Author: Salai

အီရန်မှာ ဖျက်ဆီးပစ်စရာ ပစ်မှတ်တွေ ထောင်နဲ့ချီ ကျန်နေသေးတယ်လို့ အစ္စရေး ကြုံးဝါး

မတ် ၁၆ The Kaladan Post အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တာ အခုဆို လဝက်ကျော်လာခဲ့ပြီ ဖြစ်ပေမယ့်၊ အီရန်နိုင်ငံထဲမှာ တိုက်ခိုက်ဖျက်ဆီးပစ်ရမယ့် ပစ်မှတ်ပေါင်း ထောင်နဲ့ချီပြီး ဆက်ကျန်နေသေးတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒက်ဖရင် က ပြောကြားလိုက်ပါတယ်။ တစ်ဖက်မှာလည်း အီရန်က အိမ်နီးချင်းနိုင်ငံတွေကို ဒီစစ်ပွဲမှာ အမေရိကန်ကို ဘာအကူအညီမှ မပေးကြဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတချို့ဟာ သူတို့ဆီက အမေရိကန်စစ်စခန်းတွေကို အီရန်ကို ဗုံးကြဲဖို့အတွက် အသုံးပြုခွင့်ပေးထားတယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာရထားတယ်လို့ အီရန်က ဆိုပါတယ်။ စစ်ပွဲကာလအတွင်းမှာ အီရန်က ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တဲ့အတွက် နိုင်ငံတကာ ရေနံတင်ပို့မှုတွေအတွက် အသက်သွေးကြောပြတ်တောက်ပြီး ကမ္ဘာတလွှား စွမ်းအင်အကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဟာမိတ်နိုင်ငံတွေကို စစ်ရေးအကူအညီတောင်းပြီး စည်းရုံးနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီ က ဟောမုဇ်ရေလက်ကြားထဲ နိုင်ငံတကာစစ်သင်္ဘောတွေ ခေါ်သွင်းမယ့် ထရမ့်ရဲ့ လုပ်ရပ်ဟာ ပြဿနာကို တားဆီးတာမဟုတ်ဘဲ ဖိတ်ခေါ်နေသလို ဖြစ်လိမ့်မယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ဒါ့အပြင် အာရပ်အိမ်နီးချင်းတွေအနေနဲ့ နိုင်ငံခြားက ရန်လိုကျူးကျော်သူတွေကို ဝိုင်းဝန်းတွန်းလှန်ကြဖို့ X (Twitter) လူမှုကွန်ရက်ကနေတစ်ဆင့် တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကူဝိတ်မှာရှိတဲ့ အလီအယ်လ်ဆာလမ် လေတပ်စခန်း ဒရုန်းနဲ့ အတိုက်ခံရလို့ အီတလီစစ်တပ်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့် စခန်းထဲက အီတလီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းက အီတလီစစ်စခန်းတွေ တစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရတာပါ။ သို့ပေမယ့် အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီ ကတော့ အီတလီဟာ အီရန်အပါအဝင် ဘယ်သူနဲ့မှ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပြီး အီရန်အပေါ် လက်တုံ့ပြန်မယ့်ကိစ္စကို ငြင်းဆိုခဲ့ပါတယ်။ လောလောဆယ်မှာတော့ စစ်ပွဲအတွင်း အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေအပါအဝင် လူပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ လူပေါင်း ၃.၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ စစ်ပွဲနှစ်ပတ်အတွင်းမှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်က ပစ်မှတ်ပေါင်း ၁၅,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။ ကိုးကား – AFPဓာတ်ပုံ –...

Read More

မတ်လ (၁၅) ရက် သတင်းတိုပေါင်းချုပ်

ဝင်းဝတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်တပ်လိုက်လံပစ်ခတ်ခံရပြီး ၇ဦး ထပ်မံသေဆုံး မတ် ၁၅ The Kaladan Post ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် မင်းဒပ်ကျေးရွာရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုတပ်စခန်းသည် နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားခဲ့သည့် ဗျူဟာအရ အရေးပါသော နေရာတစ်ခုဖြစ်သည်။ တိုက်ပွဲမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။ သိမ်းပြီးနောက် စခန်းမှ ထွက်ပြေးသွားသော စစ်တပ်ကို လိုက်လံရှင်းလင်းစဉ် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ထပ်မံ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဤတိုက်ပွဲကို KNLA တပ်မဟာ (၄) ဗျူဟာအမှတ် (၂) ဦးဆောင်ကာ တပ်ရင်း (၁၂)၊ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ဦးဆောင်ပါဝင်ခဲ့ပြီး NUG ထားဝယ်ခရိုင် အမှတ် (၁)၊ အမှတ် (၂) တပ်ရင်းများနှင့်...

Read More

မတ်လ (၁၄) ရက် သတင်းတိုပေါင်းချုပ်

ကျောက်တံခါးမြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီး ဒရုန်းဗုံးကြဲမှုကြောင့် မိသားစု လေးဦး သေဆုံး မတ် ၁၄ The Kaldan Post ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာတွင် မတ်လ ၁၃ ရက် ည ၉ နာရီခန့် က ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ရင်းမှ စစ်သားများက လက်နက်ကြီး ၂ လုံး၊ ဒရုန်းဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိသားစုတစ်စုမှ မိခင်၊ ဖခင်နှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ သေဆုံးသူများမှာ အသက် ၄၀ နှစ် အရွယ် ကိုဝင်းဇော်၊ ဇနီး အသက် ၃၈ နှစ်အရွယ် မမာလာဝင်း နှင့် ၎င်းတို့၏ ကလေးငယ် ၂ ဦး ဖြစ်ပြီး မိသားစုထဲမှ အသက် ၃ လသားအရွယ် ယောက်ျားလေးငယ်တစ်ဦးသာ အသက်ရှင်လွတ်မြောက် ခဲ့ကြောင်းသိရသည်။ ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်ကလည်း သမင်အင်းကုန်းကျေးရွာ တွင် စစ်တပ်က ဒရုန်းဗုံးကြဲချမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်။ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီ ထုတ်ယူခွင့် ရပ်ဆိုင်း၊ ဆီပြတ်လပ်မှု စိုးရိမ်ချက်များ မြင့်တက်လာ မတ် ၁၄ The Kaldan Post ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီးအသီးသီးအတွက်...

Read More

လူလုံးထွက်မပြရဲတဲ့ အီရန်အဓိပတိသစ်ရဲ့ မိန့်ခွန်းအပေါ် ပြည်သူတွေကြား သံသယကြီးထွားနေ

မတ် ၁၄ The Kaladan Post အီရန်နိုင်ငံရဲ့ အဓိပတိအသစ်ဖြစ်လာတဲ့ မော့ဂျ်တာဘာ ခါမေနီရဲ့ မိန့်ခွန်း ထွက်ပေါ်လာပေမယ့် ဒါဟာ သူကိုယ်တိုင် ပြောထားတာ ဟုတ်ရဲ့လားဆိုပြီး အီရန်ပြည်သူတွေကြားမှာ သံသယတွေ အကြီးအကျယ် ဖြစ်နေကြပါတယ်။ သိကြတဲ့အတိုင်း အီရန်စစ်ပွဲ စတင်တဲ့ ပထမဆုံးနေ့မှာတင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီကို အရိုက်အရာ ဆက်ခံသူအဖြစ် အီရန်အစိုးရက ကြေညာခဲ့တာပါ။ အခု သီတင်းပတ်ထဲမှာပဲ ပြည်သူတွေကို လိပ်မူထားတဲ့ မော့ဂျ်တာဘာရဲ့ ပထမဆုံး သဘောထားထုတ်ပြန်ချက် ထွက်လာပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လူလုံးထွက်ပြပြီး မိန့်ခွန်းပြောတာမျိုး မဟုတ်ဘဲ အစိုးရရုပ်သံက သတင်းကြေညာသူ တစ်ဦးကနေတစ်ဆင့် ဖတ်ပြသွားခဲ့တာပါ။ မတ်လ ၁၂ ရက်နေ့က ထွက်လာတဲ့ အဲဒီကြေညာချက်ထဲမှာတော့ ဟောမုဇ် ရေလက်ကြားကို ဆက်ပိတ်ဆို့ထားမယ့်အကြောင်းနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ကြောင့် ကျခဲ့ရတဲ့ သွေးတွေအတွက် မမေ့မလျော့ လက်စားချေမယ့်အကြောင်း ခြိမ်းခြောက်ထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အသက် ၄၀ အရွယ် အီရန်အမျိုးသမီး တစ်ဦးက “ဒီကြေညာချက်က မော့ဂျ်တာဘာဆီက အမှန်တကယ် ထွက်လာတာတောင် ဟုတ်ရဲ့လားလို့ သံသယရှိမိတယ်။ တကယ်တမ်း နိုင်ငံကို အုပ်ချုပ်နေတာက အီရန်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေးတပ် (IRGC) ဖြစ်လိမ့်မယ်လို့ ခံစားမိတယ်” လို့ BBC သတင်းဌာနကို ပြောပါတယ်။ အဓိပတိအဖြစ်...

Read More

အီရတ်မှာ အမေရိကန် ဆီဖြည့်လေယာဉ် ပျက်ကျ၊ လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးကြောင်း အတည်ပြု

မတ် ၁၄ The Kaladan Post   အီရတ်နိုင်ငံထဲမှာ အမေရိကန် စစ်တပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ်တစ်စီး ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသွားတဲ့ လေတပ်သား ၆ ဦးစလုံး သေဆုံးသွားခဲ့ပြီလို့ အမေရိကန်က အတည်ပြုလိုက်ပါတယ်။ စစချင်းတုန်းကတော့ အမေရိကန် ဗဟိုစစ်ရေးကွပ်ကဲမှုဌာန (CENTCOM) က ၄ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ မတ်လ ၁၃ ရက်နေ့ ညပိုင်းမှာတော့ “အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး” ဆိုပြီး ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေယာဉ်ဟာ အီရန်ဘက်မှာ လုပ်နေတဲ့ စစ်ဆင်ရေးတွေကို ပံ့ပိုးပေးနေတာဖြစ်ပြီး မဟာမိတ် အီရတ်လေပိုင်နက်ထဲမှာ ပျက်ကျခဲ့တာပါ။ CENTCOM ရဲ့ ထုတ်ပြန်ချက်မှာတော့ “ရန်သူက ပစ်ချတာ၊ ဒါမှမဟုတ် မဟာမိတ် အချင်းချင်း မှားပစ်မိတာမျိုး မဟုတ်ပါဘူး” လို့ ရှင်းလင်းထားပါတယ်။ ပျက်ကျသွားတဲ့ KC-135 လေယာဉ်ဟာ လေထဲမှာ တခြားလေယာဉ်တစ်စီးနဲ့ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး ဒုတိယလေယာဉ်ကတော့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ အမေရိကန်စစ်တပ်က ရှင်းရှင်းလင်းလင်း မပြောသေးပါဘူး။ တစ်ဖက်မှာ အီရန်ကတော့ “အီရတ်မှာရှိနေတဲ့ သူတို့ရဲ့ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေက အမေရိကန်လေယာဉ်ကို ပစ်ချခဲ့တာ” လို့ ကြေညာထားပါတယ်။ အမေရိကန်ကတော့ လေယာဉ်ပျက်ကျတဲ့နေရာဟာ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာလို့ တုံ့ပြန်ထားပါတယ်။ အိုဟိုင်ယိုပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ်ဒီဝိုင်းက “သေဆုံးသွားတဲ့ ၆ ဦးထဲက ၃ ဦးဟာ ကျွန်တော်တို့ ပြည်နယ်...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish