပ်အတည်းတွေ ဆိုက်လာတဲ့အချိန်မှာတော့ အမေရိကန်က ပိတ်ဆို့ထားတဲ့ ရုရှားရေနံတွေကို ကမ္ဘာ့နိုင်ငံတွေ ပြန်လည်ဝယ်ယူနိုင်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုလိုက်ရပါပြီ။ အားလုံးသိကြတဲ့အတိုင်း အမေရိကန်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စနဲ့ ရုရှားရဲ့ ရေနံတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးနဲ့ အမေရိကန်တို့ အီရန်ကို ဝင်တိုက်ပြီးနောက်ပိုင်းမှာ အီရန်က ကမ္ဘာ့ရေနံတွေ အဓိကဖြတ်သန်းသွားလာနေတဲ့ ‘ဟောမုဇ်ရေလက်ကြား’ ကြီးကို ပိတ်ချလိုက်တဲ့အတွက် အခုလို ရုရှားရေနံပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ ပြန်လျှော့ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘန်းဆန့်က “ကမ္ဘာ့ရေနံနဲ့ စွမ်းအင်ဈေးကွက် တည်ငြိမ်စေဖို့အတွက် လက်ရှိ ပင်လယ်ပြင်ထဲက သင်္ဘောတွေပေါ် ရောက်နှင့်ပြီးသား ရုရှားရေနံနဲ့ ရေနံထွက်ကုန်တွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၃၀ ရက်တိတိ ဝယ်ယူခွင့် ပြုသွားပါမယ်” လို့ မတ်လ ၁၂ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စွမ်းအင်ဝန်ကြီးဌာနကလည်း အရေးပေါ်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း ၁၇၂ သန်းကို ဈေးကွက်ထဲ ထုတ်ရောင်းပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ် နှစ်ခုစလုံးဟာ အီရန်စစ်ပွဲကြောင့် ဆီဈေးတွေ မတန်တဆ ထိုးတက်လာတာနဲ့ ဈေးကွက်ထဲ ဆီပြတ်လပ်တာတွေ မဖြစ်အောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဝန်ကြီး ဘန်းဆန့်က ဆက်ပြီး “အခုလို ရုရှားရေနံ ပြန်ဝယ်ခွင့်ပြုလိုက်တာဟာ ရေတိုအတွက်ပဲဖြစ်ပြီး ဘက်ပေါင်းစုံကနေ အထူးဂရုတစိုက် စဉ်းစားဆုံးဖြတ်ထားတာပါ။ ရုရှားအနေနဲ့...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish